စာဖတ်ခြင်း (Reading)

စာဖတ်ခြင်းဟာ ရိုးရှင်းတဲ့ စကားလုံး တစ်ခုပါ။ ဒါပေမဲ့ လူတစ်ယောက်ကို တိုးတက်စေပါတယ်။ နည်းပညာ၊ ဗဟုသုတ ရှာဖွေသူတွေ အနေဖြင့် စာဖတ်ခြင်းကသာ မိမိရှာဖွေနေတာတွေကို ရရှိနိုင်မဲ့ အရိုးရှင်းဆုံးတစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အရည်အချင်းတည်ဆောက်တဲ့နေရာမှာ ဖြတ်လမ်းမရှိပါဘူး။ မရွယ်ဘဲ စော်ကဲ မင်းဖြစ်နိုင်ပေမဲ့ အရည်အချင်းရှိရှိ အောင်မြင်မှုကို တည်ဆောက်ရာမှာတော့ ဖြတ်လမ်းမရှိပါဘူး။ လူချင်းတူရင် စာဖတ်သူက ပိုသာပါတယ်။ နိုင်ငံချင်းတူရင် စာဖတ်သူပိုများတဲ့ နိုင်ငံက ပိုမိုတိုးတက်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ စာဖတ်ခြင်းကို အားပေးဖို့ စာကြည့်တိုက်တွေကို သေချာ စနစ်တကျတည်ဆောက်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး စာကြည့်တိုက် Library of Congress

လက်ရှိ ကမ္ဘာမှာ အကြီးဆုံးစာကြည့်တိုက်က US မှာ ရှိတဲ့ Congress စာကြည့်တိုက်ဖြစ်ပါတယ်။ 1800 ခုနှစ်က စတင်တည်ထောင် ခဲ့ပြီး စာအုပ်ပေါင်း သန်း (၁၆၀) လောက်ရှိပါတယ်။ စာမျက်နှာတစ်ခုနဲ့တစ်ခု လှန်ဖတ်တာကို အပ်ထိပ်နဲ့လှန် ဖတ်ရတဲ့ ကမ္ဘာအသေးဆုံးစာအုပ်ကအစ ရှိပါတယ်။ အချို့သောစာအုပ်များကို Digital နည်းနဲ့ Chip တွေပေါ်မှာ သိမ်းဆည်းထားပါတယ်။ ကမ္ဘာမှာ သက်တမ်း အရှည်ဆုံး စာကြည့်တိုက်လဲဖြစ်ပါတယ်။ စာကြည့်တိုက် အသုံးပြုငွေ US$ ၆၄၂ သန်းရှိပါတယ်။ ဘာသာစကားအမျိုးပေါင်း (၄၅၀) လောက်န့ဲ ရေးထားတဲ့ စာအုပ်တွေရှိပါတယ်။ နှစ်စဉ်လာရောက် ဖတ်ရူသူ (၁.၈) သန်းရှိပါတယ်။

British Library
British Library

ကမ္ဘာဒုတိယ အကြီးဆုံး စာကြည့်တိုက်ကတော့ ဗြိတိန်မှာ ရှိတဲ့ British Library. ဖြစ်ပြီး (အချို့သော Source များမှာ ကမ္ဘာမှာ အကြီးဆုံးလို့ ဆိုပါတယ်)။Dia mond Sutra စာအုပ်လို ကမ္ဘာအစောဆုံး ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်၊ Leonardo da Vinci ရဲ့ မှတ်စုစာအုပ်၊ Gutenberg ရဲ့ Bible စာအုပ် စသဖြင့် ရှားပါ စာအုပ်တွေ ရှိပါတယ်။ ဒီစာအုပ်တွေကို တန်ဖိုးကြီး ရတနာ ပစ္စည်းတွေနဲ့ ထပ်တူ ထိန်းသိမ်းထားပါတယ်။ နှစ်စဉ်လာရောက်ဖတ်ရူသူ (၁.၇၅) သန်းရှိပါတယ်။ ကမ္ဘာမှာ တတိယအကြီးဆုံး စာကြည့်တိုက်ကတော့ ကနေဒါနိုင်ငံမှာ ရှိတဲ့ Library and Archives, Canada ဖြစ်ပါတယ်။ စာအုပ်ပေါင်း (၅၄) သန်းလောက်ရှိပြီး နိုင်ငံသားအများစု ဖတ်နိုင်အောင်စီစဉ်ပေးထားပါတယ်။ စာကြည့်တိုက်အတွက် အသုံးပြုရန် ရန်ပုံငွေ ကနေဒါ ဒေါ်လာ 119 သန်းရှိပါတယ်။ ကမ္ဘာ့စတုတၳ အကြီးဆုံး စာကြည့်တိုက်ကတော့ အမေရိကန်ပြည်ထောင်စုမှာပဲရှိတဲ့ New York Public Library ဖြစ်ပါတယ်။ စာအုပ်ပေါင်း (၅၃)သန်းရှိပြီး ထူးခြားချက်ကတော့ အစိုးရအုပ်ချု့ပ်ထောက်ပံ့မှုနဲ့ရပ်တည်တ့ဲ စာကြည့်တိုက်မဟုတ်ခြင်းပါဘဲ ။ New York မြို့ပေါ်မှာ စာကြည့်တိုက် အခွဲတွေဖွင့်ပြီးလဲ စာဖတ်နိုင်အောင် ဖြန့်ကျတ်ထားပါတယ်။ သူလဲ ၁၈၉၅ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်လို့ သက်တမ်းရှည်စာကြည့်တိုက်တစ်ခုဖြစ်ပါတယ်။

တရုတ် အမျိုးသားစာကြည့်တိုက်

ဒီစာကြည့်တိုက်တွေပြီးတဲ့နောက်မှာတော့ ရုရှားရဲ့ Russian State Library (၅) ခုမြောက် အကြီးဆုံး၊ ဂျန်ပန်ရဲ့ National Diet Library (NDL) (၆) ခုမြောက် အကြီးဆုံး၊ ပြင်သစ်ရဲ့ Bibliothèque nationale de France (၇) ခုမြောက်၊ National Library of Russia (၈) ခုမြောက်၊ တရုတ်ရဲ့ National Library of China က (၉) ခုမြောက် အသီးသီး ရပ်တည်နေပါတယ်။ ကိုယ်နိုင်ငံက စာကြည့်တိုက် တစ်ခုမှ ကမ္ဘာ့ အဆင့်မပါသေး–။

ပုံနှိပ်နည်းပညာ တီထွင်ခဲ့သူ ဂျာမန်လူမျိုး Johannes Gutenberg

ဒီလောက်ဆိုရင် နိုင်ငံတစ်ခုဖွင့်ဖြိုးဖို့ရာ ပညာရေးက သိပ်ပြီး အရေးကြီးတယ်ဆိုတာ သိလောက်ပါပြီ။ ပညာရေးမှာ စာကြည့်တိုက်တွေကလဲ သိပ်ကို အရေးပါပါတယ်၊ ကိုယ်နိုင်ငံရဲ့ ဂုဏ်ယူစရာ အမျိုးသားရေးအဆောက်အအုံအဖြစ်ပါ တည်ရှိလို့နေတာပါ။ စာကြည့်တိုက်တွေရဲ့ အသည်းနှလုံးဖြစ်တဲ့ စာအုပ်တွေကို ထိန်းသိမ်း ဖို့နဲ့ လူအများဖတ်ရူနိုင်အောင် စီစဉ်ပေးတဲ့ စနစ်ကလဲ သိပ်ကို အရေးကြီးလို့နေပါတယ်။ မြန်မာသမိုင်း (ကမ္ဘာ့သမိုင်းနဲ့ပါ ပြောနိုင်) မှာ စာဖတ်အနိုင်ဆုံး ပုဂ္ဂိုလ်ရယ်လို့ နာမည်ကျော်တာကတော့ ကုန်းဘောင်ခေတ်က သာသနာပိုင် ဆရာတော် ဦးဗုဒ်ဖြစ်ပါတယ်။ မှီပြီးစာဖတ်နေတဲ့ ကျောင်းတိုက်က သစ်သားတိုင်လုံး မိုးကြိုးပစ်တာကို စာဖတ်မပျက်တာ၊ ဖခင်လာတွေ့တာတောင် စာဖတ်ပျက်မှာ စိုးလို့ ကျောင်းပေါ်က ဆင်းစကားမပြောတာတွေက သမို်င်းမှာ နာမည်ကျော်တဲ့အဖြစ်အပျက်တွေပါ။ ပျံလွန်တော်မှုတောင် စာဖတ်နေရင်း ပျံလွန်တော်မှုတာပါ။ ကမ္ဘာ့သမိုင်းမှာ စာအုပ်တွေအများကို ဦးနှောက်မှတ်ဉာဏ်ထဲမှာ အများဆုံး မှတ်ထားနိုင်တဲ့ သက်ရှိစာကြည့်တိုက်ရယ်လို့ တင်စားနိုင်တာ မင်းကွန်းဆရာတော်ကြီးဖြစ်ပြီး ဗုဒ္ဓစာပေကျမ်းဂန်ထဲက အနက်နဲ့ဆုံး အပိုင်းဖြစ်တဲ့ အဘိဓမ္မ္မာအပိုင်းတွေပါအာဂုံဆောင်မှတ်သားနိုင်တဲ့ တစ်ဦးတည်းသောရဟန်းရှင်မြတ် ဖြစ်ပါတယ်။

တက္ကသိုလ်တစ်ခုက ဘွဲ့ရရှိဖို့ သတ်မှတ်ထားတဲ့ ပြဌာန်းစာအုပ်တွေကို ဖတ်မှတ်မှ ဘွဲ့ရရှိနိုင်မှာ ဖြစ်ပေမဲ့ ဘဝတက္ကသိုလ်မှာတော့ သတ်မှတ်ထားတာမရှိ စာများများ ဖတ်နိုင်လေ အကျိုးရှိလေပါ။  
Dr.Mac          

ခေတ်အလိုက်စာအုပ်စာပေဖတ်ရူနိုင်ပုံကလဲပြောင်းလဲ လို့လာပါတယ်။ ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာကနေ တရုတ်လူမျိုးတို့ ဝါးပင်ကနေ စာရွက်ကို တီထွင်နိုင်မှုက ကမ္ဘာ့စာပေသမိုင်းမှာ အကြီးမားဆုံး ပြောင်းလဲမှုဖြစ်စေပြီး ပုံနှိပ်စက်ကို တီထွင်သူ ဂျာမန်လူမျိုး Johannes Gutenberg က စာအုပ်တွေ ကျယ်ပြန့်အောင် အရှိန်အဟုန်မြှင့်ပေးသူ၊ အလဲအပြောင်းအကြီးအကျယ်ဖြစ်စေသူပါ။ ကွန်ပြူတာခေတ်မှာတော့ စာအုပ်တွေကို Digital နည်းနဲ့ Hardisk ထဲ Server ထဲမှာ သိမ်းထားနိုင်သလို လူတိုင်းဖတ်နိုင်အောင် Intenet မှ တဆင့်ငှားတာ ရောင်းတာတွေလုပ်ပေးနိုင်နေပါပြီ။ နည်းပညာတွေ ဘယ်လိုပြောင်းပြောင်း စာရွက်ပေါ်မှာ ပုံနှိပ်ဖတ်ရူရတဲ့စာအုပ်တွေက လူသားမျက်လုံးအတွက် အကောင်းဆုံးဖြစ်နေဆဲဖြစ်ပါတယ်။ ဖတ်ရူတဲ့မျက်နှာပြင်က Backlight မီးနဲ့ Computer monitor နဲ့ Tablet Display ဖြစ်လို့ တကယ့် စာရွက်ကို ဖတ်ရသလို ရေရှည်အာရုံစူးစိုက်မဖတ်နိုင်တာမျိုးဖြစ်ပါတယ်။ အဲ့အတွက် တကယ့်စာအုပ်ကို ဖတ်ရသလိုမျိုး မျက်နှာပြင်နဲ့ ebook reader တွေလိုအပ်လာပါတယ်။ စာအုပ်ကဲ့သို့ ခေတ်သစ် Ebook reader တွေကို စတင်ထုတ်လုပ်သူက Amazon ရဲ့ Kindle ဖြစ်ပြီး 2007 မှာ စတင်ရောင်းချခဲ့ပါတယ်။ebook readerတွေက အခြား tablet နဲ့မတူအောင်တည်ဆောက်ထားပါတယ်။ မျက်နှာပြင်က တကယ်စာရွက်မျက်နှာပြင်ကိုကြည့်ရသကဲ့သို့ တည်ဆောက်ထားပြီး နေရောင်အောက်မှာ စာဖတ်သော်လဲ Glare မထပါဘူး၊ Battery က ရက်ပါင်းများစွာကြာရှည်ခံအောင် တည်ဆောက်ထားပါတယ်။ လက်ရှိဈေးကွက်မှာ နာမည်ကြီး ebook reader တွေကတော့ Kindle, Kobo, Nook, Ink Book, Sony DPT တို့ဖြစ်ပါတယ်။ ဒီအထဲကမှာ ဈေးနှုန်းနဲ့ rating အရ Kindle ကို ရွေးချယ်ထားပါတယ်။

Dr.Mac Computer Training center မှာတေ့ာ စာအုပ်ပေါင်း (၄၀၀၀၀)လောက်ရှိပြီး မြန်မာ၊ English, Chinese ဘာသာနဲ့စာအုပ်တွေဖြစ်ပါတယ်။ အရေအတွက်နည်းသေးပေမဲ့ ကမ္ဘာကြီးကို မျှော်ကြည့်ဖို့ရာရပ်နေတာထက် ခြေတစ်လှမ်းကစလျှောက်ကြည့်လိုက်ပါတယ်။


Dr.Zaw Zaw

Dr.Mac

Like this article?

Share on facebook
Share on Facebook
Share on twitter
Share on Twitter
Share on linkedin
Share on Linkdin
Share on pinterest
Share on Pinterest

Leave a comment

Related

Mac အတွက် VPN

လောလောဆယ် VPN တွေ အများကြီးရှိတဲ့အထဲက ကိုယ်တိုင်လဲ စမ်းသုံးပြီး ပိုက်ဆံလဲ ပေးစရာမလိုတဲ့ vpn app တစ်ခုအကြောင်း ပြောပြသွားပါမယ်။ Mac App Store ကနေပဲ Apple ID သုံးပြီး ဆွဲလိုက်ပါ။ Hotspot shield VPN ကို ပဲ

Read More »
Apple Help

Apple Help အမြန်ရရယူနည်း

အချို့သော ပြဿနာများကို ဖြေရှင်းဖို့ Apple Help ကို အကူအညီတောင်းမှကို ရပါမယ်။ ပုံမှန်အားဖြင့်ကတော့ https://support.apple.com တဆင့်ဝင်ရောက်အကူအညီတောင်းခံနိုင်ပါတယ်။ သို့သော် တာဝန်ယူဖြေကြားပေးမဲ့ technician လုံလောက်မှုမရှိဘူး ဆိုပြီးချက်ချင်းအကူအညီမရဘဲ ဖြစ်တတ်ပါတယ်။ ချက်ချင်းလဲ အကူအညီလိုတယ်၊ ကိုယ့်ကိုလဲ Apple’s Service team က ဂရုစိုက်တာလိုချင်တယ်ဆိုရင်တော့

Read More »
AirPods Max

AirPods Max အကြောင်း

🔘Design Design ကတော့ Apple ဆိုတဲ့အတိုင်း ကြည့်တာနဲ့သေလောက်အောင်မိုက်ပြီးသားပါ။ ခေါင်းအရွယ်မျိုုးစုံနဲ့ အဆင်ပြေအောင် Sun Shade (canopy) လိုမျိုးပြုလုပ်ထားပေးပြီး နားထောင်တဲ့အချိန် ခေါင်းမှာ ချိတ်တဲ့  weight ကို သက်သောင့် သက်သာဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။ Stainless Steel Frame နဲ့ တွယ်ဆက်ထားပြီး Frame ကို

Read More »