Knowledge Sharing, Products Review

Kindle Scribe Late 2022 eReader (Largest Kindle Ever)

Kindle Scribe

Amazon က ထုတ်တဲ့ eBook Reader တွေထဲမှာ 7’’ နဲ့လာတဲ့ Kindle Oasis  က အကြီးဆုံးဖြစ်ပါတယ်။ Amazon အနေနဲ့  2012 က ထုတ်ခဲ့တဲ့  Kindle DX ကတော့ အကြီးဆုံးဖြစ်ခဲ့ပါတယ်။ အခု (၁၀) နှစ်အကြာမှာတော့ Kindle DX လို အကြီးစား eReader အဖြစ် 10.2’’အရွယ် Kindle Scribe ကို ထုတ်လုပ်လိုက်ပါတယ်။ ထူးခြားချက်က Wacom Tablet ရဲ့ Layer ကို ထည့်သွင်းပေးလိုက်ပြီး Note Taking လုပ်လို့ရအောင် ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။  ကျွှန်တော် အပါအဝင် အများမျှော်လင့်သလို Kindel ကို  Color Ink Disply version နဲ့  ကတော့ အခုအချိန်အထိ မထွက်လာသေးဘူးဖြစ်ပါတယ်။ 

Kindle Scribe

 Screen အကြီးဆုံး Kindle ဖြစ်လာပြီ ဖြစ်သလို Kindle eReader အားလုံးထဲမှာ စျေးအကြီးဆုံးလဲ ဖြစ်လာပြီဖြစ်ပါတယ် 😄

 Basic Modelကို 339US$ နဲ့ စတင်ရောင်းချပါတယ်…

Stylus Pen ရဲ့ အထူ/အပါးနဲ့ ဖျက်တဲ့ ခိုင်းစေမှုကို တော့ Menu ကနေတဆင့်ခိုင်းစေနိုင်ပြီး ရေးတာ/ ဖျက်တာ အကူးအပြောင်းကို Pen  မှာ ShortCut ပါဝင်ပါတယ်။

Specifications

  • Screen: 10.2in Paperwhite with colour adjustable frontlight (300ppi)
  • Dimensions: 196 x 229 x 5.8mm
  • Weight: 433g
  • Water resistance: none
  • Connectivity: wifi, Bluetooth, USB-C
  • Storage: 8 or 32GB
  • Rated battery life: 12 weeks of reading 30 minutes a day
  • Native format support: Kindle (AZW/AZW3), TXT, pdf, unprotected MOBI, PRC, Audible (AAX)
Display10.2-inch Paperwhite, 300 ppi, 16-level gray scale
Storage16GB/32GB, or 64GB
Front light35 LEDs
Battery lifeReading up to 12 weeks, writing for up to 3 weeks
ConnectivityWiFi, Bluetooth, USB-C
Supported formatsKindle, TXT, PDF, DOCX, DOC, HTML, EPUB, RTF, JPEG, GIF PNG, BMP, Audible
Battery577mAh
Dimensions196 x 230 x 5.8mm
Weight433 grams
Rated battery life12 weeks of reading 30 minutes a day
Water resistancenone
နောက်ပိုင်း Body ကို Recycle လုပ်လို့ရတဲ့ Aluminum နဲ့ ပြုလုပ်ထားပါတယ်။

Display အနေဖြင့် 300ppi ဖြင့် အခြား Kindle တွေလိုပဲ သုံးထားပြီး ပတ်ဝန်းကျင် အခြေအနေအလိုက် အလင်းရောင်ပြောင်းပေးတာနဲ့ နေ့/ည အချိန်အလိုက် Color Temperature ပြောင်းပေးတာတွေ ဆက်လက်ပါဝင်ပါတယ်။

Note Taking ပြုလုပ်နိုင်လာတဲ့အတွက် စာဖတ်ရင်း ရေးမှတ်ချင်တာ ရှိရင် အလွယ်တကူမှတ်နိုင်သလို Screen ပိုကြီးလာတဲ့အတွက် ကာတွန်းစာအုပ်တွေနဲ့ Graphic ပုံတွေပါတဲ့ Textbook တွေဖတ်တဲ့အချိန်မှာ ခါတိုင်းတဲ့ ပိုမို အဆင်ပြေလာပါတယ်။

Note Takingမှာ iOS မှာ လို handwriting recognition features မပါဝင်လို့ Note to Text မပြောင်းနိုင်ပါဘူး။ ရေးပြီးသားတွေကို Note တွေကို PDF ပြောင်းပြီး အခြား Platform ဆီကို email ပို့လို့တော့ ရပါတယ်။ အခြား Platform ကနေ ကြည့်တာ/ဖတ်တာပဲ လုပ်လို့ ရမှာ ဖြစ်ပြီး ပြင်ခွင့်တော့ ရှိမှာ မဟုတ်ပါဘူး။

စျေးနှုန်း

16GB, 32GB, 64Gb version (၃)မျိုးထုတ်ပြီး 16GB က 339 US$ ဖြစ်ပြီး basic Pen version နဲ့ လာပါတယ်။ 32Gb နဲ့ 64GB မှာတော့ Premium pen နဲ့ လာပါတယ်။ Premium Pen က အထက်က ရေးခဲ့သလို Erase နဲ့ Writing အတွက် ပြောင်းပေးတဲ့ Shortcut button ပါပါတယ်။ စာရေးတာတစ်ခုလုံး ခြုံပြောရရင်တော့ နောက်မှထွက်ပေမဲ့ iPad ရဲ့ Apple Pencil ကို မှီမှာတော့ မဟုတ်ပါဘူး။

10” အရွက်Screen အကြီးနဲ့ ထုတ်နေတာ ကြာပြီဖြစ်တဲ့ Kindle ရဲ့ အခြားပြိုင်ဘက် eReader Companyတွေနဲ့ ပြိုင်ဖို့ Product တစ်ခု ထွက်လာတယ်လို့ ပြောလို့ရပေမဲ့ Ink Display Reader တစ်ခုအနေနဲ့တော့ စျေးကြီးတယ်လို့ ပြောလို့ရပါတယ်။

အရင်က အကြီးဆုံးဖြစ်ခဲ့တဲ့ Kindle Oasis နဲ့ ယှဉ်ပြထားပုံ

အားသာချက်ကတော့ Screenကြီးကြီး Ink Dispay ကို မှ တစ်ကြိမ်အားသွင်းရုံနဲ့ ရက်ပေါင်းများစွာ ဖတ်ရူနိုင်တာဖြစ်ပြီး Ink Display မှာ မှတ်စုရေးမှတ်ရတဲ့ အတွေ့အကြုံ့ကိုလဲ ရရှိစေတာဖြစ်ပါတယ်။

အလေးချိန်အနေနဲ့ 433g လေးလို့ Kindle Paperwhite ထက် ၂ ဆလေးပါတယ်။ ဒါကြောင့်လဲ စျေးနှုန်းနဲ့ Features အရ Kindle Paperwhite တွေက လူကြိုက်အများဆုံး eReader ဖြစ်နေဆဲဖြစ်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

Related Posts