Beautiful Camera Shots, How to, Knowledge Sharing, ဗဟုသုတ

Kindle Format စာအုပ်တွေ ဘယ်လိုပြောင်းမလဲ

Kindle

🔘 (၅) မိနစ်တိုင်းမှာ စာအုပ်အသစ်တစ်အုပ် ထုတ်နေတဲ့ Store

🔘 ကမ္ဘာအကြီးဆုံး eBooks Store, (Apple Books Store ထက် အရင်တည်ထောင်ခဲ့ပြီး ပိုများတဲ့ eBooks တွေရှိတဲ့ Platform )

🔘 eBooks ပေါင်း ၆.၅ သန်းလောက်ရှိတဲ့ Store

🔘 9.99 $ လစဉ်ကြေးပေးသွင်းမယ်ဆိုရင်တော့ store မှ​ာ ရှိတဲ့ စာအုပ်တစ်သန်းကျော် ကြိုက်သလောက် ဖတ်ရူနိုင်တဲ့ Ebooks Platform (Best seller တွေနဲ့ Popular eBooks တွေတော့ ဒီ တစ်သန်းကျော်ထဲမှာမပါပါဘူး။)

🔘 Prime Member ဝင်ထားမယ်ဆိုရင်တော့ ပိုမိုများပြားတဲ့ ဝန်ဆောင်မှုတွေနဲ့ စာအုပ်တွေကို ရရှိမှာဖြစ်ပါတယ်။

စာဖတ်ဖို့ အခြား ebooks reader တွေထက် Kindle ကို ရွှေးချယ်ရလဲဆိုရင် ebooks reader လောကမှာ Founder ဖြစ်ခြင်းနဲ့ အတွေ့အကြုံရင်ကျက်မှုတွေကြောင့်ဖြစ်ပါတယ်။ ဘယ် reader တွေဘယ်လိုတွေထွက်ပေါ်နေပါစေ၊ ဘယ်လိုအချက်လေးတွေကတော့ kindle ထက်သာတယ်လို့ ပြောနေပါစေ eBooks တွေ ဖတ်ရူတဲ့ စနစ်ပိုင်းမှာတော့ Kindle က No.1 အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ iPad က Color နဲ့ ပြနိုင်တာ၊ Multi media ပိုင်းကောင်းမွန်တာတွေက အားသာတဲ့အချက်တွေပါ။ သို့သော် စာဖတ်တဲ့ အပိုင်းသီးသန့်မှာတော့ တကယ့်စာရွက်နဲ့မခြား ဖတ်ရူနိုင်တဲ့ အရသာပေးတာ၊ မျက်နှာပြင်ကိုရေရှည်ကြည့်ရူပြီး ဖတ်နိုင်တာတွေကတော့ iPad ထက်အားသာချက်ဖြစ်ပါတယ်။ Ink Display က battery အားသိပ်မလိုတဲ့ တည်ဆောက်ပုံကြောင့် ရက်ပေါင်းများစွာ အသုံးပြုနိုင်စေပါတယ်။ Facbook လို Social Media လဲ သုံးမရတော့ စာကို စိတ်အေးလက်အေး ခေါင်းရှင်းရှင်းနဲ့ ဖတ်နိုင်စေပါတယ်။

Ink Display ကို Color နည်းပညာလဲ ထွက်ရှိလာပြီဆိုတော့ မကြာမှီကာလမှ Kindle တွေကို Ink Color Display နဲ့ လဲ ထွက်ရှိလာနိုင်ပါတယ်။ ဒီလိုသာဖြစ်လာမယ်ဆိုရင်တော့ eBook Reader လောကတစ်ခေတ်ထပ်ဆန်းလာမယ်လို့ မျှော်လင့်နိုင်ပါပြီ။

Kindle ဝယ်ပြီးစာအုပ်ဖိုး ထပ်မကုန်ဖို့ လုပ်တဲ့နည်းက အရမ်းလွယ်ပါတယ်၊ Computer ကနေ ဒေါင်းပြီး Kindle ထဲကိုအလွယ်တကူ ပြန်ထည့်နိုင်ပါတယ်။

Kindle ထဲကထည့် ဖတ်နိုင်တဲ့ အကောင်းဆုံး Format က AZW3, Mobi တွေဖြစ်ပြီး အခု နောက်ပိုင်းမှာတော့ Kfx format ဖြစ်လာပါတယ်။ မြန်မာစာအုပ်အများစုက pdf ဖြစ်လို့ ဒီ Standard format ကို အလွယ်တကူမပြောင်းနိုင်ပေမဲ့ Adobe Acrobat လို Software သုံးပြီး Kindle မျက်နှာပြင်နဲ့ ကွက်တိဖြစ်အောင် Format ချပြီး ဖတ်လို့ အဆင်ပြေပါတယ်။

အခု Post မှာတော့ အခုနောက်ပိုင်း မှာ Standard ဖြစ်လာတော့မဲ့ Kfx format ပြောင်းနည်းကို ပြောပြပေးထားပါမယ်။ မြန်မာစာအုပ်တွေပြောင်းတာမှာ လဲ mobi, AZW3 ထက်ပိုအဆင်ပြေလာပါတယ်။ Zawgyi, Unicode နှစ်မျိုးထဲက တစ်ခုခုနဲ့ ရေးထားတဲ့ ebooks တွေကို ပြောင်းဖတ်လဲ အဆင်ပြေပါတယ်။ iPad အတွက် Standard format ဖြစ်တဲ့ ePub စာအုပ်တွေကိုလဲ Kindle မှာပြောင်းဖတ်နိုင်သွားမှာဖြစ်ပါတယ်။ Kfx format က Kindle format ဖြစ်တဲ့ AZW3 ကို ဆက်ခံအဆင့်မြှင့်ထားတဲ့ မျိုးဆက်သစ် format လဲဖြစ်ပါတယ်။

လိုအပ်တဲ့ Software များကို ဒေါင်းပါ။

  • Calibre Converter Software ( ကျွှန်တော်တို့ Kindle user တွေ အတွက် မရှိမဖြစ်အသုံးဝင်တဲ့ Converter Software ဖြစ်ပါတယ်။ အလှူငွေနဲ့ ရပ်တည်လို့ အလှူငွေထည့်နိုင်ပါတယ်) ကို Install ပြုလုပ်ပါ။
  • Amazon Kindle Previewer ကို Install ပြုလုပ်ပါ။

Software ကို ဖွင့်ပြီး Preference ကို ဝင်ပါ။
KFX Format ကို ပြောင်းရန်Plugins ကို ထည့်သွင်းဖို့ဖြစ်ပါတယ်။
Got new Plugins ကို နှိပ်ပါ။
ပုံမှာပြထားတဲ့အတိုင်း အစဉ်အတိုင်းလုပ်ပါ။ KFX Input Plugins ကို Install လုပ်ပြီး Calibre ကို Restart လုပ်ပါ။ KFX Output ကိုလဲ ထပ်ပြီး Install ပြုလုပ်ပါ။
Format ပြောင်းလိုသော eBook များကို Library ထဲသို့ ဆွဲသွင်းပါ၊ Select လုပ်ပြီး Convert ကို နှိပ်ပါ။
ပုံမှာပြထားသလို အဆင့်ဆင့်ဝင်ပြီး ပြောင်းရုံပါပဲ။ AZW 3 တုန်းကလို font တွေ Embed လုပ်စရာမလိုတော့ပါဘူး။
စာအုပ်တွေထည့်ဖို့ Computer  ချိတ်ပါမယ်။ ချိတ်တာမှန်တာနဲ့ Desktop မှာ ပေါ်ပါမယ်၊ Window Computer တွေမှာ တော့ My Computer ထဲမှာ Memory Stick လိုပေါ်ပါမယ်၊ အဲ့ဒါကို ဖွင့်ပါ။ Kindle ကို စာအုပ်ထည့်ရတာ အရမ်းလွယ်သွားပြီမဟုတ်လား 😉
Kindle File စနစ်ထဲမှာ အခုလိုမြင်ရပါမယ်။ Fonts Folder ထဲမှာ ကိုယ်ဖတ်ရင်သုံးဖို့ အသုံးများတဲ့ Fonts တွေထည့်ပါမယ်။ ကျွှန်တော်ကတော့ Unicode အတွက် Mac မှာပါတဲ့ Myanmar MN ကို သုံးပါတယ်၊ 99% Unicode စာတွေမှန်ပါတယ်။ အခြားကတော့ Zawgyi, WIn font, Arthouse font တွေထည့်ပါတယ်။ Documents folder ကတော့ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေအဲ့ထည့်ကူးထည့်ရပါမယ်။ အခြားFolder ထဲကူးထည့်ရင်တော့ စာအုပ်တွေတော့ ရောက်သွားမယ်၊ Kindle Library List ထဲမတွေ့တော့ ဖတ်လို့မရတော့ဘူးပေါ့😅

Document Folder ထဲကိုပဲ ဖတ်ချင်တဲ့ စာအုပ်ကို ကူးထည့်နိုင်သလို အခု Tutorial မှာ ပြထားတဲ့ Calibre ကို လဲ သုံးနိုင်ပါတယ်။ Kindle Reader ရဲ့ Firmware version က မြှင့်ထားရင် Calibre လဲ လိုက်မြှင့်ဖို့ လိုပါတယ်။

kfx format  ကိုဖတ်နိုင်ဖို့ Kindle software versoinကို လဲ မြှင့်ရပါမယ်။

မြှင့်ဖို့အတွက် Kindle ကို wifi ချိတ်ထားလိုက်ပါ။ အလိုအလျှောက်မြှင့်သွားပေးပါ့မယ်၊ (အရမ်းလွယ်သွားပြီမဟုတ်လား🤣)

ဒါဆိုရင်တော့ Kindle ကို မြန်မာစာအုပ်တွေရော၊ အခြားစာအုပ်တွေရော အလွယ်တကူထည့်လို့ရသွားပါမယ်။

Kindle အပြင် အခြား ebook reader တွေကို မရွှေးချယ်သင့်ဘူးလား မေးခွန်းကို ဖြေရမယ်ဆိုရင်တော့Kindle ရဲ့ စနစ်လောက် ဘယ်ဟာမှမကြိုက်ဘူးလို့ ပြောပါရစေ။

အခြား eBook တွေက Android Base ဖြစ်လို့ Function ပိုတောင်စုံနိုင်သလို အချို့ဆို Support လုပ်တဲ့ eBook format က Kindle ထက်ပိုများပါတယ်။ ဥပမာ iPad ebooks format ဖြစ်တဲ့ epub တွေတန်းဖတ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွှန်တော်လဲ eBooks reader တွေသုံးလာတာ (၆) နှစ်ထဲရောက်လာ​ြပီဖြစ်သလို၊ Kindle အသစ်ထွက်တိုင်း စမ်းသပ်အသုံးပြုရမှာ Kindle ပဲ အကောင်းဆုံးပါ။ World Best Ebook reader ပါ။ စာဖတ်တဲ့ ကိစ္စတစ်ခုထဲကိုပဲ ပိုကောင်းအောင် အာရုံစိုက်လုပ်ဆောင်ထားလို့ပဲ ဖြစ်ပြီး သူရဲ့ Digital Ebook Emperor ကလဲ အကြီးဆုံး၊ အကောင်းဆုံးဖြစ်နေတာကြောင်လဲပါပါတယ်။

Kindle ebook တွေ အသုံးပြုတဲ့အချိန် Screen Guard ဘယ်တော့မှ မကပ်ပါနဲ့။ သူရဲ့ စာရွက်မျက်နှာပြင်နဲ့တူတဲ့ မူရင်း ink display ကြည့်ရတဲ့ အရသာပျက်တယ်လို့ ခံစားရပါတယ်။

Kindle Smart Cover က Kindle ကို အလိုအလျောက် Screen ဖွင့်/ပိတ်ပေးပါတယ်

ဒါကြောင့်Screenကို အသုံး​ြပုချိန်မှာ ကာပြီးသားလဲဖြစ်သွားစေမဲ့ Smart Cover ကို ပဲ ကျွှန်တော်သုံးပါတော့တယ်။ ဆိုင်ကဝယ်ယူအသုံးပြုသူများကိုလဲ မရမကသုံးဖြစ်အောင် လက်ဆောင်ပေးပါတယ်😃။ စာမဖတ်မှာစိုးလို​့ မြန်မာစာအုပ်၊ နည်းပညာစာအုပ်၊ China, English စုစုပေါင်း (45000)ကျော်ကိုလဲ လက်ဆောင်ထည့်ပေးပါသေးတယ်။ Hardisk နဲ့ လာကူးရင်ပိုအဆင်ပြေပါတယ်။

Kindle Ebook Reader ထဲမှာလဲ Class ၄ မျိုးရှိတဲ့အထဲက 300ppi ရှိတဲ့ Paperwhite, Voyage, Oasis တွေပဲ အသုံးပြုသလို ဆိုင်မှာလဲ ဒါတွေပ​ဲရောင်းပါတယ်။

Kindle 10th gen လို reader မျိုးကျတော့ စနစ်တူပေမဲ့ 167ppi ပဲရှိလို့ စာဖတ်တဲ့ အချိန်တော်တော်ကွာပါတယ်။

ဒီလောက်ဆိုရင်တော့ Kindle အသုံးပြုပြီး စာအုပ်တွေပြောင်းတတ်၊ ထည့်တတ်ပြီထင်ပါတယ်။ ဘယ် Kindle ကိုရွှေးရမယ်ဆိုတာလဲ နားလည်လောက်ပြီထင်ပါတယ်။ အားလုံးပဲ စာဖတ်ခြင်းဖြင့် ဉာဏ်ရည်မြင့်နိုင်ကြပါစေခဗျာ။

Dr.Zaw Zaw (Apple Certified iOS Technician)

Dr.Mac

Related Posts