ပူတာအို 𝓣𝓻𝓪𝓿𝓮𝓵 𝓓𝓲𝓪𝓻𝔂
2019 မှာ သွားခဲ့တဲ့မြို့တွေအားလုံးထဲမှာ ချစ်စရာ အကောင်းဆုံးမြို့လေးပါ။
ခရီးသွားခြင်းက စာဖတ်ခြင်းတစ်မျိုးလို့ ပြောတယ်ဆိုရင် ဒီနှစ်ဖတ်သမျှ အကောင်းဆုံး စာအုပ်တစ်ခုပါ။
ပူတာအိုနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို အဓိက ပြောပြဖြေရှင်းချင်ပါတယ်။
သိပ်လှတဲ့ မြို့လေးကို ကိုယ့်မှာပါတဲ့ Camera Gear တွေနဲ့ CCTV တစ်လုံးလို မှတ်တမ်းတင်ခဲ့ပါတယ်။
ဒါတွေကတော့ ရာသီဥတု ပြင်းထန်တယ်၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတယ်၊ အစားအသောက် ရှားပါးပြီး စျေးကြီးတယ်။ (ဒါတွေတစ်ခုမှ မဟုတ်ပါဘူး)
ဒေသခံတွေ ရိုးသားဖော်ရွေတာကတော့ လက်ဖျားခါပါတယ်။ ကျွှန်တော့် Drone အိတ် တံတားမှာ မေ့ကျန်တာ ၂ နာရီလောက်နေမှ သတိရလို့ ပြန်ယူတာ ထားခဲ့တဲ့ အတိုင်းရှိနေပါတယ်။
✅ လမ်းပမ်းဆက်သွက်ရေးခက်ခဲတယ်
ပူတာအိုကိုသွားဖို့ ကားလမ်း၊ လေယာဉ် နဲ့ တစ်ခုခုကြိုက်တာရွေးနိုင်ပါတယ်။
ကားလမ်းကသွားရင်တော့
မန္တလေး− မြစ်ကြီးနား (၁၀)နာရီ ခန့်၊ ညအိပ်နားအုံးမှာဆိုတော့ တစ်ရက်ကြာပါမယ်။
မြစ်ကြီးနား− ပူတာအိုကတော့ ၁၀ နာရီလောက်မောင်းရပါတယ်။ (အရင်ခေတ်က တစ်လကြာပါတယ်)
လေယာဉ်နဲ့သွားရင်တော့ ၂ နာရီပဲကြာပါတယ်။ လေယာဉ်က မြစ်ကြီးနားမှာ ခရီးသည်တင်/ချ လုပ်ဖို့ ခဏဆင်းပါတယ်။ ပြီးရင် ပူတာအို ဆက်ပျံပါတယ်။
ကျွှန်တော်ကတော့ လေယာဉ်ကို အသွား/အပြန်လက်မှတ် ကြိုဖြတ်ထားပါတယ်။
လည်ဖို့ သွားတဲ့သူတွေကတော့ ရေခဲတောင်မတက်ဘူးဆိုရင် ၃-၄ ရက် အချိန်ပေးရင်ရပါတယ်။
Photo၊ Video ရိုက်ကူးလိုသူမျာအတွက်ကတေ့ာ ရိုက်စရာတွေ များလွန်းလို့ တစ်ပါတ်လောက်မှ အဆင်ပြေပါမယ်။
ဆက်သွယ်ရေးအနေဖြင့် MPT, Telenor, Ooredoo အားလုံးရပါတယ်။ ကျွှန်တော်တည်းတဲ့ Hotel နားမှာတော့ Internet က MPT နဲ့ Telenor က လိုင်းပိုကောင်းပါတယ်။
✅ ရာသီဥတု ပြင်းထန်တယ်
ပူတာအိုမှာ မိုးနဲ့ ဆောင်းရာသီပဲ ရှိတယ်လို့ ပြောလို့ရပါတယ်။ ရေခဲတောင်တွေ ပတ်လည်ဝိုင်းနေတာ မြင်ရလို့ အရမ်းအေးမယ်ထင်လို့ အနွေးထည်တွေအများကြီး ယူသွားပါတယ်။ ရောက်တော့ ရာသီဥတုက ပြင်ဦးလွင်လောက်ပါပဲ။ Ronin S ပေါ် Sony တင် ရိုက်တော့ ဝတ်ထားတဲ့ အနွေးထည် ပြန်ချွှတ်ရပါတယ်။ လှုပ်ရှားမှု မရှိရင်လဲ စိမ့်ပြီးအေးလာရော။ ကလေးတွေမခံ နိုင်လောက်အောင်ထိ ရာသီဥတု မပြင်းထန်ပါဘူး ။ Hotel က ရေနွေးနဲ့ လည်ရာက ပြန်လာတဲ့ ညတိုင်း ရေနွေးနဲ့ ရေချိုးဖြစ်ပါတယ်။ ဒေသခံတွေ မေးကြည့်တာတော့ Jan နဲ့ Feb လတွေမှာတော့ ရေခဲတဲ့အထိအေးပါတယ်တဲ့။ ဒါလဲ ရေခဲပြင်ပေါ်မှာနေရသလို မအေးပါဘူး။ အဲ့အတွက် ပုံမှန် အနွေးထည်တွေနဲ့တင်လုံလောက်ပါတယ်။ Ronin S ကိုင်ပြီး Video ရိုက်တော့ ချွေးတွေတောင်ပြန်လာပါတယ်။
✅ အစားအသောက် ရှားပါးပြီး စျေးကြီးတယ်။
လမ်းပမ်းဆက်သွက်ရေးကောင်းလာပြီးနောက်ပိုင်း ကုန်စည် စီးဆင်းမှု ပိုကောင်းလာလို့ အစားအသောက် စျေးတွေက မန္တလေးလောက်ပါပဲ၊ နာမည်ကြီး ရိုးရာ စားသောက်ဆိုင် Moon မှာ လူ (၆)ယောက် အဝစားမှ ၃ သောင်းဝန်းကျင်ပဲ ကျသင့်ပါတယ်။ ကျန်ဆိုင်တွေလဲ စျေးတူသလို စားခဲ့သမျှဆိုင်အားလုံး စားလို့ ကောင်းပါတယ်။ တည်းခိုစရိတ်အနေနဲ့ ကျွှန်တော်တည်းတဲ့ Snow Land Hotel မှာ တစ်ညကို တစ်ယောက် ၃၅၀၀၀ပဲ ကျသင့်ပါတယ်။ မီးပုံပွဲလဲပြုလုပ်ပေးပါတယ်။ ကျန်တာတွေကတော့ ပုံတွေကိုတစ်ခုချင်းကြည့်သွားပါ။
ခရီးသွား Page မဟုတ်ဘဲ ခရီးသွားအကြောင်းတွေတင်တာကတော့ အခု ခရီးမှာ Sony a7iii, GoPro, Mavic 2 Pro, Mavic Mini, Insta 360 Camera တွေနဲ့ မှတ်တမ်းတင်ခဲ့လို့ပါပဲ






ခေါက်ဆွဲဆိုင်အရှေ့က ရိုက်ထားတာပါ



Filter ကတော့ ၃လ တစ်ခါလဲရပါတယ်

စိတ်ရှည်လက်ရှည် နေရာစုံလိုက်ပို့ပေးနိုင်မဲ့ ကားဆရာကို ငှားမိဖို့တော့ လိုပါတယ်

ပူတာအိုမှာ အသက်ရှည်တဲ့ သက်ကြီးရွယ်အိုတွေများပါတယ်
။ ကင်ဆာရောဂါသည်မရှိသလောက်ပါပဲ။







မူလာရှီဒီ တံတားထိပ်က ခရစ်ယန်ဘုရားကျောင်း
Shot with Mavic Mini

က်ခဲ့ပါတယ်)
Shot with Mavic Mini

Shot with Mavic Mini

Shot with Mavic Mini




ကောင်းမှုလုံစေတီ (Shot with Mavic 2 Pro)


နယ်နှင်ခံရမှ သိပ်လှတာတွေ ခံစားမိပုံပါပဲ
မလိခတံတား (Shot with Mavic 2 Pro) တံတားအဟောင်းရော အသစ်ရော တွေ့မြင်နိုင်ပါတယ်
နတ်ကျွန်းစေတီ နတ်ကျွှန်းနဲ့ ကျွှန်းထိပ်က နတ်စျေးတန်းဖြစ်ပါတယ်
ရဝမ်အမျိုးသားဥယျာဉ်နဲ့ ရိုးရာ မနောတိုင် နောက်မှာရေခဲတောင်တွေ မြင်နေရပါပြီ

ရေခမ်းနေတော့ အသည်းပုံတော့ မပီတော့ဘူး ?
ကျောက်စိမ်းချောင်း


အခုလို့ ဘုရားကျောင်းတွေအများကြီးရှိပါတယ်ကျောင်းထိုင်ကိုခွင့်တောင်းပြီးရိုက်ခဲ့တဲ့ပုံလေးပါ
Shot with Mavic 2 Pro
ရေခဲတောင်တွေ ပတ်လည်ဝိုင်းပြီး အလှကြီးလှနေတဲ့ ပူတာအိုမြို့ဝန်းကျင်ရူခင်းများ
ဒီကိုမရောက်ရင် ပူတာအိုကိုမရောက်ဘူးလို့ ပြောလို့ရအောင် Creation ကောင်းကောင်းနဲ့လုပ်ထားတဲ့ Malikha Lodge, တည်းခိုခက မြန်မာငွေ (၄) သိန်းကစပါမယ်၊ ဒါတောင်စျေးလျှော့ထားတာပါတဲ ့၊ ဖွင့်၂ ချင်းက တစ်ည ၁၅သိန်းလောက်ရှိပါတယ်။ အပြင်လူ ဝင်ပြီးဓါတ်ပုံရိုက်ရင်တော့ ၁သောင်းပေးရပါတယ်။ Shot with Mavic 2 Pro,

မီးပုံပွဲက အခုမြင်ရတဲ့ စက်ဝိုင်းပုံကွင်းမှလုပ်တာပါ၊ ထင်းချောင်းအကြီးတွေနဲ့ မီးဖိုပါတယ်
ကျောက်စိမ်းချောင်းအတွင်းက Dr.Mac မိသားစု

ယ်၊ အများကြီးသောက်လို့မရပါ (မှောက်သွားမယ်)
ဂူဘားရိပ်သာပေါ်က တွေ့ရတဲ့ ရူခင်း၊ ဗိုလ်ချုပ်နေဝင်းက ဗိုလ်ချုပ်အောင်ကြီး နယ်နှင်လိုက်လို့ လာနေတဲ့နေရာ သူ့ရိပ်သာနေရာလေးက ရူခင်းကောင်းတယ်။ အစည်းအဝေးခန်း၊ စာဖတ်ခန်းတွေ ကိုလေ့လာနိုင်ပါတယ် ဂူဘားရိပ်သာ Shot with GoPro Hero 8


၁. Hotel ကကျွေးတဲ့ မနက်စာ ၂.ရိုးရာ အစားအစာတွေဖြစ်တဲ့ ပန်းအားလူးပဲပုတ်ထောင်း၊ ရေခဲငါးချောက်ထောင်း ၃.ပူတာအိုမှပေါများတဲ့ လိမ္မော်သီးတွေ ၄. မြစ်ထဲက ကျောက်တွေနဲတည်ဆောက်ထားတဲ့ နံရံတစ်ခု




iPhone 17 Series






































MacBook Air