3D Printing, Laser Engraving, Products Review, ဗဟုသုတ

𝗔𝗿𝘁 𝗼𝗳 𝗠𝘂𝗹𝘁𝗶𝗖𝗼𝗹𝗼𝗿 𝟯𝗗 𝗣𝗿𝗶𝗻𝘁𝗶𝗻𝗴

⌘ DJI ကထွက်လာတဲ့ Engineer  တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Bambu Lab လို 3D Printer Company တွေထွက်ပေါ်လာတာဟာ 3D နည်းပညာ လောကအတွက် တကယ်ကို အလှည့်အပြောင်းဖြစ်စေပါတယ်။

⌘ သူရဲ့  Products တွေကို 3D Hobby User တွေကြားမှာ 3D Printer လောကရဲ့ Apple Product လို တင်စားခေါ်ဝေါ်ကြပါတယ်။

⌘ ကိုယ်ပိုင် Hardware, Software တွေနဲ့တည်ဆောက်ထားတာကြောင့်လဲပါသလို Open Source မဟုတ်ဘဲ Firmwareကို Closed လုပ်ထားတာကို တင်စားပြောဆိုတာလဲပါပါတယ်။

⌘ Beginner တွေအတွက်ရော Advanced User တွေအတွက်ရော အရင်က တခါမှ မမြင်ဘူးတဲ့ FDM 3D Printer တစ်လုံးရဲ့ Printer Qulity ကို ပေးစွမ်းပါတယ်။

⌘  3D Pinter မှာ LiDAR Scanner နဲ့  AI စသုံးတာလဲ Bambu Lab 3D Printer တွေပဲဖြစ်သလို FDM 3D Printer  တွေမှာ Print Speed အမြန်ဆုံးရရှိတဲ့ ကမ္ဘာအမြန်ဆုံး 3D Pinter တွေလဲဖြစ်ပါတယ်။ 

⌘ Bambu Lab CEO Dr.Tao က DJI မှာတုန်းက အပေါက်ဆုံး Product ဖြစ်ခဲ့တဲ့ Mavic Pro Drone  တွေကို ဦးဆောင် တာဝန်ယူစလုပ်ခဲ့တဲ့ Engineer ဖြစ်ပါတယ်။

⌘ Ph.D Doctor ဘွဲ့ Germany  က Bremen University Aerodynamic နဲ့ပတ်သက်တဲ့ ဘာသာရပ်နဲ့ ရခဲ့တာဖြစ်ပါတယ်။ ဒီလို 3D Printing မဆိုင်တဲ့ ဘာသာရပ်နဲ့ Ph.D ရခဲ့ပေမဲ့ အောင်မြင်ပြီး တီထွင်စမ်းသစ်မှု ရှိလွန်းတဲ့ 3D Printer Company တစ်ခုကို (၂) နှစ်အတွင်း တည်ထောင်နိုင်တာ တကယ်ကိ အံ့ဩလေးစားစရာပါ။

⌘ Innovative ဖြစ်လွန်းလို့ ကျွှန်တော်အပါအဝင် Bambu Lab Fan တွေက  Company က Product တစ်ခုထွက်တိုင်း မဝယ်ဘဲ မနေနိုင်အောင်ဖြစ်မိပါတယ်။ 

⌘ အခု FDM 3D Printer မှာ Color 3D ရအောင်လုပ်ထားတာလဲ အရမ်းကို သပ်ရပ်လွန်းပါတယ်။ AMS  Lite မှာ Color (၄) ရောင်အထိ တပြိုင်တည်းထုတ်နိုင်ပြီး AMS (Auto Material Sysatem)  မှာတော့ AMS Unit (၄) အခု အထိကို Hub နဲ့ ချိတ်ဆက်နိုင်လို့ Color (၁၆) ရောင်အထိ ထုတ်နိုင်ပါတယ်။ 

⌘ Color 3D Printer ထုတ်ရင်အားနည်းချက်ကတော့ Print time အရမ်းကြာတာနဲ့ Filament အရမ်းကုန်ကျတာတွေပဲဖြစ်ပါတယ်။ Print Failure လဲဖြစ်ဖို့ Risk များပေမဲ့ Bambu lab နဲ့ထုတ်ရင်တော့ အရမ်းကိုနည်းသွားမှာဖြစ်ပါတယ်။

⌘ အခု Flexi Panda Model လေးကိုတော့ နာရီပေါင်း (၃၅) နာရီကြာအောင် အချိန်ပေးထုတ်လုပ်ရပါတယ်။ ( 1 Color ဆိုရင် Bambu Lab မှာ ၈ နာရီလောက်နဲ့ပြီးမဲ့ Model တွေဖြစ်ပါတယ်)

Dr.Mac Website

www.drmacmandalay.com

—————————————

Dr.Mac Telegram Channel

https://t.me/drmacmyanmar

———————————————

Dr.Mac’s iOS Apps Store Link 

https://apple.co/3QWgbgO

Dr.Mac’s Google Play Store Link

http://bit.ly/3CsMgqF

——————————————

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 9:30𝖆𝖒 – 6:30 𝖕𝖒 (Open Daily)

—————————-

Dr.Mac Address

Yay Ni Canal Street, Between 38th &39th Street, Mandalay

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

——————

Dr.Mac’s Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

Dr.Mac TikTok

—————————

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Related Posts