How to, iOS Knowledge, Knowledge Sharing, macOS Knowledge, Reviews

?MacBook Air 13.3” 2017 အကြောင်း

MacBook Air

MacBook Air Series 2008 January မှာ စတင်ထုတ်လုပ်ခဲ့လို့ Review ဆိုတာထက် MacBook Air အကြောင်း လို့ပြောရင် ပိုမှန်ပါမယ်။

?ထွက်ရှိကတည်းကနေ ယနေ့အထိ ထူးခြားချက်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်


ကမ္ဘာ့အပါးဆုံး MacBook


ဒီနေ့ အချိန်မှာတော့ အပါးဆုံးမဟုတ်တော့ပေမဲ့ စတင်မိတ်ဆက်ခဲ့တုန်းက ကမ္ဘာ့အပါးဆုံး Notebook ဖြစ်ခဲ့ပါတယ်။ စာအိတ်ထဲမှာ ချိတ်ပိတ်ပြီး လက်ဆောင်လာပေးတဲ့ပုံစံ Stage ပေါ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ 13.3 လက်မ Screen အရွယ်ဖြင့်စတင်ထုတ်လုပ်ခဲ့ပြီး 2.9 lb အလေးချိန် ရှိပါတယ်။ ( လက်ရှိမှာ အပါးဆုံး MacBook က 2015 မှာ စတင်ထုတ်လုပ်ခဲ့တဲ့ new MacBook ဖြစ်ပြီး (2) ပေါင်သာလေးပါတယ်။)


✅ ကမ္ဘာ့ပထမဆုံး All Day Battery Life ရတဲ့ MacBook (သို့) Battery အကြာဆုံး MacBook


All day Battery Life ဆိုတာ ရုံးချိန်/အလုပ်ချိန် (၈) နာရီကိုဆိုလိုတာပါ၊ MacBook Air’s Battery. ကို အားအပြည့်သွင်းထားမယ်ဆိုရင် ရုံးချိန်အတွင်းအားထပ်သွင်းစရာ မလိုအောင် အသုံးပြုနိုင်ပါတယ်။ အရင်က ဘယ် Laptop မှ ဒီလိုအသုံးပြုနိုင်ခြင်းမရှိပါဘူး။ အခုလက်ရှိ Latest MacBook Air Model ဖြစ်တဲ့ 2017 MacBook Air တွေမှာဆိုရင် All Day Battery Life က (၁၂) နာရီအထိ အသုံးပြုနိုင်နေပြီ ဖြစ်ပြီးတော့ Stand By Time ?(မပိတ်ဘဲ ဒီအတိုင်းဖွင့်ထားချိန်)? (၃၀) ရက်ဖြစ်လို့ Shut Down မပြုလုပ်ဘဲ အသုံးပြုနိုင်ပါတယ်၊ ရက်ရှည် ခရီးကပြန်လာရင်လဲ တခါတည်း အသင့် အသုံးပြုနိုင်စေပါတယ်။ MacBook Model အားလုံးမှာ Battery အကြာဆုံးအသုံးခံတဲ့ Model ဖြစ်ပါတယ်။


ကမ္ဘာ့ပထမဆုံး PCI Solid State Drive သုံး MacBook


Computer တွေမှာ Hardisk အသုံးပြုတာထက် ပိုမြန်ချင်ရင်တော့ SSD Storage ကို အသုံးပြုရမယ်ဆိုတာ ဒီနေ့ခေတ်လူတွေ သိပြီးသားဖြစ်ပါတယ်။ အရင်တုန်းက MAcBook တွေမှာ Hardisk ကို သုံးပြုခဲ့ပေမဲ့ MacBook Air တွေမှာ စတင်ပြီး PCI SSD ကို စတင်အသုံးပြုထားပါတယ်။ 2017 MacBook Air မှာသုံးထားတဲ့ SSD ဟာဆိုရင် 5400 RPM Speed ရှိတဲ့ HArdisk ထက် (၁၇) ဆပိုမြန်ပါတယ်။ Boot time (၁၈) စက္ကန့်ဖြစ်ပါတယ်။

https://youtu.be/d_U7NT-oVas

✅ သမိုင်းတစ်လျှောက် အရောင်းရဆုံးနဲ့ ဈေးအသက်သာဆုံး MacBook

ဈေးကြီးတဲ့ MacBook Pro တွေကို Retina Display နဲ့မထုတ်ခင်ထိနဲ့ New MacBook မထွက်ခင်အထိ MacBook Air. တွေကအရောင်းရဆုံးဖြစ်ခဲ့ပါတယ်။ ရှည်ကြာလွန်းတဲ့ Battery Life, Portable ဖြစ်မှု၊ USB 3.0, ThunderBolt 2.0 port တွေပါဝင်နေမှုကလဲ ရုံးသုံး၊ ကျောင်းသားသုံး အဖြစ််ရွေးချယ်စရာ MacBook အဖြစ်ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဈေးနှုန်းက 1,350,000 ကျပ်က စရှိတာဖြစ်လို့ MacBook တွေထဲမှာ ဈေးအသက်သာဆုံး Model လဲဖြစ်ပါတယ်။

Multi-Touch Trackpad (Magic Trackpad) Magic Tarckpad ကေ​ြာင့်လဲ MacBook တွေကို Touch Screen ဖြင့် ထုတ်စရာမလိုတော့ခြင်းဖြစ်ပါတယ်။
MacBook Air Right Side
MacBook Air Left Side

✅ Magic Trackpadနဲ့ MacBook Air

က MacBook တွေကို Touch Screen မျက်နှာပြင်နဲ့ထုတ်လုပ်မယ်ဆို ထုတ်လုပ်နိုင်ပါတယ်။ သို့သော် MacBook တွေမှာ Build in Keyboard ပါဝင်ပြီးဖြစ်လို့ Touch Screen နဲ့ထုတ်လုပ်မယ်ဆို သုံးစွဲသူအနေဖြင့် အသုံးပြုရတာ သက်သောင့်သက်သာ မဖြစ်တော့ပါဘူး။ ဒါကြောင့် Touch Screen အစား Multi Touch Trackpad (Magic Trackpad) ကို အသုံးပြုပါတယ်။ ဒီအချက်က အခြား Laptop တွေနဲ့ အတော်လေး ကွဲပြားခြားနားစေပြီး Smart ကျကျ အသုံးပြုနိုင်စေပါတယ်။ MacBook Air တွေမှာ MacBook Pro နည်းတူ Magic Trackpad ကို စတင်အသုံးပြုထားလို့ သုံးစွဲရတာ ပိုမိုအဆင်ပြေစေပါတယ်။

✅ MacBook Air Features တွေ

2017 ထုတ် Latest MacBook Air မှာဆိုရင် Intel ရဲ့ 5th Gen Core i5 Processor, RAM 8GB. ကိုအသုံးပြုထားလို့ ရုံးသုံး၊ ကျောင်းသားသုံး၊ အပျော်တမ်း ဓါတ်ပုံ၊ ဗွီဒီယိုတည်းဖြတ်လိုသူများအတွက် တကယ်ကို ကောင်းမွန်တဲ့ Performance နဲ့လုပ်ဆောင်နိုင်စေပါတယ်။အခြား Model MacBook များကို Type C (Thunderbolt 3) နဲ့ပဲ ထုတ်လုပ်တာဖြစ်လို့ MacBook Air က Port တွေအများဆုံးနဲ့ ထုတ်လုပ်တဲ့ MacBook Series လို့လဲပြောနိုင်ပါတယ်။ MacBook Air မှာဆိုရင် USB 3.0 (2 ports), Thunderbolt 2 (1 port), SD Card Slot တွေပါဝင်နေဆဲဖြစ်ပါတယ်။

MacBook Air မှာ သုံးထားတဲ့ 802.11ac Wi-Fi chip က ယခင် ကသုံးထားတဲ့ 802.11n ထက် (၃) ဆပိုမြန်သလို ချိတ်ဆက်နိုင်တဲ့ အကွာအဝေးကိုလဲ ပိုမိုစေပါတယ်။ Apple ထုတ်Wifi Router တွေဖြစ်တဲ့ AirPort Extreme, AirPort Time Capsule တွေနဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင် 1300Mbps Ultrafast Speed ထိရနိုင်ပါသေးတယ်။

?Backlight Keyboard

MacBook Air မှာပါတဲ့ Keyboard က အမှောင်ထဲမှာ အသုံးပြုနိုင်အောင် Backlight မီးတပ်ဆင်ပေးထားပါတယ်။ ပတ်ဝန်းကျင် အလင်းရောင်အလိုက် အလိုအလျောက် လင်းပေးနိုင်အောင် Ambient Light Sensor ပါဝင်သလို Manual လဲ အလင်းအမှောင်ပြုပြင်ပါတယ်။

?Unibody

MacBook Air Unibody From Single Piece of metal

လက်ရှိ MacBook အားလုံးကို Unibody နဲ့ပဲ ထုတ်လုပ်ပါတယ်။ MacBook Air ကတော့ စတင်ထုတ်လုပ်စဉ်ကတည်းက Unibody နဲ့ထုတ်လုပ်ပါတယ်။ Unibody ဆိုတာကတော့ Metal or Alloy တစ်ခုတည်းကနေ MAcBook Body တစ်ခုလုံးကို CNC စက်နဲ့ထွင်းထု ထုတ်လုပ်တာပါ။ အားသာချက်အဖြစ် သာမန် Laptop တွေထက် အကြမ်းခံပါတယ်၊ ပိုမိုသပ်ရပ်စေပါတယ်၊ ပိုမိုလဲ ပါးလွှာစေပါတယ်၊ တော်ရုံဖိမိတာ၊ လွတ်ကျတာ၊ တွန်းတိုက်မိတာတွေကိုလဲ ခံနိုင်ရည်ရှိစေပါတယ်၊ သပ်ရပ်မှုလဲမတူတာကိုတွေ့နိုင်ပါတယ်။အားနည်းချက်အဖြစ် ထုတ်လုပ်မှု ကုန်ကျစရိ်တ်မြင့်မားပါတယ်။ ဈေးကွက်မှာ. ၉၉၉$ အောက်မှာ Unibody နဲ့ထုတ်လုပ်တဲ့ Laptop မရနိုင်သေးပါဘူး။ Unibody ဆိုတာနဲ့ Apple ရဲ့ MacBook, iMac တွေကို ပြေးမြင်မိသည်အထိ အောင်မြင်ခဲ့ပါတယ်၊ Unibody ကို Apple ကစတင်ပြီး အသုံးပြုခဲ့သလို နှစ်အတန်ကြာအထိလဲ Apple တစ်ခုတည်းကပဲ အသုံးပြုထုတ်လုပ်ခဲ့ပါတယ်။

?iCloud Your content. On all your devices.

MacBook Air မှာ iCloud အသုံပြုခြင်းဖြင့် iOS Device များမှ music, photos, calendars, contacts, documents မိမိ Data များကိုလဲ အသုံးပြုနိုင်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

18.4.2018 (4:21pm) တွင် ရေးသားပြီးစီးသည်။

Dr.Mac Youtube Link

https://bit.ly/34ZxOni

Subscriptions ပြုလုပ်ထားပေးပါ။

ဒီလို Video ပြုလုပ်နိုင်ဖို့ အောက်ပါ Gear များ အသုံးပြု စုဆောင်းထားပါတယ်။

https://kit.com/Dr.Mac

⌚️- 10?? – 7 ??

𝐃𝐫.𝐌𝐚𝐜 𝐀𝐝𝐝𝐫𝐞𝐬𝐬

၃၉လမ်း(ဗန်းမော်ကျောင်းတိုက်လမ်း)၊ ၇၀ ? ၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက် အနောက်ပေါက်၊ ကံ့ကော်တော အမျိုးသားဆောင်၀န်းအတွင်း။ မန္တလေးမြို့။

ဖုန်း- 09798666614, 09258666614

Google Maps တွင် Dr.Mac ဟု ရှာဖွေပြီး မိမိလက်ရှိရောက်ရှိနေသော နေရာမှDirectory ဆွဲပြီး (Route ဆွဲပြီး )လဲ လာရောက်နိုင်ပါသည်။

စာရေးသူသည် Apple Products များနှင့် Mac OS, Mac Computer များအကြောင်းကိုသာ သီးသန့် တစိုက်မက်မက် ရေးသားနေသူဖြစ်ပါသည်။ Dr.Mac Computer Training center တွင်လဲ macOS အ ကြောင်းသင်ကြားပေးခြင်း၊ Apple Products အကြောင်း review များရေးသားခြင်း၊ Vlog ပြုလုပ်ခြင်းများပြုလုပ်နေသူ တစ်ဦး ဖြစ်ပါသည်။ (Dr.Mac’s Youtybe Channel ကိုလဲ Subscribe   ပြုလုပ်ပြီး Video များကြည့်ရူနိုင်ပါသည်။)

Dr.Mac မှ ရေးသားသော Post များ၊ Tutorial များကို ကြိုက်နှစ်သက်ပါက လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် လွတ်လပ်စွာ သိမ်းဆည်းခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နိုင်ပါသည်။
စီးပွားဖြစ်တည်ထောင်ထားသော Page များတွင် အပုဒ်လိုက်ဖြစ်စေ၊ တစ်ပိုဒ်ချင်းဖြစ်စေကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ ပြုလုပ်ပါက Page စာမျက်နှာနှင့်တကွ ဖော်ပြပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေငြာအပ်ပါသည်။

Related Posts