Beautiful Camera Shots, iOS Knowledge, Knowledge Sharing, macOS Knowledge, ဗဟုသုတ

Apple Products များအပေါ် Laser Engraving ပြုလုပ်ခြင်း

Apple က သူ Products များကို Software ပိုင်း Hardware ပိုင်းကို Modified ပြုလုပ်တာကို တင်းကျပ်စွာတားမြစ်ထားပေမဲ့ နောက်ပိုင်းမှာ ဖြေလျှော့မှု တော်တော်များများ ပြုလုပ်ပေးထားပါတယ်။ ဥပမာ iOS မှာ Jailbreak လုပ်မှ ရနိုင်မဲ့ Features အချို့ကို Default အဖြစ်ထည့်သွင်းပေးတာမျိုး၊

Apple Products များကို နည်းပညာပစ္စည်းများမှာမှ Laxury ဆန်တဲ့ ပုံစံမျိုးဖြစ်နေတာကြောင့်လဲ ကိုယ်ချစ်ခင်လေးစားတဲ့သူတွေကို သုံးစွဲဖို့ ပေးတဲ့ အချိန်ကျတော့ Apple Products များကို ဦးစားပေးစဉ်းစားရွှေးချယ်ပေးလေ့ရှိပါတယ်။ ဒါကြောင့်လဲ အခုအခါ Apple Products များကိုဝယ်ယူတဲ့ အခါမှာ Apple က အမှတ်တရပေးတဲ့အခါ ပိုမိုအဆင်ပြေအောင် Gift Message ဆိုတဲ့ လက်ဆောင်ပေးလို့သူကို ပြောလိုတဲ့ Message နဲ့ ပါကင်သက်သက် ထုတ်ပေးတဲ့ ဝန်ဆောင်မှုကို ပေးလိုက်ပါတယ်။ ဒီဝန်ဆောင်မှုက အခမဲ့ဖြစ်ပါတယ်။

ဒါနဲ့အတူ ထပ်လုပ်လို့ ရတဲ့ Gift Wrapping လိုခေါ်တဲ့ လက်ဆောင်ထုတ်ပိုးမှုကတော ဝန်ဆောင်ခထပ်ပေးရပါတယ်။

Apple offers gift cards with iPhone, Mac purchases in Australia and New  Zealand for Black Friday | AppleInsider
Gift Message နဲ့ Gift Wrapping လုပ်ထားတဲ့ Apple Products တစ်ခုပုံ

ထို့ အတူ Apple Products များမှာ Laser နဲ့ အမှတ်တရ စာတန်းထိုးပေးခြင်းများကိုလဲ အခမဲ့ ပြုလုပ်ပေးလာပါတယ်။

Apple ရဲ့ ၅ ခုမြောက် Apple Store မှာ Laser Engraving ပြုလုပ်နိုင်ကြောင်း အသိပေးထားပုံ

ပြောရရင်တော့ ပစ္စည်းရောင်းတာခြင်းအတူတူ ပိုမိုကောင်းမွန်ဝန်ဆောင်မှုပေးခြင်းလို့ အသေးစိတ်ပြင်ဆင်ပေးတာ ဖြစ်ပါတယ်။

Apple က သူ Products များမှာ Engraving လုပ်တာကို လူသိထင်ရှားပြလိုက်တဲ့ အဖြစ်အပျက်တစ်ခုကတော့ 2013 Mac Pro မိတ်ဆက် Video အဆုံးမှာ Laser နဲ့ စာတမ်းထိုးပြသွားတဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။

ထို့အတူ Dr.Mac မှာလဲ Apple Products ဝယ်ယူသူများအတွက် Free Laser Engraving စတင်ပြုလုပ်ပေးနေပါတယ်။ ဒါကြောင့်လဲ Laser Engraving နဲ့ပတ်သက်ပြီး သိချင်တာတွေ မေးမြန်းကြလို့ အခု ဆောင်းပါးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဘယ် Apple Products များမှာ Laser Engraving ပြုလုပ်နိုင်ပါသလဲ?

Apple က သတ်မှတ်ထားတဲ့ Apple Products တွေဖြစ်တဲ့ Apple Pencil 2, iPod Touch 7th Gen, iPad Model အားလုံး , AirPods 2, AirPods 3, AirPods Pro, AirTag တွေမှာ Laser Engraving ပြုလုပ်နိုင်ပါတယ်။

ဘာတွေ ထိုးနိုင်လဲ၊ ဘယ်ပုံစံ Design တွေရွှေးချယ်နိုင်သလဲ?

သက်ဆိုင်ရာ Apple Products တွေကို Bag ထဲထည့်ပြီး Laser Engraving Section မှာ Preview ကြည့်ပြီးမှ ထိုးနိုင်ပါတယ်။ China Apple Store  မှာတော့ ကွန်မြူနစ်အစိုးရက ခွင့်မပြုထားတဲ့ စာလုံးများကို ထိုးလို့ မရပါဘူး။ ကျှန်တော်တို့ နိုင်ငံမှာတော့ Laser Engraving လုပ်မဲ့ Area အတွင်း ဝင်မဲ့ကြိုက်တဲ့စာလုံးကို ထိုးနိုင်ပါတယ်။ Design အသေးစိတ်ကို တော့ ဆိုင်မှာ အသေးစိတ်လာရောက် တိုင်ပင်နိုင်ပါတယ်။ ဆိုင်မှာ ထိုးထားတဲ့ Apple Products နမှုနာများကိုလဲ ကြည့်ရူနိုင်ပါတယ်။

Laser Engraving ထိုးမည့်ပုံစံ Preview ကြည့်ရူထားပုံ

Laser Engraving ထိုးလို့ စက်ထိခိုက်နိုင်လား၊ Warranty ထိခိုက်နိုင်လား?

Apple ကိုယ်တိုင် Laser Engraving က စက်ကို မထိခိုက်တာဖြစ်လို့ လုပ်ပေးတာဖြစ်ပါတယ်၊ Dr.Mac မှာလဲ Warranty အပြည့်အဝတာဝန်ယူပြီးမှ Laser Engraving ပြုလုပ်ပေးတာဖြစ်ပါတယ်။

(အခြားအပြင်က အလုံးများကို အခကြေးငွေပေးပြီး ပြုလုပ်နိုင်ပါတယ်)

အခြားမတူညီသော Material များ (ဥပမာ MacBook, Steel, Aluminum, Glass, Gold) တွင်ရေးထွင်းလိုပါက သက်ဆိုင်ရာ ပညာရှင်နှင့် ဆိုင်တွင် လာရောက်တိုင်ပင်ပြီး ပြုလုပ်နိုင်ပါတယ်။

Laser Engraving လုပ်ခြင်းဖြင့် အားသာချက်/ အားနည်းချက်အနေနဲ့ ဘာတွေရှိနိုင်မလဲ?

အားသာချက်ကတော့ ကိုယ်အမှတ်တရလက်ဆောင်ပေးချင်သူမှာ ကိုယ်ပြောချင်တဲ့ ကိုယ်ပိုင်လက္ခဏာရပ်တွေ ထည့်သွင်းနိုင်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းမှာလဲ မိမိဖုန်း no. နာမည်စတာတွေအပြင် ကိုယ်ပိုင်လက္ခဏာရပ်တွေ ထည့်သွင်းထားနိုင်တာဖြစ်ပါတယ်။ သူများကိုယ့်ပစ္စည်းကို ခိုးယူမယ်ဆိုရင်လဲ Laser ထိုးထားတာ ဖြစ်လို့ အတိုင်းအတာတစ်ခုထိ အဟန့်အတား ဖြစ်စေပါပြီ။

အားနည်းချက်ကတော့ ဒီလိုထိုးပြီးသား ပစ္စည်းတွေကို ပြန်လည်ရောင်းချဖို့ ရှိတယ်ဆိုရင် ဝယ်ယူသူက ပါလာတဲ့ Laser Design ကို မကြိုက်တာမျိုးဆိုရင် စကားအပြောအဆို ရှိလာနိုင်ပါတယ်။

အားသာချက်တွေက ပိုများပါတယ်။

Dr.Mac ကပြုလုပ်ပေးထားတဲ့ Laser Engraving ပုံရိပ်တစ်ချို့ကို အောက်ပါပုံများမှာ ကြည့်ရူနိုင်ပါတယ်။ Customer တွေ ကျေနပ်ပျော်ရွှင်သလို ကိုယ်လဲ ပျော်ရွှင်ကျေနပ်ရပါတယ်။

AirPods Pro Laser Engraving Custom Design (Mountain Biker)

မကြာသေးခင်အချိန်က Apple က Laser Engraving ကို AirPods Max မှာပါ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & macOS Technician

Post Update 19/Jan/2022

Related Posts