Beautiful Camera Shots, iOS Knowledge, Products Review, ဗဟုသုတ

iPhone 12 အကြောင်းသိထားသင့်သမျှ ( iPhone 12 Review)

iPhone 12

iPhone 12 ကို (13.10.2020) မှာ မိတ်ဆက်ပြသခဲ့ပေမဲ့ မှာယူရရှိနိုင်မဲ့ နေ့တွေကတော့ ကွာသွားပါတယ်။ iPhone 12 Mini နဲ့ iPhone 12 Pro Max တွေကတော့ ထုတ်လုပ်မှု နောက်ကျပြီးမှ ရပါမယ်။

ဒီတစ်ခေါက် မိတ်ဆက်ပွဲရဲ့ ထူးခြားချက်ကတော့ တစ်ကြိမ်ထဲမှာ iPhone (၄) မျိုးအထိ ပထမဆုံး အကြိမ်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။ အရင်က အများဆုံး (၃)မျိုးလ​ောက်ထိပဲ မိတ်ဆက်ခဲ့တာပါ။

iPhone မှာ 5G Connection ပထမဆုံးရလာတာ၊ (မြန်မာနိုင်ငံမှာ တော်တော်နဲ့မရနိုင်သေး)၊ iPhone Screen အားလုံးကို Super Retina XDR display (OLED) တစ်မျိုးထဲနဲ့ပဲ ပြုလုပ်တာ၊ 12 Pro Series မှာ Photo ကို RAW format နဲ့ ရိုက်နိုင်လာတာတွေကတော့ ထူးခြားချက်တွေပါ။

Display and Screen Size

11 Seriesတုန်းက Pro နဲ့ ကွာခြားမှုရှိခဲ့ပေမဲ့ 12. Seires မှာ​တော့ 12 နဲ့ 12 Pro Screen Quality အတူတူဖြစ်အောင်လုပ်ပါတယ်။ Super Retina XDR display (OLED )နဲ့ပ​ဲပြုလုပ်ထားလို့ 12 နဲ့ 12 Pro Screen အတူတူနီးပါဖြစ်ပြီး Brightness မှာပဲ (800 nits-625nits မို့) နည်းနည်းလေး ပိုလင်းပါမယ်။

OLED Display အားလုံးကို ယခင်ကထက်ပိုအကြမ်းခံအောင် Ceramic Shield ထပ်အုပ်ထားပါတယ်။ Metal ထက်ပိုမာတဲ့ Ceramic Crystal လေးတွေကို အကြမ်းခံအောင် iPhone မျက်နှာပြင်မှာ ထပ်ပိုးတွဲစပ်ပေးတဲ့Nano နည်းပညာပါ။ လုပ်တဲ့နည်းက ရိုးရှင်းပေမဲ့ အရမ်းခက်ခဲတယ်လို့ Apple က ပြောထားပါတယ်။ ဘာကြောင့်လဲဆိုရင် Ceramic က ကြံ့ခိုင်ပေမဲ့ သူရဲ့ တည်ဆောက်ပုံအရ မှန်တွေလို မကြည်ဘဲ ထိုးဖောက်မြင်နိုင်စွမ်း ကျသွားလို့ဖြစ်ပါတယ်။ အရင်လို ထိုးဖောက်မြင်နိုင်စွမ်း (transparent) မကျစေဘဲ OLED Display ကိုကြံ့ခိုင်မှုရှိရှိနဲ့ ကြည့်ရအောင် ပြုလုပ်ထားခြင်းက iPhone သာမက အခြားဖုန်းတွေမှာပါ မလုပ်ဖူးသေးတဲ့နည်းပညာဖြစ်ပါတယ်။ ပြီးတော့ လက်ရှိဘယ်ဖုန်း Screen ထက်မဆို ပိုပြီးလဲ အကြမ်းခံလာစေပါတယ်။

နောက်ဘက်က Glass မျက်နှာပြင်ကိုပဲ Dual ion-exchange process နဲ့ အပွန်းအစင်းခံနိုင်အောင် ထပ်လုပ်ထားပါသေးတယ်။ အထူးသဖြင့် ရည်ရွယ်တာက ဖိမိ၊ ခြစ်မိတာတွေ ပိုခံနိုင်လာအောင်ဖြစ်ပါတယ်။

Drop Performance ၄ ဆ ပိုခံသွားတယ်လို့ ပြောပါတယ်။ လက်ထဲ အိတ်ကပ်ထဲက မတော်တဆ ပြုတ်ကျတာမျိုးဆိုရင် မကွဲသွားဖို့ အခွင့်အရေး ၄ ဆမြှင့်တက်လာတယ်လို့ ဆိုလိုတာပါ။ Drop Test လုပ်ထားတဲ့သူများရှိရင် ဟုတ်/မဟုတ် အခု Post မှာ Ment သွားကြပါ။ ကျွှန်တော်ကတော့ မစမ်းတော့ပါဘူး😅

Ceramic Shield ပါတဲ့ iPhone 12 Screen

iPhone အားလုံးထဲမှာ Screen အကြီးဆုံးက iPhone 12 Pro Max ဖြစ်ပြီး ထွက်ခဲ့သမျှ iPhone အားလုံးထဲမှ​ာ အကြီးဆုံးဖြစ်ပါတယ်။ 6.7” ရှိပြီး 6.5” ရှိတဲ့ iPhone 11 Pro Max ထက်လဲ Screen Size ပိုကြီးပါတယ်။ Face IDပါတဲ့ iPhone ထဲမှာ Screen အကြီးဆုံးဖြစ်ပါတယ်။ Phalabet အရွယ်ဖုန်းတွေကြိုက်တဲ့သူတွေအတွက် ရွှေးချယ်စရာဖြစ်ပါတယ်။

iPhone 12 Screen Compression

Screen 6.1” အရွယ်ကတော့ လူကြိုက်အများဆုံး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ iPhone 11 တုန်းက လူကြိုက်အများဆုံး အရွယ်ဖြစ်ခဲ့လို့ပါပဲ။ iPhone 12 နဲ့ 12 Pro Screen အရွယ်အတူတူပဲ ဖြစ်လို့ Camera ကသိပ်အရေးမကြီးဘူး၊ ဆိုသူများက iPhone 12 ကို ရွှေးချယ်သင့်ပါတယ်။ ဒီနေရမှ​ာ ထူးခြားချက်က ယခင်နှစ်က iPhone11 လို Pro နဲ့ စျေးသိပ်မကွာလို့ 6.1” အရွယ် Pro ကို စစ်တမ်းတွေအရ လူကြိုက်များလို့ နေပြန်ပါတယ်။

6.1” ချင်းတူပေမဲ့ ဘောင်က သေးအောင်လုပ်ပေးထားလို့ ယခင် iPhone 11 ထက်ကိုင်ရတာ ပိုသေးပါမယ်။ Body တည်ဆောက်ပုံက iPhone 4, 5 လို ပုံစံကို ပြန်ယူထားလို့ ဘေးဘောင်လုံးနေတဲ့ Body ထက်ပိုပြီး ထိထိမိမိ ကိုင်လို့ ကောင်းပါမယ်။

iPhone 12 Mini ကတော့ Face ID ပါတဲ့ iPhone တွေထဲမှာရော၊ iPhone 12 Series မှာရော အသေးဆုံးဖြစ်ပါတယ်။ Body အရွယ်က iPhone 8 နဲ့ တူပေမဲ့ Screen အရွယ်ကတော့ 5.4” ဖြစ်လို့ 4.7” အရွယ် iPhone 8 ထက် ပိုကြီးပါမယ်။ Compact Size Phone ထဲမှာမှ Screen ကြီးကြီး ကြိုက်သူတွေအတွက်ပါ။ ကျွှန်တော်ထင်ပါတယ်၊ ဒီအရွယ်ကတော့ လူကြိုက်အနည်းဆုံးအရွယ်ဖြစ်လာမယ် ထင်ပါတယ်။

​Body Build Quality

iPhone 12 Pro, Pro Max Body ကိုတော့ ခွဲစိတ်ခန်းမှာသုံးတဲ့ အဆင့်ရှိတဲ့ Stianless Steel နဲ့လုပ်ထား ပြီး iPhone 12, 12 Mini ကိုတော့ Aerospace အဆင့်ရှိတဲ့ Aluminum Body နဲ့လုပ်ပါတယ်။ ပြောရရင် 12Pro ပိုကောင်းပါတယ်။ iPhone 11 မှာ သုံးထားတဲ့ Aerospace-Grade Alu Body လဲ ကျွှန်တော်သုံးခဲ့တော့ ယနေ့အထိအဆင်ပြေပီး ဘာမှ မဖြစ်ပါဘူး။

A14 Bionic Chip

A13 မှာကတည်းက ကမ္ဘာအမြန်ဆုံး Chip ဖြစ်နေပါပြီ။ အခု A14 မှာတော့ 11 Trillion Op/Sec Speed ဖြစ်နေပါပြီ 🤯။ Chip မှာသုံးထားတာတွေ ဘယ်လောက်သေးသလဲဆိုရင် Atom တစ်ခုအရွယ်လောက်ရှိပါမယ်။ ထုတ်လုပ်မှုမှာ ပထမဆုံး 5- nanometer Chip လဲဖြစ်ပါတယ်။ အခြား Smart Phone CPUတွေထက် အပြတ်အသတ် ဦးဆောင်နေတဲ့ Chip လို့လဲ ပြောလို့ရပါတယ်။ Transister ပေါင်း 11.8 Billion ပါဝင်တည်ဆောက်ထားပါတယ်။

ကျွှန်တော်အမြဲပြောသလို ပုံတစ်ပုံကောင်းဖို့ Lens, Sensor အပြင် Image processing လဲ အရေးကြီးပါတယ်။ A14 ကြောင့် HDR3 Photo ရိုက်လို့ရပြီး Image Processing ပိုမိုကောင်းမွန် မြန်ဆန် စေပါတယ်။

4k HDR ရိုက်ကူးစဉ်မှာ Dolby vision Quality Encoding ပြုလုပ်စေနိုင်ပါတယ်။ ပုံမှန်က Pro Level Computer တွေနဲ့ Edit လုပ်တဲ့အချိန်မှ လုပ်နိုင်မဲ့ Process ကို ရိုက်ကတည်းက ထည့်ပေးလိုက်တာလို့ ပြောလို့ရပါတယ်။ File Size အရမ်းကြီးသွားမှဲဖစ်ပေမဲ့ Quality အတော်လေးကောင်းမွန်လာမှာပါ၊ Video Quality ဘယ်လောက်ထိကောင်းလာမလဲ ဆိုတာကတော့ လက်တွေရိုက်ကူးစမ်းသပ်ကြည့်ရပါအုံးမယ်။

LiDAR Scanner (12 Pro မှာပဲပါမယ်)

LiDAR Scanner ကတော့ NASA အဖွဲ့ရဲ့ အင်္ဂါဂြိုဟ်သွားတဲ့ Mission မှာ အသုံးပြုခဲ့တ​ဲ့ နည်းပညာကို iPad Pro 2020 မှာ စတင်အသုံးပြုခဲ့တဲ့ နည်းပညာ ဖြစ်ပါတယ်။ LiDAR Scanner နဲ့ တိုင်းတာတဲ့ Object  ကြားက အလင်းရောင်အပြန်အလှန်သွားနှုန်းကို တိုင်းတာ တွက်ချက်တာဖြစ်ပါတယ်။ အလင်းသွားနှုန်းကို အခြေခံပြီး A14 Chip ကို အသုံးပြုတာဖြစ်လို့ တွက်ချက်မှုက Nano Sec အတွင်းပြီးမြောက်အောင် အလွန်မြန်ပါမယ်။ လောလောဆယ်မှာ သူနဲ့ အသုံးပြုနိုင်မှု အများကြီးမရှိသေးပေမဲ့ နောက်ပိုင်းမှာ အသုံးပိုဝင်လာမှာဖြစ်လို့ Future Proof ဖြစ်ပါတယ်။ iPhone 12 Pro မှာပဲ ပါရှိပါမယ်။

iPhone 12 Pro နဲ့ အလင်းရောင်အားနည်းတဲ့ အခြေအနေမှာ Camera ရိုက်ကူးမယ်ဆိုရင် Autofocus (၆) ဆပိုမို မြန်ဆန်စေပါမယ်။ LiDar Scanner ကြောင့် ညပိုင်းမှာ portraits ရိုက်ကူးစေနိုင်မှာဖြစ်ပါတယ်။

LiDAR Scanner က ပတ်ဝန်းကျင်ကို အမြဲထောက်လှမ်းပြီး သိရှိနိုင်အောင်ပြုလုပ်ပေးလို့ နောက်ပိုင်း AI Application တွေပိုမိုထွက်လာရင် အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဥပမာ အခန်းတွင် Virtual ပရိဘောဂ ပစ္စည်းတွေ နေရာချကြည့်တာမျိုးမှာ တကယ့် အခြေအနေနဲ့ တော်တော်လေးတူညီနီးစပ်စေမှာဖြစ်ပါတယ်။

Available Color

iPhone 12 န​ဲ့ 12 Mini မှာ Color (၅) မျိုးထုတ်လုပ်ပြီး 12 Pro/12 Pro Max မှာ (၄) ရောင်ထုတ်လုပ်ပါတယ်။ Hot ဖြစ်နေတဲ့ အရောင်တွေကတော့ 12 Pro ရဲ့ Pacific Blue အရောင်နဲ့ 12 Series ရဲ့ Blue အရောင်တွေဖြစ်ပါတယ်။

iPhone 12 Mini Vs iPhone 12
iPhone 12 Mini Vs iPhone 12
iPhone 12 Pro Vs iPhone 12 Pro Max
iPhone 12 Pro Vs iPhone 12 Pro Max

Camera

Photo

iPhone 12/ 12Pro Main Camera မှာ Lens Pieces 7 ခုထိပါဝင်တည်ဆောက်ထားလို့ ပုံရိပ်ပိုမို ကြည်လင်စေပါတယ်။

iPhone 12 ရဲ့ Main Camera ၂ ခုဖြစ်တဲ့ Wide ရော Ultra Wide ရော ရိုက်နိုင်တာ အတူတူပဲဖြစ်ပြီး ထူးခ​ြားချက်က Ultra wide မှာပါ Night Mode လိုခေါ်တဲ့ Shutte Speed ကို ကြာကြာလေး ဖွင့်ရိုက်လာနိုင်တာဖြစ်ပါတယ်။

iPhone 12 ရဲ့ Main Camera ၂ ခုဖြစ်တဲ့ Wide ရော Ultra Wide ရော ရိုက်နိုင်တာ အတူတူပဲဖြစ်ပြီး ထူးခ​ြားချက်က Ultra wide မှာပါ Night Mode လိုခေါ်တဲ့ Shutte Speed ကို ကြာကြာလေး ဖွင့်ရိုက်လာနိုင်တာဖြစ်ပါတယ်။

Main Camera ရဲ့ Aperture က ƒ/1.6 ဖြစ်သွားပြီး 11 ရဲ့ ƒ/1.8 ထက် ပိုကျယ်သွားလို့ Low Light Condition ရော Depth of Field ရော ပိုကောင်းစေပါတယ်။ ဓါတ်ပုံရိုက်ကူးမှုအနေနဲ့ Pro Series မှာ Raw format နဲ့ ရိုက်ကူးစေနိုင်ပြီး Apple ProRAW format နဲ့ ရိုက်နိုင်မှာဖြစ်ပါတယ်။ Tele Lens ကလွဲရင် Night Mode ရိုက်ကူးစေနိုင်မှာဖြစ်သလို Smart HDR 3 Photo ကို 12 Series အားလုံးရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

HDR 3 Photo
Night Shot Photo
Night Portraits

Pro Video

Video အနေနဲ့ ပထမဆုံးအကြိမ် Real time Dolby Vision HDR Video ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန် Video Format ထက် Color ပိုင်း အဆ (၆၀) ပိုမိုပါဝင်အောင် ရိုက်ကူးနိုင်စေပါတယ်။ Pro မှာ 60fps, 12 မှာ 30fps နဲ့ ရိုက်ကူးစေနိုင်ပါတယ်။ Color Bit အနေနဲ့ 10bit ထိ ရရှိစေမှာဖြစ်ပါတယ်။ ရုပ်ရှင်တွေမှာ သုံးတဲ့ Dolby Vision ကို ရရှိမှာဖြစ်ပြီး Color ပေါင်း 700 Million ထိ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ Video Formatကို Edit လုပ်ဖို့ Computer အမြင့်တွေ လိုအပ်မှာဖြစ်ပေမဲ့ iPhone 12 မှာတင်ကြည့်နိုင် Edit လုပ်နိုင်ပြီဖြစ်ပါတယ်။ အသံပိုင်းအနေနဲ့ ပတ်ပတ်လည် Speaker တပ်ဆင်ထားသလိုခံစားရစေမဲ့ Spatial audio Support လုပ်ပေမဲ့ AirPods Pro လိုခံစားရပါ့မလားဆိုတာ စမ်းသပ်ကြည့်ရပါအုံးမယ်။

ဒီအတွက် iPhone 12 က ကမ္ဘာမှာတစ်ခုတည်းသော Dolby Vision HDR Video ကို Device တစ်ခုတည်းနဲ့ ရိုက်နိုင်၊ တည်းဖြတ်တာလိုက်နိုင်၊ ကြည့်ရူနိုင် ( Dolby Vision ကြည့်ဖို့ TV နဲ့ Display အမြင့်တွေလိုပါတယ်) မျှဝေခြင်းပြုလုပ်နိုင်သော Phone ဖြစ်လာပါမယ်။

Capture, Edit, Watch & share

ပိုက​ောင်းတဲ့ iPhone 12 Pro Max Main Camera

iPhone 12 Pro နဲ့ Pro Max မှာ ​Main Camera ကိုတော့ Pro Max မှာ ပိုကောင်းအောင် လုပ်လိုက်ပါတယ်။

iPhone 12 Pro Max မှာ47% ပိုကြီးတဲ့ Sensor တပ်ဆင်ထားလို့ Low Light ရိုက်ကူးမှုမှာ မှာ 87% ပိုကောင်းပါတယ်။ ရိုက်ကူးတဲ့ အချိန်မှာ င​ြိမ်နေဖို့ Optical image Stabilization (OIS) ကို iPhone 12 အားလုံးမှာပါပေမဲ့ iPhone 12 Pro Max မှာပဲ DSLR Camera မှာလို့ Camera Sensor ကို ငြိမ်နေအောင် လိုက်ရွှေ့ပေးမဲ့ Sensor- shift Stabilization ပါဝင်လို့ ပိုငြိမ်စေပါတယ်။

DSLR လို Sensor Shift image Stabilization

ပိုကောင်းလာတဲ့ IP68

iPhone 11 မှာတုန်းက 2 meter (၆ပေ) အနက်မှာ (၃၀) မိနစ်ထိ ရေစိမ်လို့ရပါတယ်။

iPhone 12 မှာတော့ 6 meter (၁၈ ပေ) အနက်မှာ ၃၀) မိနစ်ထိ ရေစိမ်ခံပါတယ်။ သို့သော် ဒါတွေက သေချာစိမ်ဖို့ မဟုတ်ဘဲ မတော်တဆ ရေထိရင် ခံနိုင်ရည်ကို သိနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ကျွှန်တော်ကတော့ ဘယ်တော့မှ မစိမ်ပါ။

Apple က အခုချိန်ထိ Liquid Damage ကို Warranty မပေးပါ။ ဘယ် ဖုန်း Company မှ လဲ အခုချိန်ထိ မပေးသေးပါ။ ထို့ကြောင့် ရေကိုတော့ သေချာ မစိမ်သင့်ပါ။

​MagSafe အားသွင်း Accessories

MagSafe တည်ဆောက်ပုံ

iPhone 12 ကစပြီး ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အနေနဲ့ (ရှေ့ပိုင်းမှာ လက်ဝယ်ရှိထားတဲ့ iPhone Charger Adapter ကို ဆက်သုံးနိုင်) နားကြပ်ရော၊ Charger Adapter ထည့်မပေးတော့ပါဘူး။ အဲ့အစား ကြိုးမဲ့အားသွင်းလို့ရမဲ့ MagSafe Charger ကို ထပ်မံဝယ်ယူနိုင်ပါတယ်။ Apple Ecosystem နဲ့ အကိုက်ညီဆုံး ကြိုးမဲ့အားသွင်း စနစ်ဖြစ်ပါတယ်။

iPhone 12 မှာ မြန်ဆန်တဲ့ 15W အားသွင်းစနစ်ဖြစ်ပါတယ်။ Qi Support ဖြစ်တဲ့ iPhone 8 နှင့်မှာလဲ အသုံးပြုနိုင်ပေမဲ့ Fully Compatible ဖြစ်တာကတော့ iPhone 12 မှပဲဖြစ်ပါတယ်။ ဥပမာ MagSafe Charger က iPhone 12 Seriesမှာ ပဲ Magnetic နဲ့ ကပ်ပြီး Fitting ကျကျ အားမြန်မြန်ဝင် လုပ်ပေးပါမယ်။ အခြား iPhone 8 -11 မှာတော့ အားဝင်ပေမဲ့ Magnetic နဲ့ကပ်နေမှာမဟုတ်ပါဘူး။

MagSafe Charger နဲ့ သုံးနိုင်မဲ့ အခုလို MagSafe ပါပြီးသား Case တွေနဲ့ သုံးနိုင်မှာလဲ iPhone 12 မှာဖြစ်ပြီး ရိုးရိုး Cover အုပ်ထားချိန်မှာ​တော့ MagSafe Charger အပြည့်အဝ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

1st 5G iPhone

5G Connection ကတော့ US မှာ တောင် ပြည်နယ်တိုင်းမရသေးပါဘူး။ ကျွှန်တော်တို့ နိုင်ငံမှ​ာတော့ 4G တောင် နေရာတိုင်းမရသေးတော့ အကျယ်မရေးတော့ပါဘူး။ 5Gတည်တည်ငြိမ်ငြိမ် ရဖို့ iPhone မှာ Antenna ပိုင်း နဲ့ အခြား Radio ပစ္စည်းတွေ ကို Apple Engineer team က သေချာလေး တည်ဆောက်ခဲ့ရပါတယ်။

5G အသုံးပြုတဲ့ အချိန် Battery အသုံးပြုမှု လျှော့နည်းအောင် ပြုလုပ်ထားပေမဲ့ လက်ရှိသုံးနေသလောက်တော့ Battery ကုန်တာမြန်တယ်လို့ Report လုပ်နေကြပါတယ်။ နောက်ပိုင်း iOS Update တွေမှ​ာ ဒီအချက်တွေကို ပြင်သွားနိုင်မယ် လို့ မျှော်လင့်ရပါတယ်။

5G Connection ကြောင့် High-Quality video တွေ ကြည့်တာ Download လုပ်တာမျိုးတွေမှာ မြန်သွားမှာ ဖြစ်သလို Online ကနေ လုပ်ဆောင်ရမဲ့ ကိစ္စတွေအားလုံး မကြုံစဖူး မြန်ဆန်သွားစေမှာဖြစ်ပါတယ်။

ဘယ် iPhone 12 ကို ကိုင်မလဲ?

Screen Size, စျေးနှုန်း, Camera ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပါမယ်။ Build Quality အရ iPhone 12,12 Pro မကွာတဲ့အပြင် Display ပါတူညီနေပါပြီ။ iPhone 11 တုန်းကတော့ 11 Pro နဲ့ စျေးကွာပြီး ကျန်တာ သိပ်မကွာတာကြောင့် 11 ကို ပိုကြိုက်ကြပါတယ်။

အခု iPhone 12 မှာတော့ စျေးနှုန်းကွာဟချက် နည်းပါတာကြောင် LiDAR Scanner, Telephoto Lens တွေပါတဲ့ 6.1” iPhone 12 Pro က စဉ်းစားစရာပါ။ Camera ကို ပုံမှန်ပဲ သုံးမယ်ဆိုသူများကတော့ iPhone 12 ကို စဉ်းစားသင့်ပါတယ်။

Camera ကို Pro  ကျကျလဲ တကယ်သုံးမယ်၊ iPhone Camera ကို အချိန်အများစု သုံးမယ်သူများကတော့ 12 Pro Max ထွက်ချိန်ထိစောင့်ဝယ်ပါ။

iPhone 12 Mini ကတော့ Screen Size သေးလို့ လူကြိုက်နည်းနိုင်ပေမဲ့ iPhone ထဲမှာ ဒီလိုသေးသေးနဲ့ က ဒီမှာပဲ ရနိုင်တော့မယ် ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရပါမယ်။

Mytel eSim နဲ့ အခြား Sim တစ်ခုခုကို သုံးချင်သူ (သို့) တစ်ကဒ်ပဲ သုံးမဲသူများကတော့ ZP/A (Singapore) ကို ရွှေးပါ။

Physical Nano Sim 2 ကဒ်ထိ သုံးမဲ့သူများကတော့ Hong Kong (ZA/A), China (CH/A) ထဲက ရွှေးနိုင်ပါတယ်။ စျေးသက်သာတာကို ရွှေးပါ၊ Warranty တူ၊ Quality တူပြီး Tax မတူလို့ စျေးကွာနိုင်လို့ ဖြစ်ပါတယ်။ User တစ်ယောက်အနေနဲ့ကတော့ သုံးရတာ အတူတူပဲဖြစ်ပါမယ်။

CH/A မှာ Group FaceTime Audio ခေါ်မရ (Video တော့ရ)တာ တစ်ခုပဲ ကွာပါမယ်။ ကျန်တာ အတူတူပဲဖြစ်ပါတယ်။ ဒါကလဲ သတ်မှတ်ထားတဲ့ ဥပဒေအရ ပေးမသုံးတာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ iPhone 12 အကြောင်း သိရမဲ့ အချက်တွေ ပြည့်စုံပြီလိုထင်ပါတယ်။ အခြားသိချင်တာရှိရင်လဲ Comment မှာ Message ချန်ထားခဲ့လို့ရပါတယ်။ iPhone 12 Pro ရောက်လာမှ Hand On Review ထပ်လုပ်ပေးပါ့မယ်။

အဆုံးထိ ဖတ်ရူပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

ACIT (Apple Certified iOS Technician)