iOS Knowledge, ဗဟုသုတ

Apple Watch Series 6 မှာ ECG နဲ့ Oxygen Function ရအောင် ဘယ်လိုလုပ်မလဲ

ECG, Oxygen

Apple Watch Series 4,5,6 မှာ ECG Function ရအောင် လုပ်ပြီးအသုံးပြုသင့်သလို Series 6 ပတ်တဲ့သူတွေအနေနဲ့ Blood Oxygen Function ရအောင် ပြုလုပ်သင့်ပါတယ်။ 

ဒါမှလဲ Watch Series အမြင့်တွေပတ်ရတာ အဓိပ္ပာယ်ရှိမယ် မဟုတ်လား?

ဒါတွေမှာမရရင် Series 6 ပတ်နေသော်လဲ Series 3 လောက်နဲ့ Function တူညီနေမယ် မဟုတ်လား? (Build Quality တော့ကွာတာပေါ့)

ဒီနေရာမှာ အခု Function တွေရဖို့ iPhone, Watch Region နဲ့မဆိုင်ပါဘူး။ ဂြိုဟ်သားတွေပြောသလို LL/A, ZP/A ကပိုကောင်းတယ်၊ CH/A က မကောင်းဘူးဆိုတာတွေနဲ့ မဆိုင်ပါဘူး။ (iPhone အားလုံး တရုတ်ကလာကြတာမို့ အသစ်ဖြစ်ဖို့နဲ့ Warranty ပါဖို့ပဲ လိုပါတယ်:( iPhone LL/A အလုံးကို Watch LL/A အလုံးနဲ့ Pair လုပ်ပြီး Activate လုပ်လဲ ဒီနိုင်ငံမှာ ရမှာမဟုတ်ပါဘူး။ (မိတ်ဆွေတစ်ယောက် အဲ့လိုမှာလုပ်တာ မရခဲ့ 😅)

စာရေးသူရဲ့ iPhone 11 CH/A (Dual Sim ကိုင်ချင်လို့) ကို LL/A Apple Watch Series 4 ပေါ်ပေါ်ချင်း ကတည်းကသုံးခဲ့တဲ့နေရမှာ အသုံးပြု​ပြီး ၃ လအကြာမှာ အလိုလို ECG Functionရခဲ့ပါတယ်။ 

အခု Series 6 မှာတော့ Series 4 တုန်းကတည်းက ရခဲ့တဲ့ ECG Health Data ကို Series 6 မှာ ဆက်လက်သယ်ဆောင်နိုင်ခဲ့လို့ ECG တော့ ရပေမဲ့ Blood Oxygen ကတော့ Series 6 ကို Review လုပ်တဲ့နေမှာ မရခဲ့သေးပါဘူး။

US က သူငယ်ချင်းတစ်ယောက်အကူ အညီနဲ့ သူရဲ့ Function ရပြီးသား Health Data ကို ပြောင်းရွှေ့နိုင်မှသာ ရခဲ့ပါတယ်။

တကယ်ဆို ECG Function ခွင့်ပြုပေးတဲ့ နိုင်ငံက ပိုနည်းပြီး Blood Oxygen  က ရတဲ့ နိုင်ငံက ပိုများလို့ Blood Oxygen က အရင်ရသင့်ပါတယ်။ တကယ်အသုံးဝင်မှုမှာလဲ အခု လို Covid ကလာမှ အဆုတ် Function ကို Blood Oxygen App က သွယ်ဝိုက်တိုင်းတာပေးတာဖြစ်လို့ ECG Function ထက် ပိုအသုံးဝင်ပါမယ်။

အဲ့တော့ Dr.Mac မှာ Watch  Series 6 ဝယ်ယူသူမျာအတွက် ECG ရော Blood Oxygen function ရော ရအောင် အခမဲ့ပြုလုပ်ပေးနေပါတယ်။ Series 4, 5 ဝယ်ယူသူများအတွက်ကတော့ ECG function ရရှိမှာဖြစ်ပါတယ်။

လုပ်ဆောင်လိုသူများအတွက် Dr.Mac Showroom သို့ လာရောက်လုပ်ဆောင်နိုင်ပါတယ်။

② နယ်မှ ဝယ်ယူသူများအတွက်တော့ Online ကနေ ရအောင်လုပ်ဆောင်ပေးပါတယ်။

လုပ်ဆောင်ရန် အချက်များ

မိမိ လက်ရှိပတ်နေသော Apple Watch ကို Unpair ပြန်လုပ်ပါ။

မိမိ Apple ID ကို Sigh Out ပြုလုပ်ပါ။ ဘာမှ iPhone ထဲမှာ Keep မလုပ်ထားခဲ့ပါနဲ့၊ နောက်ပိုင်း အခု ID ကိုပဲ ပြန်ဝင်ရင် Data တွေ ပြန်ရောက်လာပါမယ်။

မိမိ iPhone’s Health app မှ​ာ သိမ်းထားသော Health Data များကို အခုပုံမှာ ပြထားသလို အဆင့်ဆင့် ဝင်ရောက်ပြီး ဖျက်ပစ်ပါ။ ဒါတွေကြောင့်မပွင့်နေတာပါ 😄

Data တွေ ရောထွေးနိုင်လို့ဖြစ်ပါတယ်။

မိမိ Apple ID ရှိ ဖုန်းအလိုက် Device အရေအတွက်ကွာပါတယ်။ ရှိသလောက်တစ်ခုချင်းဝင်ပြီး အခု လို ဖျက်ပစ်ပါ။

အခု လို ဖျက်ပြီးပြီ ဆိုတာနဲ့ Dr.Mac’s Viber Phone 09798666614 သို့Function Enable ပြုလုပ်ပေးမည့် Apple ID တောင်းရန် Message ပို့ပါ။ ဆိုင်မှ ဝယ်ယူထားသော နယ် Customer များအတွက်ဖြစ်ပါတယ်။ အ​ခြား Store မှ ဝယ်ယူခဲ့သူများဆိုင်သို့ ကိုယ်တိုင်လာရောက်ပြုလုပ်နိုင်ပါတယ်။ Serivce ခအနေဖြင့်

Watch Series 4,5 – 40,000/- MMK

Watch Series 6 – 50,000/- MMKကျသင့်မှာဖြစ်ပါတယ်။

ပေးပို့လာသော Dr.Mac’s ECG, Oxygen Enable ဖြစ်သော Apple ID ကို မိမိ ဖုန်းတွင် Sign in ဝင်ပါ။

Sign in ဝင်ပြီးပါက Health တစ်ခုထဲကို iCloud Function On ထားပါ။ ကျန် Function များပိတ်ထားပေးပါ။

ပုံမှာ Game Centre On မိထားတယ်၊ သူ့ကိုပါပိတ်ပါ။

Apple ID ဝင်ပြီး Setting –>Health မှာ Dr.Mac O2, ECG ပေါ်နေပြီ ဆိုရင်တော့ Function တွေ Enable လုပ်ဖို့ ရပါပြီ။

iPhone ကို wifi ချိတ်ပြီး အားသွင်းကြိုးတပ်ထားရင် Health Data မြန်မြန်ကျပါမယ်

မိမိ iPhone ကို Apple Watch ဖြင့် ပြန် Pair ပါ။ ပြန် Pair လုပ်ပြီး Appများဒေါင်းပြီးပါက (၅-၁၀ မိနစ်ခန့်ကြာပါမည်) ECG Function, Blood Oxygen function ရပါပြီ။ Data တွေ အလို အလျောက် Sync လုပ်သွားပါမယ်။

အခု လို Functionအားလုံးရပြီဆိုရင်တော့ Dr.Mac Apple ID ကို Sigh Out ထွက်လိုက်ပါ။ မိမိ Apple ID ကို ပြန်ဝင်ပါ။

ရထားသော Function များမပျက်ပါ။ 😄

အားလုံးပ​ဲ Apple Watch Series 6 ရဲ့ Function ကို အပြည့်အဝအသုံးချနိုင်ကြပါစေဗျာ။

Dr.Mac မှ ရောင်းချပေးသော Apple Watch Series 6 စျေးနှုန်းများကို အခု စာကို နှိပ်ပြီးကြည့်ပါ။

မှတ်ချက် ။ ။ ဒုတိယနည်းဖြင့် မရသောသူများ Factory Reset ချပြီးမှ ရနိုင်ပါမည်။ မလုပ်တတ်သောသူများ ဆိုင်ကို iPhone ပို့ဆောင်ပြီး ပြုလုပ်နိုင်ပါသည်။

ဆိုင်မှ ဝယ်ယူထားသူများ Service ခပေးရန်မလိုပါ။ ဆိုင်မှ Apple Watch မဝယ်ထားသူများဆိုင်သို့ လာရောက်ပြုလုပ်နိုင်ပါသည်။

Dr.Zaw Zaw (Apple Certified iOS Technician)

Dr.Mac (Mandalay)

Related Posts