Knowledge Sharing

iPhone 11 မှာပါတဲ့ Apple U1 Chip အကြောင်း

U1 Chip

iPhone 11 မိတ်ဆက်တုန်းက Apple က သိပ်အကျယ်တဝင့် ရှင်းပြမသွားပေမဲ့ သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ နည်းပညာ ပစ္စည်းတစ်ခုကို ထည့်သွင်းထားပါတယ်။ U1 Chip ကို အရှည်ကောက် အနေဖြင့် Ultra Wideband (UWB) chip လိုခေါ်ပါတယ်။ short-range radio tech ကို သုံးပါတယ်။

U1 Chip အလုပ်လုပ်ပုံ

short range radio signal ထုတ်ဖို့ energy အများကြီး မလိုပါဘူး။ Macbook တွေ၊ iMac တွေမှာ Magic Mouse, Magic Keyboard တွေ ချိတ်သုံးဖို့ သုံးထားတဲ့ Low energy Bluetooth တွေလောက်ပါပဲ။ U1 ပါတဲ့ Apple Device အချင်းချင်း radio frequency နဲ့ ချိတ်ဆက်ပါတယ်။ နေရာကို ပိုမိုတိကျစွာ ပြသနိုင်ပါတယ်။ နေရာတကာ GPS မမိနိုင်လို့လဲဖြစ်ပါတယ်။ နေရာတကာမှာ Bluetooth signal က များလာတာကြောင့် အစားထိုးမှု တစ်ခုလဲဖြစ်ပါတယ်။ U1 ရဲ့ Data transmission က 8 mbps ဖြစ်လို့ Bluetooth ထက် ၄ ဆ ပို ပါတယ်။

UWB Chip ပါတဲ့ Device အချင်းချင်း ဘယ်လောက် အကွာအဝေးမှာ ရှိတယ် ဆိုတာ အတိအကျ သိနိုင်ပါတယ်။

သူမှာ သုံးထားတဲ့ Radio Frequqency က အဝေးကြီးမရောက်တဲ့ Short range ဖြစ်ပေမဲ့ လှိုင်းနှုန်းကျယ်ပြန့်လို့ အတားအဆီးနံရံတွေရှိမယ်ဆိုလဲ လွယ်လွယ်ကူကူ ဖောက်ထွင်းသွားပါတယ်။ iPhone တည်နေရာပြောင်းလဲမှုကိုလဲ 100 millisecond မှာ တစ်ကြိမ် ပို့ပေးနေလို့ အရမ်းမြန်ပါတယ်။ wifi signal ထူထပ်တဲ့ နေရာမျိုးမှာလဲ သူက အနှောက်အယှက် မဖြစ်စေတော့ပါဘူး။

ဘာကြောင့် ၂၀၀၂ ကတည်းက စသုံးတဲ့ နည်းပညာကို အခုမှ စသုံးလဲ? သူ့အစား Bluetooth ကို ပဲအဆင့်မြှင့်ပြီးသုံးလာတာ 5.0 ထိသုံးနေပြီးမှ အခုမှ အစားထိုးရလဲ ?

ဒါတွေအားလုံးရဲ့ အဖြေကတော့ U1 က စျေးကြီးလွန်းလို့ပါ။ iPhone 11 နောက်ထွက်တဲ့ 2020 iPad Pro  မှာတောင် U1 Chip ပြန်ထည့်မပေးထားပါဘူး။

ဘာကြောင့် U1 လို့ နာမည်မှည့်တာလဲ

Apple က သူကိုယ်တိုင်လုပ်တဲ့ Chip တွေကို အဲ့လိုနာမည်ပေးလေ့ရှိပါတယ်။ (Apple Device မှာ အဓိကသုံးတဲ့ Main Chip တွေမဟုတ်တဲ့ဟာတွေမျိုးပါ)။ AirPods တွေမှာ သုံးထားတဲ့ W1, H1 Chip တွေကို ခေါ်သလိုမျိုးပါ။ ဒီ Chip တွေက အခြား အလုပ်တွေမလုပ်ဘဲ သူ့အတွက်သီးသန့်သတ်မှတ်ပေးထားတဲ့ လုပ်ငန်းတွေကိုတော့ အထူးကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ Apple ပစ္စည်းတွေ အတူတကွ ကောင်းမွန်အောင်လုပ်ဆောင်စေပြီး Apple Eco system ကို အခြား ဘယ် Platform နဲ့မှ မတူအောင် ဖြစ်စေပါတယ်။ ဥပမာ – Airpods Audio Sharing, AirPods Pro’s Noise Cancellation တွေမှာ ဒီ Chips တွေကြောင့် အဆင်ပြေနေတာပါ။

Apple U1 TMKA75 Ultra-Wideband (UWB) Chip
ifixit  က teardownလုပ်ထားတဲ့ U1 Chip ပုံ

U1 ကိုဘယ်နေရာမှာ သုံးဖို့ ထည့်ပေးတာလဲ

Apple က လက်ရှိမှာ U1 Chip ကို (၂)နေရာမှာ သုံးပါတယ်။ U1 Chip ပါတဲ့ Device တွေ က Location ပြတာ တိကျလွန်းလို့ ” လူနေခန်းထဲက GPS” လို့တောင် တင်စားသုံးနှုန်းထားပါတယ်။ Bluetooth device တွေရဲ့ နေရာ ပြတာ တကျမှုက 1 meter အတွင်းမှာရှိပြီး UWP (U1 Chip)ကတော့ 0.3 meter အတွင်းက အပ်ပေါက် အရွယ်ထိ တက်ကျမှု ရှိလို့နေပါပြီ။ U1 Chip ကို iphone ရဲ့ အောက်ပါ Function တွေမှာ သုံးနေပါတယ်။

  1. Directional AirDrop– ခါတိုင်း AirDrop ပို့တာနဲ့ မတူဘဲ U1 Chip. ပါတဲ့ Device ကို အသုံးပြုပြီး AirDrop နဲ့ File Share မယ်ဆိုပါက Share လိုတဲ့ သူတွေဆီကို ဖုန်းကို လှည့်ပြီး ညွှန်ပြပေးတာနဲ့ Aidrop List ထဲမှာ ပထမဆုံးနေရာကနေ ဦးစားပေးပြပေးနေပါမယ်။
  2. Better Find My App– Apple က Find My iPhone, Find My Friend App ကို ပေါင်းပြီး Find My လုပ်ထားလိုက်ပါပြီ။ မေ့ကျန်၊ ပျောက်ကျန်၊ ခိုးခံရတ​ဲ့ Apple Devices တွေကို ပြန်ရှာလို့ ပိုကောင်းအောင် လုပ်လာပါပြီ။ U1 Chip ပါတဲ့ iphone က အခြား U1 Chip ပါတဲ့ Apple Device ရဲ့ နေရာကိုကူရှာပေးပါတယ်။ မိမိ iPhone ပျောက်တာပြီးဆိုရင်Find My မှာ Lost​ ဖြစ်ကြောင်း အကြောင်းကြားလိုက်တာနဲ့ Apple က သူ့ Apple Devices တွေကို ပျောက်ဆုံးတဲ့ Apple Device ရဲ့ Signal ကို ကူရှာခိုင်းပေးပါမယ်။ တွေ့တာနဲ့ မိမိကို သတိလာပေးပါမယ်။ ပျောက်ဆုံးဖုန်းနေရာ ပြပေးပါမယ်။
Apple Site, iPhone 11 မှာ U1 chip ရဲ့ Featuresတွေကို ရှင်းပြထားတာပါ

U1 Chip ပါတဲ့ Apple Device တွေက ဘာတွေလဲ?

လက်ရှိ Apple Devices များမှာတော့ iPhone 11, 11 Pro နဲ့ 11 Pro Max မှာပဲ U1 Chip ပါရှိပါသေးတယ်။ iPhone 11 နောက်မှာထွက်တဲ့ iPad Pro 2020 မှာ ပါလာမယ်ထင်ပေမဲ့ ပါမလာခဲ့ပါဘူး။

iPhone 11 Series တွေမှာ U1 Chip ပါကြောင်း ပြသထားစဉ်

အနာဂါတ်မှာ U1 Chip ကို သုံးနိုင်လာနိုင်မဲ့ နေရာတွေ

  • Anti lost ပစ္စည်းအဖြစ် အသုံးပြုခြင်း- iOS 13 မှာပါလာတဲ့ Code တွေအရ (Developer တွေနားလည်မယ်၊ ကျွှန်တော်တ​ော့ အဲ့လောက်မသိဘူး) Tile Mate လို Anti Device အဖြစ် Apple က လုပ်နေပါတယ်။ Apple Tags လိုခေါ်ပါတယ်။ Project B389 လို့လဲခေါ်ပါတယ်။ မိမိ အသုံးပစ္စည်းတွေမှာ ​B389 Device ကိုချိတ်ဆက်ပေးထားတာနဲ့ iPhone ကနေ ရှာလို့ ရသွားမှာဖြစ်ပါတယ်။ Tile Mate က လက်ရှိမှာ ​Bluetooth နဲ့ ချိတ်သုံးတာကြောင့် Location ပြတာမှာ UWB သုံးတဲ့ပစ္စည်းတွေလောက် တိကျတော့မှာမဟုတ်ပါဘူး။

Tile လိုမျိုး Device ကို ယှဉ်မဲ့ Apple ရဲ့ B389 project မှာ non apple device တွေကိုလဲ iPhone ရဲ့ Fine My app ကနေ လှမ်းရှာနိုင်တော့မယ်
  • ​Bluetooth နည်းပညာထက် UWP က ပိုပြီးလုံခြုံရေး ပိုမြှှင့်ပါတယ်။ Volkswagen နဲ့ NXP ကနေ UWP System သုံး ကားကို စက်နှိုးနိုင်တာကို သရုပ်ပြသွားခဲ့ပါတယ်။ အနာဂါတ်မှာ iPhone ကို မိမိကားရဲ့ Wireless Key အဖြစ်သုံးနိုင်တော့မယ် ဖြစ်ပါတယ်။
  • Smart Door Lock မှာ တွေသုံးလာနိုင်ပြီ iPhone ကပ်လိုက်တာနဲ့ ပွင့်လာတာမျိုး
  • AR နည်းပညာနဲ့ ပေါင်းပြီး ပျောက်နေတဲ့ပစ္စည်းကို ပတ်ဝန်းကျင်မှာ ဖော်ပြပေးတာမျိုး၊
  • Super Market မှာ မိမိရှာနေတဲ့ကုန်ပစ္စည်းကို ဖုန်းကနေ လှမ်းရှာတာမျိုး၊
  • ပြတိုက်မှာ မိမိကြည့်လို့တဲ့ ပြကွက်ကို အတိအကျလိုက်ရှာတာမျိုး၊
  • ကျယ်ပြန့်တဲ့ လေယာဉ်ကွင်းမှာ သူငယ်ချင်းကို ကိုယ့်နေရာ အတိအကျ ညွန်ပြပေးတာမျိုးတွေလုပ်နိုင်တော့မှာပါ။

ဒါမျိုးတွေလုပ်နိုင်ဖို့ Software Developer တွေနဲ့ 3rd party ပစ္စည်းထုတ်လုပ်သူတွေ၊ UWP သုံးApple Device တွေများများ ရှိလိုဖို့ပဲ လိုအပ်ပါတော့မယ်။

လက်ရှိတောင် လမ်းလျှောက်ရင်း ဖုန်းကို ကြည့်လျှောက်နေကြတဲ့နေရာမှ​ာ UWP ကြောင့်ဖု န်းကို ရွှေရှာတဲ့ Device လို့ ဟိုထိုး ဒီထိုးနဲ့ လုပ်နေကြမှာ မြင်ယောင်မိရင်း— ?

U1 Chip ကို Disable လုပ်ချင်ရင်

UW Chip က iPhone Location ကို အဆက်မပြတ် ထောက်လှမ်းနိုင်အောင် လုပ်ပေးနေတာဖြစ်လို့ အချို့သောသူတွေက ပိတ်ချင်တာမျိုးရှိပါမယ်။ အချို့နိုင်ငံတွေမှာလဲ ဒီနည်းပညာကို မသုံးရတာမျိုးတားမြစ်ထားတယ်လို့ Apple က ဆိုပါတယ်။ Location Service ကို ပိတ်ထားမယ်ဆိုရင်တော့ UWP က Location ကို ပြပေးနေပါသေးတယ်။

ဒါကြောင့် iOS 13.3.1 မှာ Apple က U1 Chip ကို Disable လုပ်လိုက လုပ်နိုင်အောင် Setting ပြန်ထည့်ပေးလိုက်ပါတယ်။ လုပ်လိုသူများအောက်ပါပုံအတိုင်း အဆင့်ဆင့် သွားပြီးလုပ်ပေးပါ။

Privacy နဲ့ ပတ်သက်ရင် Apple မှာ နာမည်ပျက်မရှိလို့ ကျွှန်တော်ကတော့ ယုံတယ်၊

ကျွှန်တော့် ဖုန်းမှာတော့ မပိတ်ပါဘူး။

ပိတ်လိုက်ရင် ဖုန်း ခိုး/ပျောက်ခဲ့ရင် နေရာ အတိအကျပြနိုင်တော့မှာ မဟုတ်လို့ပါဘဲ။

Dr.Zaw Zaw (Dr.Mac)

iPhone 11 စျေးနှုန်းများကို ကြည့်ရန်

Apple Refurbished Products များအကြောင်း ဖတ်ရန်

iPhone 11 ကို ရွှေးချယ်သင့်သော အကြောင်းများကို ကြည့်ရန်

iPhone Region များအကြောင်းကို လေ့လာရန်

Related Posts