Beautiful Camera Shots, Knowledge Sharing

AirPods 3 နဲ့ AirPods Pro ဘယ်ဟာကို ရွေးချယ်မလဲ

AirPods 2 Model ကို ဆက်ခံ မြှင့်တင်လိုက်တဲ့ AirPods 3Model က Features တွေနဲ့ လုပ်နိုင်စွမ်းအရ AirPods 2 နဲ့ များစွာကွာခြားသွားပြီဖြစ်ပါတယ်။ ထို့အတူ AirPods Pro နဲ့ လဲ သုံးရတာ သိပ်မကွာတော့ပါဘူး။ စျေးနှုန်းလဲသိပ်မကွာတော့ပါဘူး။ AirPods 2 နဲ့ AirPods Pro တုန်းက Spatial Audio, Adaptive EQ, Noise Cancellation, Ear Tip Test စသည်ဖြင့် Features များစွာကွာခြားလှပါတယ်။ ဒါကြောင့် ဘယ်Airpods Model ကို ရွေးချယ်သင့်သလဲ ဆိုတာ သိရအောင် အခု Blog မှာ ရေးပြထားပါတယ်။ 

AirPods Pro မှာပဲ ရနိုင်တဲ့ အချက်

Active Noise Cancellation Mode ကတော့ AirPods Pro မှာပဲ ရနိုင်ပါမယ်။ ပတ်ဝန်းကျင်ဆူညံသံတွေကို လုံးဝတကယ်ကို Actively ဖျောက်ဖျက်ပြီး နားထောင်ရတာ ဘယ်လောက်တောင် ကောင်းတယ်ဆိုတာ AirPods Pro နဲ့ AirPods Max မှာ သက်သေပြခဲ့ပြီးပါပြီ။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ နားကြပ်တပ်ပြီး လုပ်ရတဲ့ အလုပ်တွေမှာလဲ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Transparency mode ကတော့ ပတ်ဝန်းကျင် အသံတွေကို ကြားစေဖို့ ထည့်ထားတာ ဖြစ်သလို ပုံမှန်အချိန်မှာ တပ်ထားရင် နားထဲမှာ ပိတ်ဆို့/တစ်ဆို့နေတဲ့ ခံစားချက်မျိုး မခံစားစေရလို့ အသုံးပြုသူသက်သောင့်သက်သာ ဖြစ်စေပါတယ်။

AirPods Pro မှာပဲပါသေးတဲ့ Apple Silicon Earths Size (၃) မျိုးဖြစ်ပါတယ်။

Silicon Eartips တွေကတော့ AirPods Pro မှာပဲ ပါပါတယ်။ AirPods 3 မှာတော့ ပုံစံတူပေမဲ့ Tips တွေက Plastic ပဲ ဖြစ်ပါတယ်။ AirPods 3 ကလဲ နား အများစုနဲ့ ကိုက်ညီသင့်တော်ပေမဲ့ AirPods Pro ရဲ့ Silicon Tip အရွယ်သုံးမျိုးက သုံးတဲ့ အချိန်မှာ လုံအောင် လုပ်ပေးသလို တပ်ဆင်တဲ့ အချိန်​ကြာတာနဲ့ အမျှ သက်သောင့် သက်သာဖြစ်စေပါတယ်။ တပ်ထားတာ လုံမှလဲ Bass သံပိုကောင်းပြီး နားထောင်တဲ့ Music ကို အပြည့်အဝခံစားရစေပါတယ်။ ဒါကြောင့်လဲ AirPods Pro မှာ Ear Tips Test ပြုလုပ်နိုင်အောင် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

AirPods 3 ကပိုသာတဲ့အချက်

Longer Battery Life ….AirPods 3 က အားအပြည့်သွင်းထားရင် (၆) နာရီထိ အသုံးခံပြီး Charging Caseနဲ့ အသုံးပြုမယ်ဆိုရင် နာရီ (၃၀) ထိ အသုံးခံပါတယ်။ AirPods Proတော့ (၄.၅) နာရီထိ အသုံးခံပြီး Charging Case နဲ့ အသုံးပြုမယ်ဆိုရင် (၂၄) နာရီ အသုံးခံလို့ AirPods 3 က ၆ နာရီပို အသုံးခံပါတယ်။ AirPods Pro ရဲ့ Active Noise Cancellation Features ကြောင့် Battery ပိုကုန်တာလဲဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ AirPods 3 က AirPods Pro ထက်စျေးပိုသက်သာပါတယ်။ စျေးနှုန်း သက်သာပေမဲ့ AirPods Pro နဲ့ Features တောတော်များများကို အသုံးပြုနိုင်စေပါတယ်။ Spatial Audio လို Apple မှာပဲ ရသေးတဲ့ နည်းပညာတွေကို အသုံးပြုနိုင်လာပါပြီ။

AirPods Pro နဲ့ AirPods 3 တူညီသော အချက်များ

Body Design တော်တော်လေး တူညီပေမဲ့ AirPods Pro က Body နည်းနည်းပိုကြီးပြီး Charging Case ကလဲ နည်းနည်းပိုကြီးပါတယ်၊ Charging Case ကို ရုတ်တရက်ကြည့်ရင် အတူတူလို ထင်ရပေမဲ ထပ်ကြည့်မှ နည်းနည်းပိုကြီးသာ သိနိုင်မှာပါ။ Model ၂ မျိိုးလုံး H1 Audio Chip ကို သုံးတာ တူညီသလို Siri ကနေ တဆင့် ခေါ်ဆို အသုံးပြုနိုင်ပါတယ်။ နားထဲမှာ သုံးနေလားသိစေမဲ့ on-Ear Detection ကတော့ ၂ ခုလုံးမှာပါဝင်ပေမဲ့ မတူညီတဲ့ Hardware တွေကို သုံးထားပါတယ်။ AirPods Pro မှာ Optical Sensor ကို အသုံပြုထားပြီး AirPods 3 မှာတော့ all-new skin-detect sensors ကို အသုံးပြုထားပါတယ်။ User အနေနဲ့ အလုပ်လုပ်ပုံတူညီပေမဲ့ မတူညီတဲ့ Hardware ကို စမ်းသပ်ကြည့်လို့ ရပါတယ်။

Audio Quality အနေနဲ့ ပုံမှန်နားထောင်သူအတွက်ကတော့ သိပ်မကွာတော့ဘူးလို့ ပြောလို့ရပေမဲ့ Audio Expert တွေ Audio Engineer တွေပြောပြထားချက်အရကတော့ AirPods 3 မှာ bass and crisp, clean high frequencies Frequency မြင်တဲ့ အသံတွေကို ပိုမိုကြည်လင်စွာကြားရပြီ Powerful ပိုဖြစ်တဲ့ Bass ကို ထုတ်လုပ်ပေးနိုင်တဲ့ low-distortion driver Hardware အသစ်ကတော့ AirPods 3 မှာ ထည့်သွင်းပေးထားပြန်ပါတယ်။

Spatial Audio နဲ့ Adaptive EQ တွေကတော့ Audio ပစ္စည်းအပိုင်းမှာ Game Changer ဖြစ်လို့ ဒီ Model ၂ ခုလုံးမှာ ရသွားတာ အသုံးပြုသူအတွက် ကျေနပ်စရာပါ။ စာရေးသူ ဒီ ၂ ချက်ကြောင့်ပဲ Airpods 2 ပဲထုတ်တုန်းက (ရှိတုန်းက) AirPods Pro နဲ့ AirPods Max ကိုပဲ သုံးဖြစ်ပါတော့တယ်။ ဒီဖုန်းထဲက သီချင်းခြင်း အတူတူနားထောင်တဲ့အချိန် တော်တော်ကွာသွားပါတယ်။

ဒီ ၂ ခုကို အားလုံးခြုံငုံပြောရရင်တော့ ပုံမှန် ကိုယ့်ရဲ့ iPhone, iPad ထဲက သီချင်းတွေကို နားထောင်မယ်ဆိုရင် သိပ်မကွာတော့ဘူးလို့ ပြောနိုင်ပါတယ်။ဒါပေမဲ့ Apple ပေါ်မှာ ရနိုင်တဲ့ Streaming Service တွေဖြစ်တဲ့ (e.g., Apple TV+, Disney+, Netflix, HBO Max) တွေပေါ်က Contents တွေ နဲ့ Facetime Call တွေကို အသုံးပြုချိန်မှာ ဆိုရင်တော့ AirPods Pro ကပိုကောင်းပါတယ်။ ဒါကလဲ Active Noise Cancellation နဲ့ Silicon Ear Tips တွေ အသုံးပြုနိုင်တဲ့ AirPods Pro ရဲ့ အားသာချက်များဖြစ်ပါတယ်။

Charging Case ၂ ခုလုံး Lightning Port ကနေ အားသွင်းနိုင်သလို Qi Wirless Charging Support လုပ်ပါတယ်။ ထပ်ပြီး Upgrade ဖြစ်လာတာကတော့ AirPods Charging Case Apple ထုတ် MagSafe Charger နဲ့ ကြိုးမဲ့ အားသွင်းနိုင်တာဖြစ်ပါတယ်။ AirPods 3 မှာ bass and crisp, clean high frequencies Frequency မြင်တဲ့ အသံတွေကို ပိုမိုကြည်လင်စွာကြားရပြီ Powerful ပိုဖြစ်တဲ့ Bass ကို ထုတ်လုပ်ပေးနိုင်တဲ့ low-distortion driver Hardware အသစ်ကတော့ AirPods 3 မှာ ထည့်သွင်းပေးထားပြန်ပါတယ်။

AirPods Pro with MagSafe Charging

AirPods Pro ရဲ့ Charging Case ကတော့ AirPods 3 ထွက်ပြီး နောက်ပိုင်းမှ ထုတ်တဲ့ Model မှပဲ Apple Magsafe Charger နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

AirPods 3 vs. AirPods Pro: Specs compared

AirPods 3AirPods Pro
Price385000 MMK430000 MMK
Wireless chargingYesYes
ChipH1H1
Battery Life (Rated)6 hours, 30 hours (with charging case)4.5 hours (ANC on), 5 hours (ANC off), 24 hours (with charging case)
Water ResistanceIPX4IPX4
Case Size1.83 x 0.84 x 2.14 inches1.8 x 0.9 x 2.4 inches
Case Weight1.34 ounces1.6 ounces
Special featuresAdaptive EQ, spatial audio, automatic switching, audio sharing, announced messages with Siri, Enhance Find My, head tracking, “Hey Siri” voice-activated assistance, Live Listen, Lost Mode, MagSafe chargingActive noise cancellation, transparency mode, adaptive EQ, Spatial Audio, automatic switching, Ear Tip Fit Test, audio sharing, announced messages with Siri, Enhanced Find My, “Hey Siri” voice-activated assistance, Live Listen, MagSafe charging case (2021 version)

AirPods 3 နဲ့ AirPods Pro ကွာဟချက် ကျဉ်းမြောင်းလာလို့ ရွှေးချယ်ဖို့ တော်တော်ခက်သွားနိုင်ပါတယ်။ ၂ မျိုးလုံးကလဲ ipx 4 အဆင့်ရှိလို့ Workout တွေမှာ ကောင်းကောင်းအသုံးချနိုင်ပါတယ်။ Apple ရဲ့ Streaming service တွေနဲ့ Facetime Call များများသုံးတဲ့သူတွေကတော့ AirPods Pro ကိုပဲ အဓိကရွေးချယ်ပါလို့ ပြောလို့ ရပါတယ်။ ပုံမှန် အသုံးပြုသူများကတော့ AirPods 3 ကို အသုံးပြုသင့်ပါတယ်။ AirPods Pro ရဲ့ Active Noise Cancellation/ Transprency Mode နဲ့ Eartips တွေတက်အသုံးပြုတာမျိုး လိုချင်ရင်တော့ AirPods Pro ကိုပဲ ရွှေးချယ်ပါ။

လက်ရှိ ဒီ(၂) မျိုးထက်စျေးပိုကြီး​ပြီး အသံ အကောင်းဆုံးကတော့ AirPods Max တွေပဲ ဖြစ်နေဆဲဖြစ်ပါတယ်….

ဒါပေမဲ့ သူက Workout မှာ အသုံးပြုရင်တော့ မသင့်တော်သေးပါဘူး။

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & MacOS Technician

AirPods Max Review ကို ကြည့်ရန်

AirPods Pro Tips and Tricks ကိုကြည့်ရန်

Related Posts