Apple Magic Mouse & Magic Trackpad Update New ❗️

လက်ရှိသုံးနေတဲ့ Apple Magic Trackpad, Magic Mouse တွေက 2015 တုန်းက ထုတ်ထားတဲ့ Gen 2 အဖြစ်ပဲ ရှိပါသေးတယ်။ သို့သော် 2021 နဲ့ 2022 ထုတ် Batch အလုပ်ပြောင်းလဲမှု အချို့တော့ ရှိလာပါတယ်။ အသုံးပြုနိုင်တဲ့ Features တွေကတော့ တူညီနေတုန်းပဲရှိပါသေးတယ်။

Magic Trackpad 2022

Gen 1 နဲ့ 2 အဓိကကွာခြားချက်ကတော့ Gen 1 တွေက AA Battery ကို အသုံးပြုရတာဖြစ်ပြီး Gen 2 အားလုံးကတော့ Rechargeable internal battery ကို အသုံးပြုတာဖြစ်ပါတယ်။ Rechargeable Battery ကို အားသွင်းဖို့ အတွက် Lightning အားသွင်းPort ကနေ အသုံးပြုပါတယ်။ ဒီ port ကိုပဲ Mac နဲ့ ပထမဆုံးအကြိမ် Paring ပြုလုပ်တဲ့ နေရာမှာလဲ အသုံးပြုနိုင်ပါသေးတယ်။

Magic Mouse, Magic Trackpad တွေရဲ့ထူးခြားချက်က  Bluetooth 3.0. ကို အသုံးပြုပြီး Mac Build in Bluetooth  ချိတ်ဆက်တာ ဖြစ်လို့ External Dongle  ထပ်မံမလိုအပ်ပါ။ Magic Mouse 2, Magic Trackpad 2 တွေမှာ Bluetooth 3.0 ကို အသုံးပြုနေသေးပေမဲ့ M1 Mac တွေမှာတော့ Bluetooth 5.0 ကို အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါကြောင့် Bluetooth ချိတ်ဆက်ထားသော်လဲ Battery အားကို အသုံးပြုတဲ့ Energy Management ကို ကောင်းကောင်း ပြုလုပ်ပေးတာ ဖြစ်လို့ အားသိပ်မကုန်တော့ပါဘူး။ တစ်ခုထက်ပိုတဲ့ Bluetooth Devices များကိုလဲ တပြိုင်တည်း Mac မှာ ချိတ်ဆက်အသုံးပြုသွားနိုင်စေပါတယ်။ ဥပမာ- Mac တစ်လုံးထဲမှာ Bluetooth Speaker, Magic Mouse, Magic Trackpad တပြိုင်တည်းချိတ်ဆက်အသုံးပြုနိုင်စေပါတယ်။ 

Magic Trackpad 2021 version ထူးခြားချက် 

  • Magic Mouse Pad

​M1 Mac တွေနဲ့အတူ ပြန် Update ထုတ်ထားတာ ဖြစ်ပါတယ်။  အားသွင်းကြိုးက USB-C to Lightning Cable ကို braided ပုံစံ Cable ကို ရစ်ပတ်ကာကွယ်ပေးထားပါတယ်။ Magic Trackpad ရဲ့ Corner တွေက Magic Keyboard with Touch ID လိုပိုမို လုံးဝန်းသွားပါတယ်။ Color အနေဖြင့်  Silver, Space Grey အရောင်တွေနဲ့ ရနိုင်ပါတယ်။ နာမည်မှာ Magic Trackpad “2”ဆိုတာကို ဖြုတ်လိုက်ပြီး Magic Trackpad လိုပဲ ခေါ်ပါတော့တယ်။

Magic Trackpad 2022 version ထူးခြားချက် 

2021 ရှိပြီးသား Design ကို Magic Trackpad – White Multi-Touch Surface Magic Trackpad – Black Multi-Touch Surface ဆိုပြီးအခေါ်အဝေါ်ပြောင်းလိုက်သလို Black Multi-Touch Surface မှာအောက် Aluminum Frame က Silver အရောင်နဲ့ပဲဖြစ်ပါတယ်။

​Magic Mouse 2021 ထူးခြားချက်

သူလဲ M1 Mac တွေနဲ့အတူထွက်လာတာဖြစ်ပြီးနာမည်မှာ “2” ကိုဖြုတ်ခေါ်လိုက်ပါတယ်။အားသွင်းကြိုးကိုလဲ  ​Magic Trackpad အတိုင်း USB-C to Lightning Babraided Cable နဲ့ဖြစ်သွားပါတယ်။  iMac M1 Model မှာတော့ iMac အရောင်အတိုင်းအောက်ပိုင်း Magic Mouse Aluminum Body ကိုရနိုင်မှာဖြစ်ပါတယ်။ Apple Site မှာ“a month or more between charges” လို့ရေးထားတဲ့အတွက် Battery  ပိုအသုံးခံအောင်ပြုလုပ်ထားပါတယ်။

Magic Mouse 2022 ထူးခြားချက်

Magic Mouse – Black Multi-Touch Surface, Magic Mouse – Black Multi-Touch Surface လို့ခေါ်ဆိုပြီး Magic Trackpad 2022 လိုပဲအောက်ပိုင်း Aluminum Body Frame ကို Silver Aluminum နဲ့ပြုလုပ်ထားပြီးအပေါ်ပိုင်း Touch Surface ကိုပဲ White နဲ့ Black Color ရောင်နဲ့ပြုလုပ်ထားပါတယ်။

ကျွှန်တော်တို့ Dr.Mac မှာရောင်းချတဲ့ Apple Products များအားလုံး Apple မှဆက်လက်ထုတ်လုပ်ဆဲ Latest version  များသာဖြစ်ပါတယ်။

Apple Magic Mouse & Magic Trackpad Production Timeline

Magic Mouse (1st Gen) – October 2009 တွင်စတင်ထုတ်လုပ်ပြီး October 2015 တွင်ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပါသည်။ AA battery အမျိုးအစားကိုထည့်သွင်းအသုံးပြုရပါသည်။

Magic Trackpad  (1st gen) – July 2010 တွင်စတင်ထုတ်လုပ်ပြီး October 2015 တွင်ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပါသည်။ AA battery အမျိုးအစားကိုထည့်သွင်းအသုံးပြုရပါသည်။

​Magic Mouse 2 – October 2015 မှယနေ့အထိထုတ်လုပ်ပါသည်။နှစ်အလိုက်အထက်မှာရေးထားသည့်အတိုင်းအခေါ်အဝေါ်နှင့်အချို့အပိုင်းများနှင့်အရောင်များ၊ပါဝင်ပစ္စည်းများကွာခြားမှုရှိသွားပါသည်။ 2022 တွင်ထုတ်လုပ်သည့် Batch မှစတင်ပြီး Aluminum body ကို Silver တစ်ရောင်တည်းဖြင့်ထုတ်လုပ်ပြီး White/Black Touch Surface Area ဖြင့်ထုတ်လုပ်ပါသည်။ Mac OS X 10.11 or later နှင့် 

iPad with iPadOS 13.4 or later တင်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Mac သီးသန့်သာ သုံးနိုင်ရာမှ iPadOS တွင်ပါ သုံးနိုင်လာခြင်းဖြစ်ပါသည်။

Magic Trackpad 2 –  October 2015 မှယနေ့အထိထုတ်လုပ်ပါသည်။နှစ်အလိုက်အထက်မှာရေးထားသည့်အတိုင်းအခေါ်အဝေါ်နှင့်အချို့အပိုင်းများနှင့်အရောင်များ၊ပါဝင်ပစ္စည်းများကွာခြားမှုရှိသွားပါသည်။  Magic Trackpad Gen 1 ထပ် Surface Area ပိုမိုကြီးမားလာသည့်အပြင်ဖိအားသက်ရောက်မှုအလိုက်တုန့်ပြန်ခိုင်းစေနိုင်သော Taptic Engine Build in ပါဝင်လာပါသည်။  2022 တွင်ထုတ်လုပ်သည့် Batch မှစတင်ပြီး Aluminum body ကို Silver တစ်ရောင်တည်းဖြင့်ထုတ်လုပ်ပြီး White/Black Touch Surface Area ဖြင့်ထုတ်လုပ်ပါသည်။ Mac OS X 10.11 or later နှင့် 

iPad with iPadOS 13.4 or later တင်ထားမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ Mac သီးသန့်သာ သုံးနိုင်ရာမှ iPadOS တွင်ပါ သုံးနိုင်လာခြင်းဖြစ်ပါသည်။

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & MacOS Technician

Dr.Mac’s iOS Apps Store Link 

https://apple.co/3k19XMG

Dr.Mac’s Google Play Store Link

https://bit.ly/380bixu

⌚️- 10𝖆𝖒 – 6 𝖕𝖒

 ပိတ်ရက်မရှိ ဖွင့်လှစ်ပါသည်။

—————————-

Ph- 09798666614, 09258666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Dr.Mac Website – drmacmandalay.com

—————————-

Dr.Mac Address

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။)

http://bit.ly/2FMu65A

—————————-

Dr.Mac Gear

https://kit.com/Dr.Mac

—————————

Like this article?

Share on facebook
Share on Facebook
Share on twitter
Share on Twitter
Share on linkedin
Share on Linkdin
Share on pinterest
Share on Pinterest

Leave a comment

Related

Apple ID is not Active Error ဖြေရှင်းခြင်း

ဖြေရှင်းတယ်ဆိုတာထက် အခု error မဖြစ်အောင် သတိပေးတာလို့ ပြောလို့ရပါတယ်။ အခုနောက်ပိုင်း Apple ID ကို email လိပ်စာတစ်ခုခုမသုံးဘဲ icloud.com (e.g macmandalay@icloud.com) ကို အသုံးပြုပြီး Apple ID ဖွင့်သူတွေမှာ အခု error တောက်လျှောက်ဖြစ်နေတာ တွေ့ရပါတယ်။ email

Read More »

Apple Gift Card အကြောင်း သိကောင်းစရာ

Apple Gift Card တွေက Apple ရဲ့ Digital တိုင်းပြည်မှာ အသုံးပြုတဲ့ ငွေကြေးတွေပါပဲ။ ဒီ Card တွေကတော့ MacBook, iPad လို Hardware ဝယ်ယူရာမှာရော၊ Apple Store မှာ ရောင်းချတဲ့ Accessory တွေဝယ်ယူရာမှာကော  အသုံးပြုနိုင်သလို

Read More »
Mac Studio

𝐌𝐚𝐜 𝐒𝐭𝐮𝐝𝐢𝐨 🆄🅽🅱🅾🆇🅸🅽🅶 & 🆁🅴🆅🅸🅴🆆 𝒷𝓎 𝒟𝓇.𝑀𝒶𝒸

⌘ မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ ​Apple ရဲ့ နောက်ဆုံးထုတ် Mac ဖြစ်တဲ့     𝙈𝙖𝙘 𝙎𝙩𝙪𝙙𝙞𝙤 အကြောင်းဖြစ်ပါတယ်။ ⌘  Apple ရဲ့ M1 Series ထဲက အမြန်ဆုံး ဖြစ်တဲ့ 𝗠𝟭 𝗠𝗮𝘅 နဲ့ အနိမ့်ဆုံးရနိုင်သလို

Read More »