iOS Knowledge, Knowledge Sharing, ဗဟုသုတ

Apple Gift Card အကြောင်း သိကောင်းစရာ

Apple Gift Card တွေက Apple ရဲ့ Digital တိုင်းပြည်မှာ အသုံးပြုတဲ့ ငွေကြေးတွေပါပဲ။ ဒီ Card တွေကတော့ MacBook, iPad လို Hardware ဝယ်ယူရာမှာရော၊ Apple Store မှာ ရောင်းချတဲ့ Accessory တွေဝယ်ယူရာမှာကော  အသုံးပြုနိုင်သလို movie, music, iCloud ဝန်ဆောင်မှုလို ဥာဏ်နပိုင်းဆိုင်ရာ Software ဝန်ဆောင်မှုတွေကို ချက်ချင်းဝယ်ယူသုံးဆွဲနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာတော့ Software ပိုင်းဆိုင်ရာ Digital  ဝန်ဆောင်မှုတွေကို ဝယ်ယူရာမှာပဲ အသုံးပြုနိုင်သေးပြီး MacBook, iPad နဲ့သူ့ရဲ့ Accessory လိုမျိုး Hardware တွေကိုတော့ ဝယ်ယူနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိစာရင်းတွေအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၅) နိုင်ငံရှိတဲ့အနက် နိုင်ငံပေါင်း (၁၇၅) နိုင်ငံမှာ  Apple App store ရှိလို့ နေပါပြီ။ 

ဟိုးအရင်ကတော့ ဒီစာရင်းထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားမပါဘူးပေါ့ဗျာ.. 

မြန်မာနိုင်ငံမှာတော့ Apple ရဲ့ App Store, Apple Arcade, Apple Music, Apple Podcasts နဲ့ iCloud စတဲ့ Digital ဝန်ဆောင်မှုတွေကို 2020 April လလောက်မှ စသုံးလို့ရပါတယ်။ iTune Gift card ဝယ်ယူငွေဖြည့်ပြီးတာနဲ့ Apple ရဲ့ အဓိက အောက်ပါ ဝန်ဆောင်မှု Service များကို ရယူနိုင်ပြီး Digital ကမ္ဘာမှာ ပျော်မွှေ့နိုင်ပါပြီ..

Apple ရဲ့ App Store ဝန်ဆောင်မှု

2008 ခုနှစ်မှာ စတင်ခဲ့တဲ့ Apple ရဲ့ App Store တွေက နည်းပညာလောကမှ ရှေ့ဆောင်လှမ်းပြပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့  Platform တစ်ခုဖြစ်လို့နေပါပြီ။ သူလို့ပုံစံ Google Play Store, Window Store တွေက အတုယူလိုက်လုပ်ကြပေမဲ့ Apple App store ပဲ လက်ရှိအချိန်ထိ အအောင်မြင်ဆုံးနဲ့ စိတ်အချရဆုံး ဖြစ်ပါတယ်။ အရင်က iPod နဲ့အတူ မိတ်ဆက်ခဲ့တဲ့ iTune Music Store  ပဲ ရှိရာကနေ iPhone နဲ့ အတူ iOS App Store, Mac App Store ရောင်းချတဲ့ စနစ်တွေ ရှိလာတာ ဖြစ်ပါတယ်။ ဒီ App store မှာ တင်တဲ့ Developer တွေရဲ့ Software တွေအားလုံး Apple Developer Team ရဲ့ စိတ်တိုင်းကျ စစ်ဆေးမှုကို ခံယူပြီးမှ တင်ထားတာတွေဖြစ်လို့ ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချအရဆုံး Software Store ဖြစ်ပြီး iPhone နဲ့ iPad တွေမှာလဲ ဒီ Store က Software မဟုတ်ရင် Run လို့ မရအောင်ပြုလုပ်ထားပေးပါတယ်။

App store မှာ အပတ်စဉ် ဝင်ရောက်ကြည့်ရူသူပေါင်း Billion နဲ့ချီကို ရှိပါတယ်။ Software Developer တွေအနေနဲ့လဲ မိမိထုတ်ကုန်တွေကို အကျယ်ပြန့်ဆုံး ဖြန့်ဖြူးနိုင်မဲ့ အကောင်းဆုံးနေရာ ဖြစ်လို့ နေပါတယ်။ အချို့ Developer တွေဆိုရင်လဲ ဝင်ငွေသန်းချီ ရရှိနိုင်တဲ့ နေရာ ဖြစ်လို့နေပါတယ်။ ကမ္ဘာ့ အနှံ့က အတော်ဆုံး Developer တွေရဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့ Software တွေကို Apple Gift Card ရှိတာနဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

2021 စာရင်းတွေအရ App store မှာ App ပေါင်း ၃.၇ သန်းကျော်ရှိပြီး ကမ္ဘာမှာ ဒုတိယ App အများဆုံးတဲ့ လုံခြုံစိတ်ချအရဆုံး Store ဖြစ်လို့နေပါပြီ။

Apple Arcade

App Store ထဲက ဝန်ဆောင်မှုထဲမှာပဲ iPhone, iPad, Mac Platform အားလုံးမှာ တူညီစွာကစားနိုင်တဲ့ Game ပေါင်းလက်ရှိအချိန်ထိ ၁၀၀ ကျော်ရှိလို့နေပါပြီ။ ဒါတွေကိုလဲ အခုငွေဖြည်ကဒ်နဲ့ ကစားနိုင်ပါပြီ။

Apple Music

Apple Music ဝန်ဆောင်မှုကို နိုင်ငံပေါင်း (၁၆၇) နိုင်ငံမှာ ရရှိနိုင်ပြီး သီချင်းပေါင်း သန်း(၆၀) ကျော်ရှိပါတယ်။ Apple Music ကို iPhone, iPad, Apple Watch, Apple TV, Mac, Hompod, CarPlay တွေမှာ အကောင်းဆုံး အသုံးပြုနိုင်မှာ ဖြစ်ပေမဲ့ Andorid နဲ့ အခြား မတူညီတဲ့ Platform များမှာလဲ အသုံးပြုနိုင်ပါတယ်။

Apple Podcasts

နည်းပညာဆိုင်ရာ အကြောင်းအရာတွေ၊ ဆောင်းပါးတွေ၊ ဟောပြောချက်တွေ သတင်းတွေ စတာတွေကို အသံနဲ့ ပုံစံနဲ့ တင်ပေးထားတာကို Podcast လို့ ခေါ်ပါတယ်။ အတော်များများကို အခမဲ့နားထောင်နိုင်သလို Paid version တွေလဲ ဝယ်ယူနိုင်ပါတယ်။

Apple Books

Jan 2010 မှာ ပထမဆုံး iPad နဲ့ အတူမိတ်ဆက်ခဲ့တဲ့ Store ဖြစ်ပါတယ်။ အရင်က Digital eBook Platform အဖြစ် Kindle တွေပဲ ရှိခဲ့ရာက Apple Device တွေနဲ့အတူ ထွက်ပေါ်လာတဲ့ Digital eBook Store ဖြစ်ပါတယ်။  Project Gutenberg ကနေ Support လုပ်ပေးတဲ့ စာအုပ်ပေါင်း 30,000 ကျော်ကိုလဲ အခမဲ့ ရယူနိုင်ပါတယ်။

Apple TV

Jan 2010 မှာ ပထမဆုံး iPad နဲ့ အတူမိတ်ဆက်ခဲ့တဲ့ Store ဖြစ်ပါတယ်။ အရင်က Digital eBook Platform အဖြစ် Kindle တွေပဲ ရှိခဲ့ရာက Apple Device တွေနဲ့အတူ ထွက်ပေါ်လာတဲ့ Digital eBook Store ဖြစ်ပါတယ်။  Project Gutenberg ကနေ Support လုပ်ပေးတဲ့ စာအုပ်ပေါင်း 30,000 ကျော်ကိုလဲ အခမဲ့ ရယူနိုင်ပါတယ်။

Apple ID ပြုလုပ်ခြင်းနှင့် ID အတွက် နိုင်ငံရွှေးချယ်မှု

Apple ID ပြုလုပ်တဲ့အခါမှာ ကိုယ်စားပြုမဲ့ နိုင်ငံကို ရွှေးချယ်ပေးရပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။ မိမိ ရွှေးချယ်တဲ့နိုင်ငံအလိုက် နောက်ပိုင်းငွေဖြည့်သုံးချင်ရင် iTune Gift Card ကနိုင်ငံအလိုက် ကွဲပြားသွားလို့ ဖြစ်ပါတယ်။ အရင်က Apple ID ဖွင့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားလို နိုင်ငံတွေ မပါဝင်တဲ့အတွက် Apple ID ဖွင့်ချင်ရင်နိုင်ငံ တစ်ခုခုကို မဖြစ်မနေရွှေးပေးရပါတယ်။

အခုအခါ မြန်မာနိုင်ငံအနေဖြင့် Apple ID ဖွင့်ပြီး အသုံးပြုလို့ ရပြီး ပြည်တွင်းထုတ် Master/VISA Card များကို ဖွင့်ထားသော Account များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ သို့သော် မြန်မာ Apple App Store မှာ Apps သိပ်မရှိတဲ့အတွက် အသုံးပြုလို့ အဆင်မပြေပါဘူး။ ဒီတော့ Apple ID စသုံးခါစတုန်းကလိုပဲ မွေးစားနိုင်ငံတစ်ခုရွှေးပြီး လျှောက်ထားရပါတော့တယ်။

ဒီလိုနိုင်ငံအများကြီးထဲမှာမှ US ကို ရွှေးချယ်သင့်တဲ့အကြောင်းပြချက်ကတော့ (၂) ချက်ရှိပါတယ်။

နိုင်ငံအလိုက် App store တွေမှာ Application ရှိတာချင်းမတူကြပါဘူး။

  1. နိုင်ငံအလိုက် App store တွေမှာ Application ရှိတာချင်းမတူကြပါဘူး။ US Store က အခြားနိုင်ငံ Store တွေထက် App အစုံလင်ဆုံးဖြစ်သလို အချို့ APp တွေစတင်ဖြန့်ဖြူးချိန်ဆိုရင်လဲ အရင်ဆုံးရရှိနိုင်တဲ့ Store ဖြစ်ပါတယ်။ ဥပမာ- Pokémon Game စတင်ဖြန့်ဖြူးခါစက US Store မှာ အရင်ရရှိတာဖြစ်လို့ US Apple ID ရှိတဲ့သူတွေပဲ အရင်ဦးဆုံးစတင်ကစားနိုင်တာ ဖြစ်ပါတယ်။
  2. iTune Gift Card လို ငွေဖြည့်ကဒ်တွေက နိုင်ငံအလိုက်ကွာခြားပါတယ်။ ဥပမာ- US itune Store Gift Card ကို Singapore Apple ID  မှာ ဖြည့်လို့မရပါဘူး။ Conuntry Region ပြန်ပြောင်းပြီး ဖြည့်မှရပါမယ်၊ ဒီလိုပြောင်းရာမှာလဲ Country အဟောင်းက သုံးတဲ့လက်ကျန်ငွေ ရှိနေသေးရင် Apple Help ကို အကူအညီတောင်းပြီး လက်ကျန်ငွေ မကျန်အောင်လုပ်ပြီးမှ ဖြည့်နိုင်ပါတယ်။ နိုင်ငံအလိုက် iTune Gift Card အလွယ်တကူဝယ်ယူနိုင်တာက US iTune Gift Card တွေပဲဖြစ်ပါတယ်။ အခြားနိုင်ငံရဲ့iTune Gift Card တွေက US Gift Card လောက် ကမ္ဘာအနှံအလွယ်တကူ ဝယ်ယူလို့မရပါဘူး။

Apple ID ငွေဖြည့်ဖို့ Bank Account သုံးမလား? Gift Card သုံးမလား?

အများစုကတော့ iTune Gift Card ကိုပဲ သုံးကြပြီး မိမိ Bank Account ကို Apple ID နဲ့ ချိတ်ဆက်ပြီး သုံးကြတာမျိုးရှောင်ကြဉ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မိမိ Bank Account နဲ့ချိတ်ဆက်ထားရင် မိမိ Bank Account ထဲမှာ ငွေရှိသလောက်သုံးမိတတ်ကြပါတယ်။ ဖြစ်စဉ်တစ်ခုမှာဆိုရင် Bank Account ကို ချိတ်ထားမိတဲ့ မိမိ Apple ID ကို ကလေးက Game ကစားတဲ့ချိန်ယူသုံးပြီး item တွေ ဒေါ်လာ သိန်းချီပြီး ဝယ်မိသွားလို့ Apple နဲ့ ပြဿနာတက်ဖူးပါတယ်။ iTune Gift Card ကတော့ Pre Paid ပုံစံဖြစ်ပြီး မိမိ ထည့်ထားသလောက်အပြင် ပိုသုံးမရလို့ အဲ့ဒီလို့ မှားယွင်းဖြတ်တောက်တာ မှားပေးမိတဲ့ ပြဿနာမျိုး မရှိတော့လို့ ဖြစ်ပါတယ်။

မိမိအသုံးပြုမည့် iTune ငွေဖြည့်ကဒ်ကို မဖြည့်ခင် အောက်ပါ Link မှာ စစ်ဆေးနိုင်ပါတယ်။ အချို့သော Online က ဝယ်သော Code များကို စိတ်မချဘူးဆိုရင် မဖြည့်ခင် အခု Link မှာ ပဲ စစ်ဆေးနိုင်ပါတယ်။ ဒီမှာ စစ်ဆေးခြင်းဖြင့် ဘယ်လောက် US$ တန် ကဒ်ဆိုကို ပြပေးသလို ဖြည့်ထားပြီးသားဟုတ်/မဟုတ်ပါပြပေးပါတယ်။ Error Code ဖြစ်/မဖြစ်ကိုလဲ စစ်ဆေးနိုင်ပါတယ်။

https://www.apple.com/shop/gift-cards

iTune Gift Card
Check Balance ကို နှိပ်ပြီး မိမိ iTunes Gift Card မှ Code ကို ရိုက်ထည့်ပါ။
Code မှန်ကန်ပြီ ဆိုတာနဲ့ အခုလို ကဒ်တန်ဖိုးပြပေးပါတယ်။ ဒါဆိုရင် မဖြည့်ရသေးတဲ့ Card လိုလဲ ဆိုလိုတာပါ၊ Error ရှိတယ်ဆိုရင်တော့ အခု နေရာမှာ ဘာမှ မပြနိုင်ပါဘူး။

iTune Gift Card ငွေဖြည့်နည်းများကိုတော့ အောက်ပါ Link မှာ ကြည့်ရူနိုင်ပါတယ်။

Dr.Mac မှာ ရောင်းချသော iTune Gift Card စျေးနှုန်းများကို အခု စာကို နှိပ်ပြီး ကြည့်ရူနိုင်ပါတယ်။

ငွေဖြည့်ကဒ်ဝယ်ယူပြီး ငွေဖြည့်မယ်ဆိုရင် အခု Link ကို နှိပ်ပြီး ဖြည့်နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ iTune Gift Card တွေကို ဝယ်ယူပြီး ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေးနယ်ပယ်တွေမှာ ကောင်းကောင်းအသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & MacOS Technician

Open Between

⌚️- 10am – 7 pm

Dr.Mac Address (<-Click)
—————————-
Ph- 09798666614, 09963666614
Viber- 09798666614
Facebook Page- Dr.Macဆိုင်ဖွင့်ချိန်- မနက် (၁၀) နာရီမှ ည(၇)နာရီထိ

Related Posts