Beautiful Camera Shots, How to

Apple ID is not Active Error ဖြေရှင်းခြင်း

ဖြေရှင်းတယ်ဆိုတာထက် အခု error မဖြစ်အောင် သတိပေးတာလို့ ပြောလို့ရပါတယ်။

အခုနောက်ပိုင်း Apple ID ကို email လိပ်စာတစ်ခုခုမသုံးဘဲ icloud.com (e.g macmandalay@icloud.com) ကို အသုံးပြုပြီး Apple ID ဖွင့်သူတွေမှာ အခု error တောက်လျှောက်ဖြစ်နေတာ တွေ့ရပါတယ်။

email တစ်ခုခုမခံတော့ဘဲApple Device တစ်ခုခုကနေ တိုက်ရိုက် icloud.com အသုံးပြုပြီး ဖွင့်တဲ့ Service တွေမှာ ဒီပြဿနာ တောက်လျှောက်ဖြစ်နေပါတယ်။

ဒီ Apple ID က လက်ရှိ မိမ်ိ iPhone, Mac မှာ လုပ်တာဖြစ်လို့ sign in ဝင်ပြီးသားဖြစ်နေပါတယ်။ Find My Mac/iPhone ကလဲလုပ်ကတည်းက တခါတည်း On လိုက်တာဖြစ်လို့ Sign Out ပြန်ထွက်မရ App ဆွဲလိုက်တိုင်းလဲ not Active ပြနေပါလိမ့်မယ်။

ဒီ Error က Apple Server က ဖြစ်တာဖြစ်လို့ Apple Support ကို အကူအညီတောင်းမှပဲ ပြေလည်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Apple ID လက်တလော ဖွင့်သူတွေအနေနဲ့ email တစ်ခုခုကို အသုံးပြုပြီး ဖွင့်တာက အဆင်ပြေဆုံးဖြစ်မှာဖြစ်ပါတယ်။

Apple Support နဲ့ Chat လုပ်ထားတာဖြစ်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & Mac Technician