How to, iOS Knowledge, Knowledge Sharing, ဗဟုသုတ

ဘဝမှာပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ Apple Product ကဘာဖြစ်မလဲ?

Apple Products Photo စာအုပ်ရေးထားတဲ့ Jonathan Zufi ကအလိုပြောဖူးတယ်။ 

Do you remember your first Apple Product? I’m sure it wasn’t your last. Which is your favorite?

  ပထမဆုံးဆိုပေမဲ့ နောက်ဆုံးကိုင်ချင်၊ ပိုင်ဆိုင်ချင်တဲ့ Product မဟုတ်တာတော့ သေချာပါတယ်။ ထပ်ထပ်ပြီး အသစ်တွေကို ပိုင်ဆိုင်ချင်လာမှာ အမှန်ပါပဲ။

ကျွှန်တော်ပထမဆုံး ပိုင်ဆိုင်တာကတော့ iPod Touch 4th Gen လေးပါ။ အဲ့ခေတ်ကာလအရ လူတိုင်း Apple Products  မကိုင်နိုင်ကြသေးပါဘူး။ ဆေးရုံကပေးတဲ့ ဆရာဝန်လစာ (၃)လလောက် စုပြီးမှကို ကိုင်နိုင်ခဲ့တာပါ။

ဒီလိုနဲ့ Apple Product သုံးဆွဲရတဲ့ အရသာတွေ့တော့ ထပ်ဝယ်ချင်တဲ့စိတ်တွေ တိုးလို့သာဖြစ်လာပါတယ်။ 

ပထမဆုံး ပိုင်ဆိုင်ခဲ့တဲ့ iPad ကတော့ Retina Display နဲ့စထုတ်တဲ့ iPad 3 ဖြစ်ပါတယ်။ 

ပထမဆုံး Mac Desktop ကတော့ Mac Mini 2012 ပါ။

ပထမဆုံး MacBook တော့ MacBook 12’’ (2015) ပါ။ ဒီ MacBook ကြောင့်ပဲ new Macbook အားကြွေကြည့်ခြင်း Review ဆောင်းပါးကို ပထမဆုံးရေးဖြစ်ခဲ့ပါတယ်။

Apple နဲ့ ပတ်သက်တဲ့ (၂)ခုတည်းသော စာအုပ်(၂) အုပ်။ Apple Fan အစစ်တွေမှာပဲ ရှိမယ်လို့ ဆိုနိုင်ပါတယ်။ တစ်အုပ်ကတော့ Iconic ဆိုတဲ့ စာအုပ်ဖြစ်ပြီး တစ်အုပ်ကတော့ Apple ကိုယ်တိုင် Steve Jobs ကိုရည်ညွှန်းထားတဲ့ စာအုပ် Design by Apple in California ဆိုတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။

ပထမဆုံး iPhone ကတော့ iPhone 5 ဖြစ်ပါတယ်။ 

iPhone 1st Gen နဲ့ 2nd Gen ကတော့ Vintage Products အဖြစ် အမှတ်တရဝယ်ယူစုဆောင်းထားတာဖြစ်ပြီး မသုံးခဲ့ဖူးပါဘူး။

Apple Watch ကတော့ 1st Gen ကတည်းကတော့ ပတ်တာဖြစ်ပါတယ်။

တစ်ဘက်မှာလဲ Apple Products တွေ သုံးစွဲနိုင်ဖို့က နိုင်ငံစီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ပြောရပါမယ်။ အရပ်သားအစိုးရ (၂) ဆက်ရဲ့ လက်ထက်မှာ မြန်မာပြည်မှာ Apple User တွေ အများဆုံးဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ Pro Max လို High End iPhone တွေမကိုင်နိုင်တောင် iPhone 11 လိုBasic Model iPhone တွေကို လူလတ်တန်းစားတော်တော်များများကိုင်နိုင်ခဲ့ကြပါတယ်။

အချုပ်ပြန်ပြောရရင်တော့ အမာခံ Apple Fan တစ်ယောက်အနေနဲ့ ထွက်သမျှ Apple Products တိုင်းကို ကိုင်ချင်ပါတယ်။ လက်ရှိခေတ် အခြေအနေအရ ဒါကမဖြစ်နိုင်တော့ပါဘူး။

မိတ်ဆွေတို့ရော 

ဘဝမှာ ပထမဆုံးပိုင်ဆိုင်ခဲ့တဲ့ Apple Products ကဘာလဲ? 

လက်ရှိဘယ် Apple Products တွေကို အဓိကသုံးဖြစ်နေလဲ?

ဘာကြောင့် Apple Productကို ကြိုက်ရတာလဲဆိုတာတွေ ပြောပြခဲ့ပါအုံးဗျ။

Dr.Mac Telegram Channel

https://t.me/drmacmyanmar

———————————————

Dr.Mac’s iOS Apps Store Link 

https://apple.co/3QWgbgO

Dr.Mac’s Google Play Store Link

http://bit.ly/3CsMgqF

——————————————

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Open 

⌚️- 9:30𝖆𝖒 – 6:30 𝖕𝖒 (Open Daily)

—————————-

Dr.Mac Address

Yay Ni Canal Street, Between 38th &39th Street, Mandalay

http://bit.ly/2FW80h7 (Google Map)

https://apple.co/3gxHWJw (Apple Map)

——————

Dr.Mac’s Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

Dr.Mac TikTok

https://www.tiktok.com/@dr.macappleproductsstore?lang=en

—————————

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Dr.Mac’s Viber Channel Link

https://shorturl.at/Dg7iR

Related Posts