iOS Knowledge, Knowledge Sharing, Reviews

Apple Watch SE ကို ရွှေးချယ်သင့်တဲ့အကြောင်းတွေ

Apple Watch Series 6
Apple Watch Series 6

Apple က လက်ရှိမှာ Apple Watch Series 6 ကို မိတ်ဆက်ရင်း စျေးပိုသက်သာပြီး ပုံမှန်အသုံးပြုမဲ့သူတွေအတွက် လိုအပ်မဲ့ Features တွေပါတဲ့ Watch SE versionကိုလဲ ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိ Apple Store ပေါ်မှ​ာ စျေးအသက်သာဆုံးက Series 3 ဖြစ်ပြီး Watch Series 6, SE တွေနဲ့ Sereis 3 ကိုပဲ ဆက်ထုတ်ပါတော့တယ်။ Series 4 နဲ့ 5 အစား Sereis 6 က နေရာဝင်ယူတယ်လို့ ပြောလို့ရပါတယ်။

Apple က ဆက်ထုတ်နေပေမဲ့Watch Sereis 3 က နည်းပညာတော်တော်ကွာနေပြီဖြစ်လို့ ဘယ်လိုမှ မရွှေးချယ်သင့်တော့ဘူးလို့ ထင်ပါတယ်။ ဒီအစား Apple ဆက်မထုတ်တော့ပေမဲ့ သူ့ထက်နည်းပညာအများကြီးမြင့်ပြီး စျေးလဲမကွာနိုင်တော့တဲ့ Sereis 4,5 ကို ပတ်သင့်တယ်လို့ထင်ပါတယ်။ Sereis 5 တွေက အသစ်တွေအနေနဲ့ စျေးကွက်မှာ လျှော့စျေးနဲ့ရနိုင်နေသေးပြီး Sereis 4 တွေကတော့ Used စျေးကွက်ထဲမှ​ာ သက်သာတဲ့ စျေးနဲ့ရနိုင်ပါသေးတယ်။

အခု Post  မှာတော့ Series 6 လောက်ထိလဲ ငွေမသုံးချင်သလို စျေးပိုသက်သာတဲ့ Sereis 3 ကိုလဲ မသုံးချင်သူများအတွက် အလယ်အလတ်ဖြစ်တဲ့ iPhone SE ကို ဒီ Model ၂ ခုထက်ရွှေးချယ်သင့်တဲ့ အကြောင်းတွေကို Highlight လုပ်ပြီး ရေးသားထားပါတယ်။

① Series 6 နဲ့ အရွယ်တူညီတဲ့ Display

Watch SE ရဲ့ Screen Size က 44mm, 40mm ဖြစ်လို့ Series 4,5,6 နဲ့ အတူတူပဲ ဖြစ်ပြီး Series 3 ပိုကြီးပါတယ်။ ပတ်ထားရင် အိုးအရွယ်က အတူတူပဲ ဖြစ်ပါတယ်။ 368x 448 Pixels Retina Display နဲ့ပဲဖြစ်လို့ နောက်ဆုံး WatchOS မှပါတဲ့ Watch Faces တွေကို တန်းတူအသုံးပြုနိုင်ပါသေးတယ်။ always-on retina display လိုခေါ်တဲ့ လက်မှာပတ်ထားရင် Screen အမြဲပွင့်နေတဲ့ Features တစ်ခုပဲ SE မှာ မရသေးတာဖြစ်ပါတယ်။

Series 6 ရဲ့ Always-on altimeter ပါပါတယ်။

ဒီအချက်က Series 4,5 ထက်သာပါတယ်။  Series 3 ကတည်းက ပတ်နေတဲ့သူရဲ့ လက်ရှိရောက်ရှိနေတဲ့ အမြင့်ပေကို တိုင်းတာပေးတဲ့ Altimeter ပါပါတယ်။ iPad, iPhone တွေမှာ​တော့ Barometer ပါဝင်ပါတယ်။ သို့သော် ဒီဖော်ပြချက်တွေက တစ်နေ့တာလုံးမှာ ရောက်ရှိခဲ့တဲ့ အမြင့်ပေကိုသာ အကြမ်းဖျဉ်းဖော်ပြတာဖြစ်ပါတယ်။ Workout လုပ်ပြီးမှ ပြပေးတာဖြစ်ပါတယ်။ SE မှာတော့ Series 6 လိုပဲ Workout လုပ်နေစဉ် တစ်လျှောက်လုံး လက်ရှိရောက်ရှိနေတဲ့ အမြင့်ပေကို Real Time ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒီအချက်က တောင်တက်အားကစားလုပ်မဲ့သူတွေအတွက် Sereis 5 ထက်သာတဲ့အချက်ဖြစ်ပါတယ်။

③ Sereis 3 ထက်ပိုမြန်တဲ့ CPU Chip

Watch SE မှာ Series 5 ရဲ့ S5 ကိုတပ်ဆင်ထားပါတယ်။

Series 4 မိတ်ဆက်တုန်းက S4 Chip က S3 ထက်၂ ဆပိုမြန်တယ်လို့ ပြောထားပါတယ်။ (S5 ကလဲ S3 ထက် ၂ ဆပိုမြန်တယ်လို့ Apple Website မှာရေးထားပါတယ်၊ S5 ထက် S4 က ဘယ်လောက်ပိုမြန်တယ်လို့ တော့ မပြောထားပေမဲ့ S5 ကတော့ ပိုမြန်ပါအုံးမယ်)။

Seires 6 ရဲ့ S6 Chip ကတော့ S5 ထက် 20% ပိုမြန်ပါတယ်။

④ Family Setup Features လဲရမယ်

Family Setup Features ကတော့ ငယ်သေးတဲ့ ကိုယ်ကလေးတွေကို iPhone ပေးမကိုင်ချင်တဲ့ မိဘတွေအတွက် ပိုအသုံးဝင်ပါမယ်။ မိဘတစ်ယောက်ယောက်ရဲ့ iphone နဲ့ Pair လုပ်ပြီး မိသားစုဝင်ထဲက ကလေးတွေနဲ့ အသက်ကြီးတဲ့ အဖိုးအဖွားအတွက် နာရီကို Setup လုပ်ပေးတာပါ။ Cellular versionဆိုရင်တော့ Features အပြည့်သုံးလို့ ရပါမယ်။ Family Setup လုပ်ထားတဲ့ နာရီထဲကကလေးကို ဆက်သွယ်တာ၊ သူကစားနေလား၊ ကျောင်းခန်းထဲမှာလား၊ သူရောက်ရှိနေတဲ့နေရာတွေကို Setup လုပ်ထားတဲ့ iPhone ကနေ လှမ်းကြည့်နိုင်ပါတယ်။

Family Setup ကတော့ Series 3 မှာ မရနိုင်တော့ဘဲ Series 4 နှင့်အထက် WatchOS 7 တင်ထားရင် Setup လုပ်နိုင်ပါပြီ။

⑤ Series 6 လို Latest Heart Rate Sensor ပါတယ်

ပုံမှန် Apple Watch User အတွက် အချိန် အများစုမှာ သုံးနေမဲ့ Sensor ဖြစ်ပါတယ်။ အားကစားလုပ်တာ၊ နေ့စဉ် လှုပ်ရှားမှု အတွက် Calories တွက်တာတွေက အခု Heart Rate Sensor ပေါ်မှာ မူတည်ပြီးတွက်ချက်တာဖြစ်လို့ ပိုအရေးကြီးပါတယ်။ Watch SE မှာ Series 4 မှာကတည်းက ပါလာတဲ့ 2nd Gen Heart Rate Sensor ကို အသုံးပြုထားပါတယ်။ Sereis 3 ထိအသုံးပြုထားတဲ့ 1st Gen Heart Rate Sensor ထက် တွက်ချက်မှု ပိုမြန်​ပြီး Result ပိုင်းပိုမိုတိကျပါတယ်။

ဒီအချက်ကလဲ Watch မှာ အခြေခံအကျဆုံး Latest Heart Rate Sensor ကို Series 6 လောက်ငွေမသုံးဘဲ ပတ်နိုင်မဲ့အချက်ဖြစ်ပါတယ်။

⑥ Fall Detection နဲ့ နားကျန်းမာရေးအတွက် Noise Monitoring ပါတယ်။

Series 4 မှာကတည်းက ပါဝင်လာတဲ့ Features တွေဖြစ်ပါတယ်။ ချော်လဲတာ၊ အမြင့်က ပြုတ်ကျတာမျိုး ပြင်းပြင်းထန်ထန်ပြုတ်ကျတာမျိုးကို Apple Watch က သိရှိပြီး အရေးပေါ်ဖုန်းခေါ်ဆိုမှု ပြုလုပ်ပေးနိုင်ပါတယ်၊ (ကျွှန်တော် Series 4 မှာ စမ်းခဲ့တုန်းကတော့ လဲကျတာကိုသိပေမဲ့ ကိုယ်နိုင်ငံ Emergency Call နဲ့ ချိတ်ဆက်ခေါ်ဆိုမှုတော့ မရှိသေးပါဘူး)

Apple Watch ပတ်နေတဲ့သူ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ ရောက်ရှိတာနဲ့ သတိပေးမဲ့ Noise Monitoring ကတော့ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ မကြာခဏ သွားလာအလုပ်လုပ်နေရသူတွေအတွက်တော့ တော်တော် အသုံးဝင်ပါတယ်။

⑦ အလယ်အလက်စျေးနှုန်းနဲ့ နောက်ဆုံးပေါ် Apple Watch SE

US Store ကို အခြေခံပြီးပြောပါမယ်၊ (နိုင်ငံတွေရဲ့ Tax ကောက်ခံမှုအလိုက် Apple Device တွေစျေးနှုန်းမတူပါဘူး)

Series 6 GPS Version – 399$

SE GPS Version – 279$

120$ ကွာပါတယ်။ Series 6 Cellular versionနဲ့ဆိုရင် 220$ ကွာပါတယ်။ ဒါကြောင့် Series 6 မှာပါတဲ့ အချို့အချက်တွေက ကိုယ်အတွက် အသုံးမဝင်ဘူးဆိုရင် စျေးနှုန်းပိုသက်သာ SE ကို ရွေးချယ်သင့်ပါတယ်။

-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-==-=-

Apple Watch Cellular Version က iPhone eSim နဲ့ Functionနဲ့ မတူပါဘူး။ နိုင်ငံအနည်းငယ်မှာပဲ ရပါသေးတယ်။ သက်ဆိုင်ရာနိုင်ငံ Telecom Company နဲ့ Apple အတူတူလုပ်ဆောင်မှ ရပါမယ်။

လက်ရှိ Apple Watch Cellular ကွန်ယက် Support လုပ်တဲ့နိုင်ငံတွေကို အခုစာကို Click လုပ်ပြီး ကြည့်နိုင်ပါတယ်။

အရှေ့တောင်အာရှမှာ စင်္ကာပူ တစ်နိုင်ငံပဲ ရပါသေးတယ်။ ဒါကိုနားမလည်ဘဲ Cellular version ကို ဝယ်မိရင်တော့ စျေးပိုပေးရတာပဲ ရှိပါမယ်။ မြန်မာနိုင်ငံမှာလာသုံးရင်တော့ GPS version လိုပဲ Function အတူတူပဲဖြစ်နေပါအုံးမယ်။ 🤓

⑧ Apple Watch SE ထက် အခြား Series တွေက သာတဲ့အချက်တွေ

  • Blood Oxygen Sensor
  • ECG Sensor
    • Series 4 ကတည်းက ပါလာပေမဲ့ နိုင်ငံတော်တော်များများမှာ Support မလုပ်သေးပါဘူး။ ပုံမှန်အသုံးပြုသူအတွက်လဲ မလိုအပ်ဘူး၊ ရခဲ့ရင်လဲ ECG Wave Form တွေကို Medical Person မဟုတ်တဲ့သာမန်အသုံးပြုသူက နားလည်နိုင်စရာမရှိပါဘူး 😅, ဒါကိုပဲကိုယ်နားမလည်တဲ့ ECG function ကို တောင်းဆိုနေကြတုန်း ဆိုပါတော့၊ ရချင်တဲ့သူတွေအတွက်ကတော့ Function ရနေတဲ့ ကျွှန်တော် Apple ID ကနေ တဆင့် ပွားပေးပါတယ်။
  • Always-On Retina Display
    • Sereis 6 နဲ့ 5 မှာပဲ ပါပါအုံးမယ်၊ Apple Watch ပတ်တဲ့ ဆရာဝန်တွေဆို အသုံးပိုဝင်ပါတယ်။ လူနာ သွေးခုန်နှုန်းကို နာရီကြည့်ပြီး စမ်းတဲ့အခါမျိုးမှာ ကြည့်နေတဲ့ Screen က ဘယ်တော့မှပိတ်မသွားတော့ဘူးပေါ့။

ဒီလောက်ဆိုရင်တော့ Apple Watch SE ကို Watch Series 6, 3 တွေနဲ့ ယှဉ်ပြီး ရွှေးချယ်မယ်ဆိုရင် စဉ်းစားရမဲ့အချက်တွေကို နည်းလည်ပြီထင်ပါတယ်။

မှတ်ချက် ။ ။ စျေးကွက်မှာ အသစ်လက်ကျန်နေနိုင်သေးပြီး မကြာခင်မှာ မရှိတော့မဲ့၊ စျေးနှုန်းလဲ သိပ်မကွာသေးတဲ့ Apple Watch Series 5 တွေကလဲ SE ကိုကျော်ပြီး ရွေးချယ်စရာပါ။

ECG Sensor, Always-On Altimeter တွေက Series 5 က Watch SE ထက်သာတဲ့အချက်တွေဖြစ်ပါတယ်။

Apple Watch စျေးနှုန်းတွေကို အခု စာကို Click လုပ်ပြီးကြည့်နိုင်ပါတယ်။

Dr.Zaw Zaw

Dr.Mac

Apple Certified iOS Technician

Related Posts