iOS Knowledge, Knowledge Sharing, Reviews

Dual Sim (eSim+ Physical Sim) တစ်မျိုးထဲပဲ ထုတ်တော့မယ် iPhone Se 2020

iPhone SE

Dual Sim (eSim+ Physical Sim) တစ်မျိုးထဲပဲ ထုတ်တော့မယ် iPhone Se 2020

=====================================================

iPhone SE (2020) မှာ  A13 Chip ပါလို့ Performance ပိုင်းမှာ သိန်း (၂၀) ကျော်တန် iPhone 11 Pro တွေကို ယှဉ်နိုင်ပါတယ်။ ကိုင်ဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ Sim card ကိစ္စသိရအောင် အခု post ကို ရေးသားရခြင်းဖြစ်ပါတယ်။ 

iPhone SE ကို ရွှေးချယ်သင့်တဲ့အကြောင်းကတော့ 

  1. စျေးကွက်ထဲမှာ ရှိတဲ့ ဘယ် High End Smart ဖုန်း ( iPhone 11 နဲ့တော့ တန်းတူ) ထက်မဆို ပိုမြန်တဲ့  A13 Chip တပ်ဆင်ထားတာပါ။ US$ 400 နဲ့ ကမ္ဘာမှာ အမြန်ဆုံး Smart ဖုန်းတစ်လုံးကိုင်နိုင်တော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် စျေးသက်သာတဲ့  Product ​တွေမှာ  Apple က တဆင့်နိမ့် CPU ကို ပဲ ထည့်သွင်းလေ့ ရှိပါတယ်။ ဥပမာ iPad တွေဆိုရင်  iPhone ထက် တဆင့်နိမ့် CPU တွေကိုပဲ တပ်ဆင်ရောင်းချလေ့ရှိပါတယ်။
  2. Wifi 6, Bluetooth 5, Fast Charger တွေရပါတယ်။
  3. Camera ပိုင်းအနေနဲ့  iPhone 11, 11 Pro တွေရဲ့ Main Camera နဲ့ သိပ်မကွာဘဲ ရှေ့/နောက်က Camera တွေက Portrait Mode ရိုက်လို့ရပါတယ်၊  Night Mode မရတာတစ်ခုပဲ ကွာပါတယ်။
  4. Covid ကြောင့် ကမ္ဘာလုံးစီးပွားရေး ကျဆင်းနေချိန်မှာ iPhone SE (2020)  က အရောင်းရဆုံး Budget High End Smart ဖုန်း ဖြစ်လာမှာပါ။
  5. Apple Event များ လုပ်ဖြစ်ခဲ့ရင် Tim Cook ကြီးက “ Cheapest iPhone I Have Ever Made’ လို့ ပြောမှာအမှန်ပါပဲ ?
iPhone SE
iPhone SE 2

❖  iPhone တွေကို iPhone Xs Series က စပြီး Dual Sim နဲ့ပဲ ထုတ်ပါတော့တယ်။

(ချွင်းချက်အနေဖြင့် China, Hong Kong, Macau region တွေအတွက် Physical Dual Sim (Nano Sim နှစ်ကဒ် ဖြင့် ထုတ်ပါတယ်)

❖ iPhone 11 မှာလဲ ထို့ အတူဖြစ်ပါတယ်။ ပြည်တွင်းမှာ  eSim support မလုပ်သေးလို့ eSim နဲ့ iPhone တွေမှာ Physical Sim တစ်ကဒ်ထဲကိုပဲ သုံးလို့ရနေတာဖြစ်ပါတယ်။

❖ Physical Sim (၂)ကဒ်သုံးချင်သူများကတော့ China, Hong Kong, Macau region ထဲက တစ်ခုခုကိုသုံးခဲ့ကြရပါတယ်။

❖ ဒီ ၂ ကဒ်ထိုး iPhone တွေ ကို လိုင်းဆွဲအားကောင်းမကောင်း ပြောနေသူတွေအတွက်ကတော့ iPhone Xs, 11, 11  Pro, 11 Pro Max များက ပြည်တွင်းမှာ အဆင်ပြေကောင်းမွန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

❖ အခု  iPhone SE 2 (2020) မှာ လဲ Dual Sim ထုတ်ပေမဲ့ Budget iPhone ဖြစ်လို့ ယခင်လို Physical Dual sim နဲ့ မထုတ်တော့ပါဘူး။  Hong Kong, Macau region အပါအဝင် Region အားလုံး eSIm + Nano Sim နဲ့ ထုတ်ပါတယ်။

❖ China Region တစ်ခုပဲ ချွင်းချက် အနေ့ဖြင့် 1 Sim နဲ့ထုတ်ပါတယ်။ eSim လဲ မပါဝင်တော့ပါဘူး။ 

iPhone SE  Spec တွေမှာ Sim ကိစ္စ  နဲ့ ရောင်းစျေးတွေ နိုင်ငံအလိုက်ကွာခြားပုံပါ။

China Apple Store က iPhone SE

မကာအို Apple Store က iPhone SE

ဟောင်ကောင် Apple Store က iPhone SE

Dr.Zaw Zaw ( Dr.Mac)

Dr.Mac Gear

https://kit.com/Dr.Mac

—————————-

Dr.Mac Address

http://bit.ly/2FW80h7

—————————-

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A


IPHONE 11 မှာပါတဲ့ APPLE U1 CHIP အကြောင်း

iPhone 11 စျေးနှုန်းများကို ကြည့်ရန်

Apple Refurbished Products များအကြောင်း ဖတ်ရန်

iPhone 11 ကို ရွှေးချယ်သင့်သော အကြောင်းများကို ကြည့်ရန်

iPhone Region များအကြောင်းကို လေ့လာရန်

Related Posts