iOS Knowledge, Reviews

iPhone SE (2nd Gen) ထွက်ရှိ

iPhone SE 2nd Gen

Apple က ဒီနေ့ပဲ iPhone SE (2nd Generation) ကို အသစ်ထုတ်လုပ်ကြောင်း ကြေငြာလိုက်ပါတယ်။

iPhone ထဲမှာ စျေးအသက်သာဆုံးဖုန်းနဲ့ Screen အသေးဆုံး ဖုန်းဖြစ်လာပါမယ်။

Phone Screen အရွယ်ကို လူကြိုက်အများဆုံးအရွယ်ဖြစ်ခဲ့တဲ့ iPhone 5,5s,SE (1st Gen) ကို စံထားပြီထုတ်လုပ်တဲ့ အရွယ်ဖြစ်လာပါမယ်။

ဒါပေမဲ့ Screen က 1st Gen ထက် 0.7” ထက်ပိုကြီးလာပါတယ်။

လက်ရှိ Apple ရဲ့ အမြန်ဆုံးနဲ့ အကောင်းဆုံး Phone’s Brain ဖြစ်တဲ့ A13 Chip ကိုပဲ ဆက်သုံးထားလို့ စျေးသက်သာဆုံးဖြစ်ခဲ့တဲ့ iPhone 11 ထက်ပိုသက်သာလာလို့ iPhone 11 က ပိုသာတဲ့ အချက်တွေကို မလိုဘူးဆိုရင် ရွေးချယ်စရာဖြစ်လို့ လာပါတယ်။ အမြန်ဆုံး Chip ကို အသေးဆုံး Case ထဲမှာ ထည့်ထားခြင်းပေါ့။

iPhone SE 1st Gen နဲ့ 2nd Gen ခြားနားချက်ကို အရင်ကြည့်လိုက်ကြရအောင်

4.7” ဖြစ်လို့ အရင် 1st Gen  ထက် Screen ပိုကြီးသွားပါတယ်။
အခု A13 Chip က အရင် A9 ထက် CPU ပိုင်း 2.4x, Graphic ပိုင်း 4x ပိုမြန်သွားပါတယ်။

Camera အနေဖြင့် Portrait ပထမဆုံး ရိုက်လို့ ရသွားပါတယ်။

ယခင် versionထက် Cellular Connection 6.5x, Wifi Connection 2.7x ပိုမြန်သွားပါတယ်။

ရေအနက် 1meter မှာ နာရီဝက်အထိ အစိမ်ခံပါတယ်။ ပထမဆုံး အနေဖြင့် Dual SIM နဲ့လာပါပြီ။

Battery က ၂နာရီခွဲ ပိုခံသွားပြီး iPhone 8 နဲ့ Battery ကြာချိန်တူသွားပါတယ်။ သီချင်းနားထောင်ရင် နာရီ (၄၀)၊ Video ကြည့်ရင် ၁၃ နာရီဖြစ်ပါတယ်။

iPhone SE 2nd Gen ရဲ့ Specfication တွေ ကြည့်လိုက်ကြရအောင်

Design, Color

Black, White, (PRODUCT) Red သုံးရောင်ပ​ဲ ထုတ်လို့ ကျွှန်တော်ကတော့ အရောင်ဇယားမရူပ်လို့ ကြိုက်တယ်။ အရှေ့ မျက်နှာပြင် အားလုံး Balck အရောင်ဖြစ်ပါတယ်။ နောက်ဘက်ပိုင်းကို Glass နဲ့ ဖုံးအုပ်ထားပါတယ်။

Camera

iPhone 11, 11 Pro နဲ့ Main Camera နဲ့ တူတဲ့ Single Camera ကို သုံးထားပါတယ်။ Wide Lens, f1.8 ဖြစ်ပါတယ်။ ထူးခြားချက် အနေဖြင့် Portrait mode ဖြစ်တဲ့ ရှေ့ကြည်နောက်ဝါး (ဆော်ကြည် Mode) ကို ဒီ Camera တစ်လုံးနဲ့ ရိုက်လို့ ရသွားတာပါ ?

Night Shot Mode တော့ မရိုက်ပါဘူး။

Selfie Camera (Front Camera) ကတော့ 7MP f/2.2 ပဲ ရှိလို့ 11 ထက်နိမ့်ပြီး Video Record ကို HD 30fps ပဲ ရပါမယ်။ 11 ကတော့ 4k 60fps, Selfie Slo-mo ရပါတယ်။

iPhone 11 ရဲ့ U1 Chip လဲ မပါလာတော့ပါဘူး။

Memory – 64gb, 128gb, 256gb (၃)မျိုးလာပြီး 128gb ကို လူကြိုက်များမယ်လို့ ခန့်မှန်းပါတယ်။

Sim အနေဖြင့် Dual Sim ပထမဆုံး စတင်ထုတ်လုပ်ပြီး ထုံးစံအတိုင်း China, Hong Kong, Maccao အတွက်တော့ Physical Dual SIM နဲ့ထုတ်ပြီး ကျန် Region တွေကတော့ မြန်မာနိုင်ငံမှာ သုံးမရသေးတဲ့ eSIM + Physical SIM နဲ့ လာပါမယ်။

Charging– iPhone SE မှာ ပထမဆုံး အနေဖြင့် Fast Charging mode နဲ့ 50% ကို နာရီဝက်အတွင်းအားသွင်းခြင်းနဲ ကြိုးမဲ့ အားသွင်းခြင်း ပြုလုပ်လာနိုင်ပါပြီ။ ဒါပေမဲ့ ဒါမျိုးတွေ လုပ်ချင်ရင်တော့ သက်သက်ထပ်ဝယ်ရပါမယ်။

3.5mm နားကြပ်ပေါက်မပါတော့ဘဲ Earpods Lightning Connetor နဲ့ သုံးရမှာဖြစ်ပါတယ်။

In the Box ( ဘူးထဲမှာပါဝင်ပစ္စည်းများ)

April 17 ရက်နေကစပြီး Pre Order စတင်မှာယူနိုင်ပြီး April (24) ဆိုရင်တော့ အမေရိကန် ပြန်ထောင်စုနဲ့ အခြား နိုင်ငံပေါင်း (၄၀) က သတ်မှတ်ထားတဲ့ Apple Store တွေမှာတော့ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေဖြင့် US Store စျေး – 64gb (399$), 128GB (449$), 256GB (549$) ဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ Tax အလိုက် စျေးနှုန်းပြောင်းလဲကွာခြားမှု ရှိပါမယ်။

အခု ထုတ်လုပ်လိုက်တဲ့ iPhone SE 2nd Gen နဲ့ ပတ်သက်ပြီး Apple’s marketing chief Phil Schiller: က

အခု iPhone SE လို အရွယ်သေးငယ်ပြီး High-end performance ၊ အသက်သာဆုံးစျေးနှုန်းနဲ့ ဖုန်းကို တော်တော်လေးတောင်းဆိုနေတဲ့ ကျွှန်တော်တို့ Customer တွေအတွက်ဖြစ်ပါတယ်။ အဲ့အတွက်ပဲ အခု iPhone SE 2nd Genကို ကျွှန်တော်တို့ အကောင်းဆုံး အကြံဉာဏ်တွေနဲ့ ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။ သူ့မှာ ဆိုရင် ကျွှန်တော်တို့ လုပ်ထားတဲ့ အကောင်းဆုံး Single Camera ပါဝင်ပြီး ဓါတ်ပုံနဲ့ video တွေ ရိုက်နိုင်မှာပါ။ Mobile Phone Industry မှာ အကောင်းဆုံးဖြစ်နေတယ်လို့ ပြောလို့ရတဲ့ A13 Bionic Chip ကို သုံးထားပြီး ပိုကောင်းတဲ့ Battery, Portrait mode, Smart HDR Photo, Stereo အသံထွက် နဲ့ Video ရိုက်ကူးမှုလုပ်ဆောင်နိုင်မဲ့အပြင် Game တွေနဲ့ web site ကြည့်တာတွေမှာ အလွန်လျင်မြန်စွာလုပ်ဆောင်ပေးနိုင်မှာပါ။ ပြီးတော့ ကျွှန်တော်တို့ Customer တွေမျှော်လင့်ထားသလို Mobile phone လောကမှာ အကောင်းဆုံးဖြစ်တဲ့ လုံခြုံစနစ်တွေနဲ့ အခြား iphone တွေလိုပဲ တည်ဆောက်ပေးထားပါတယ်။ ကျွှန်တော့်တို့ Customer တွေလက်ထဲကို iphone se ကို ကိုင်တာကို မြင်ရဖို့ စောင့်တောင် မစောင့်နိုင်တော့ပါဘူးဗျာ ?

Dr.Zaw Zaw (Dr.Mac) (စာရေးသူသည် Apple Products နှင့် ပတ်သက်သော နည်းပညာဆောင်းပါးများကို တစိုက်မက်မက် ရေးသားနေသူဖြစ်ပါသည်။)

iPhone 11 စျေးနှုန်းများကို ကြည့်ရန်

Apple Refurbished Products များအကြောင်း ဖတ်ရန်

iPhone 11 ကို ရွှေးချယ်သင့်သော အကြောင်းများကို ကြည့်ရန်

iPhone Region များအကြောင်းကို လေ့လာရန်

Related Posts