macOS Knowledge, Reviews

MacBook Air 2020 တွေက MacBook Pro 2020 ထက် သာပြီလား?

MacBook Air 202 Specification

MacBook Air 2020 တွေက MacBook Pro 2020 ထက် သာပြီလား?

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

MacBook Air 2020 ရဲ့ MacBook Pro 2020ထက် အားသာချက်

MacBook Air 2020 က Performance နဲ့ Portable ကြားမှာ  Balance လုပ်ထားတဲ့ Model လို့ ပြောလို့ရပါပြီ။

✅Battery 

MacBook Air မှာ 12 hours Battery၊  (Stand by 1 month) ထိအသုံးခံလို့ MacBook Pro (MBP) Model အားလုံးထက်များစွာသာပါတယ်။

✅ Performance

(MacBook Pro Thunderbolt 3 “4  Port “Model ကို လုံးဝမယှဉ်သာပါ။) ?

(စျေးနှုန်းက လဲ မယှဉ်သာပါ)

MacBook Air 2020 မှာ CPU 10th Gen Core  “i” Serie  ဖြစ်လို့ MacBook Pro Thunderbolt 3 “2 Port “ ပါ Model ထက် Gen မြင့်ပါတယ်။ MacBook Pro Thunderbolt 3 “2 Port “ Model မှာ 8th Gen သုံးထားပါသေးတယ်။

RAM အနေဖြင့် 8GB 3733MHz LPDDR4X memory သုံးထားပြီး MBP 2Port Modelမှာတော့ 8GB 2133MHz LPDDR3 memory သုံးထားလို့ Air က ပိုသာပါတယ်။

MacBook Air 2020  ရဲ့ 1.1GHz quad-core 10th-generation Intel Core i5 processor ရဲ့ Performance ရယ် Frequency မြှင့်တဲ့ 8GB 3733MHz LPDDR4X memory ရယ် ၂ ခုပေါင်းစပ်လိုက်ချိန်မှာတော့ MacBook Air  က MacBook Pro Performance ကို ပုခုံးချင်း ယှဉ်လိုက်လာပါပြီ။

လူအများစုက MacBook Air 2020 ရဲ့ စွမ်းအားမြှင့် DDR 4 Ram ကို မေ့နေကျတယ် ?

ကိုယ်က တက်နို်င်လို့ 6K Display နဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ MacBook Air မှာပဲ ချိတ်ဆက်နိုင်ပြီ  MacBook Pro မှာတော့ 4 port Model မှာပဲချိတ်ဆက်နိုင်ပါမယ်။

✅ Portability 

MacBook Air က MBP ထက်  ပိုပေါ့သလို  ပိုလဲပါးပါတယ်။ Portable ပိုဖြစ်တာကို ကြိုက်တဲ့သူတွေအတွက် ရွေးချယ်ရမဲ့ အချက်ဖြစ်ပါတယ်၊ ဒါကြောင့်လဲ new MacBook 12’’ ဆက်မထုတ်ရခြင်းဖြစ်ပါတယ်။

✅ Display

Display ပိုင်း Resolution အတူတူဖြစ်တဲ့ Retina display ကိုသုံးထားပါတယ်။ MacBook Pro ကတော့ တောက်ပါမှု 100 Nits ပိုပါတယ်၊  Color အနေနဲ့ P3 Color ကို သုံးထားပါတယ်။ ဒီ (၂) ချက်မှာ MacBook Pro က သာပေမဲ့ ပုံမှန် User အတွက်ကတော့ ကြည့်ရတာ ဘာမှ မထူးခြားပါဘူး။ Serious ဖြစ်တဲ့ Professional User တွေအတွက်ပဲ သိပ်မသိသာတဲ့ ကွာခြားချက်ဖြစ်ပါတယ်။

✅ စျေးနှုန်း

MacBook Air Quad Core i5 512GB စျေးနဲ့  ​MacBook Pro Thunderbolt 3 “2 Ports “ 256Gb စျေးနဲ့အတူတူပဲဖြစ်ပါတယ်၊ Air ကို ရွေးရင် Storage များတာကို ရမယ်၊ Pro ကိုရွေးရင် MacBook Pro ကို ရွေးရင် Touchbar Features ကို ရပါမယ်။ Customized MacBook Air Core i5 ကိုရွေးမယ်ဆိုရင်တော့ စျေးပိုသက်သာပါအုံးမယ်။

MacBook Pro 13” 2020 Specification, 4port model ရဲ့ Performance ကို တော့ မယှဉ်ပါနဲ့ပေါ့ ?
MacBook Air 2020 Specification
Butterfly Mechanism Keyboard
Dual Core i3 Model ကို 100$ ထပ်ပေးတာနဲ့ Quad Core i5 Customized MacBook Air ရပါမယ်

✅ Conclusion

MacBook Air 2020 က Battery အကြာဆုံး Model ဖြစ်လို့ ကျောင်းသားသုံး၊ ရုံးသုံးအသင့်တော်ဆုံး Model အဖြစ် အမြဲဆက်ရှိနေအုံးမှဖြစ်သလို အတော်အသင့် Power user တွေအတွက်ကတော့  MacBook Air Core i5 Thunderbolt 3 “2 Ports “ ကျော်ပြီး ရွေးချယ်သင့်ပါတယ်။ (MacBook Pro  ရဲ့ Touchbar Features ကိုလဲ မလိုအပ်ဘူးဆိုရင်ပေါ့)

 စျေးနှုန်း၊ Battery အသုံးခံမှု, Portable ဖြစ်မှု၊ Performance စတဲ့ Overall  Overall Rating အနေဖြင့် MacBook Air Quad Core i5 model တွေက MacBook Pro ထပ် Thunderbolt 3 “2 Ports “  သာလွန် ကြောင်း ပြောကြားလိုပါတယ်။

Dr.Zaw Zaw

Dr.Mac

Related Posts