iOS Knowledge, Knowledge Sharing, macOS Knowledge

WWDC (Worldwide Developers Conference) June, 2020 ကို Online သီးသန့်ပဲလုပ်တော့မဲ့ Apple

WWDC 2020

WWDC (Worldwide Developers Conference) June, 2020 ကို  Online သီးသန့်ပဲလုပ်တော့မဲ့ Apple

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Apple က နှစ်စဉ်လုပ်နေ ကျဖြစ်တဲ့  WWDC ပွဲကို  လုပ်နေကြ McEnery Convention Center in San Jose, California  မှာ မလုပ်ဖြစ်တော့ဘဲ  Online သီးသန့်ကနေပဲ ထုတ်လွှင့်မယ် လို့ ဒီနေ့ ကြေငြာလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြောငြာထားတဲ့  COVID19 ရောဂါကို ကာကွယ်ဖို့ အတွက် Apple အနေဖြင့်  တစ်စိတ်တပိုင်းလုပ်ဆောင်မှုလဲ ဖြစ်ပါတယ်။ အခု သတင်းကို ကြောငြာတဲ့ နေ့မှာပဲ  တရုတ်နိုင်ငံပြင်ပမှာရှိတဲ့ (တရုတ်ကတော့  Control ရသွားပြီဖြစ်လို့ မလို့တော့ပါ) Apple လက်လီ Store အရောင်းဆိုင်တွေကို March 27th မတိုင်ခင်ထိပိတ်လိုက်ဖို့ လုပ်ဆောင်ထားပါတယ်။

အခု လို Online ကနေပဲ လုပ်ဆောင်ဖို့ ဆုံးဖြတ်တာကြောင့် Apple Events တွေ စလုပ်ဆောင်ခဲ့တဲ့  ၃၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် Event တစ်ခုလုံးကို  Onine ကနေပဲ လွှင့်ထုတ်မှုလဲဖြစ်ပါတယ်။ Apple  ရဲ့ နှစ်စဉ်ပြုလုပ်တဲ့ အခုလို   WWDC ပွဲတွေကနေ Software အသစ်တွေနဲ့  Apple ပစ္စည်းအသစ်တွေ ကို မိတ်ဆက်ပြသလေ့ ရှိတဲ့ ပွဲလဲဖြစ်ပါတယ်။ 

Software Developer တွေ၊  Creatorတွေအနေနဲ့ ဆိုရင်လဲ iOS, iPadOS, macOS, WatchOS နဲ့  tvOS version အသစ်တွေကိုလဲ စောစောစီးစီး ထိတွေ့ခွင့်ရမဲ့ ပွဲလဲဖြစ်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့   Apple User တွေအတွက် Apple ပစ္စည်းနဲ့ Software  တွေကို လုပ်ဆောင်ပေးနေတဲ့  Apple Engineer တွေနဲ့ တစ်ခေါက်လောက်တော့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရမဲ့ ပွဲလဲဖြစ်ပါတယ်။ အခုတော့ ပွဲကမဖြစ်တော့ဘဲ Online ကနေ ကျွှန်တော်ခါတိုင်း Live လွှင့်သလိုဘဲ ကြည့်ခွင့်ရမှာဖြစ်ပါတယ်။

ဒီပွဲတွေကို တက်ရောက်ချင်တယ်ဆိုရင် အရင်က လက်မှတ်တစ်စောင်ကို 1599$ ပေးရပါတယ်။ မြန်မာငွေနဲ့ ဆို (1400 rate) ၂၂  သိန်းကျော်ပေးရပါမယ်။ Basic Spec MacBook Pro တစ်လုံးစာနီးပါးရှိပါတယ်။ ပွဲချိန်က တစ်နာဝန်းကျင်ပဲ ကြာတတ်ပါတယ်။ ပွဲပြီးသွားရင်တော့ iphone မိတ်ဆက်တဲ့ ပွဲဆို iPhone Model အသစ်ကို ကိုင်တွယ်ကြည့်ရူခွင့်ရပါတယ်။

Apple ရဲ့ တကမ္ဘာလုံးဆိုင်ရာ စျေးကွက် အကြီးအကဲဖြစ်တဲ့ Phil Schiller ကတော့ အခု လိုပြောပါတယ်။

Phil Schiller

“ အခု June လမှာလုပ်မဲ့ WWDC 2020 ကို တီထွင်စမ်းသစ်တဲ့ နည်းလမ်းနဲ့ လွှင့်ထုတ်သွားပါမယ်။ အကျိုးဆက်အနေဖြင့် ကမ္ဘာလုံးမှာရှိတဲ့ သန်းပေါင်းများစွာသော Developer တွေအနေနဲ့ အတူတကွ အတွေ့အကြုံသစ်ကို ရရှိစေမှာ ဖြစ်ပါတယ်။’’ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေ အခြေအနေအရ  WWDC 2020 event တစ်ခုလုံးကို  Online Keynote အဖြစ်ပဲ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ Develper တွေအနေနဲ့ ကြီးမားတဲ့ သင်ယူမှုအတွေအကြုံသစ်ကို ရရှိစေမှာဖြစ်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို နောက်ပို်င်း အပတ်တွေမှာ ထပ်မံထုတ်ပြန်ပေးသွားပါမယ်’’

Apple Software Engineering အကြီးအကဲ့ Craig Federighi ကလဲ

Craig Federighi

“WWDC 2020 ကျရင် နည်းပညာပစ္စည်းအသစ်တွေနဲ့ နည်းပညာအသစ်တွေကို မိတ်ဆက်နိုင်ဖို့ ကျွှန်တော်တို့ လုပ်ဆောင်နေပါတယ်’’ လို့ ပြောကြားသွားပါတယ်။

အခု အချိန်ထိ WWDC 2020 အတွက် စာရင်းသွင်းထားသူ Developer ပေါင်း ၂၃သန်းကျော်ရှိပြီး နိုင်ငံပေါင်း ၁၅၅ နိုင်ငံကျော်ကဖြစ်ပါတယ်။ အခုပွဲနဲ့ ပတ်သက်ပြီး သူတို့ကိုတော့ အခုကနေ June လအတွင်း eMail ကနေတဆင့် လုပ်ဆောင်မဲ့ အချက်အလက် အသေးစိတ်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Apple Developer website.

အခု လို ပွဲမလုပ်ဖြစ်တော့ လို့ အဲ့ဒေသက San Jose အဖွဲ့အနေဖြင့် ဝင်ငွေ US$တစ်သန်း လောက် မရတော့ဘူးလို့လဲပြောပါတယ်။

အခု  WWDC 202၀ မှာ Watch OS 7, iOS 14 တွေကတော့ သေချာပေါက် မိတ်ဆက်ဖို့ ရှိပါတယ်

ကျွှန်တော့် ခန့်မှန်းချက်အရကတော့  2018 ကတည်းက Update မလုပ်သေးတဲ့ iPad Pro ကို  Camera ၂ လုံးနဲ့   iPad အဖြစ် မိတ်ဆက်လာနိုင်သလို နှစ်တိုင်း Update လုပ်နေကျ Mac လိုင်းအနေဖြင့် တော့ 13.3’’ MacBook နေရာ  14’’ Macbook Pro တွေလဲ မိတ်ဆက်လာနိုင်ပါတယ်။ ကျန် Products တွေကတော့ ထွက်ခဲ့မယ်ဆိုရင်တော့ ကြီးကြီးမားမား ပြောင်းလဲမှု မရှိနိုင်သေးလောက်ပါဘူး။ ဥပမာ Macbook Air ဖြစ်ပါတယ်။

Dr.Zaw Zaw (Dr.Mac)

iPhone 11 စျေးနှုန်းများကို ကြည့်ရန်

Apple Refurbished Products များအကြောင်း ဖတ်ရန်

iPhone 11 ကို ရွှေးချယ်သင့်သော အကြောင်းများကို ကြည့်ရန်

iPhone Region များအကြောင်းကို လေ့လာရန်

—————————-

Dr.Mac Address 

http://bit.ly/2FW80h7

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————-

Dr.Mac Gear

https://kit.com/Dr.Mac

—————————

Related Posts