Drone နည်းပညာ, Knowledge Sharing, Reviews

Mavic 2 Pro Review by Dr.Mac

DJI Mavic 2 Pro

Mavic 2 Pro မြန်မာနိုင်ငံမှာ ပထမဆုံး Review လုပ်ခဲ့စဉ်က

(24.8.2018 ) New York မှာ DJI ကနေပြီးတော့ Bigger Picture ဆိုတဲ့ နာမည်နဲ့ ပွဲပြုလုပ်ပြီးတော့ Mavic 2 Pro နဲ့. Mavic 2 Zoom ဆိုတဲ့ Mavic Series မှာရှိတဲ့ Drone အသစ် (၂) ခု ကို မိတ်ဆက်လိုက်ပါတယ်။ Michael Oldenburg (Product Communication Lead, DJI) က အဓိက စီစဉ်တင်ဆက်သူအဖြစ် ပြောဆိုသွားပါတယ်

အခမ်းအနား အစမှာ တောင်တက်သမား Brick Allen ပေတစ်ရာ လောက်ကပြုတ်ကျ ပျောက်ဆုံးတဲ့ ဖြစ်စဉ်အကြောင်း အရင်ပြောပြသွားပါတယ်။ စတင်ပျောက်ဆုံးတာ (၃၆)နာရီ ရှိသွားပါတယ်။ Mavic Pro ကို ပျံသန်း အသုံးပြု ရှာဖွေနိုင်ခဲ့ပါတယ်။ အချိန်မှီလဲ အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင် Drone ကို အသုံးပြုပြီး အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ အဖြစ်အပျက်ပေါင်းများစွာထဲက တစ်ခု လဲဖြစ်ပါတယ်။ DJI က လွန်ခဲ့တဲ့ (၂) က Mavic Pro Drone ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာပထမဆုံး ခေါက်သိမ်းလို့ ရတဲ့ Drone ဖြစ်ခဲ့သလို နံပါတ်(၁) ရောင်းအားအကောင်းဆုံး Drone လဲ ဖြစ်ခဲ့ပါတယ်။

ဒီ (၂) နှစ် အတွင်းမှာ Mavic Pro Drone ကို အဆင်မြှင့်တင်မှုတွေလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပိုမိုကောင်းမွန်တဲ့ပျံသန်းမှု ပြုလုပ်နိုင်ဖို့ ပျံသန်းချိန်ကြာမြှင့်အောင်၊ ပိုမြန်လာအောင်၊ အတားအဆီး ရှောင်ရှားတဲ့ စနစ်ပိုမိုကောင်းမွန်လာအောင်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ အခု မိတ်ဆက်လိုက်တဲ့ DJI Mavic 2 Series ပဲဖြစ်ပါတယ်။ Mavic 2 series မှာတော့ အရင်လို့ တစ်မျိုးထဲမဟုတ်တော့ဘဲ မတူညီတဲ့ Camera Features အလိုက် (၂)မျိုးခွဲလိုက်ပါတယ်။ (လက်ရှိနည်းပညာအရလဲ တစ်ပေါင်းတည်းလုပ်လို့မရလို့ထင်ပါတယ်) အဲ့ဒါတွေကတော့ Mavic 2 Pro. နဲ့ Mavic 2 Zoom တို့ပဲဖြစ်ပါတယ်။ Mavic 2 Pro မှာတော့ Camera လောကမှာ Professional ကျတဲ့ Camera ထုတ်လုပ်တဲ့ Company ဖြစ်တဲ့ ဆွီဒင် နိုင်ငံရဲ့ Hasselblad Camera ကို စတင်အသုံးပြုလိုက်ပါတယ်။ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အပြောင်းအလဲပါ။ Hasselblad Company ဆိုတာလဲ လပေါ်ကို ဆင်းတဲ့ ပုံတွေရိုက်တာမျိုးကို ရိုက်ကူးဖို့ ထုတ်လုပ်ခဲ့တဲ့ အစဉ်အလာကြီးတဲ့ Company ဖြစ်ပါတယ်။

Mavic 2 နဲ့ ယခင်ထွက်ရှိပြီးသား Mavic Series များရဲ့ Sensor Size နှိုင်းယှဉ်ချက်

Mavic 2 Pro မှာ 1-inch CMOS Sensor ကို အသုံးပြုထားလို့ ယခင် Mavic Pro ထက် ၄ ဆ ပိုကြီးလာတဲံ့ သဘောလဲဖြစ်ပါတယ်။ ဒီအတွက်် အလင်းရောင်နည်းတဲ့ အခြေအနေတွေနဲ့ ညရူခင်းတွေ ရိုက်ကူးရာမှာ ပိုမိုကောင်းမွန်လာတော့မှာဖြစ်ပါတယ်၊ iSO က 3200-> 128000 ရှိလာမှာဖြစ်ပါတယ်။ Phantom 4 Pro V2.0 နဲ့ Sensor အရွယ်အတူတူ ဖြစ်သွားပေမဲ့ မတူတာက Portable ဖြစ်မှုပါ။ ဒီအချက်က portable ဖြစ်မှုကို ဦးစားပေးလာတဲ့ ဒီဘက်ခေတ် Drone Field မှာ Game Changer ပါပဲ။တစ်ချို့ Blog တွေမှာ ပြောသလို ပြောရရင်. Drone Killer ပါပဲ။ ဦးဆောင်မှု အပြတ်အသက် ဖြစ်နေပြီလို့ ဆိုလိုတာပါ။ Mavic Drone မှာ ပထမဆုံး Aperture စတင် ပြောင်းလဲနိုင်တဲ့ Drone လဲဖြစ်ပါတယ်။ Aperture ကတော့ f/2.8->f/11 ဖြစ်ပါတယ်။ 10-bit Dlog-M Color Profile မှာ 1 Billion colors ကျော် Record လုပ်နိုင်ပါတယ်၊(ပုံရိပ် Information ပိုရတယ်လို့ ဆိုလိုတာပါ)၊ (iMac 2017 with 1 Billion Color display နဲ့ Mavic 2 Pro ရိုက်ချက်တွေကို ကြည့်ပြီး Edit လုပ်လိုက်ရရင် သူရဲ့ အရသာက ဘယ်လိုပြောရမလဲပေါ့ဗျာ

10bit Dlog နဲ့ ရိုက်ရင် Post Production မှာ Color ပြင်တဲ့ အခါ Dynamic Range ကျယ်တာပေါ့

HDR Video10-bit Dlog-M Color ProfileHDR Video With 4K 10-bit HDR support, the Mavic 2 Pro can be plugged into a 4K TV with HLG and will immediately play back footage with the right color tones. The brighter highlights and increased contrast are what make HDR video so appealing.

Mavic 2 Pro HLG Color Profile Test
Hyperlapse Mode က Mavic 2 Pro ရော Zoom မှာ ရောရပါတယ်။

Hyperlapse mode Mavic 2 Pro, Mavic 2 Zoom (၂)မျိုးလုံးမှာ ဒီ Mode ရိုက်ကူးနိုင်ပါတယ်။ Hyperlapse ကိုရိုက်ကူးနိုင်ဖို့ အရင်လိုဆိုရင် ရူပ်ထွေးတဲ့ Post Processing တွေလုပ်ရပါတယ်။ ကျွှန်တော်တောင် ရိုက်ဖို့ Tutorial တွေ လေ့လာနေတုန်းရှိသေးတယ်၊ အခု တော့ အလိုအလျောက်ပါလာပြီး ဖြစ်ပါတယ်။ Hyperlapse နဲ့ Timelapse ကွာတာက Hyperlapse က ရွေ့လျားသွားတာပါ၊ အခု Mavic 2 မှာ KM နဲ့ ချီပြီး ရွေလျား ရိုက်ကူးနိုင်ပါတယ်။ အောက်က video မှာ ရိုက်ကူးနိုင်တဲ့ Hyperlapse အမျိုးအစားများကို ပြသပေးထားပါတယ်

Omnidirectional Obstacle Sensing

အတားအဆီး တွေ ရှောင်နို်င်ဖို့ အပေါ်၊အောက်၊ နောက်၊ဘေးဘယ်ညာ၊ရှေ့ ပတ်ပတ်လည်မှာ vision sensor, Infrared Sensor တွေ အားလုံး ပါဝင်ထားပါတယ်၊ ပြောရရင် ၃၆၀’ နီးပါးပါ။ Omnidirectional Obstacle Sensing လို့ သူက သုံးပါတယ်။ ထူးထူးခြားခြား ပြောချင်တာက Downward Sensor နှစ်ခုကို ညအချိန်လို အလင်းရောင်နည်းတဲ့ အချိန်မှာ ပိုကူနိုင်အောင် Light Assistant ထပ်ပါလာတာပါ။ ဒီ Sensor တွေပါလာလို့ Mavic Airမှာ လို Auto Pilot နဲ့ မောင်းတဲ့ Features ထပ်ပါလာပါတယ်။

Active Tracking 2.0

DJI Drone တွေမှာ လှုပ်ရှားနေတဲ့ Object နောက်မှာ အလိုအလျောက်ရိုက်ကူးနိုင်တာ အားလုံး သိရှိပြီး ဖြစ်ပါတယ်။ အခု Acvtive Tracking 2.0 မှာတော့ ပိုမိုကောင်းမွန်တဲ့ Hardware/Software တွေရဲ့ ပေါင်းစပ်မှုကြောင့် အရင်ထက်ပိုမို ကောင်းမွန်လာပါတယ်။ High speed Active Tracking မှာ 72kph speed နဲ့လိုက်ပြီး ရိုက်ကူးနိုင်ပေမဲ့ Obstacle sensor တွေကတော့ ဒီ Mode မှာ အလုပ်မလုပ်ဘူးဆိုတာ ကြိုတင်သတိပေးပါရစေ။ Precise Recognition of the Subject- Trajectory Predection- Objective ရဲ့ ရွှေ့လျားတော့မဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်လာပါပြီ။ ပုံမှန် Speed နဲ့ လိုက်လံပျံသန်းရိုက်ကူးရာမှာတော့ အတားအဆီးတွေကို အလိုအလျောက် ရှောင်တိမ်း ပြီး ရိုက်ကူးနိုင်ပါတယ်။

Mavic 2 ရဲ့ လန်ထွက်နေတဲ့ Active Tracking

DJI Drone တွေမှာ လှုပ်ရှားနေတဲ့ Object နောက်မှာ အလိုအလျောက်ရိုက်ကူးနိုင်တာ အားလုံး သိရှိပြီး ဖြစ်ပါတယ်။ အခု Acvtive Tracking 2.0 မှာတော့ ပိုမိုကောင်းမွန်တဲ့ Hardware/Software တွေရဲ့ ပေါင်းစပ်မှုကြောင့် အရင်ထက်ပိုမို ကောင်းမွန်လာပါတယ်။ High speed Active Tracking မှာ 72kph speed နဲ့လိုက်ပြီး ရိုက်ကူးနိုင်ပေမဲ့ Obstacle sensor တွေကတော့ ဒီ Mode မှာ အလုပ်မလုပ်ဘူးဆိုတာ ကြိုတင်သတိပေးပါရစေ။ Precise Recognition of the Subject- Trajectory Predection- Objective ရဲ့ ရွှေ့လျားတော့မဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်လာပါပြီ။ ပုံမှန် Speed နဲ့ လိုက်လံပျံသန်းရိုက်ကူးရာမှာတော့ အတားအဆီးတွေကို အလိုအလျောက် ရှောင်တိမ်း ပြီး ရိုက်ကူးနိုင်ပါတယ်။

Mavic 2 Zoom မှာပဲ ပါတဲ့ Dolly Zoom

Mavic 2 Drone Body နှင့်ပတ်သက်သော အချက်အလက်များ

+Sport Mode Maximum Speed – 72kph (Phantom 4 Pro Speed အတိုင်းဖြစ်)

+Flight time – 31min Consumer Drone မှာ အကြာဆုံး

  • Flight Time +Distance – 8km
  • Altitude- 500m +Internal memory – 8Gb (Mavic Air လိုပဲ ပါဝင်လို့ Memoryမလောက်တာ Card မေ့သွားတာကြောင့် မရိုက်လိုက်ရတာမျိုးမဖြစ်တော့)
  • Flight time ကြာအောင်နဲ့ အသံဆူညီမှု လျှော့နည်းအောင် Low Noice Propeller နဲ့ မော်တာတွေအနေနဲ့ FOC sinusoidal drive ESCs တို့ ကိုသုံးထား။
  • Field Test.အနေဖြင့် Jimmy Chin ကို Greenland ကွျှန်းလို ရာသီဥတုပြင်းထန်ကြမ်းတမ်းတဲ့ ခရီးစဉ်မှာ အသုံးပြုပြခဲ့တာဖြစ်လို့ အတော် အကြမ်းခံပြီးဖြစ်ပါတယ်။

OcuSync 2.0 Video Transmission System အကြောင်း

Mavic 2 နဲ့ remote ကြားမှာ OcuSync 2.0 Video Transmission System ကို စတင်အသုံးပြုထားပါတယ်။ဒီ System ကြောင့် Remote နဲ့ Drone ကြားမှာကောင်းမွန်တဲ့ထိန်းချုပ် ခိုင်းစေမှုကို ရရှိစေမှာဖြစ်ပါတယ်။

❖ Video Transmission 1080p Quality ကို 8km အကွာထိရမှာ ဖြစ်ပါတယ်။ မြို့ပြဧရိယာလို များမြောင်လှစွာသော Telephone တာဝါတိုင်များ၊ wifi signal များ စသည်ဖြင့် Radio Frequency နှောက်ယှက်မှုများကြောင့် Image transmission နှောင့်နှေးခြင်း၊ Drone ထိမ်းချုပ်မှုနှောင့်နှေးမှုဖြစ်ပေါ်ခြင်းများကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

❖ 2.4 Hz မှ 5.8 Hz ကို လိုအပ်သလို အလိုအလျောက်ပြောင်းလဲ ချိတ်ဆက်ပေးမှာဖြစ်သလို ရိုက်ကူးနေစဉ်မှာ download Speed 40mbs ဖြစ်ပါတယ်။

Mavic 2 Actual Footage

Dr.Zaw Zaw (Dr.Mac)

DJI Products စျေးနှုန်းများကို ကြည့်ရန်

Related Posts