iOS Knowledge, Knowledge Sharing, macOS Knowledge

Apple Watch အကြောင်းနှင့် Series များ အကြောင်းသိကောင်းစရာ

ECG

Watch Type
Apple Watch 1st Gen (Series 0), Series 1 နဲ့ Series 2, Series 3,4,5 ဆိုပြီး ရှိပါတယ။ လက်ရှိမှာတော့ Series 5 ကနောက်ဆုံးထွက်ရှိထားတာဖြစ်ပါတယ်။ Apple အနေဖြင့် လက်ရှိမှာဆက်လက် ထုတ်လုပ်တဲ့ Seires တွေကတော့ Series 3 နဲ့ 5 တွေဖြစ်ပြီး Series 4, 2,1 နဲ့ Series 0 ကတော့ ဆက်မထုတ်တော့ပါဘူး။
 Watch Size
ယခင်က 38mm နဲ့ 42mm ဆိုပြီး ၂မျိုးထုတ်ခဲ့ပြီး Series 4 က နေစပြီး ဒီ 44mm နဲ့ 40 mm ဆိုပြီးပြောင်းထုတ်ပါတယ်။ ဒီ(၂)မျိုးက အိုးအရွယ်က အတူတူပဲ ဖြစ်ပြီး Screen Size တစ်ခုပဲ ဘောင်သေးအောင်လုပ်ပြီး ပိုကြီးသွားတာဖြစ်ပါတယ်။ အိုးအရွယ်က 38mm နဲ့ 40mm အတူတူပဲ ဖြစ်ပြီး 44mm နဲ့ 42mm အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်Apple Watch Band ဝယ်ယူတဲ့အခါကျရင်လဲ 38mm နဲ့ 40mm၊ 44mm နဲ့ 42mm အတူတူပဲ ပတ်နိုင်ပါတယ်။

လက်သေးသေး ကြီးကြီး ယောကျာ်းလေးများက 44mm နဲ့ပိုလိုက်ဖက်ပါမယ်။ မိန်းကလေးများကတော့ 40mm, 44mm မိမိလက်နဲ့ ကိုက်ညီမဲ့ အရွယ်ကို ရွေးချယ်နိုင်ပါတယ်။ ပုံစံနဲ့အရွယ်ကလဲ လက်ရှိ Series 3 အထိအတူတူပဲ ဖြစ်ပါတယ်။
 Watch Price
Sport Type အားလုံးက ဈေးနှုန်း အသက်သာဆုံးဖြစ်ပြီး Series 3 မှာ 199$ Series 5 Sport Type တွေက 299$ ကစတင်မှာဖြစ်ပြီး ဈေးနှုန်းအသက်သာဆုံးဖြစ်ပါတယ်။ Apple Watch Edition တွေထဲမှာ ဈေးနှုန်းအနေဖြင့် 269$ ကနေ. 18 karat Gold နဲ့ပြုလုပ်ထားတဲ့ Apple Watch Edition 17000$ (မြန်မာငွေသိန်း ၂၂၀) ခန့်ထိရှိတဲ့ Apple Watch ကဈေးအကြီးဆုံး ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ အပွန်းအစင်းမဖြစ်အောင် Ceramic နဲ့ပြုလုပ်ထားတဲ့ Apple Watch Edition က 1300$ ဖြစ်လို့ ဈေးအကြီးဆုံး ဖြစ်ပါတယ်။ ဘာကွာလဲမေးရင် Function ပိုင်းအတူတူဖြစ်ပြီး နာရီအိုးကို ပြုလုပ်ထားတဲ့ Material အရ ဈေးနှုန်း ကွာခြားသွားခြင်းဖြစ်ပြီး အတွင်းပိုင်းအတူတူဖြစ်ပါတယ်။ Apple Watch Hermès မှာ တော့ ရိုးရိုး Apple Watch တွေနဲ့ မတူညီတဲ့Watch Interface တွေကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Function ပိုင်းအတူတူဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် Themes တွေကို Edition အလိုက်ထည့်ပေးထားတာပါ။ အခြား Series တွေမှာဒီ Themes တွေကို software Download ပြုလုပ်ပြီး ထည့်မရပါဘူး။
 Watch Class
Class အမျိုးအစားအရ (၄)မျိုးရှိပါတယ်။
– Apple Watch Sport (Aluminum ဖြင့်ပြုလုပ်)
– Apple WatchHermès (Stainless Steel ဖြင့်ပြုလုပ်)
– Apple Watch Edition (18Karat Gold, Ceramic Body, Titanium ဖြင့်ပြုလုပ်)

Apple WatchGold Aluminum Case with Sport Band 399$
Apple Watch NikeSilver Aluminum Case with Nike Sport Band 399$
Apple Watch EditionTitanium Case with Leather Loop 899$
Apple Watch HermèsStainless Steel Case with Single Tour 1249$
Apple Watch EditionWhite Ceramic Case with Leather Loop
Ceramic နဲ့ လုပ်တဲ့ Body ကတော့ ဈေးအကြီးဆုံးဖြစ်သလို ခြစ်မိတဲ့ဒဏ်ကို ခံနိုင်လို့ အပွန်းအစင်းမဖြစ်ပါဘူး

 Watch ရဲ့ Cellular Version အကြောင်း

လက်ရှိလူအများစု စိတ်ဝင်စားနေတာက Apple Watch ရဲ့ Cellular version ပါ။ ဒါပေမဲ့ အများထင်သလို Phone Sim ကို နာရီထဲထည့်ပြီး ဖုန်းပြောခွင့်ပေးတဲ့ပုံစံမဟုတ်ပါဘူး။ လက်ရှိ Apple Watch တည်ဆောက်ပုံအရ အရမ်းကို Compact ဖြစ်လို့ Nano sim ထည့်ဖို့တောင် နေရာလွန်မရှိတော့ဘူးဖြစ်ပါတယ်။ အဲ့ဒီအတွက် Electronic Sim ကို Cellular Version နာရီအတွင်းမှာ ထည့်သွင်းတည်ဆောက်ထားပါတယ်။
ဒါအပြင် ဒီSim က နောက်ထပ်ဖုန်းနံပါတ်တစ်ခုမဟုတ်ဘဲ လက်ရှိ iphone မှာ အသုံးပြုထားတဲ့ နံပါတ်တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန် Watch တွေမှာ ချိတ်ဆက်ထားတဲ့ iPhone Wifi/Blutetooth Range အတွင်းမှာရှိတာနဲ့ ဖုန်းကို နာရီကတိုက်ရိုက် ဖုန်းပြောနိုင်ပါတယ်။ Wifi/Bluetooth Range အတွင်းကျော်သွားရင်တော့ ဖုန်းလာတာကို သိမှာမဟုတ်သလိုပြောနိုင်မှာမဟုတ်ပါဘူး။
Cellular Version မှာတော့ ချိတ်ဆက်ထားတဲ့ iPhone ကဘယ်နေရာမှာ ရှိခဲ့သည်ဖြစ်စေ Cellular Connection Area အတွင်းရှိတာနဲ့ ဖုန်းပြောနိုင်ပါတယ်။ ဖုန်းနံပါတ်ကလဲ လက်ရှိ မိမိiPhone ထဲမှာ ထည့်ထားတဲ့ နံပါတ်ပါပဲ။ ပြောရရင် Sim Cardပွားပြီး နာရီထဲမှာ ထည့်လိုက်သလိုပါ။ ဒီ့အတွက် Apple နဲ့ Local Telephone Service Provider တို့ ညှိနှိုင်းပြီးမှ အသုံးပြုနိုင်မဲ့ Features ဖြစ်လို့ မြန်မာနိုင်ငံအနေဖြင့် တော်တော်နဲ့ ရနိုင်အုံးမှာ မဟုတ်လောက်သေးပါဘူး။
လက်ရှိ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် (၉) နိုင်ငံပဲရပါသေးတယ်။
လိုင်းဆွဲအားကောင်းမွန်အောင် Cellular Version မှာတော့ Watch မျက်နှာပြင်ကို Antenna အဖြစ် အသုံးပြု ပြုလုပ်ထားပါတယ်။

ဒါအပြင် iPhone eSIM နဲ့ Watch eSIM မတူပါဘူး။ iPhone eSIM Function ရခဲ့ရင်တောင် ဒီနိုင်ငံမှာ Watch eSIM Function ရဖို့ စောင့်ရပါအုံးမယ်။

 Watch Series အလိုက်ခြားနားချက်

ဒီလိုဆို Series အလိုက်ဘာတွေကွာခြားပါသလဲ?

https://www.apple.com/watch/compare/ ခြားနားချက်ကို အခု Link မှာ ကြည့်နိုင်ပေမဲ့ ပိုမို ရှင်းလင်းအောင် အောက်မှာ ထပ်ရေးပေးပါတယ်။

?‍♂️ထုတ်လုပ်မှု
Series 0 နဲ့ Series 1,2,3,4,5 တို့ဆိုပြီးရှိရာမှာ လက်ရှိမှာ Apple က Series 3 နဲ့ 5 ကိုပဲ ထုတ်လုပ်ပါတယ်။

?‍♂️Chip
Series 3 မှာ Series 2,1 ထက် 1.7 ဆပိုမြန်တဲ့S3 dual-core processorကို အသုံးပြုထားပါတယ်။ Series 5 မှာတော့ S5 with 64-bit dual-core processor ကို အသုံးပြုထားပြိး Apple Watch ထဲမှာ အမြန်ဆုံးဖြစ်ပါတယ်။ Series 3 ထက်S ၂ ဆပိုမြန်ပါတယ်။

?‍♂️Barometric altimeter
လေထုဖိအားအခြေခံပြီး ပင်လယ်ရေမျက်နှာပြင် အမြင့်ကို တိုင်းတာပေးတဲ့ Sensor ပါ။Series 3 မှာ Bulid in ပါလာလို့ တောင်တက်သမားတွေနဲ့ တောင်ပေါ်ခရီးသွားမဲ့သူတွေ အသုံးပြုနိုင်ပါတယ်။

?‍♂️Water resistant 50 meters1
Series 3နဲ့2 က Water Resistance 50 meter(Swim Proof) ဖြစ်လို့ ရေကူးတဲ့ Swimming Workout ပြုလုပ်လိုသူများအတွက် ရေကူးရင် Calories လောင်ကွျှမ်းမှုကို တွက်ချက်ပေးနိုင်ပါတယ်။ Series 0 နဲ့ 1 ကတော့ Splash proof ဖြစ်လိုရေကန်ထဲ အထိတော့ ပေးမစိမ်ပါဘူး။

?‍♂️Built-in GPS and GLONASS
Series 5,4,3,2 မှာ Build in GPS ပါလို့ အားကစားလှုပ်ရှားသူများအတွက် iPhone ယူဆောင်မသွားသော်လဲ မိမိ သွားလာရာကို ပြန်ကြည့်နိုင်ပါတယ်။ Series 0,1 မှာတော့ ဒီလိုပြန်ကြည့်နိုင်ဖို့ iPhone ကို တပါတည်းယူဆောင်သွားဖို့ လိုအပ်ပါတယ်။

?‍♂️Siri speaks, Apple Music
Series 5,4,3, 2 မှာ Siri ကို အသုံးပြုနိုင်ပါတယ်။ Series 3,4,5 Cellular Version မှာပဲ Apple Music ကို တိုက်ရိုက် Streaming အသုံးပြုနိုင်မှာဖြစ်ပါတယ်။

?‍♂️iPhone Requirement
Series 3 Cellular Version မှာ iPhone 6 နှင့်အထက်လိုအပ်ပေမဲ့ Series 3,2,1,0 မှာတော့ iPhone 5s နှင့် အထက်လိုအပ်ပါတယ်။ Series 4,5 မှာတော့ iPhone 6 နှင့် အထက် iOS 12, Series 5 မှာတော့ iPhone 6s နှင့်အထက် iOS13 ဖြစ်ပါတယ်။

Watch မဝယ်ယူချင် မိမိပိုင်ဆိုင်သော iPhone နှင့် Pair လို့ ရ/မရ ကိုက်/မကိုက် အရင် သေချာကြည့်ပြီးမှ ဝယ်ယူရမှာ ဖြစ်ပါတယ်။

?‍♂️Internal Memory
Series 3 Cellular Version မှာ internal memory 16gb ပါဝင်ပြီး ကျန် Series များမှာ 8GB ပါဝင်ပါတယ်။ ဒီအတွက် iPhone နဲ့ Sync လုပ်ပြီး သီချင်းများထည့်သွင်းလို့ရပါတယ်။ သီချင်းနားထောင်ဖို့ကိုတော့ Bluetooth နားကြပ်၊ Bluetooth Speaker (ဥပမာ BeatsX, PowerBeats, Amazon Echo, Harman/Kardon) လိုအပ်ပါတယ်။ အားကစားလုပ်ရင်းလဲ ဖုန်းယူမသွားဘဲ သီချင်းနားဆင်နိုင်ပါတယ်။ Series 5 မှာတော့ Internal Storage 32GB ပါဝင်ပါတယ်
?‍♂️Ceramic Back
Cellular Version နဲ့ Apple Watch Series 4,5 မှာတော့ မှာ Body အောက်ကို Steel ထက်ပိုမိုမာကြောတဲ့ Ceramic, sapphire crystal နဲ့ ပြုလုပ်ထားပြီး ကျန် Series များမှာတော့ Composite နဲ့ ပြုလုပ်ထားပါတယ်။

Fashionable in Smart watch

Apple Watch သည်အောင်မြင်မှုအရပြန်ကြည့် မယ်ဆိုရင် ရောင်းချပြီး ၈လအတွင်း ကမ္ဘာ့ နံပါတ် (၂) နာရီ Brand တစ်ခုဖြစ်လာပါတယ်။ သူအထက်မှာ Rolex နာရီတစ်မျိုးပဲ ရှိပါတော့တယ်။ Smart Watch အမျိုးအစားထဲမှာတော့ World No.1 Smart Watch ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ World No.1 ဖြစ်လာပါတယ်။ Design ပိုင်းတည်ဆောက်ပုံအရ Fashionable ဖြစ်တာလဲပါပါတယ်။ ဈေးနှုန်းအရ Rolex, Patek Philippe တို့ကို လူတိုင်းမပတ်နိုင်ပေမဲ့ Watch က လူလတ်တန်းစား ပတ်နိုင်မဲ့ ဈေးနှုန်းကနေစပြီး ဝယ်ယူအသုံးပြုနိုင်မှာဖြစ်လို့ World no.1 Watch Brand တစ်ခုကို ဈေးနှုန်းသက်သာစွာပတ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။
⌚️?Watch Character
တစ်ချက်ထဲပြောပါဆိုရင် ကျွှန်တော်တို့ နေ့စဉ်လှုပ်ရှားသွားလာမှု Activity ကို အသေးစိတ်ထောက်လှမ်းနိုင်တာဖြစ်လို့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး Awaraness ပိုဖြစ်လာပါတယ်။ အားကစားလုပ်ဖို့လဲ Motivate ပြုလုပ်ပေးနိုင်လို့ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူဖြစ်ပါတယ်။
⌚️?Watch Nike Edition Characteristic
Nike Edition သည် Series 2 ထွက်ပြီး နောက်မှ Nike နဲ့ပူပေါင်း ထုတ်တဲ့ Model ဖြစ်လို့ Watch Series 2 features များပါဝင်ပြီးဖြစ်ပါတယ်။ လက်ပတ်ကြိုး Design သည် Nike အတွက်သက်သက် လာပြီး Watch OS. မှာလဲ Nike Theme ကို သီးသန့်ထည့်သွင်းထားပါတယ်။ Nike Version မဟုတ်တဲ့ နာရီကို ကြိုးလဲပြီး Software ပြောင်းပြီး Nike ပုံစံ ပြောင်းလို့မရပါဘူး။ Nike သုံးRunner တွေအတွက် အသုံးဝင်တဲ့ Design ဖြစ်ပါတယ်။

Apple Watch ပတ်ရခြင်းအနှစ်သာရ

အဓိက Features (၃) ခုကတော့ —>
(i) Connection—> ဖုန်းခေါ်ဆိုမှုကနေ information တွေနဲ့ အဆက်မပြတ်အောင် ဆက်သွယ်ပေးနေပါတယ်။ ဖုန်းကိုင်ဆောင်တာထက်ကို Information တွေကို ပိုသိနိုင်ပါတယ်။ လက်မှာပတ်ထားတာကြောင့် ဘာအကြောင်းအရာကိုမှ miss မဖြစ်တော့ဘူးပေါ့။
(ii) Fitness —> ဒါကတော့ လက်ရှိပတ်နေတဲ့ သူတွေသိပြီးသားဖြစ်ပါတယ်။ အားကစားလှုပ်ရှားမှုကြောင့် ကုန်ဆုံးသွားတဲ့ Calories တွေတွက်ပေးပါတယ်။ မိမိရဲ့ နေထိုင်မှုပုံစံ lazy ဖြစ်နေတယ် ဆိုရင်တောင် သတိပေးနေတယ်မဟုတ်ပါလား။
(iii) Heart—> တကယ်ဆို Apple Watch ရဲ့ နှလုံးနဲ့ ပတ်သက်တဲ့ အခြေအနေကို ထောက်လှမ်းပေးတာက Centrol Roll မှာကို ရှိနေပါတယ်။ မိမိနှလုံးနဲ့ ပတ်သက်တဲ့ အခြေအနေကို လက်ကောက်ဝတ်မှာပတ်ထားတဲ့ Apple Watch ကအမြဲထောက်လှမ်းပေးနေပါတယ်။ ဒီအတွက် လူတွေရဲ့အသက် ကယ်လိုက်နိုင်တဲ့ ဖြစ်စဉ်တွေက သက်သေပါ။
အခု Series 4 ,5 မှာတော့ ဒီအချက်တွေကိုပဲ ပိုကောင်းအောင် ပိုအဆင်မြှင့် လာအောင် ပြုလုပ်ပေးထားပါတယ်။ Heart Sensor ကို လဲ လုံးဝ Design ပြောင်းလဲလိုက်ပါတယ်။


ကမ္ဘာပထမဆုံး Consumer ကိုယ်တိုင် တိုက်ရိုက်တိုင်းတာနိုင်သော (Electronic Cardiogram)

Watch Series 4 နှင့်အထက် မှာပဲရတဲ့ Features တွေ

  • Apple Watch အတွင်းပိုင်း တည်ဆောက်ပုံတစ်ခုလုံးကို အခြား Series တွေအားလုံးနဲ့ မတူအောင်ပြောင်လဲလိုက်ပါတယ်။
  • Speaker နဲ့ Mic ကို နာရီရဲ့ တစ်ဘက်တစ်ချက်စီမှာ ထားလိုက်ပါတယ်။ ဖုန်းပြောရင်အသံပိုကြည်အောင်ပါ။
  • ယခင် Watch တွေထက် ၅၀% ပိုမိုကျယ်လောင်သော Speaker တပ်ဆင်ပေးထားပါတယ်။
  • Completely Redesign ဆိုတဲ့အတိုင်း Watch Body မျက်နှာပြင် ပိုကြီးလားပါတယ်။ 38mm ဆို ဆက်ခံတာက 40mm(35% ပိုကြီးသွား)၊ 42mm ကို ဆက်ခံတာက 44mm (32% မျက်နှာပြင်ကြီးသွား)။ Watch အိုးအနေဖြင့် ပိုလဲပါးသွားပေမဲ့ Battery Life ကို တော့ 18 hours အသုံးခံအောင် အရင်လိုပဲ ပြုလုပ်ပေးထားပါတယ်။ UI(User Interface) ကိုလဲ ပြောင်းလဲလိုက်ပြီး ပိုမိုအသုံးဝင်တဲ့ Complication တွေ ပါဝင်အောင် ပြုလုပ်ပေးထားပါတယ်။ ထပ်မံပါဝင်လာတဲ့ Watch Face အသစ်တွေကတော့ Breath Watchface, Fireface, Water Face, Vapour face( ရေငွေ့) တို့ဖြစ်ပါတယ်။ နာရီအောက်ခြေမျက်နှာ ပြင်ကို တော့ ပထမဆုံးအနေဖြင့် ပိုမို ကြံ့ခိုင်မာကျောတဲ့ Black ceramic, sapphire crystal တွေနဲ့ ပြုလုပ်ပေးထားလို့ များစွာ ကွာခြား ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုတည်ဆောက်လိုက်လို့လဲ radio လှိုင်းတွေ ရှေ့နဲ့ နောက်ကို ပိုမို ဖြတ်သန်းသွားနိုင်စေလို့ ပိုမိုကောင်းမွန်တဲ့ Cellular Connection ကို ရရှိစေပါတယ်။
  • Digital crown ကို တော့ လုံးဝ Redesign ပြန်လုပ်ထားပါတယ်။ Taptic Engine စတင်ပါဝင်လာပြီး လာပြီး မိမိ လှည့်သလို့ တုန့်ပြန်ပြီး တိကျတဲ့ ခိုင်းစေမှုကို ရရှိစေတော့မှာဖြစ်ပါတယ်။
Redesign Apple Watch Digital Crown

လဲကျခြင်း (fall) က ထိခိုက်မှုဖြစ်စေတဲ့ အကြောင်းတွေထဲက အဖြစ်များဆုံး အချက်လို့ ပြောနိုင်ပါတယ်။ ထောင်ပေါင်းများစွာသော လဲကျမှုဖြစ်စဉ်တွေကို လေ့လာပြီးမှ ဒီအချက်ကို ထည့်သွင်းလိုက်တာပါ။ လဲကျခြင်းပုံစံ အမျိုးမျိုးရှိတဲ့အနက် ရှေ့ ကိုလဲကျခြင်း (Trip), နောက်ပြန်လဲခြင်း ( Slip), အမြင့်တစ်ခုမှ ပြုတ်ကျခြင်း (Fall) ဆိုပြီး ရှိပါတယ်။ ဒီအခြေအနေတွေမှာ Apple watch က ပတ်နေသူရဲ့ လက်အနေအထားဘာဖြစ်တယ်ဆိုတာကို သိပါတယ်။ ပြုတ်ကျပြီး ပြင်းပြင်းထန်ထန် ထိခိုက်တာကို သိပါတယ်။ ဒီလိုပြုတ်ကျပြီး တစ်မိနစ်ထိ မလှုပ်ရှားနိုင်ဘူးဆိုတာနဲ့ အလိုအလျောက် အရေးပေါ်ဖုန်းခေါ်ဆိုပေးမဲ့ SOS ဖုန်း ခေါ်ဆိုမှုပါဝင်ပါတယ်။

ယခင် version တွေတုန်းက Heart Rate Sensor လေ့ကျင့်ခန်းပြုလုပ်ရင် နှလုံးခုန်နှုန်း အခြေခံပြီး Calories တွက်ချက်ခြင်း၊ အကြောင်းမဲ့ နှလုံးခုန်နှုန်းမြန်ခြင်းလောက်ကိုပဲ အဓိက သိနိုင်ခဲ့ပါတယ်။ Design ပြောင်းလဲလိုက်တဲ့ Series 4 ,Heart Rate Sensor ကြောင့် နှလုံးခုန်နှုန်း normal ထက် နှေးတာကိုပါသိပါတယ်။ နှလုံးခုန်နှုန်း စီးချက်မှန်မှု (Rytham) ကို လဲ သိလာပါတယ်။ နှလုံးတုန်ခြင်း (Atrial fibrillation) လို Rytham မမှန်တဲ့ နှလုံးရောဂါတွေကို ထောက်လှမ်းသိရှိစေပါတယ်။ နောက်ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုက ECG ဆွဲနိုင်တာပါ။ Series 4 မှာ ECG ဆွဲနိုင်ပြီဖြစ်ပေမဲ့ ECG application ဒီနှစ် အကုန်လောက်မှ ရမယ်လို့ ဆိုပါတယ်။ တစ်ကိုယ်ရည်သုံး အသုံးပြုပစ္စည်း (Consumer Level), Personal use မှာလဲ ကမ္ဘာပထမဆုံး ECG ဆွဲနိုင်တဲ့ နာရီဖြစ်လာပါတယ်။ သုံးနိုင်တဲ့အချက်ကို FDA ကလဲ ထောက်ခံပေးပြီး အတည်ပြုလုပ်ပြီဖြစ်ပါတယ်။ မိမိနှလုံးက ထွက်တဲ့ လျှပ်စစ်လှိုင်းတွေကို ထောက်လှမ်းနိုင်မဲ့ Electrode ကို Digital crown နဲ့ဆက်ထားတာပါ။ ECG ပြုလုပ်နိုင်ဖို့ ECG app ကို ဖွင့်ပါ။ DIgital Crown ကို လက်တစ်ဖက်နဲ့ ဖိထားပါ။ စက္ကန့် (၃၀) ပြည့်ရင်တော့ ECG ရပါပြီ။ ဒီ ECG ကို PDF file အဖြစ်ပြန်ထုတ်နို်င်ပြီး အသေးစိတ်ကို ဆရာဝန်နဲ့ ပြသချိန်မှာ အသုံးပြုနိုင်ပါပြီ။ ဆေးရုံ၊ ဆေးခန်းတွေမှာ သုံးတဲ့ 12 Lead ECG စက်ရဲ့ Lead I ကထွက်တဲ့ result နဲ့ အတူတူဖြစ်ပါတယ်။

American Heart Association ရဲ့ President Ivor J.Benjamin, MD , FAHA (Cardiologist )Apple Watch Series 4 အပေါ်ထောက်ခံ ပြောကြားချက်

နည်းပညာကို အသုံးပြုပြီး လူတွေရဲ့ အသက်ကို ကယ်ဆယ်ရတာ ကွျှန်တော်တကယ်ကို စိတ်လှုပ်ရှားနှစ်သက်ပါတယ်။ apple က တီထွင်စမ်းသစ်လိုက်တဲ့ watch က ကျန်းမာရေးစောင့်ရှောက်မှုမှာ ပါဝင်လာပါပြီ။ နှလုံးနဲ့ ပတ်သက်ပြီး ပကတိအခြေအနေကို အချိန်နဲ့ တပြေးညီ သိရှိအောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ကွျှန်တော်တို့ ကုသမှုလမ်းကြောင်းကို တကယ်ကို ပြောင်းလဲစေပါမယ်။ ကွျှန်တော့် အတွေ့အကြုံအရပြောရမယ်ဆိုရင် လူနာတွေ နှလုံးရောဂါလက္ခဏာ စတင်ခံစားရလို့ ဆေးခန်းကို လာပြပါတယ်။ ဒါပေမဲ့ ဆေးခန်းကိုလာပြတဲ့ အချိန်မှာ အများစုက ရောဂါလက္ခဏာ ခံစားရခြင်းမရှိတော့ပါဘူး၊ ဒါကြောင့် နေ့စဉ်တကယ်ကို ခံစားဖြစ်ပျက်ချိန် ရရှိခဲ့တဲ့ infromation က တကယ်ကို အရေးကြီးပါတယ်။ ရောဂါလက္ခဏာခံစားရချိန် အချိန်နှင့်တပြေးညီ ECG ကို ဆွဲနိုင်ပြီး Infromation ရနိုင်မယ် ဆို ရင်တကယ်ကို ကုသမှုကို အလှည့်အပြောင်းပြုလုပ်နို်င်ပါတယ်။ (Game Changing ပြုလုပ်နိုင်ပါတယ် )။ အထူးသဖြင့် Atrial Fibrillation (AF) နှလုံးတုန်ခြင်းဆိုတဲ့ နှလုံးရောဂါကိုပါ။ AF ဆိုတဲ့ နှလုံးရောဂါက လေဖြတ်ခြင်း၊ နှလုံးအားနည်းခြင်းနဲ့ အခြားစပ်ဆက်ရောဂါ တွေထိ နောက်ဆက်တွဲ ပိုမို ဆိုးဝါးသွားနိုင်တဲ့ ရောဂါလဲဖြစ်ပါတယ်။ ကွျှန်တော်တို့ အမေရိကန်နှလုံးကျန်းမာရေး အဖွဲ့အနေဖြင့် လူသားအားလုံးကို ကျန်မာရေးပညာပေးပြုလုပ်ပါတယ်။ တစ်က မ္ဘာလုံးလူသားတွေ အနေဖြင့် ပိုမို ကျန်းမာအသက်ရှည်အောင် ကူညီလုပ်ဆောင်ပေးနေပါတယ်။ Apple Watch လို ထုတ်ကုန်ကြောင့် လူတွေရဲ့ ကျန်းမာရေးကိစ္စတွေမှာ နက်နက်ရိူင်းရိူင်း ပိုမိုပါဝင်သိရှိလာနိုင်လို့ ပိုမို အဆင့်မြှင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်တစ်ခုကို ပိုမို တက်လှမ်းနိုင်တော့မယ်လို့ ကွျှန်တော်ယုံကြည်ပါတယ်။
(အချို့သော လူနာများ ရောဂါလက္ခဏာခံစားရလို့ ဆေးရုံလာပြပေမဲ့ ECG ဆွဲတဲ့အခါ Normal ECG ပဲ ထွက်တာမျိုးကြုံတတ်တာကို ဆိုလိုတာပါ။ Medical Field မှ လူများသိပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေပြန်ပေါ်အောင်လို့ Stress ECG Test ပြန်လုပ်ကြရပါတယ်၊ Apple Watch Series 4 ကို အသုံးပြုခြင်းခြင့် ရောဂါလက္ခဏာပြတာနဲ့ အချိန်နှင့်တပြေးညီ ECG ဆွဲပြီး မှတ်ထားနိုင်တော့မှာဖြစ်ပါတယ်။ တကယ်ကို Game Changing ပါပဲ)

Watch Series 5 မှာပဲရတဲ့ Features တွေ

  • Always-On Retina LTPO OLED display with Force Touch– Apple Series 5 နာရီမျက်နှာပြင်က လက်မှာပတ်ထားသမျှ အမြဲပွင့်နေပါပြီ။ ကျန် Series များကတော့ Raise to Wakeလို့ခေါ်တဲ့ လက်မြှောက်ကြည့်တာနဲ့ Tap to Wake အခြေအနေ၂ ခုမှာပဲ Screen ပွင့်ပါမယ်
  • Digital Compass အရပ်မျက်နှာ ပြပေးမဲ့ Digital Compass ကတော့ တောင်တက်တာ၊ ခရီးသွားမဲ့သူများအတွက် အသုံးဝင်ပါတယ်။
  • More Storage- Internal storage 32Gb နဲ့ အများဆုံးဖြစ်ပါတယ်။

Apple Watch Series 6

Optical Hear Rate Sensor ကတော့ series 4 တုန်းကအတိုင်း 2nd Gen Optical Heart rate sensor ကို ဆက်သုံးပေမဲ့ SPO2 တိုင်းတဲ့ Sensor ကြောင့် Design ပြောင်းသွားပါတယ်။

Apple Watch Series 6 အသေးစိတ်ကိုတော့ ဆောင်းပါး သက်သက် ရေးပေးထားပါတယ်။ ဒီ Series ထွက်တဲ့အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID 19 ဖြစ်နေပြီဖြစ်လို့ Blood Oxygen Sensor ကို အခု Series မှာ စတင်ထည့်သွင်းပေးလိုက်ပါတယ်။ electrical heart sensor နဲ့ optical heart sensor အနေနဲ့ 3rd Gen ကို သုံးထားပါတယ်။ တောင်တက်သမားတွေအတွက် ရောက်ရှိအမြင့်ပေကို ပြပေးမဲ့ Altimeter ဆက်လက်ပါဝင်ပေမဲ့ အခု Sereis မှာတော့ Intervel တိုင်းတာမဟုတ်ဘဲ အမြဲတိုင်းပေးနိုင်မဲ့ Always On Altimeter ပါဝင်လာပါတယ်။

Chipကတော့ ထုံးစံအတိုင်း Series 6 ဖြစ်လို့ S6 Chip ကို သုံးထားပြီး အထူးခြားဆုံးကတော့ အနာဂတ်နည်းပညာတွေမှာ သုံးလို့ ရမဲ့ U1 Chip ကို Sereis မှာ ပထမဆုံး စတင်ထည့်သွင်းပေးလိုက်ပါတယ်။ U1 Chip ကြောင့် အနာဂတ်မှ Apple Watch ကို အသုံးပြုပြီး ကားစက်နိုးတာ၊ Smart Home Device တွေ အသုံးပြုတာ၊ Apple’s Find My Support လုပ်တဲ့ Device တွေကို ရှာဖွေရာမှာ အတိအကျရှာဖွေနိုင်တာမျိုး နည်းပညာတွေ ဆက်လက် အသုံးပြုနိုင်ဖို့ လမ်းပွင့်သွားစေပါတယ်။

Apple Watch Series 7 ထူးခြားချက်များ

Apple Watch Series 6 နဲ့ 7 အတော်လေးတူညီတယ်လို့ ပြောလို့ ရပါတယ်။ အနည်းငယ်သောအချက်တွေပဲကွာခြားပါတယ်။

Series 7 ရဲ့ အထူးခြားဆုံး အချက်ကို ပြောရရင် Display ပိုင်းပဲဖြစ်ပါတယ်၊ Watch Screen Size 41mm, 45mm တွေဖြစ်လို့ လက်ရှိ Apple Watch အားလုံးမှာ အကြီးဆုံး Screen နဲ့ Watch တွေ ဖြစ်လို့လာပါတယ်။ Series 3 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် 50% ပိုကြီးလာတဲ့ Screen ဖြစ်ပြီး SE နဲ့ယှဉ်မယ်ဆိုရင် 30% ပိုကြီးပါတယ်။

Screen ပိုကြီးလာလို့ Apple Watch တွေမှာ ပထမဆုံးအနေနဲ့ On Screen Keyboard တွေသုံးနိုင်လာသလို၊ Calculator App တွေသုံးနိုင်လာပါတယ်။ Stainless Steel နဲ့ Titanum Version တွေမှာ သုံးထားတဲ့ sapphire crystal display အတော်လေးကောင်းမွန်ပြီး Crack Resistance ဖြစ်ပါတယ်။ စာရေးသူရဲ့ ပထမဆုံး Apple Watch Stainless Steel Series က Sapphire Crystal Glass ဆိုရင် (၆) နှစ်ထဲရောက်လာပြီဖြစ်ပေမဲ့ အခုထု အပွန်းအစင်း မဖြစ်ပါသေးပါဘူး။ Sport version Apple Watch တွေကတော့ ရိုးရိုးမှန်ပဲ ဖြစ်လို့ ကွဲတာ၊ တိုက်မိလို့ ကွာတာတွေ ဖြစ်တတ်ပါတယ်။ အခု Series 7 မှာ တော့ အဲ့လိုမျိုးခံနိုင်အောင် Sport Version မှာပါ Crack resistance, Dust Resistance ဖြစ်အောင်ပြုလုပ်ထားပါတယ်။ ဘယ်လောက်ထိကောင်းမွန်လက်တွေ့ ကျမလဲဆိုတာကတော့ Sapphire Glass တွေကို အချိန်ကအဆုံးအဖြတ်ပေးပါလိမ့်မယ်။

ထုံးစံအတိုင်း S7 Chip ကိုသုံးထားပြီး W3 wireless chip နဲ့ U1 chip တွေကတော့ Series 6 အတိုင်း အတူတူပဲဖြစ်ပါတယ်။

Series 7.ရဲ့ နောက်ထပ်မြှင့်တင်ပြောင်းလဲထားတာကတော့ အားသွင်းတဲ့ Charging System ဖြစ်ပါတယ်။ Apple Watch ကို Sleep Tracker အဖြစ်လဲ အသုံးပြုနိုင်လို့ တညလုံးပတ်မအိပ်ခင် အသုံးပြုနိုင်​အောင် အားသွင်းဖို့ အချိန်တစ်ခု စောင့်ရပါတယ်။ Sereis 7 မှာတော့ 8 min အချိန်ပေးတာနဲ့ Sleep Tracker အဖြစ် တစ်ညလုံးပတ်ပြီး အသုံးပြုလို့ ရပါပြီ။ 45min အားသွင်းရင် 0-80% ကို အားဝင်သွားတဲ့အချက်က Series 6 ထက် Charging Time 33% မြန်တာကို ပြဆိုနေပါတယ်။

⌚️Watch စျေးနှုန်း များကို ကြည့်ရန်

Post Updated 7/Feb/2022

Dr.Zaw Zaw (Apple Certified iOS & Mac Technician)
Dr.Mac

—————————-

Dr.Mac Gear

https://kit.co/Dr.Mac

—————————-

Dr.Mac Address

http://bit.ly/2FW80h7

—————————-

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————-

သတိပေးကြေငြာချက်
Dr.Mac မှ ရေးသားသော Post များ၊ Tutorial များကို ကြိုက်နှစ်သက်ပါက လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် လွတ်လပ်စွာ သိမ်းဆည်းခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နိုင်ပါသည်။
စီးပွားဖြစ်တည်ထောင်ထားသော Page များတွင် အပုဒ်လိုက်ဖြစ်စေ၊ တစ်ပိုဒ်ချင်းဖြစ်စေကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ ပြုလုပ်ပါက Page စာမျက်နှာနှင့်တကွ ဖော်ပြပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေငြာအပ်ပါသည်။

Related Posts