Beautiful Camera Shots, Knowledge Sharing

Apple Watch မပါပဲ နေထိုင်ကြည့်ခြင်း (2018)

Watch တွေရောင်းလိုက်ပြီး Series 4 ကို စောင့်နေတာ (၂) ပတ်လောက်တော့ ရှိသွားပြီ၊ Costumer တွေကို ဦးစားပေးနေတာနဲ့ ကိုယ်ပတ်ဖို့နဲ့ Review လုပ်ဖို့ မရှိသေးဘူး။ Apple Watch ပတ်နေကျလူ မပတ်ဘဲ နေရင်ဘာတွေဖြစ်မလဲ ?
ပုံမှန်အားဖြင့် နာရီ၊ လက်စွပ်၊ ဆွဲကြိုး၊ နားကပ် စတဲ့ foreign body တွေကို ခန္ဓာကိုယ်မှာ ချိတ်ဆွဲအလှဆင်ရတာ ကွျှန်တော်မကြိုက်ပါဘူး။ Watch ကတော့ ခွျှင်းချက်တစ်ခု အနေနဲ့ပြောင်းလဲ စေခဲ့ပါတယ်။
✅ လက်ကို ယောင်ပြီး မြောက်ကြည့်ခြင်း
 watch ကို ပတ်ပြီး နောက်ပိုင်း Band ကို ပြောင်းတာကလွဲပြီး ကျန်တာမပြောင်းဖြစ်တော့ပါဘူး၊ အိပ်ချိန်ကလွဲပြီး အမြဲ ပတ်ထားမိပါတယ်။ Series 4 ပတ်ဖို့ ရောင်းထားပြီ မရခင်စပ်ကြား အချိန်ကြည့်ဖို့ (၂) ရက်လောက်လက်ကို ယောင်ပြီး မြှောက်မြှောက်ကြည့်နေမိပါတယ် ?
ရှိတုန်းက ဘယ်လောက်တောင် ပတ်ထားလဲဆို မန္တလေးလို ပူပြင်းတဲ့နေရောင်အောက်မှာ အညာသား ကွျှန်တော်လက်မှာ Band အရာကြီး ဖြူနေတဲ့အထိပါ။
✅ Watch ဖြင့် iPhone ရှာနေခြင်း
အချိန်တော်တော်များများ iPhone ကို ဖြစ်သလို ထားမိပါတယ်။ ခါတိုင်း apple watch ကနေ လှမ်းပြီး အသံမြည် ပြီး အလွယ်တကူရှာနိုင်ခဲ့ပေမဲ့ အခုတော့ ကိုယ်အနားမှာ ဖုန်းကို ထားထားရပါတယ်။
✅Never miss important Notification
ကားမောင်းနေတာ၊ စာဖတ်နေတာ၊ အခြားတစ်ခုခု စိတ်ဝင်စားတာကို လုပ်နေတဲ့အချိန် ဖုန်းထဲက အရေးကြီးတာတစ်ခုခု လွတ်သွားနိုင်ပါတယ်။ apple watch ပတ်တုန်းက တော့ လက်မှာ တုန်ခါပြီးပါ သတိပေးလို့ ဖုန်း call တွေလဲ miss မဖြစ်တော့ဘူးပေါ့။ Shock ရှိတဲ့ Noti တွေလဲ အချိန်နှင့် တပြေးညီ သိနိုင်တာပေါ့ ? အခုတော့ shock ရှိနိုင်တယ်
✅ထိုင်နေတာ ကြာပြီ မတ်တက်ရပ်စမ်းပါ
ခါတိုင်း Computer ရှေ့မှာ ဖြစ်ဖြစ်၊ Game ကစားနေတာ ဖြစ်ဖြစ် ကိုယ့်ရဲ့ နေထိုင်မှု ပုံစံကို ဘယ်သူမှလာမဝေဖန်ပါဘူး။ မလှုပ်ရှားပေမဲ့ ထိုင်နေတာ ကျန်းမာရေးထိခိုက်မယ်လေ၊ အနည်းဆုံးတော့ မတ်တပ်ရပ်ပါ လို့ Watch ကသတိပေးနေတော့ မတ်တပ်ရပ်၊ လမ်းလျှောက်ဖြစ်ပါတယ်။ မိနစ် (၅၀) လောက် ဘာအကြောင်းနဲ့ထိုင်နေပါစေ သူပြောပြီလေ ?
✅ Gym Partner
စက်ဘီးအားကစားကို ပုံမှန်လှုပ်ဖြစ်တဲ့ ကိုယ်တွေအတွက်  Watch က လေ့ကျင့်ဖော်တစ်ယောက်လို့ ကူညီပေးပါတယ်။ Calories ဘယ်လောက်ကုန်သွားပီ၊ Target calories ဘယ်လောက်ကုန်သွားပြီ စသဖြင့် ဘေးနားက လိုက်ပြောပေးနေသလိုပါပဲ၊ ကိုယ်တွေလုပ်ခဲ့တဲ့ Workout မှတ်တမ်းတွေကို  Watch ကြောင့် ပြန်ကြည့်နိုင်စေပါတယ်။ ဒီအချက်က အားကစားလုပ်တဲ့အချိန်မှာ Motivation ရစေပါတယ်၊ အမြန်ဆုံး ခုန်ခဲ့တဲ့ နှလုံးခုန်နှုန်းတွေ၊ ကုန်ဆုံးခဲ့တဲ့ Caloreis တွေ၊ တက်ခဲ့တဲ့ တောင်အမြင့်တွေ၊ စက်ဘီးနင်းခဲ့တဲ့ မြန်နှုန်းတွေ၊ သွားခဲ့တဲ့ အကွာအဝေးတွေ မှတ်တမ်းတင်ပေးပါတယ် ။အခုတော့ ?
✅ အသက်ကလေးရူလိုက်ပါ
အားကစားတစ်ခုခုကို ပုံမှန်လုပ်နေသူအတွက် အသက်ရူလေ့ကျင့်ခန်းမလုပ်လဲ ရပါတယ်။ အားကစားမလုပ်တဲ့သူတွေကတော့ အသက်ရူလေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ မိမိရဲ့ အဆုတ်ကလေအိတ်ငယ်လေးတွေက အသက်ရူလေ့ကျင့်ခန်းလုပ်မှသာ 100% နီးပါးအလုပ်လုပ်ပါမယ်။ မလုပ်တာ ကြာရင် အဆုတ်လေအိတ်ငယ်လေးတွေ ပျက်စီးတတ်ပါတယ်၊ ဆေးလိပ်သောက်သူကတော့ ပိုပျက်စီးတတ်ပါတယ်။ watch ပတ်တုန်းက အသက်ရူလေ့ကျင့်ခန်းလုပ်ဖို့ သူက သတိပေးရုံတင်မဟုတ်ဘဲ assistance တစ်ယောက်လို လက်မှာ တုန်ခါပြီး လိုက်ရူဖို့ လုပ်ပေးပါသေးတယ်။
✅ အားကစားလုပ်နေတုန်းသီချင်းနားထောင်မယ်
အားကစားလုပ်နေတုန်း သီချင်းနားထောင်တာ motivation ရစေပါတယ်၊ watch ထဲကို သီချင်းထည့်နားထောင်နိုင်လို့ အားကစားလုပ်နေတုန်း နားကြပ်ပဲ လိုပါမယ်၊ Watch မရှိရင်တော့ MP3 Player တစ်ခုခုလိုပါတော့မယ်။
✅ ကိုယ့်နှလုံးသားကို ချစ်သူထက် နားလည်မဲ့ Watch
Series 4 မှာပဲ ECG ဆွဲနိုင်မှာ ဖြစ်ပေမဲ့ နှလုံးခုန်နှုန်းအကြောင်းမဲ့ နှေးတာ (အရွယ်ရောက်သူအတွက် ၆၀ အောက်)၊ နှလုံးခုန်နှုန်း အကြောင်းမဲ့ မြန်တာ (အရွယ်ရောက်သူအတွက် ၉၀အထက်) ဖြစ်နေတာကို သူသိပါတယ်။ သူမရှိရင်တော့ ကြိုတင်ဘာမှမသိနိုင်လို့ ရောဂါထမှ ဆေးရုံပြေးပါတော့။ ကိုယ်တွေ နှလုံးရောဂါမရှိပေမဲ့ နှလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုရှိနေသူအတွက်တော့ Watch ကတော့ ရွှေမိတ်ဆွေပါပဲ။နှလုံးရောဂါ စဖြစ်ချင်တဲ့သူတွေအတွက်ကတော့ Watch Seires 4ပတ်ခြင်းဖြင့် အချိန်နဲ့ တပြေးညီ သိနိုင်ပါတော့မယ်။
✅Sleep Tracker နဲ့ Presentation remote control ( ကွျှန်တော်သိပ်မသုံးတဲ့ Features ပါ။ အခြားသူများကတော့ သုံးကြပါတယ်)
ကိုယ်တွေ အိပ်စက်ပုံက နှစ်၂ ခြိုက်၂လား၊ နိုးတစ်ဝက်အိပ်တစ်ဝက်လားစသည်ဖြင့် ဘယ်လိုအိပ်နေလဲ ဒါက ကျန်းမာရေးအတွက် ရေရှည်မှာ အရေးကြီးပါတယ်။ နှစ်၂ခြိုက်၂ အိပ်သူအတွက် အိပ်ချိန်နည်းလဲ လုံလောက်ပေမဲ့ နိုးတစ်ဝက်အိပ်တစ်ဝက် အိပ်တတ်သူအတွက် ပုံမှန်အိပ်ချိန်က မလုံလောက်ပါဘူး။ မိမိဘယ်လိုအိပ်တတ်တဲ့သူလဲ ဆိုတာ Apple watch နဲ့သိနိုင်ပါတယ်။ keynote (Power point) အသုံးပြု ဟောပြောသူများအတွက် remote control အနေဖြင့် အသုံးပြုနိုင်လို့ လူကြားထဲ လဲ လမ်းလျှောက်ရင် ဟောပြောစေနိုင်ပါတယ်။
Life without apple watch ကို ဒီလောက်ပဲ စဉ်းစားပြီး ရေးပါရစေ၊ Apple Watch မရှိတဲ့ အချိန် ဘယ်သူမှ ကိုယ့်အနားမှာမရှိသလိုခံစားရလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။
နောက်အပတ် stock ဝင်တာနဲ့ ပတ်ပါပြီ ဗျာ ?
Dr.Zaw Zaw (Dr.Mac)
Mandalay