macOS Knowledge

New MacBook Pro Touch Bar

New MacBook Pro Touch Bar က ဘာတွေ လုပ်နိုင်လဲ?

MacBook Screen ကို ဘာကြောင့် Touch Screen ဖြင့်မထုတ်လုပ်တာလဲ ? ဆိုတာ မေးစရာပါ။
Interview တစ်ခုမှာ Ive, Schiller နဲ့ Magic Man Craig Federighi တို့ ဖြေထားတာကတော့ MacBook. ကို Microsoft လို့ Desktop Tablet (Frankenstein desktop tablet ပြောင်ပြီးရေးသည်) the Surface Studio လို လုပ်ဖို့ အစီအစဉ်မရှိပါဘူးတဲ့ (လုပ်မယ်ဆို ကြာလှပေါ့၊ iPad တွေလဲထုတ်နေတာကိုး)။
Jony Ive ကပဲ ဆက်ပြောပါတယ်၊ MacBook မှာ Touch Screen ထည့်လိုက်လို့ ထူးထူးခြားခြားကြီး ထပ်ပြီး အသုံးဝင်လာတာမျိုးမရှိလို့ပါ (ဘာဖြစ်လို့ဆို Mouse ,Magic Trackpad တွေနဲ့တင် Command လုပ်ရတာ လုံလောက်နေပါပြီ၊ အဲ့လိုသုံးခဲ့တာလဲကြာခဲ့ပါပြီ၊ MacBook User များနေဖြင့် WIndow မှာလို Touch Screen နဲ့ထုတ်လုပ်လဲ သူတို့အတွက် ထူးခြားမလာနိုင်လို့ပါ)
Touch Screen ကို သုံးခြင်းသည် MacOS ကို iPhone မှာသုံးဖို့ ကြိုးစားတာနဲ့တူသလို အပြန်အလှန်အားဖြင့် iOS ကို MacBookသုံးသလိုဖြစ်တာမျိုးဖြစ်လို့ ဒါမျိုးကို Apple ကမလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကွျှန်တော်တို့ iPhone, iPad တွေ ၊ MacBook တွေ ပြုလုပ်ကတည်းက သူရည်ရွယ်ချက်နဲ့သူ၊ သူနေရာနဲ့သူ အကောင်းဆုံးဖြစ်အောင် ရည်ရွယ်တာဖြစ်လို့ ဒီ(၂)ခု ကို ပေါင်းဖို့ မဖြစ်နိုင်ပါဘူးတဲ့။
MacBook မှာပါတဲ့ Magic Trackpad က ၂၀၀၈ မှာကတည်းက Multitouch ရနေတာဖြစ်လို့ Touch Screen အဖြစ်လဲမလိုအပ်တော့တာပါပါတယ်။
အခု New MacBook Pro မှာပါတဲ့ Touch Bar သည် iOS နဲ့ MAcOS ကြားမှာ ပေါင်းကူးဆက်သွယ်ပေးတဲ့ တံတားတစ်ခုဆိုလဲမမှားပါဘူး။
 Computer မှာ Touch Bar ထည့်ပေးလိုက်ခြင်းဖြင့် ကွျှန်တော်တို့ နေ့စဉ်သုံးစွဲနေတဲ့ Computing ပုံစံကိုပြောင်းလဲသွားစေပါတယ်။ လက်ရှိသုံးစွဲနေတဲ့ app တွေကိုပဲ Touch Bar သွင်းလိုက်ခြင်းကြောင့် ပိုမို ရင်းနှီးကွျှမ်းဝင်လွယ်ကူသွားစေပါတယ်။ နေ့စဉ်သုံးစွဲနေတဲ့ Software သုံးစွဲမှုကိုပဲ ပိုမိုလွယ်ကူ အသုံးဝင်စေပါတယ်။
Jony Ive——> MacBook Pro မှာ Touch Screen ထည့်သွင်းမဲ့ Idea ကို ဖယ်ပြီး Touch Bar ထည့်သွင်းလိုက်ခြင်းသည် ကွျှန်တော်တို့ (ဖန်တီးနေတဲ့ Team)အမြင်အရကတော့ ရှေ့ ကိုအကြီးအကျယ်မျှော်မှန်းပြီး လှမ်းလိုက်တဲ့ ခြေလှမ်းပါ။ပြောရရင် New System Architecture ကို ထည့်သွင်းပေးလိုက်တာ ပါ။ ကွျှန်တော်တို့က MacBook Pro ကို လုပ်ဆောင်နိုင်မှု( Performance) နဲ့ မြန်နှုန်း (Speed) ကိုပဲ ဦးစားပေးတဲ့ Model တစ်ခုအဖြစ်ပဲ မမြင်စေချင်ပါဘူး။ ကွျှန်တော်တို့ အခု ဖန်တီးလိုက်တဲ့ Concept သည် ဆက်လက်တီထွင်ဖန်တီးမှုတွေကို လမ်းပွင့်သွားစေပါတယ်။ ဘယ်လောက်ထိဖန်တီးဖြစ်ပေါ်လာမလဲဆိုတာကို ကွျှန်တော်တို့ ကိုယ်တိုင်တောင် မမျှော်မှန်းနိုင်ပါဘူး။
ဒီလောက်ဆိုရင် MacBook Pro မှာTouch Bar ထည့်သွင်းရခြင်းအကြောင်း sense တစ်ခုရမယ်ထင်ပါတယ်။ ကွျှန်တော်လက်ရှိသုံးစွဲနေတဲ့ Touch Bar Support app တွေအကြောင်း ပုံနှင့်တကွတင်ပေးပါတယ်။ MacOS Seirra (10.12.2)ကစပြီး. Touch Bar ကို Screen Shot ပေးပါတယ်။ ပုံမှန်
Screen Shot က (Commnd+3) Command + 4 ပါ၊ Touch Bar Screen Shot ကတော့ Command+6 ပါ၊
Touch Bar Screen Shot ပုံတွေရဲ့ Resolution က 2170x 60 ဖြစ်လို့ Retina Screen Touch Bar ပါပဲ။
Touch Bar Screen Shot ပုံလေးတွေ ကြည့်လိုက်ကြရအောင်ပါ။ (10.12.2 မှာ Command + 6 ကို နှိပ်ပြီး Touch Bar Screen Shot ဆွဲနိုင်ပါပြီ)

Dr.Zaw Zaw
Dr.Mac Computer Training center