Knowledge Sharing

Swiss နာရီအားလုံးပေါင်းရောင်းအားကို ကျော်သွားတဲ့ Apple Watch

Smart Watch

Strategy Analytic ရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားအရ Apple Watch တစ်ခုတည်း ရောင်းအားက Swiss နိုင်ငံထုတ် နာရီ Brand အားလုံးပေါင်းရောင်းအားကို ကျော်လွန်သွားပါတယ်။

Strategy Analytic ရဲ့ စာရင်းတွေအရ ဥရောပ အနောက်ပိုင်းနိုင်ငံတွေ၊ မြောက်အမေရိကနဲ့ အာရှမှာ Apple Watch ကအလွန်ရေပန်းစား လူကြိုက်များလာပါတယ်။ တစ်နှစ်ထက် တစ်နှစ်ပိုသုံးလာကြပါတယ်။ ဆွဲဆောင်မှု ရှိတဲ့ Design, App တွေ ထည့်သွင်းအသုံးပြုနိုင်မှုနဲ့ သုံးစွဲသူအတွက် လွယ်ကူအဆင်ပြေမှု စတဲ့ အချက်တွေက အဓိက ဆွဲဆောင်မှုဖြစ်ပါတယ်။

Swiss နာရီတွေအတွက်ကတော့ Analog စနစ်ကြိုက်တဲ့ သက်တမ်းရင့်C ustomer အဟောင်းတွေကြားထဲမှာတော့ လူကြိုက်များဆဲဖြစ်ပြီး လူငယ်တွေနဲ့ နည်းပညာသုံး ဝတ်ဆင်နိုင်တဲ့ ပစ္စည်း (smartwatches and computerized wristwear) တွေကြားမှာတော့ Apple Watch က ပိုလို့ လူကြိုက်များလာပါတယ်။

သက်တမ်းရှည် Swiss နာရီ Brand တွေဖြစ်တဲ့ Swatch, Tissot လိုမျိုး Company တွေ Smartwach တိုက်ပွဲမှာ ရူံးနိမ့်နေပါတယ်။ Apple Watch ကတော့ ပိုကောင်းတဲ့ Products တွေကို တစ်နှစ်ထက် တစ်နှစ်ပိုကောင်းအောင်ထုတ်လုပ်နေပြီး လူငယ် တွေနဲ့ နည်းပညာသုံးဝတ်ဆင်လို့ရတဲ့ ပစ္စည်းတွေကို စိတ်ဝင်စားသူတွေကို လက်လီ Apple Store  တွေကနေတဆင့် ကျယ်ကျယ်ပ​ြန့်ပြန့် ဖြန့်ဖြူးရောင်းချနေပါတယ်။ Swatch, Tissot, TAG Heuer စတဲ့ Barnd တွေအတွက် ကုန်ဆုံးတော့ မဲ့ အချိန်က နီးကပ်လို့လာနေပါပြီ။

Apple က ၂၀၁၇ စတုတ္ထလေးလပတ်ကတည်းက Swiss နာရီစျေးကွက်ကို ယှဉ်လာနိုင်တာပါ။ ၂၀၁၉ မှာတော့ apple အနေနဲ့ ပထမဆုံး ပိုမိုများပြားတဲ့ ရောင်းအားကို Swiss နာရီတွေထက် သာလွန်အောင် ရောင်းချနိုင်ခဲ့ပါပြီ။

၂၀၁၉ ခုနှစ် မှာ Apple Watch 30.7 million တစ်ကမ္ဘာလုံးကို ရောင်းချနိုင်ခဲ့ပြီး ဒီအရေအတွက်က ၂၀၁၈ က ရောင်းချနိုင်ခဲ့တဲ့ 22.5 million ထက် ၃၆% ပိုလာတာလဲဖြစ်ပါတယ်။

၂၀၁၉ မှာ Apple Watch အသုံးပြုသူ အများစုရဲ့ ၇၅% ဟာဆိုရင် အခုမှ စပြီး အသုံးပြုသူများဖြစ်တယ်လို့လဲ Apple က ဆိုပါတယ်။

Apple က ထုတ်လုပ်တဲ့ ဝတ်ဆင်နိုင်တဲ့ နည်းပညာပစ္စည်းရောင်းရငွေ စုစုပေါင်း ၂၀၁၉ မှာ 10Billion ဒေါ်လာဖြစ်ပါတယ်။ ဒီဝင်ငွေဟာဆိုရင် Mac တွေ ရောင်းချရငွေနဲ့ Fortune မှာ ဖော်ပြခံရတဲ့ အောင်မြင်တဲ့ ကုမ္ပဏီ ၁၅၀ ထက် လဲ ပိုမိုတဲ့ ငွေဖြစ်ပါတယ်။ ဒီရောင်းချရငွေထဲမှာ Apple Watch အပြင် Home Pod, AirPods Pro နဲ့ Beats နားကြပ်ရောင်းချရငွေတွေလဲ ပါဝင်ပါတယ်။

၂၀၁၉မှာ Apple Watch ရောင်းချရမှုနဲ့ ပတ်သက်ပြီး အတိအကျ အချက်အလက်တွေ Apple က မထုတ်ပြန်သေးပေမဲ့ ကျွမ်းကျင်တဲ့ လေ့လာသူတွေ အပြောအရကတော့ Watch ထုတ်လုပ်မှု သမိုင်းတစ်လျှောက်မှာ အမြင့်ဆုံးဝင်ငွေ ရှာဖွေပေးနိုင်တဲ့ Company အဖြစ် Apple Watch ထုတ်လုပ်သူ Apple က မှတ်တမ်းဝင်ခဲ့ပါပြီ။


Dr.Zaw Zaw (Dr.Mac)

Sources

MacRumors

Strategy Analytic

Related Posts