How to, Knowledge Sharing, macOS Knowledge

MacBook တွေမှာ Keyboard ပြဿနာရှိရင် (၄)နှစ်အထိ အခမဲ့ လဲလှယ်ပေးမဲ့ Apple

New MacBook

Apple ကနေပြီးတော့ ရာခိုင်နှုန်းအနည်းငယ်သော MacBook တွေမှာ အောက်ဖော်ပြပါ Keybord ပြဿနာများဖြစ်ပေါ်ခဲ့ပါက keyboard ကို အခမဲ့ လဲလှယ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပုံမှန် Warranty မရှိတော့တဲ့ MacBook များနဲ့ Apple Care မဝယ်ထားတဲ့ MacBook များပါ အကျုံးဝင်ပါတယ်။

  • Keyboard စာလုံးတွေ တစ်ချက်နှိပ်သော်လဲ ထပ်ခါခါစာလုံးရိုက်ထွက်နေခြင်း (သို့) မနှိပ်ဘဲလဲ စာလုံးတွေရိုက်နေခြင်း
  • Keyboard ခလုတ်ကို နှိပ်သော်လဲ စာလုံးမပေါ်ခြင်း (နှိပ်သော Key ခလုတ် အလုပ်မလုပ်တော့ခြင်း)
  • key ခလုတ်အချို့ “မာ”လာခြင်း၊ နှိပ်သော်လည်းပျော့ပြောင်းသော တုန့်ပြန်မှုမရှိတော့ခြင်း

Keyboard အခမဲ့ လဲလှယ်ပေးမဲ့ Program နဲ့ အကျုံးဝင်မဲ့ MacBook Model များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ (Butterfly mechanism သုံး MacBook Keyboard အမျိုးအစားများဖြစ်ပါတယ်။) ဖုန်တွေ သဲတွေ ဝင်အောင် စည်းကမ်းမဲ့စွာသုံးသူများ ဖြစ်တတ်ပါတယ်။

  • MacBook (Retina, 12-­inch, Early 2015)
  • MacBook (Retina, 12­-inch, Early 2016)
  • MacBook (Retina, 12-­inch, 2017)
  • MacBook Air (Retina, 13-inch, 2018)
  • MacBook Air (Retina, 13-inch, 2019)
  • MacBook Pro (13­-inch, 2016, Two Thunderbolt 3 Ports)
  • MacBook Pro (13-­inch, 2017, Two Thunderbolt 3 Ports)
  • MacBook Pro (13-inch, 2019, Two Thunderbolt 3 ports)
  • MacBook Pro (13-­inch, 2016, Four Thunderbolt 3 Ports)
  • MacBook Pro (13-­inch, 2017, Four Thunderbolt 3 Ports)
  • MacBook Pro (15-­inch, 2016)
  • MacBook Pro (15-­inch, 2017)
  • MacBook Pro (13-inch, 2018, Four Thunderbolt 3 Ports)
  • MacBook Pro (15-­inch, 2018)
  • MacBook Pro (13-inch, 2019, Four Thunderbolt 3 Ports)
  • MacBook Pro (15-­inch, 2019)

အခု Keyboard အခမဲ့ လဲလှယ်ပေးခြင်း Program မှာ အကျုံးဝင်ဖို့ မိမိရဲ့ MacBook က 3rd Party Service Centre မှာ ဖွင့်ထားခြင်း၊ ပြင်ထားခြင်း မရှိရပါ။ မိမိသဘောအလျောက် ပြင်ထားခြင်းလဲ မရှိရပါ ? (User fault မဖြစ်ရပါ)။ Apple ကပြောတဲ့ အချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ အခကြေးငွေပေးပြီး ပြင်နိုင်ပါတယ်။

ဒီလို ဖြစ်ဖို့ လဲ အသစ်ကတည်းကတစ်လက်ကိုင်ဝယ်သုံးထားတာမျိုး၊ စိတ်ချရတဲ့ Apple Products ရောင်းချတဲ့ဆိုင်မျိုး ( Dr.Mac လိုမျိုး ?) က ဝယ်ထားတယ်ဆိုရင်တော့ ကိုယ်ကလဲ ယုံကြည်မှုရှိရှိ Program မှာပါဝင်ပြီး လဲလှယ်နိုင်ပါတယ်။

MacBook

လဲလှယ်မယ်ဆိုရင်တော့

  • နီးစပ်ရာ Apple Authorized Service Provider ကိုပို့နိုင်ပါတယ်။ ကျွှန်တော်ကတော့ QCD Technology Myanmar ကို ပို့ပါတယ်။
  • နီးစပ်ရာ Authorized Apple Retail Store မှာ appointment ယူပြီး လဲ အပ်ထားလို့ရပါတယ်။
  • ကိုယ်အနားမှာ အဲ့လိုတွေမရှိသေးဘူးဆိုရင်လဲ  Apple Repair Center ကို Mail ပို့ပြီး စုံစမ်းနိုင်ပါတယ်။

ပို့မယ်ဆိုရင်တော့ မိမိ Data တွေကိုတော့  backup အရင်လုပ်ပြီးမှ ပို့ပါ။ Apple က Data Backup ကတော့ တာဝန်ယူပေးမှာ မဟုတ်လို့ဖြစ်ပါတယ်။

Butterfly mechanism keyboard

မှတ်ချက်

အခု Apple က သတ်မှတ်တဲ့ Program က ပုံမှန်ပေးထားတဲ့ Warranty ကာလကို တိုးပေးတာမဟုတ်ဘဲ Keyboard ကိစ္စတစ်ခုတည်းကိုသာ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။

မိမိအခကြေးငွေပေးပြီး ပြင်ခဲ့တဲ့ Keyboard issue ကအထက်ကပြောခဲ့တဲ့ Program နဲ့ကိုက်ညီတယ်လို့ ယုံကြည်ရင်လဲ Apple (contact Apple about a refund) ကို ဆက်သွယ်ပြီး ငွေပြန်တောင်းနိုင်ပါတယ်။

အခု Repair Program က MacBook Device Model ( MacBook 12”, MacBook Air, MacBook Pro) စတင်မိတ်ဆက်ချိန်မှ ၄ နှစ်အတွင်း အကျုံးဝင်မှာဖြစ်ပါတယ်။

မိမိ MacBook မှာ Keyboard ပြဿနာမဟုတ်ဘဲ အခြား ပျက်စီးမှု တစ်ခုခုရှိနေပြီး ဒီပြဿနာကလဲ keyboard ပြင်ဖို့ အနှောက်အယှက်ဖြစ်မဲ့ဟာမျိုးဆိုရင် ဒီပျက်စီးမှုကို အရင်ပြင်ရပါမယ်။ အချို့ ပျက်စီးမှုမှာ ပြင်ဆင်ခအတွက် ပိုက်ဆံပေးရပါမယ်။

ကျွှန်တော်သုံးခဲ့တဲ့ Butteryfly Mechanism သုံး Macbook တွေရော၊ ဆိုင်က ရောင်းချပေးလိုက်တဲ့ Customer တွေ ရော ဒီပြဿနာမရှိပါဘူး။ ဒါကလဲ ဆိုင်ကရောင်းချပေးလိုက်ကတည်းက Keyboard Protector  တွေ လက်ဆောင်ပေးလိုက်တာလဲပါပါတယ်။ Keyboard Protector က ဘယ် အမျိုးအစား Computer မဆို သုံးသင့်ပါတယ်။ ဖုန်ဝင်တာ၊ ရေမတော်တဆ ဖိတ်စင်မိတာမျိုးကို အတိုင်းအတာတစ်ခုထိကာကွယ်ပေးပါတယ်။

Dr.Zaw Zaw (Dr.Mac)

Related Posts