How to, iOS Knowledge, Knowledge Sharing, ဗဟုသုတ

iPhone Model no၊ Region, များအကြောင်း သိကောင်းစရာများ

iPhone Stock

How to Check if iPhone is New, Refurbished, or Replacement

iPhone Model no၊  Region, များအကြောင်း သိကောင်းစရာများ

 iPhone  တွေ တန်ဖိုးကြီးလွန်းတော့ အသစ်ဝယ်သူတိုင်း (အဟောင်းဝယ်သူပါ ?)  ဝယ်ယူခါနီး စာဖတ်ကြပါတယ်။ အဲ့ဒီမှာ   Information  အမှားတွေနဲ့ လျှောက်ပြီး ကောက်ချက်ဆွဲကြပါတယ်။ အဖြစ်များတာက ဘယ် Region က ပိုကောင်းတယ်ဆိုတာပါ ?။  နောက်လဲ ဆက်ဖြစ်မဲ့ Concept ဖြစ်လို့ အခု  ဆောင်းပါးလေးကို ရေးရခြင်းဖြစ်ပါတယ်။

Apple Products  များအားလုံး Design by Apple in California, Assembled in China  ဖြစ်ပါတယ်။ ဒီစာတန်းဆိုလိုတဲ့ အဓိပ္ပါယ်က Apple ပစ္စည်း Design နဲ့ နည်းပညာပိုင်းတည်ဆောက် ဆုံးဖြတ်မှုကို ရုံးချုပ်တည်ရှိရာ  US, California, Cupertino မှာ ပြုလုပ်ပြီး အတည်ပြုဆုံးဖြတ်ပါတယ်။ အတည်ပြုပြီးတဲ့ Apple Devices တွေကို တစ်ကမ္ဘာလုံးကို ဖြန့်ဖို့ အတွက် အများကြီးထုတ်ပြီးဆိုရင်တော့    တရုတ်မှာ ရှိတဲ့   Apple  စက်ရုံများမှာ ထုတ်လုပ်ပါတယ်။ ဒါကြောင့် US ရောက်လို့ ဝယ်ခဲ့လဲ Shipping ကတရုတ်က လာခဲ့တာပဲ ဖြစ်ပါတယ်။ ချွှင်းချက်အနေဖြင့် 2013 Mac Pro Desktop (MacBook Pro  မဟုတ်) ကတော့ ထုတ်လုပ်မှု အစဆုံး US မှာ လုပ်လို့  Design By Apple in California, Assembled in US ပါ။ 2019Mac Pro ကတော့ Assembled in China ပဲပြန် ဖြစ်ပါတယ်။ 

ဒါမျိုးက မလိုချင်လို့ အမေရိကန် သမ္မတ Donald Trump  ပြင်ပမှ တည်ဆောက်ထားတဲ့ US စက်ရုံတွေကို ပြည်တွင်းကို ပြန်ရွေ့ ဖို့ တွန်းအားပေးတဲ့အနေနဲ့ အခွန်တိုးကောက်မယ် ဆိုပြီး ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။

iPhone တွေကို Region ခွဲထုတ်ရခြင်းက နိုင်ငံတွေအလိုက် Culture နဲ့ နည်းပညာပိုင်းပိုမိုအဆင်ပြေအောင် ထုတ်လုပ်ခြင်းဖြစ်ပြီး ဘယ်နိုင်ငံအတွက် ပိုကောင်းအောင်ထုတ်မယ်၊ ဘယ်နိုင်ငံအတွက် Quality ပိုလျှော့အောင် လုပ်မယ်ဆိုပြီး Policy မရှိပါဘူး။ အထူးသဖြင့် Apple လို့ ကမ္ဘာ့ အဆင့် Branded နည်းပညာ Company တစ်ခုက ဒါမျိုး ပိုလုပ်လို့ မရပါဘူး။

ဥပမာ US FBI နဲ့ Apple နဲ့ iPhone Passcode Lock ဖြည်ဖို့ ဖြစ်ကြတဲ့ကိစ္စမှာ US အခြေစိုက် နည်းပညာ Company ဖြစ်ပေမဲ့ တစ်ကမ္ဘာလုံးက  iPhone User တွေ လုံခြုံရေးကိုပဲ အဓိက ထည့်သွင်းစဉ်းစားပြီး Lock ဖြည်တဲ့ ကိစ္စကို လုပ်မပေးပါဘူး။ (US အလုံးက ပိုကောင်းတယ်ဆိုတဲ့ တောသားတွေ သိဖို့ ?)

iPhone ဝယ်သူအသုံးပြုသူတွေအနေတဲ့ အသစ်ဖြစ်ဖို့နဲ့   Official Warranty ပေးနိုင်ဖို့ အဓိက သာဖြစ်ပါတယ်။

Dr.Mac မှရောင်းချပေးသော iPhone စျေးနှုန်းများကို ကြည့်ရန်

Apple ထုတ် Refurbished Products များအကြောင်း ဖတ်ရန် နှိပ်ပါ။

လက်ရှိ iPhone 11, iPad Pro, iPad 7th Gen, iPad Air 3, Mini 5 အားလုံး အသစ်ဝယ်ပြီး Activate လုပ်တာနဲ့ Warranty ကုန်ဆုံးမဲ့ ရက်ကို ပြနေပြီဖြစ်လို့ ဒီပြဿနာ ရှိတော့မှာ မဟုတ်ပါဘူး။ Refurbished အကြောင်းက ကို သက်သက် ရေးထားပြီး ဖြစ်ပါတယ်။

iPhone Model no စစ်ဆေးခြင်း

မိမိ iPhone  Model no ကို စစ်ဆေးရန်   Setting —> General—> About ကို အဆင့်ဆင့် ဝင်ရောက်ပါ။ “Model” နေရာကိုကြည့်ပါ။

“M” နဲ့ စတဲ့ Model (ဒီ Model မှာ အသစ်ကစထုတ်တာလို့ ပြောတာပါ)

“M” ဖြစ်ပါက အခုပစ္စည်းသည် Model  အသစ်ထုတ်ကတည်းက ဝယ်ထားတဲ့ ပစ္စည်းလို့ပြောတာပါ၊ (ကိုယ်ကိုင်တာ အသစ်လို့ တိုက်ရိုက်ပြောတာတော့ မဟုတ်)

 


Apple ကိုယ်တိုင်ထုတ်တဲ့ refurbished iPhone ဆိုရင် “F” နဲ့စပါမယ်။

“F” ဖြစ်ပါက Refubished ဖြစ်တယ်လို့ ပြောတာပါ။ ဒါလည်း Apple ကိုယ်တိုင်ထုတ်တဲ့ refurbished ဖြစ်လို့ သုံးစွဲသူအတွက် စျေးသက်သာပီး Warranty အတူတူပဲဖြစ်ပါတယ်။ အခု မှထွက်တဲ့ iPhone Model ဆိုရင် Refurbished မထွက်သေးကြောင်းလဲ နားလည်ပြီး ဖြစ်မယ်ထင်ပါတယ်။ လတ်တလောထွက်တာကြာပြီဖြစ်တဲ့ Xs, Xs Max Refurbished တွေကို အခု 250$ လျှော့ပြီး Apple ကထုတ်ရောင်းနေပါပြီ။

Apple ကိုယ်တိုင်ပစ္စည်းတစ်ခုခုလဲပေးထားတဲ့ iPhone

“N”  ဖြစ်ပါက ပစ္စည်းတစ်ခုခုလဲထားတဲ့ Model ဖြစ်ပါတယ်။ ဒါလဲ  Apple Authorized Service မှာ လဲ ထားတာဖြစ်မှ “N” ပြပါမယ်၊ 3rd Party မှာ လဲတာနဲ့တော့ မပြောင်းပါဘူး။ ဥပမာ- ကိုယ်က အသစ် “M” Model ကို ဝယ်ပြီးကိုင်နေတုန်း အကြောင်းတစ်ခုခုကြောင့် Factory Error တစ်ခုကြုံတယ်ဆိုပါစို့၊ Warranty ပြန်တဲ့ အချိန် Apple က Service လိုအပ်ချက်အရ ပစ္စည်း အစိတ်အပိုင်းတစ်ခု (သို့မဟုတ်) တစ်ခုလုံး အသစ်နဲ့ လဲပေးတာမျိုးကြုံထားတဲ့ အလုံး ဖြစ်ပါတယ်။ ဒါကလဲ အသစ်ဝယ်သုံးသူများ ကြုံရမှာမဟုတ်သလို 2nd ဝယ်သုံးသူများအနေ ဖြင့်လဲ Apple ဆီကို Warranty ပြန်ထားဖူးသော အလုံးဖြစ်ကြောင်း သိနိုင်ရုံသာ ဖြစ်ပြီး သုံးစွဲမှု အတွက် Quality လျှော့နေတာလို့ ဆိုလိုတာမဟုတ်ပါဘူး။ မိမိအနေနဲ့ဆိုရင် 2nd ဝယ်ကိုင်မယ်ဆိုပါက ပစ္စည်း တစ်ခုက အသစ်တစ်ခုလဲထားတဲ့ Model ဖြစ်လို့ ပိုတောင် ကြိုက်မိပါသေးတယ် ?

Laser Engraving လုပ်ထားပြီးသား Model

“P” ကတော့ Customized လို့ လဲပြောနိုင်သလို Personalized လို့လဲ ပြောနိုင်ပါတယ်။ ဆိုလိုတာက သူလဲ “M” နဲ့ အတူတူပဲဖြစ်ပြီး “M” အတိုင်းမကြိုက်လို့ ကိုယ်စိတ်ကြိုက် Apple ကိုယ့်စိတ်ကြိုက် Apple ကို မှာထားတဲ့ အလုံးလို့ ပြောတာပါ။ မိမိနာမည်ကို Body မှာ လေဆာနဲ့ engraving လုပ်ထိုးထားတဲ့ အလုံးမျိုးပါ။

iPhone Region များအကြောင်း

နောက်ပိုင်း iPhone မှာ Region  အရေးကြီးတဲ့ အချက်က မိမိဝယ်ခဲ့တဲ့ Region အလိုက် warranty ပြန်ရခြင်းဖြစ်ပါတယ်။ (LL/Aဆိုရင် တရုတ်ကို မပို့ဘဲ US ကို warranty ပြန်လိုက်ရမယ်) (3rd Party မှာ ပြင်ရင်တော့ ရတာပေါ့)  iPad, Mac, Apple Watch နဲ့ အခြား Device များလို နီးစပ်ရာ Authorized Sevice များကို ပြနိုင်ခွင့်မရှိတော့ပါဘူး။ ဒီအတွက် ရေရှည်အဆင်ပြေပြီး Warranty ပြန်ရင်လဲ အဆင်ပြေမဲ့ region များကိုသာ ရောင်းချပါတော့တယ်။ ဒီလောက်ဆိုရင် Apple iOS Device ဝယ်ရင် ဘာတွေ ကြည့်ရမယ်ဆိုတာ နားလည်ပြီထင်ပါတယ်။ 

ဒါကြောင့် လေ့လာပါ၊ ဖတ်မှတ်ပါ၊ သူများအပြောမှာ လမ်းမဆုံးပါနဲ့၊ အခု ဆောင်းပါး ရေးသူရဲ့  အပြောမှာလဲ လမ်းမဆုံးပါနဲ့ ?

စာရေးသူမကြိုက်တဲ့ iPhone Region တွေ

Personally မကြိုက်တဲ့ iPhone Region များကတော့ US နဲ့ Japan, ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ Tele. Com company တွေက Contract နဲ့ ​ရောင်းချတာ များလို့ Lock iPhone တွေ ပါလာတတ်တာကြောင့်ပါ၊ ရောင်းမှား / ဝယ်မှားမှာ Lock Phone ပါလာရင်ဘာမှ လုပ်ရမှာ မဟုတ်တာကြောင့်ပါ။

နောက်ထပ်မကြိုက်တဲ့ Region တစ်ခုက Middle East (အရှေ့ အလယ်ပိုင်းနိုင်ငံများ) အတွက်ထုတ်တဲ့ iPhone တွေပါ ။ (AB) Region အလုံးတွေမှာ Selfie Camera ပါတာဖြစ်ပေမဲ့ FaceTime Call Function မပါတာကြောင့် ဖြစ်ပါတယ်။ Facetime Call မပါတော့ Apple ရဲ့ Eco System ထဲက Continuity Features ထဲက Call on Other Device Festuresသုံးမရတော့ပါပေါ့ ?၊ ဖုန်းလာရင် Mac မှာ ကိုင်တာ iPhone ရဲ့ Camera ရိုက်ချက်ကို Mac မှာ တန်းယူတဲ့ Continuity Camera Features တွေ မရနိုင်တော့ဘူးပေါ့။
ဒီ Region တွေက ကမ္ဘာမှာ အခွန်သက်သာတဲ့ Region ဖြစ်လို့ စျေးအသက်သာဆုံးပါ။ (ဒီလောက်ဆို iPhone Region ကွာရင်စျေးကွာ ပစ္စည်းကြောင့် မဟုတ်ဘဲ Tax ကြောင့်ဆိုတာ သဘာပေါက်လောက်မယ်ထင်ပါတယ် ?)

ဒီလောက်ဆို Apple ပစ္စည်းဝယ်သုံးရင် လူပြိန်းတွေပြောတဲ့ Refur ဆိုတာကို ကြောက်ဖို့ မလိုဘဲ  Repack လို့ ခေါ်တဲ့ သုံးပြီးသားကို ပြန် ပါကင်ထုတ်ပြီး အသစ်လို လိမ်ရောင်းတာကိုပဲ ကြောက်ဖို့ လိုမယ်ဆိုတာ နားလည်လောက်ပါတယ်။

IPHONE REGION LIST AND CODE

CodeRegion
ABEgypt, Jordan, Saudi Arabia, United Arab Emirates
BIreland, UK, also used for some replacement units
BRBrazil (Assembled in Brazil)
BZBrazil (Assembled in China)
CCanada
CLCanada
CHChina
CZCzech Republic
DGermany
DNAustria, Germany, Netherlands
EMexico
EEEstonia
FBFrance, Luxembourg
FDAustria, Liechtenstein, Switzerland
GRGreece
HNIndia
IPItaly
HBIsrael
JJapan
KHKorea
KNNorway
KSFinland, Sweden
LAColombia, Ecuador, El Salvador, Guatemala, Honduras, Peru
LEArgentina
LLUSA, Canada, also used for some replacement units
LZChile, Paraguay, Uruguay
MGHungary
MOMacau, Hong Kong(?)
MYMalaysia
NFBelgium, France, Luxembourg
PLPoland
POPortugal
PPPhilippines
RORomania
RSRussia
SLSlovakia
SOSouth Africa
TItaly
TATaiwan
TUTurkey
TYItaly
VCCanada
XAustralia, New Zealand
YSpain
ZASingapore
ZPHong Kong, Macau

iPhone 11 ကို iPhone 11 Pro ထက်ရွှေးချယ်သင့်တဲ့ အကြောင်းတွေ ကို ကြည့်ရူရန်

Dr.Zaw Zaw (Dr.Mac)

Related Posts