Beautiful Camera Shots, iOS Knowledge, Knowledge Sharing

iPhone မှာ CH/A ဆိုတိုင်း မကောင်းတော့တာလား ?

❖ လက်ရှိ Apple ပစ္စည်းအားလုံး Assembled in China ဆိုတာ လူတိုင်းသိပြီသားဖြစ်ပါတယ်။ (အခုမှ Apple ပစ္စည်းကိုင်ဖူးသူဆိုရင်တော့ မပြောတတ်)

❖ ဘယ် Region မဆို Assembled in China ဆိုတာ  သုံးဖူးသူတိုင်းသိပါမယ်။ ဘူးမှာလဲ ရေးထားပါတယ်?

❖ မသမာမှု လုပ်ချင်သူက CH/A တစ်ခုထဲ ရွေးလုပ်မှာမဟုတ်ပါဘူး။ Region အားလုံးကို “repack “ ပြန်လုပ်နိုင်ပါတယ်။

 ❖ ဒီနေရာမှာ Repack နဲ့ Refur မတူပါဘူး။ Refur ဆိုတာ Apple ကိုယ်တိုင်ပြန် renew လုပ်တာတစ်ခုတည်းကိုသာ Refurbished လို့ သုံးသင့်ပါတယ်။ အဲ့လိုအလုံးများကို ဘူးမှာလဲ Refur လို့ ထင်ရှားစွာရေးထားပါတယ်။ ကျွှန်တော်တို့ အားလုံး သတိထားရမှာက Region မဟုတ်ဘဲ Repack အလုံးလို့ ခေါ်တဲ့ သုံးပြီးသား/(သို့မဟုတ်) ပြင်ထားသော အဟောင်းများကို ပါကင်ပြန်ထုတ်​ေသာiPhoneများကိုသာဖြစ်ပါတယ်။

❖ အခု နောက်ပိုင်း Apple က iPhone, iPad အားလုံး( Mac တွေကလွဲရင်) Warranty ကို Activate လုပ်တဲ့ နေ့မှ စပြပေးပါတယ်။

❖ ဆိုလိုတာက Repacking ကို ညာထည့်ပြီး ရောင်းလို့ မရတော့ပါဘူး။ Apple Server ကနေ သူပစ္စည်းကို တခါတည်းလှမ်းစစ်ဆေးပြီး Warranty ပြပေးတဲ့သဘောဖြစ်လို့ ဘယ်လောက် ဆရာကျကျ အဟောင်းကို အသစ်လို့ လိမ်ရောင်းလို့ မရတော့ပါဘူး။

❖ ဘယ် region အလုံးဖြစ်ဖြစ် activate လုပ်တဲ့နေ့မှ  warranty စပြပါတယ်။

❖ အခုပြောသလို Setting- General- About- Warranty မှ စစ်ဆေးလိုက်တာနဲ့ တခါတည်းတန်းပြနေပါမယ်။

This image has an empty alt attribute; its file name is iPhone-WARRANTY-677x1024.png
စာရေးသူကိုင်တဲ့ CH/A iPhone, Apple Watch မှာ ECG လဲရနေပါတယ်။?

ဂျင်းဆိုတာကတော့ Region တိုင်းမှ ရှိပါတယ်။

iPhone 11 Region နှင့် Model များအကြောင်းကို ကြည့်ရန်

Apple ထုတ် Refurbished Products များအကြောင်း  ဖတ်ရန် နှိပ်ပါ။

သတိထားမိလားမသိဘူး။ ပြည်တွင်းမှာ LL/A (US region) iPhone တွေ မရောင်းတော့ပါဘူး။

ဘာကြောင့် လဲ ဆိုရင် Warraty ပြန်မယ်ဆိုရင် အရင်လို Global မရတော့ဘဲ သက်ဆိုင်ရာ region အလိုက်ပဲ ပြန်ရတာကြောင့်ပါ။

ပြည်တွင်းမှာ warranty ပြန်လို့ အဆင်ပြေတာ၊ Authorized Seivce နဲ့ နီးတာက  Singapore, Hong Kong, China အလုံးတွေပါ။

(ဒီအတိုင်းဆို ZP/A, Z/A, CH/A region တွေက LL/A ထက် ကိုယ်နိုင်ငံမှာ ပိုအဆင်ပြေနေသလိုပါ?)

ရောင်းပြီး After Sale Service တာဝန်ကျေတာမကျေတာက ဝယ်ယူတဲ့ဆိုင်နဲ့ပဲ ဆိုင်ပါမယ်။

China Regionဆိုတာနဲ့ မကောင်းဘူးဆိုပြီး သိမ်းကျုံးပြောတာကတော့ တော ဆန်လွန်းပါတယ်။

ဘာကြောင့်လဲဆိုရင် အခုပြောတဲ့ regionအားလုံးလဲ Assembled in China မဟုတ်လား? ?

Region အရေးမကြီးဘူး။ Apple Official Warranty ပါဝင်ပြီး ပစ္စည်းအသစ်ဖြစ်ဖို့ပဲ လိုတာပါ။

မှတ်ချက်။ ။ ဖုန်းအဓိက ရောင်းလို့ အခု Post ကို ရေးတာမဟုတ်ပါဘူး။  Dr.​Mac မှာ Mac တွေပဲ အဓိကရောင်းပါတယ်။ iPhone ကတော့ မေးရင် ရှိအောင်ပဲ ထားပါတယ်။ eSim တွေက Singapore အလုံးတွေဖြစ်ပြီး Dual Sim တွေက China Region အလုံးတွေ ဖြစ်ပါတယ်။ (ဘာ Region လဲ မေးနေသူများအတွက်ပါ?)

Sponsor ရလို့ ကျင့်ဝတ်မရှိ information အမှားတွေ ပေးနေတာ တွေ့လာရလို့ အခု post ကို ရေးပါတယ်။ အမှန်က အခု Post ကို iPhone အဓိက မှန်မှန်ကန်ကန်ရောင်းနေတဲ့ ဆိုင်တွေက ရေးရမှာပါ။ လူများ ပြောစကားမှာလမ်းမဆုံးပါနဲ့၊ အခု post ထဲမှာလဲ လမ်းမဆုံးပါနဲ့။ ကိုယ်တိုင်လဲ လေ့လာပါ။ 

Related Posts