Apple Help အမြန်ရရယူနည်း

အချို့သော ပြဿနာများကို ဖြေရှင်းဖို့ Apple Help ကို အကူအညီတောင်းမှကို ရပါမယ်။

ပုံမှန်အားဖြင့်ကတော့ https://support.apple.com တဆင့်ဝင်ရောက်အကူအညီတောင်းခံနိုင်ပါတယ်။ သို့သော် တာဝန်ယူဖြေကြားပေးမဲ့ technician လုံလောက်မှုမရှိဘူး ဆိုပြီးချက်ချင်းအကူအညီမရဘဲ ဖြစ်တတ်ပါတယ်။

ချက်ချင်းလဲ အကူအညီလိုတယ်၊ ကိုယ့်ကိုလဲ Apple’s Service team က ဂရုစိုက်တာလိုချင်တယ်ဆိုရင်တော့ အခုပြောပြတဲ့နည်းအတိုင်း လုပ်ဆောင်ရယူပါ။

နည်းကတော့ အသုံးပြုထားတာ (၃) လအတွင်းရှိတဲ့ Mac, iPhone, iPad တစ်လုံးလုံးရဲ့ Serial No. ကို အသုံးပြုပြီး Apple က ပေးထားတဲ့ Telephone Technical Support ရက်ပေါင်း(၉၀) ထိ ရထားတာကို အမိအရ အသုံးချတာဖြစ်ပါတယ်။

Apple ID ဝင်ထားလျက်ဖြစ်နေတဲ့ ​M1 Chip MacBook Air မှာ Account Password မှန်ရဲ့သားနဲ့ Account not Active ဆိုပြီး Apple ID ပြဿမျိုးကြုံရပါတယ်။ (အချို့ ကြုံရတဲ့သူရှိရင် အခုPost လိုပဲ ဖြေရှင်းရင်ရပါတယ်။)

အခုလို Error မျိုးကတော့  Policy ကိုင်ထားတဲ့ Apple ကိုယ်တိုင်ဖြေရှင်းပေးမှ ရပါမယ်။
ပါကင်ဖောက်ထားတာ မကြာသေးတဲ့ Mac ကနေ About This Mac ကိုခေါ်ပြီး အခု အတိုင်းအဆင့်ဆင့်ဝင်ရောက်ပါ

မိမိ Serial no ကို ရိုက်ထည့်ပြီး အခု ပြထားတဲ့ Link ကို နှိပ်ပြီး Apple Support Team နဲ့ ချက်ချင်း အကူအညီ ရရယူနိုင်ပါတယ်။

ကျွှန်တော်အကူအညီတောင်းတုန်းက Junior Help Assistnace နဲ့ပဲအရင်တွေပါတယ်၊ ပြောနေရင်းနာရီဝက်လောက်ကြာတော့ သူလုပ်မပေးနိုင်တဲ့ ကိစ္စထိဖြစ်နေသေးလို့ Senoir ကို ထပ်ချိတ်ပေးပါတယ်။ ၂၀ မိနစ်လောက်တော့ စောင့်ရပါတယ်။ ၁၀ မိနစ်လောက်အတွင်း Account ပြန်ရသွားပါတယ်။

အခုနည်းကို မသိရင် ဝင်ထားတဲ့ Apple ID ကြီးနဲ့ ကိုယ်လဲ ဘာမှ မလုပ်ရသေးဘဲ ရွာလည်သွားနိုင်ပါတယ်။

အားလုံးပဲ Apple Help အကူအညီနဲ့ ဖြေရှင်းမှ ပြေလည်မှပြဿနာများကို အခုနည်းအတိုင်း အမြန်ဆုံး ရရယူဖြေရှင်းနိုင်ပါတယ်။

Dr.Zaw Zaw(Dr.Mac)

Apple Certified iOS & Mac Technician

—————————-

Dr.Mac Address

http://bit.ly/2FW80h7

https://apple.co/3gxHWJw

—————————-

Ph- 09798666614, 09963666614

Viber- 09798666614

Facebook Page- Dr.Mac

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————-

Like this article?

Share on facebook
Share on Facebook
Share on twitter
Share on Twitter
Share on linkedin
Share on Linkdin
Share on pinterest
Share on Pinterest

Leave a comment

Related

Mac အတွက် VPN

လောလောဆယ် VPN တွေ အများကြီးရှိတဲ့အထဲက ကိုယ်တိုင်လဲ စမ်းသုံးပြီး ပိုက်ဆံလဲ ပေးစရာမလိုတဲ့ vpn app တစ်ခုအကြောင်း ပြောပြသွားပါမယ်။ Mac App Store ကနေပဲ Apple ID သုံးပြီး ဆွဲလိုက်ပါ။ Hotspot shield VPN ကို ပဲ

Read More »
AirPods Max

AirPods Max အကြောင်း

🔘Design Design ကတော့ Apple ဆိုတဲ့အတိုင်း ကြည့်တာနဲ့သေလောက်အောင်မိုက်ပြီးသားပါ။ ခေါင်းအရွယ်မျိုုးစုံနဲ့ အဆင်ပြေအောင် Sun Shade (canopy) လိုမျိုးပြုလုပ်ထားပေးပြီး နားထောင်တဲ့အချိန် ခေါင်းမှာ ချိတ်တဲ့  weight ကို သက်သောင့် သက်သာဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။ Stainless Steel Frame နဲ့ တွယ်ဆက်ထားပြီး Frame ကို

Read More »

MagSafe Charger အကြောင်း သိထားသင့်သမျှ

iPhone 12 နဲ့အတူ မိတ်ဆက်လိုက်တဲ့ Apple ရဲ့ MagSafe Charger က Apple Eco System မှာ လိုက်လျှောညီထွေဖြစ်အောင် ပြုလုပ်ပေးလိုက်တဲ့ Gadget တစ်ခုဖြစ်ပါတယ်။ Air Charger ဆိုပြီး Apple မှ မိတ်ဆက်သွားပြီး မထုတ်လုပ်ဖြစ်တဲ့ ကြိုးမဲ့နည်းပညာအစား

Read More »