အချို့သော ပြဿနာများကို ဖြေရှင်းဖို့ Apple Help ကို အကူအညီတောင်းမှကို ရပါမယ်။
ပုံမှန်အားဖြင့်ကတော့ https://support.apple.com တဆင့်ဝင်ရောက်အကူအညီတောင်းခံနိုင်ပါတယ်။ သို့သော် တာဝန်ယူဖြေကြားပေးမဲ့ technician လုံလောက်မှုမရှိဘူး ဆိုပြီးချက်ချင်းအကူအညီမရဘဲ ဖြစ်တတ်ပါတယ်။
ချက်ချင်းလဲ အကူအညီလိုတယ်၊ ကိုယ့်ကိုလဲ Apple’s Service team က ဂရုစိုက်တာလိုချင်တယ်ဆိုရင်တော့ အခုပြောပြတဲ့နည်းအတိုင်း လုပ်ဆောင်ရယူပါ။
နည်းကတော့ အသုံးပြုထားတာ (၃) လအတွင်းရှိတဲ့ Mac, iPhone, iPad တစ်လုံးလုံးရဲ့ Serial No. ကို အသုံးပြုပြီး Apple က ပေးထားတဲ့ Telephone Technical Support ရက်ပေါင်း(၉၀) ထိ ရထားတာကို အမိအရ အသုံးချတာဖြစ်ပါတယ်။
Apple ID ဝင်ထားလျက်ဖြစ်နေတဲ့ M1 Chip MacBook Air မှာ Account Password မှန်ရဲ့သားနဲ့ Account not Active ဆိုပြီး Apple ID ပြဿမျိုးကြုံရပါတယ်။ (အချို့ ကြုံရတဲ့သူရှိရင် အခုPost လိုပဲ ဖြေရှင်းရင်ရပါတယ်။)
မိမိ Serial no ကို ရိုက်ထည့်ပြီး အခု ပြထားတဲ့ Link ကို နှိပ်ပြီး Apple Support Team နဲ့ ချက်ချင်း အကူအညီ ရရယူနိုင်ပါတယ်။
ကျွှန်တော်အကူအညီတောင်းတုန်းက Junior Help Assistnace နဲ့ပဲအရင်တွေပါတယ်၊ ပြောနေရင်းနာရီဝက်လောက်ကြာတော့ သူလုပ်မပေးနိုင်တဲ့ ကိစ္စထိဖြစ်နေသေးလို့ Senoir ကို ထပ်ချိတ်ပေးပါတယ်။ ၂၀ မိနစ်လောက်တော့ စောင့်ရပါတယ်။ ၁၀ မိနစ်လောက်အတွင်း Account ပြန်ရသွားပါတယ်။
အခုနည်းကို မသိရင် ဝင်ထားတဲ့ Apple ID ကြီးနဲ့ ကိုယ်လဲ ဘာမှ မလုပ်ရသေးဘဲ ရွာလည်သွားနိုင်ပါတယ်။
အားလုံးပဲ Apple Help အကူအညီနဲ့ ဖြေရှင်းမှ ပြေလည်မှပြဿနာများကို အခုနည်းအတိုင်း အမြန်ဆုံး ရရယူဖြေရှင်းနိုင်ပါတယ်။
Dr.Zaw Zaw(Dr.Mac)
Apple Certified iOS & Mac Technician
—————————-
Dr.Mac Address
—————————-
Ph- 09798666614, 09963666614
Viber- 09798666614
Facebook Page- Dr.Mac
—————————-
Youtube Subscriptions ပြုလုပ်ထားပေးပါ။
—————————-