Beautiful Camera Shots, Drone နည်းပညာ, iOS Knowledge

Apple Watch Series 6 (2020) အကြောင်း သိထားသင့်သမျှ

Apple က September/2020 Event မှာ မိတ်ဆက်သွားတဲ့ Apple Watch Series 6 အကြောင်းကို ပြောပြချင်ပါတယ်။ Apple Watch အကြောင်းကတော့ အရင်ကတည်းက အစဉ်တစိုက် ရေးထားပေးခဲ့ပါတယ်။ Smart Watch အားလုံးမှာ No.(1) ဖြစ်သလို နာရီ ထုတ်လုပ်မှုမှာ ဆရာ ကျတဲ့ Swiss နာရီတွေ အားလုံးပေါင်း ရောင်းအားထက်ကို Apple Watch ရောင်းအားက ကျော်လွန်သွားခဲ့ပြီးလဲ ဖြစ်ပါတယ်။

Apple Watch Series 6 Unboxing and Hand On Review

Design and Body

ပုံမှန်အားဖြင့်တော့ Apple Watch ကပ်ရပ် Model တွေက သိပ်ကွာလေ့မရှိလို့ စာရေးသူကတော့ သိပ်မကွာရင် ပြောင်းပတ်လေ့ မရှိပါဘူး ( လက်ရှိ Seires 4 ပတ်ထားပါတယ်) အကြီးအကျယ်ပြောင်းမှပဲ Model တစ်ခုကို Upgrade လုပ် ပတ်လေ့ရှိပါတယ်။ Apple Watch Series 6 ရော Apple Watch SE ရောရဲ့ အိုး Design ကတော့ Series 4 အတိုင်းဖြစ်ပါတယ်။ 44mm နဲ့ 40mm ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်မှာ ရှိပြီးသား Watch Band တွေကို ဘယ် Series ကိုပတ်ထားသည်ဖြစ်စေ အသုံးပြုနိုင်ပါအုံးမယ်။

သို့သော်Series 6 မှာ Series 4,5 မတူတာကတော့ Blood Oxygen Saturation (SPO2) တိုင်းနိုင်တဲ့ Sensor ထပ်တိုးလာတာဖြစ်ပါတယ် ( ဒီအတွက် Series 6 ကို ပြောင်းပတ်ပါမယ်၊ Hand On Review လဲ ထပ်လုပ်ပေးပါ့မယ်)။

Optical Hear Rate Sensor ကတော့ series 4 တုန်းကအတိုင်း 2nd Gen Optical Heart rate sensor ကို ဆက်သုံးပေမဲ့ SPO2 တိုင်းတဲ့ Sensor ကြောင့် Design ပြောင်းသွားပါတယ်။

လုပ်တဲ့ Material တွေကတော့ အရင်အတိုင်းပဲ Aluminum, Steel, Titanium တွေလုပ်​ပြီး Series 5 ထိရှိခဲ့တဲ့ Ceramic Version ကို ဆက်မထုတ်တော့ပါဘူး။

Apple Watch SE

Apple Watch Budget version ဖြစ်တဲ့ Apple Watch SE ကို လဲ Apple က မိတ်ဆက်သွားပါတယ်၊ Apple Watch SE က အပြင်ပုံစံက Series 6 နဲ တူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် Apple က ဆက်ထုတ်ထားတဲ့ Series 3 အစား နည်းပညာပိုမြင့်ပြီး စျေးနှုန်း သိပ်မကွာတဲ့ SE (80$ ပဲ ကွာ) တွေက ရွေးချယ်စရာ ဖြစ်လာမှာပါ။

Apple Watch Series 6 နဲ့ ယှဉ်မယ်ဆိုရင်တော့

  • ECG Sensor
  • Blood Oxygen Sensor
  • Always on Retina display (အမြဲတမ်းဖွင့်မနေတဲ့ Retina displayက SE မှာတပ်ထားပါတယ်၊ ရုပ်ထွက် အတူတူပဲ ဖြစ်ပါတယ် )
  • Always-on altimeter ( တောင်တက်သမားတွေ တောင်တက်နေချိန် ရောက်ရှိတဲ့ အမြင့်ပေကို အချိန်နဲ့ တပြေးညီ ပြပေးတယ်)
  • Color တွေအနေနဲ့ကတော့ Red, Blue Color တွေကတော့ Series 6 မှာပ​ဲ​ ရနိုင်မှာဖြစ်ပါတယ်။

ဒီအချက်တွေလောက်ပ​ဲ Series 6 ကသာပါမယ်၊ ဒီသာတဲ့အချက်တွေက မိမိအတွက် အသုံးဝင်တယ်ဆိုရင် Series 6 ကို ရွေးပါ၊ သိပ်အသုံးမဝင်ဘူးလို့ ယူဆရင်တော့ Watch SE ကို ရွေးပါ။

Blood O₂

SPO₂ Sensor, Optical Heart Rate Sensor

Watch Series 6 မှာ ပတ်တဲ့သူရဲ့ သွေးထဲက Oxygen % ကို တိုင်းတာပေးနိုင်မဲ့ Pulse Oximeter Function စတင်ပါဝင်လာပါပြီ၊ ပုံမှန် ကျန်းမာတဲ့ သူတစ်ယောက်အတွက် အခု FUnction ရော Watch ECG Function ရောက မလိုအပ်ပေမဲ့ အခု လို Covid ကာလမှာ အဆုတ် (Lungs) ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ကျန်းမာရေးကို သွယ်ဝိုက်ဖော်ပြပေးတာ ဖြစ်လို့ စမ်းသပ်လိုတဲ့ သူတွေအတွက် အသုံးဝင်မှာပါ၊ Pulse Oximter အမြဲတမ်းတပ်ပြီး ကြည့်နေသင့်တဲ့သူတွေကတော့ အမောဖောက်နေတဲ့သူတွေ၊ Oxygen ရူနေရသူတွေနဲ့ အဆုတ်ရောဂါ တစ်ခုခု (ဥပမာ ပန်းနာရင်ကျပ် Asthma) လူနာတွေပါ၊ ကျန်းမာနေတဲ့သူအတွက်ကတော့ နည်းပညာ အသစ်တစ်ခု စမ်းသပ်ဖို့ကြည့်ရူဖို့ ထက် ပို အသုံးမဝင်ပါဘူး။ Apple Watch ရဲ့ ဒီ Function ကိုလဲ Apple က Medical Device တစ်ခုလို မသုံးဖို့ တားမြစ်ထားပါတယ်၊ ကျွှန်တော်တို့လို့ စမ်းသပ်ကြည့်ချင်သူတွေကတော့ ဆေးရုံသုံး Oximeter နဲ့ Result ဘယ်လောက်ကွဲသလဲ ယှဉ်ပြပေးပါ့မယ်။ SPO₂ ရဲ့ Normal Range က 94-100% ဖြစ်ပါတယ်၊ 90% အောက်ရောက်ရင်တော့ O₂ ပေးထားဖို့ လိုအပ်ပါတယ်။

ပုံမှန်အားဖြင့် ဆေးရုံရောက်မှ တိုင်းနိုင်မဲ့ ပစ္စည်းတစ်ခုကို ကိုယ်နေ့စဉ်ပတ်နေတဲ့ နာရီမှာ အလွယ်တကူ စမ်းကြည့်နိုင်မယ်ဆိုတာကတော့ ရင်ခုန်စရာပါ။ (Result ကြီးကို ကြည့်ပြီး Medical Device တစ်ခု လို Action ယူရမယ်လို့ မပြောထားတာကတော့ ချွှင်းချက်ပါ။)

အဆုတ်/နှလုံးနဲ့ ပတ်သက်တဲ့ နာတာရှည်လူနာတွေအတွက်တော့ အိမ်မှာနေရင်း Monitoring လုပ်စရာ ပစ္စည်း တစ်ခု လို ဖြစ်လာမှာပါ။

ECG

Series 4 ကတည်းက ECG Sensor ပါလာပေမဲ့ နိုင်ငံတွေရဲ့ FDA Law အရ ခွင့်ပြုချက် ရတဲ့ Regionအလိုက် ECG Function ကို တဖြည်းဖြည်းချင်း ဖွင့်ပေးနေပါတယ်။ အာရှနိုင်ငံတွေထဲမှာတော့ ဘာရိန်း၊ အိန္ဒိယ၊ ကူဝိတ်၊ ဟောင်ကောင်၊ အိုမန်၊ ကာတာ၊ ဆော်ဒီ၊ စင်္ကာပူနိုင်ငံတွေ (Middel east နိုင်ငံတွေနဲ့ Peace ဖြစ်ပုံရတယ် ?) ပဲ ရပါသေးတယ်။ UK မှာတော့ FDA Approved ရဖို့ (၂) နှစ်လောက်ကြာနိုင်သေးတယ် လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးမှာ  Watch ECG Funcition ခွင့်ပြုပေးတဲ့ နေရာပေါင်း (၄၅) နေရာပဲ ရှိပါသေးတယ်၊

Dr.Mac မှာ ဝယ်ယူရင်တော့ FDA စောင့်စရာမလိုဘဲ အသုံးပြုလို့ ရအောင် ပြုလုပ်ပေးပါတယ်။ (Hack လုပ်စရာမလိုပါ ?)

2018 တုန်းက ECG စမ်းခဲ့တုန်းက

ECG ကလဲ ဆေးရုံတွေမှာ သုံးတဲ့ 12 Leads ECG ထဲက Lead 1 နဲ့ တူပြီးတော့ အခြား နှလုံးရောဂါတွေကိုတော့ သိနိုင်မှာမဟုတ်ဘဲ နှလုံးခုန်နှုန်း စည်းချက်မမှန်တဲ့ ရောဂါ (Arath) နဲ့ နှလုံးတုန်တဲ့ ရေဂါလောက်ပဲ သိနိုင်မှာပါ၊ ဒါကလဲ စောစောသိနိုင်အောင်လုပ်ပေးတာသာဖြစ်ပါတယ်၊ ရောဂါကို အတည်ပြုဖို့ကတော့ ဆေးရုံကိုသွားပြီး ကျွှမ်းကျင်အထူးကု ဆရာဝန်နဲ့ ပြသပြီးထပ်မံလိုအပ်တဲ့ စမ်းသပ်ချက်များပြုလုပ်ပြီးမှ ရောဂါကို အတည်ပြုသတ်မှတ်ရမှာ ဖြစ်ပါတယ်။

Sleep Tracker (Series 4 ကနေနောက်ပိုင်း Watch OS 7တင်ထားမယ်ဆိုရင် တိုင်းလို့ရပါတယ်)

ကျွှန်တော်စမ်းသပ်ထားတဲ့ Sleep Tracker Record တွေ၊ Health app ထဲမှာ ပြန်ကြည့်ရမှာဖြစ်ပါတယ်။

Watch မှ​ာ အရင် 3rd Party Sleep Tracker App တွေကို ကျွှန်တော် ဝယ်ပြီး အသုံးပြုခဲ့ဖူးပါတယ်။ အခု လို Build in လုပ်ပေးလိုက်တော့ ပိုက်ဆံလဲ မကုန်တော့သလို ပိုလဲကောင်းပါတယ်။ Sleep Tracker ရဲ့လုပ်ဆောင်ချက်ကတော့ မိမိ အိပ်စက်အနားယူမှုအခြေအနေကို တိုင်းတာပေးမှာဖြစ်ပါတယ်။ အိပ်ယာပေါ်ရောက်နေတိုင်း အိပ်မစက်တာ မဟုတ်တဲ့ အတွက် ကိုယ်ရဲ့ အိပ်စက်မှုက လုံလောက်ရဲ့လားဆိုတာ့ Watch ကနေ တိုင်းတာ ကြည့်ရူပေးမှာဖြစ်ပါတယ်။

Watch မှာ တပ်ဆင်ထားတဲ့ Heart Rate Sensor က အိပ်မောကျတာနဲ့ နှလုံးခုန်းနှုန်းကျဆင်းသွားတာကို တိုင်းတာသိရှိပါတယ်၊ Accelometer, Gyro Sensor တွေက ပတ်တဲ့ သူ အိပ်ပျော်သွားတဲ့အချိန်ကနေ နိုးထတဲ့အချိန်ကို သိရှိတိုင်းတာပေးပါတယ်။ အိပ်စက်အနားယူချင် ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ကောင်းမွန်စွာ မအိပ်စက်တာ၊ အိပ်ချိန်လုံလောက်မှု မရှိတာတွေက ရောဂါတော်တော်များများနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာသိရှိပြီးဖြစ်ကြပါတယ်။ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကောင်းမွန်စေတာ၊ ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေတာ၊ အချို့သော ဟော်မုန်း Function တွေရဲ့ လုပ်ဆောင်မှု ကောင်းမွန်စေတာတွေက ကောင်းမွန်စွာ အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးများဖြစ်ပါတယ်။

အိပ်စက်ချိန် ဘယ်လောက်လိုအပ်လဲ?

  • အရွယ်ရောက်ပြီး သူအတွက်ကတော့ ၇-၈ နာရီထိလိုအပ်ပါတယ်။
  • ကလေးငယ်တွေကတော့ ၉-၁၂ နာရီလိုအပ်ပါတယ်။
  • မွေးကင်းစ ကလေးတွေကတော့ ၁၂-၁၅ နာရီလိုအပ်ပါတယ်။

ဘယ်လိုတိုင်းတာမလဲ?

Apple Watch Series 6 ထိ Battery က 18 Hours ထိပဲ ခံပါတယ်။ ဒါကြောင့် Sleep Track (အိပ်စက်တာကိုတိုင်းတာခြင်း) လုပ်မဲ့နေ့မှာ အိပ်ခါနီးပတ်အိပ်မယ်ဆို Battry 30% က​ျော်အနည်းဆုံးရှိရပါမယ်။ အိပ်ရာမဝင်ခင် သွားတိုက်၊ မျက်နှာသစ်ခါနီး အားသွင်းထားလဲ ရပါတယ်။ Bed Time Mode မှာ Screen ပါပိတ်ထားပြီး Tap လုပ်မှ အလင်းထွက်တာဖြစ်လို့ တစ်ညလုံးပတ်ထားမယ်ဆိုရင် ၁၅-၃၀% လောက်ပဲ ကုန်မှာဖြစ်ပါတယ်။ တစ်နေ့လုံးပြန်ပတ်ဖို့ ကတော့ မနက်ပိုင်း သွားတိုက်ပြီး အစာစားချိန်မှာ အားသွင်းထားမယ်ဆို လုံလောက်ပါတယ်။ ပြီးတော့ မိမိလိုချင်တဲ့ Sleep Data တွေ ရပြီးဆိုတာနဲ့ ညတိုင်း ပတ်နေဖို့လဲ မလိုတော့ဖူးပေါ့။

Always-on Altimeter

Hiking ပြုလုပ်နေကျသူတွေအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ မိမိရောက်ရှိတက်ရောက်နေတဲ့ အမြင့်ပေကို Apple Watch Screen မှာ Real Time ပြပေးနေမှာဖြစ်ပါတယ်။

ပိုကောင်းလာတဲ့ Always-on Retina Display

Series 5 မှာ ကတည်းက Screen အမြဲတမ်းဖွင့်ပေးပါတယ်။ သို့သော် ပတ်ထားတဲ့ လက်ကို မြှောက်လိုက်မှ/Screen Tap လုပ်လိုက်မှ ပိုလင်းလာပါတယ်။ အပြင်အလင်းရောင်များတဲ့ အခြေအနေမျိုးမှာတော့ အခု Series 6 ကို လက်ကိုမမြောက်သော်လဲ ပိုမိုတောက်ပတဲ့ Always-on Retina Display ဖြစ်လို့ မြင်နိုင်ပါပြီ။

Screen အမြဲတမ်းပွင့်နေလို့ ဝင်လဲ တဲ့ Informationတွေကို အမြဲကြည့်နိုင်ပါပြီ။ ( iPhone မှာတော့ Screen အမြဲမပွင့်နိုင်သေးတော့ ?)

Series 6 နဲ့ အတူ မိတ်ဆက်လိုက်တဲ့ ကြက်ပေါင်ကွင်းလို့ ချုံချဲ့လုပ်ပြီး ဝတ်နိုင်တဲ့ Solo Loop Band

New Apple Watch Faces

Watch Series 6 က WatchOS 7 နဲ့ အတူလာမှာဖြစ်ပြီး Watch Faces အသစ်တွေ ပိုတိုးပါလာပါတယ်။ WatchOS 7 တင်ထားတဲ့ အခြား Apple Watch Series တွေလဲ အခု Faces  တွေကို အသုံးပြုနိုင်ပါတယ်။

Fitness+

ဒါကတော့ Apple ရဲ့ Online ဝန်ဆောင်မှုတွေထဲ Gym သွားသကဲ့သို့ လေ့ကျင့်ခန်းတွေကို Online ကနေ ကြည့်ရူလုပ်ဆောင်နိုင်မဲ့ Function ဖြစ်ပါတယ်။ Apple Watch ကို ပတ်ထားရင်း iPhone, iPad, TV ကနေ Apple Fitness trainers ရဲ့ ညွှန်ကြားပြသချက်တွေအတိုင်း လေ့ကျင့်ခန်းတွေ လုပ်ဆောင်နိုင်ပါပြီ၊  Apple Watch, Interent Access, iPhone သာရှိပြီဆိုရင် Gym ခန်းက ကိုယ်သွားလေရာ အိတ်ကပ်ထဲမှာ ထည့်သယ်သွားသလို ဖြစ်နေမှာပါ။ ​

လေ့ကျင့်ခန်း လုပ်ဆောင်နေရင် Motivation ရအောင် နားထောင်ရမဲ့ Music တွေကိုလဲ ဒီ Fitness trainers တွေကပဲ Specialized လုပ်ရွေးချယ်ပေးပါမယ်။ Music ကEditors တွေနဲ့ အတူအလုပ်လုပ်ဆောင်ရင်း Workout လုပ်ရင် ဘယ် Music တွေက ပိုကောင်းလဲဆိုတာကို Play List လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

(လုပ်ကွက်တွေကတော့  Eco System ထဲက ဘယ်လိုမှ ထွက်မပြေးနိုင်အောင် ပြင်ထားပါတယ် ?)

ဒီ Fitness + က ဒီနှစ်ကုန်မှာ စတင်နိုင်မယ်လို့ Apple က မိတ်ဆက်ထားပါတယ်။ စစချင်း (၃) လကို Free, လစဉ်ကြေးက 9.99$/Mo, တခါတည်း နှစ်စဉ်ကြေးနဲ့ ကစားမယ်ဆိုရင်တော့ 79.99$/yr (40$ သက်သာပါမယ်)

Family Setup

ဒီအကြောင်းကတော့ အသေးစိတ် စမ်းသပ်ပြီးမှ ထပ်ရေးပေးပါ့မယ်။ အဓိက ရည်ရွယ်တာကတော့ ဖုန်းမကိုင်သင့်သေးတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေကို ရည်ရွယ်ပါတယ်။ iPhone မရှိသော်လဲ မိမိ ရဲ့ iPhone ကနေ Apple Watch ကို Setup လုပ်ပြီး မိသားစုဝင်တွေကို Watch ပတ်စေတာပါ။ ပတ်ထားတဲ့သူရဲ့ တည်နေရာ ၊ သူကို ဆက်သွယ်တာတွေ လုပ်နိုင်မှာပါ၊ အချို့ Function တွေကတော့ Celluar Version ကိုပတ်ပြီး အဲ့ဒီ Function ရတဲ့ နိုင်ငံတွေမှာမှ အဆင်ပြေပါအုံးမယ်။

လေးစားစွာဖြင့်

Dr.Zaw Zaw

Apple Certified iOS Technician

Dr.Mac