Reviews

GoPro Hero Cameraအကြောင်း

Action Camera ထုတ်လုပ်မှု သမိုင်းမှာ အစဉ်အလာ အရှိဆုံး GoPro ကနေ သူ့ရဲ့ ၉ ခုမြောက် Camera GoPro Hero 9 ကို ထုတ်လုပ်လိုက်ပါတယ်။

Action Camera ထုတ်လုပ်ခဲ့တဲ့ (၁၅) နှစ်ကျော်အတွင်းက အတွေ့အကြုံတွေ အခြေခံပြီး ကောင်းသထက် ကောင်းအောင် တည်ဆောက်လာတဲ့ Brand လဲ ဖြစ်လို့ Action Camera လိုင်းမှာတော့ Industry Leading Company တစ်ခု လို့ ပြောလို့ ရပါတယ်။

GoPro လို Action Camera မျိုး နောက်ပိုင်းလိုက်ထုတ်လာတဲ့ Camera တွေကတော့ DJI Osmo Action Camera တွေနဲ့ Insta360 Camera တွေဖြစ်ပါတယ်။

အခု Hero 9 ကတော့ ပြိုင်ဘက်တွေကို အပြတ်အသတ်ကျော်တက်ဖို့ ထုတ်လိုက်တဲ့ Camera လား ? ဆက်လက်ဖတ်ရူပေးပါ။

Design & Body

Design ရော Mount လုပ်တဲ့အပိုင်းရောက Hero 8 အတိုင်းဖြစ်ပါတယ်။ ကွာခြားတာက Hero 8 ထက် သိသိသာသာ ပိုကြီးသွားတဲ့ Body ဖြစ်ပါတယ်။ (ပိုထူ၊ ပိုမြင့်၊ ပိုကျယ်သွား)

ပိုကြာတဲ့ အသုံးပြုချိန် (30% more Longer) အတွက် ပိုကြီးတဲ့ Battery, ပိုကောင်းလာတဲ့ Video, Photo Resolution တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

Mount လုပ်တဲ့ နေရာကတော့ Body မှ​ာ တခါတည်းတွဲထားလို့ Hero 7 ထိ ထုတ်ခဲ့သလိုမျိုး Case တွေမလို အပ်တော့ပါဘူး။

Horizontal Level Features

Hero 9 ရဲ့ Featuresတွေထဲကမှ အခု Festures  ကတော့ ပထမဆုံး ပါလာတာဖြစ်သလို Game Changer ဖြစ်တယ်လို့ ပြောလို့ ရတဲ့ Features ဖြစ်လို့ အရင်ဆုံးတင်ရေးလိုက်ပါတယ်။ အခြား Features တွေလို မကြားဖူးသေးတဲ့ Features  လဲဖြစ်ပါတယ်။

လုပ်ဆောင်ချက်ကတော့ Camera ကို ဘယ်လိုဘဲ လှည့်သည်ဖြစ်စေ မြင်ကွင်းကို ရေပြင်ညီ မျဉ်းအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။ စမ်းသပ်ပြထားတဲ့ Video လေးကို အောက်မှာ ကြည့်ပါ။

Stabilization ကတော့ Hero 7 ထက်ပိုကောင်းပြီး Hero 8 နဲ့ ယှဉ်မယ်ဆိုရင်တော့ သိပ်မသာပါဘူး။ Hypersmooth 3.0 ကို Horizontal Level Features နဲ့ ပေါင်းသုံးမယ်ဆိုရင်တော့ GoPro Hero 8 ထက် ပိုသာတယ်လို့ ပြောနိုင်ပါတယ်။ ReelSteady Gyro Stibilization မှာပါတဲ့ Lock Horizontal လုပ်တာနဲ့ တူပါတယ်။ ReelSteady ကိုလဲ GoPro က ပြန်ဝယ်လိုက်ပြီဆိုတော့ ဒါတွေပါလာတာလဲ ဖြစ်နိုင်ပါတယ်။

GoPro Hero 9 Black

Color Dual Screen

GoPro Hero 9 Black review.

Hero 8 ရှိ ရှေ့ဘက်မှာ အဖြူ/အမည်း Display ပဲ ပါတာကကနေ DJI Osmo action လိုပဲ 1.4” အရွယ်ရှိ Color Display ပါဝင်လာပါတယ်။ သူကတော့ touch screen မဟုတ်ပါဘူး။ အနောက်ဘက်က Touch Screen ကတော့ ခါတိုင်း GoPro Series တွေထက် ပိုကြီးလာပြီး Hero 8 Screen ထက် 5-6mm ပိုကျယ်လာပါတယ်။

Removable Lens Cups and Max Lens Mod

Hero 8 မှာပဲ Lens Cover ကို အသေတပ်ခဲ့တာကနေ Hero 9 မှာတော့ အရင် model တွေလိုပဲ ပြန်ဖြုတ်လို့ ရပါပြီ။ ( ကျွှန်တော့်လို ND Filter တပ်တဲ့သူ​တွေက အဲ့လိုဖြုတ်လို့ရတာ ပိုကြိုက်ပါတယ်)

ဖြုတ်လို့ရတဲ့ Lens Cup နေရာမှာ GoPro 9 အတွက်ထုတ်ထားတဲ့ Max Lens Mod ကို တပ်သုံးမယ်ဆိုရင် 155˚ ထိကျယ်တဲ့ မြင်ကွင်းကို ရရှိနိင်ပါတယ်။

ဒီ Max Lens Mod က တော့ အသုံးပြုချင်တယ်ဆိုရင် 99$ နဲ့ ထပ်မံ ဝယ်ယူရမှာဖြစ်ပါတယ်။ဒီ Lens နဲ့ Max Hypersmooth ဖွင့်ပြီး ရိုက်မယ်ဆိုရင်တော့ video ကို 5k မရဘဲ 2.7k 60fps နဲ့ ရိုက်ရမှာ ဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ field of view က 180˚နီးပါး ရလို့ Social Media ပေါ်မှာတင်မယ်ဆိုရင် မသိတဲ့သူက 360 Camera တစ်ခုခုနဲ့ ရိုက်သလို ထင်မှတ်မှားစေနိုင်ပါတယ်။

Horizontal Lock Mode ကို Max Lens Mod တပ်ရိုက်မယ်ဆိုရင် Camera ကို 360˚  ထိ လှည့်နေလဲ မြင်ကွင်းမှာ Horizontal လိုပဲ မြင်နိုင်ပါတယ်။

GoPro ရဲ့ Hyperlapse Video Features တစ်ခုဖြစ်တဲ့ Timewarp အခု Lens Mod နဲ့ ရိုက်မယ်ဆိုရင် အငြိမ်ဆုံး၊ အကောင်းဆုံး Timewrap ကို ရမယ်လို့ ပြောပါတယ်။ အခု Lens တပ်မယ်ဆိုရင်တော့ ရေအောက် အနက် ၅ မီတာ ( ၁၆ ပေ) အနက်ထိပဲ ရေစိမ်ခံပါမယ်။ မူရင်း Lens Cup နဲ့ ဆိုရင်တော့ ၁၀ မီတာ ( ၃၃ပေ) အထိ ရေစိမ်ပြီး ရိုက်လို့ ရပါမယ်။

Video, Photo Quality

Hero 9 မှ​ာ 5k 30fps စရိုက်လို့ ရပါပြီ၊ Hero 5 နေ 8 ထိက 4k ပဲ ရိုက်လို့ရပြီး 7 ကစပြီး 4k 60fps ထိရိုက်လို့ ရခဲ့တာပါ။ Photo အနေနဲ့ 23.6MP resolution အဆင့်ရှိ ဓါတ်ပုံကို ပထမဆုံး စတင် ရိုက်ကူးနိုင်ပါတယ်။ (Hero 3 ကနေ 8 ထိက 12MP ဓါတ်ပုံ resolution ရခဲ့တာပါ)

သို့သော် ဒီနေရာမှာ Camera Company တွေက Resolution ကို အဓိကထားကြော်ငြာကြပေမဲ့ Resolution ကောင်းတိုင်း ပုံရုပ်ထွက် Quality ကောင်းတယ်လို့ မမှတ်ယူစေလိုပါဘူး။ ပုံQuality ကောင်းဖို့ ဆိုရင် အဲ့ဒီ Camera ရဲ့ Lens ကောင်းဖို့ လိုပါတယ်။ ပုံရိုက်လက်ခံတဲ့ Image Sensor Size အရွယ်ကောင်းဖို့ /ကြီးဖို့ လိုပါတယ်။ (ဒါကြောင့် Sensor Sizeကြီးတဲ့ Full Frame Camera တွေ စျေးပိုကြီးပါတယ်)။ နောက်တော်တော်များများ မပြောကြဘဲ မေ့နေကြတဲ့ Image Processing ကောင်းဖို့ လိုပါတယ်။ Image Processor ကောင်းမယ်ဆိုရင်လဲ ပုံ QUality ကောင်းပါတယ်။ ဒီအချက်တွေအားလုံး ပုံရိပ်တွေကို ဆုံးဖြတ်ပါတယ်။

Hero 9 မှာ သုံးထားတဲ့ Image Sensor Size က 1/2.3” ဖြစ်လို့ Hero 8 နဲ့အတူတူဖြစ်ပါတယ်။ ပြောရရင် Insta360 R 1” Edition နဲ့ ယှဉ်မယ်ဆိုရင်တော့ တော်တော်သေးပါမယ်။

ဒါပေမဲ့ ကောင်းမွန်သော အလင်းရောင် ရတဲ့ အခြေအနေမျိုးမှာတော့ 5k/30p နဲ့ 23.6 MP. ဓါတ်ပုံတွေကတော့ အခြား model hero seires တွေထက် သာနေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ Travel Vlog  တွေကို သင်ရိုးတစ်ခုလို ပြောပြီးရိုက်ရမယ်ဆိုရင် Timelapse, Hyperlapse Shots တွေက မဖြစ်မနေထည့်သင့်တဲ့ အချက်ဖြစ်ပါတယ်။ ကျွှန်တော့်  Travel Vlog တွေရဲ့  Hyperlase, Timelapse  တွေကို  GoPro နဲ့ အများဆုံးရိုက်ပါတယ်၊ Osmo Actionကိုလဲတခါတရံ သုံးပါတယ်။

Video Bit rate 100Mbps ဖြစ်လို့ 4k ရိုက်မယ်ဆိုရင်တော့ Hero 8 နဲ့ သိပ်ကွာခြားမှု ရှိမှာ မဟုတ်ပါဘူး။

HDR Photo နဲ့ Super Proto တွေလဲ ခါတိုင်းလို့ပဲ ရိုက်လို့ ရပါအုံးမယ်။

HDR Photo
SuperPhoto

GoPro Hero 9 Battery

Battery 30% ပိုအသုံးခံနိုင်အောင် ပြုလုပ်ထားလို့ ပိုကြီးတဲ့ Battery 1,720mAh ကို သုံးပါတယ်။ ဒါကြောင့်လဲ Hero 9 Battery ကို Model အဟောင်းတွေမှာ သုံးနိုင်ခြင်းမရှိတော့ပါဘူး။ Hero 5 ကနေ 8 အထိက Battery အတူတူပဲ ဖြစ်ပါတယ်။

Timewrap

GoPro ကို Hyperlapse ရိုက် လို့ ရတဲ့  Timewarp features ကတော့ အချိန်ကုန်သက်သာစေပါတယ်။ ကျွှန်တော် ခရီးသွားတိုင်း သုံးဖြစ်တဲ့ Features တစ်ခုပါပဲ။ Hyperlapse ရိုက်ဖို့ အချိန်ကုန်သက်သာစေပါတယ်။ ခါတိုင်း ရိုးရိုး Camera မှာ တစ်လှမ်းချင်း ရိုက်ပြီး Post Processing မှာလဲ အလုပ်ရူပ်အောင် လုပ်ပြီး ရတဲ့ Video ကို ပိုမို လွယ်ကူအောင်လုပ်ပေးပါတယ်။

ဂေါ်ရင်ဂျီကျွှန်း သွားတုန်းက

GoPro ကို အသုံးပြုရန်နေရာများ

Action Camera

Action Camera ဖြစ်တဲ့အတွက် Action Camera အဖြစ် အဓိက သုံးခဲ့ပါတယ်။ အကြမ်းခံတယ်၊ Software ပိုင်း နဲ့ Stabalization ပိုမိုကောင်းမွန်လာလို့ လက်ရှိအချိန်ထိ Action Camera မှာ No.1 အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ကျွှန်တော်အမှတ်မမှားဘူး ဆိုရင် Action Camera ထဲမှာ Gyro Data ကို အသုံးပြုပြီး Stabilize လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော Camera ဖြစ်ပါတယ်။ GoPro မှာ Hypersmooth မပါလာခင်ကတည်းက သုံးနေခဲ့တဲ့ Features ဖြစ်ပါတယ်။ ReelSteady Gyro Stibilization ဖြစ်ပါတယ်။ GoPro လိုပဲ Sony ကလဲ Sony ZV-1 မှာ Gyro Stibilization ရအောင် ပြုလုပ်လာပါပြီ။ ပြောရရင် Video Maker တွေအတွက် Gimbal မလိုတော့တ​ဲ့ သဘောပါ။

Vlogging Camera

GoPro ကို Vlog Camera အဖြစ်ရော သုံးလာကြတာ ၂-၃ နှစ်ထဲရောက်ရှိလို့လာပါပြီ။ အသံပိုင်းကောင်းချင်သူတွေက Extranal Microphone တပ်သုံးကြပါတယ်. Hero 8, 9 မှာတော့ GoPro Media Mod တွေကို အသုံးပြုနိုင်ပါပြီ။ Hero 9 မှာတော့ Dual Screen ဖြစ်သွားတာ Vlogger တွေအတွက် အတော်လေး အထောက်အကူပြုပါတယ်။

FPV Main Camera

ကျွှန်တော်လဲ FPV ကျင့်တာရော ပျံတာရော ၆ လလောက်ရှိလာပါပြီ။ FPV လောကမှာတော့ GoPro ကပဲ No.1 ရိုက်ကူးရေး Camera အဖြစ်ရှိဆဲဖြစ်ပါတယ်။ GoPro ကို အလေးချိန်ပေါ့အောင် လုပ်တဲ့ ​Naked GoPro Camera လိုမျိုး လုပ်တဲ့သူတွေပါ ရှိလာပါပြီ။ ကျွှန်တော်လဲ Naked GoPro တွေ စလုပ်နေပါပြီ။ FPV Drone ပေါ်မှာ Naked GoPro/GoPro တွေတင်ရိုက်ထားတဲ့ Footage တွေကြည့်နိုင်ပါတယ်။

Naked GoPro တွေရဲ့ ခေါင်းကိုင် ဖခင်လို့ ပြောလို့ရတဲ့ Robert McIntosh ရဲ့ GoPro Awards ဆုရ Video
iFlight Megabee မှာ GoPro တပ်ရိုက်ထားတဲ့ ကျွှန်တော့်ရဲ့FPV Shot
Naked Hero 7 နဲ့ ရိုက်ထားတာလေး

Live Stream

Quality Live Video လုပ်ဖို့ တော်တော်ခေါင်းစားကြပါလိမ့်မယ်။ ပစ္စည်းတွေ စျေးကြီးကြီးပေးဝယ်ရပါမယ်။ (ဖုန်းနဲ့လွှင့်တာထက်ပိုကောင်းချင်ရင်ပေါ့)

GoPro 7, 8,9 နဲ့ GoPro Max တွေအသုံးပြုပြီး  Facebook, Youtube မှာ Live လွှင့်နိုင်ပါပြီ။ Low Light Performance မကောင်းပေမဲ့ Lighting ကောင်းကောင်းပေးမယ်ဆိုရင် Quality Live Streaming လုပ်လို့ကောင်းပါပြီ၊ Stabalize ကောင်းတာရယ်၊ View Angle ကျယ်တာရယ်နဲ့ နေရာစုံ (ရေ​ေအာက် ပါ) ထားနိုင်တာတွေက အားသာချက်ဖြစ်ပါတယ်။

မှတ်ချက် ။ ။ GoPro Hero 8,9 နဲ့ လွှင့်မှ 1080p Resolution ကို လွှင့်နိုင်ပြီး Hero 7 နဲ့ DJI Osmo Action Camera တွေနဲ့ လွှင့်မယ်ဆိုရင်တော့ 720 p ရမှာဖြစ်ပါတယ်။

Webcam

Stay Home ကာလမှာ Work From Home အတွက် နည်းပညာ Company တွေက သူတို့ Products တွေကို အသုံးဝင်အောင် ပြုလုပ်လာကြပါတယ်။

Hero 8 နဲ့ Hero 9 တွေကို GoPro ကနေ 1080p widescreen webcam တစ်ခုအဖြစ် အသုံးပြုနိုင်အောင် ပြလုပ်ပေးလိုက်ပါတယ်။ အခြား webcam ထက် ပိုကျယ်တဲ့ မြင်ကွင်းကို ရနိုင်ပြီ ဖြစ်ပါတယ်။

Scheduled Capture & new HDR night-lapse

Hero 7 နဲ့ Hero 8 မှာ Night -Lapse ပါလာပြီး တာကို Dynamic Range ပိုကောင်းတဲ့ HDR Night- Lapse ကို Hero 9 မှာ ထပ်မံမြှင့်တင်လိုက်ပါတယ်။

GoPro Night Lapse

Night lapse ရိုက်ကူးမှုကို Photo Pills နဲ့ တွက်ပြီး ရိုက်ရမဲ့ အချိန်နဲ့ ပြီးမဲ့ အချိန်ကို Hero 9 မှ​ာ Timer ပေးထားလို့ရတဲ့ Scheduled Capture ထပ်ပေါင်းပေးထားပါတယ်။ အိပ်ရေးမပျက်ဘဲ Tripod or Slider ပေါ်မှာ တင်ထားလို့ရပါပြီ။

GoPro Accessories များ

GoPro ပေါ်ခဲ့တာ ကြာခဲ့ပြီဆိုတော့ Accessories တော်တော်များများက လက်ဆင့်ကမ်းပြီး သုံး လို့ရပါတယ်။ အချို့ Mount တော်တော်လေး ကွာတာမျိုးပဲ မရမှာ ဖြစ်ပါတယ်။ Hero 8 က စတင်ပြီး GoPro က Mods Accessories တွေ ထုတ်ရောင်းပါတယ်။ မိမိ သုံးမဲ့ ပုံစံအလိုက် ထပ်မံအားဖြည့် ဝယ်ယူနိုင်ပါတယ်။

Hero 8 မှာတော့ QR Code ကို အသုံးပြုပြီး Scan ဖတ်အသုံးပြုနိုင်တဲ့ Lab Firmware ကို တင်ထားမယ်ဆို ပိုပြီး စုံလင်တဲ့ Feature တွေပါဝင်ပါတယ်။

Under Water Camera

Water Resistance 11 meter ဖြစ်လို့ တော်ရုံအနက်မှာ Case မလိုဘဲ ရိုက်နိုင်ပါတယ်။ အကြမ်းခံ Quality ကောင်းကောင်း၊ စျေးသက်သက်သာသာနဲ့ Camera ဆိုရင်တော့ GoPro ကပဲ ထိပ်ဆုံးမှာ ရှိနေပါမယ်။ (ရေအောက်ရိုက်ဖို့က အခြား Camera တွေက ပိုစျေးကြီးတယ်မဟုတ်လား😄)

အားနည်းချက်

GoPro အားလုံး Low Light Performance အရင်လိုပဲ အရမ်းကြီး မကောင်းသေးပါဘူး/

Hero 9 က Action Camera အားလုံးထဲမှာ လက်ရှိ‌စျေးအကြီးဆုံးဖြစ်နေပါသေးတယ်။

4K performance ကတော့ Hero 8 နဲ့ မကွာလို့ 4k ပဲရိုက်မယ်ဆိုရင် ဘာမှ သိပ်မကွာပါဘူး။

GoPro Hero 9 ကို ဝယ်သင့်လား

ဒါကတော့ Action Camera တစ်ခုလိုမျိုးက တော့ ရှိသင့်ပါတယ်။ မိမိမှာ Action Camera တစ်ခုမှ မရှိထားဘူး မသုံးထားဘူးဆိုရင် တကယ်ကိုလိုအပ်ပါတယ်။

Hero 7 ကတည်းက ပါတဲ့ Hypersmooth က Stabilization တည်ငြိမ်းလွန်းတဲ့အတွက် Gimbal Killer လို့ ကို ပြောကြပါတယ်။ အလုပ်ရူပ်တဲ့ Gimbal ကို အသုံးပြုပြီး ရိုက်ရတဲ့သူတွေအတွက် ရွေးချယ်စရာ ဖြစ်သလို Build In Gimbal ပါတဲ့ Osmo Pocket Camera ကို ပါ နောက်ကောက်ချလိုက်နိုင်ခဲ့တာလို့ ပြောလို့ရပါတယ်။

အဓိက အဟန့်အတားက စျေးနှုန်းပဲ ဖြစ်ပါလိမ့်မယ်။ 450$ ဆိုပေမဲ့ ထွက်ထွက်ချင်းမှာ မြန်မာငွေ ၆ သိန်းကျော်လောက်ရှိပါမယ်။ ကိုယ်မှာ GoPro Hero 8 ရှိမယ်ဆိုရင် မဝယ်သင့်သေးဘူးလို့ ပြောလို့ရပါတယ်။ (ကျွှန်တော်ကတော့ လောလောဆယ်Hero 8 ရှိထားလို့ ဝယ်ဖို့ မရှိသေးပါဘူး) Hero 7 ပိုင်ရှင်တွေဆိုရင်တော့ Live လွှင့်ဖို့ 1080 ထိ လိုချင်လား၊ webcam အဖြစ်သုံးဖို့ ရှိလား ၊ ဒါမျိုးအချက်တွေရှိမှ ဝယ်ယူသင့်ပါတယ်။

လုံးဝအသုံးမပြုဖူးသေးတဲ့ သူတွေဆိုရင်တော့ ဘက်စုံသုံးနိုင်တဲ့ အခု လို Camera တွေကို စျေးနှုန်းကိုချိန်ဆပြီး ဝယ်ယူသင့်ပါတယ်။ Hero 8 က Hero 9 ထွက်တော့ စျေးလဲ အတော်လေးကျသွားပါတယ်။ 5k Video ထိ ကိုယ်က လိုအပ်လားလဲ ထည့်သွင်းစဉ်းစားရပါမယ်။ Dual Screen တွေ၊ ပိုကြီးလားတဲ့ နောက်ပိုင်း Screen တွေကတော့ အသုံးဝင်တယ်ဆိုလဲ ဟုတ်ပါတယ်၊ သိပ်အရေးမကြီးဘူးလို ပြောလဲရပါတယ်။

GoPro Hero 8 ထက်ရော အခြား GoPro Series တွေထက်ရော Image Quality ပိုင်းရော၊ Image Stabilization ရော ပိုကောင်းလာတယ်ဆိုတာက ယုံမှားစရာမရှိပါဘူး၊ သို့သော် GoPro Series အလိုက် Performance ကွာဟချက် ကျဉ်းမြောင်းပါတယ်။

ဒါကြောင့်လဲ Hero 7, GoPro Hero 8 ပိုင်ရှင်တွေကတော့ မဝယ်သင့်ပါဘူး။

Hero 9 ထိ ငွေမသုံးချင်သူများကတော့ Model တဆင့်နိမ့်ထဲက ဝယ်ယူမယ်ဆိုရင်လဲ Function ပိုင်း သိပ်မကွာတဲ့ Hero 7, GoPro Hero 8 ထဲ က ရွေးချယ်သင့်ကြောင်း ပြောကြားလိုပါတယ်။

Dr.Mac မှာတော့ မကြာမှီ Hero 9 တွေရောင်းချပေးမှာဖြစ်သလို GoPro Hero 8 တွေလဲ Stock ထားရှိပါတယ်။

GoPro နဲ့ Hyperlapse, Timelapse တွေရိုက်ထားတဲ့ ကျွှန်တော်ရဲ့ Putao Travel Vlog
GoPro နဲ့ Hyperlapse, Timelapse တွေရိုက်ထားတဲ့ ကျွှန်တော်ရဲ့ Monywa Vlog

GoPro Hero 10 Update

GoPro HERO10 Black Waterproof Webcam Livestreaming Action Camera

GoPro Hero 10 ကတော့ GoPro ရဲ့ (၁၀) ခုမြောက် Action Camera ဖြစ်ပြီး2021 ခုနှစ်ထဲမှာ ထွက်ရှိခဲ့ပါတယ်။ GoPro Hero 9 နဲ့ ရုတ်တရက်ကြည့်ရင်တော့ တည်ဆောက်ပုံတူညီသလို အချို့ အချက်များတူညီပါတယ်။ ဒါကြောင့် GoPro Hero 10 မှာ ပိုသာတဲ့အချက်တွေကို စုစည်းပြောပြပေးပါ့မယ်။

Design

Body Design အနေနဲ့ အတူတူပဲ ဖြစ်ပေမဲ့ Hero 9 (158g) Hero 10 (153g) လေးပြီး 5g ပိုပြန်ပေ့ါလာပါတယ်။ ​Battery ကတော့ အတူတူပဲ ဖြစ်ပါတယ်။

GoPro Logo က Hero 10 မှာ အပြာရောင်ဖြစ်သွားပါတယ်။ Hero 10 ရဲ့ Lens ရှေ့ Cover ကို ​ပိုအကြမ်းခံပြီး ပွန်းခြစ်တာ ပိုခံနိုင်လာအောင်နဲ့ Hydrophobic (ရေထိပြီးတာနဲ့ မြန်မြန် ပိုရှင်းလာအောင် ) ဖြစ်အောင် ပြုလုပ်ထားပါတယ်။

New Processor (GP2)

GoPro Hero 10 ရဲ့ အဓိက ပြောင်းလဲချက်လို့ ပြောနိုင်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ၂၀၁၇ Hero 6 ကတည်းက သုံးလာတဲ့ မျိုးဆက်ကို ၅ နှစ်အကြာမှာ လုံးဝ ပြောင်းလဲ အသုံးပြုလိုက်တဲ့ Processor အသစ်လို့ ပြောနိုင်ပါတယ်။ ဒီ SoC (System on Chip) အမျိုးအစားကြောင့်သာ Hero 10 က Hero 9 frame အတိုင်းဖြစ်ပေမဲ့ပိုမိုတောက်ပလာရတာ ဖြစ်ပါတယ်။ အခုဆက်ပြောမဲ့ အကြောင်းအရာတွေကလဲ အခု SoC ကြောင့်သာ ပိုမိုကောင်းမွန်လာတာဖြစ်ပါတယ်။ ဖွင့်ပိတ်ချိန် ပိုမိုမြန်လာမယ်၊ လုပ်ဆောင်ချက် သိသာစွာကောင်းမွန်လာမယ်။ Video/Photo Processing မှာ ပိုမိုမြန်ဆန်လာစေပါတယ်။

Touch Screen Response ပိုမိုမြန်ဆန်လာစေပါတယ်။
Low Light Video ပိုကောင်း

GoPro 10 ရဲ့ GP2 Processor မှာ 3D noise reduction ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို မိတ်ဆက်ထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဘယ်အခြေအနေမှာ ပိုကောင်းလာလဲဆိုရင် GoPro ပြောတာက နေဝင်ချိန်၊ နေထွက်ချိန်၊ တောအုပ်ထူထူမှာ အလင်းနည်းနေတဲ့ အခြေအနေမျိုးမှာ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။ အရမ်း အလင်းရောင်နည်းတဲ့ အခြေအနေမျိုးမှာတော့ ပိုကောင်းလာတာမျိုးမဟုတ်ပါဘူး။ Nightlpase ရိုက်တာမျိုးမှာ ဆိုလဲ ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

Hypersmooth 4.0

Hero 7 မှာပါတဲ့ Hypersmooth ကို အဆင့်မြှင်တင်လာရာမှာ Hero 10 မှာတော့ 4.0 ထိရောက်ရှိလို့ လာပါပြီ။ Horizon leveling လို့ ခေါ်တဲ့ Camera ဘယ်လိုလှည့်လှည့် မြင်ကွင်း ရေပြင်ညီဖြစ် တဲ့ Angle  ကိုလဲ 27′ ကနေ 45′ ထိ မြင့်တင်ပေးထားပါတယ်။

Video & Photos

2021 နှောင်းပိုင်းထွက် Camera တွေက 4K Slow-mo year နှစ်လို့ ကိုပြောင်းနိုင်လောက်အောင် 4K ကို 120fps နဲ့ရိုက်နိုင်တဲ့ Camera အများစုထွက်ရှိကြပါတယ်။ ဒီအထဲမှာ GoPro Hero 10 ပါလာတယ်လို့ ပြောလို့ရပါတယ်။ ဒါအပြင် 5K 60fps ပါရိုက်နိုင်လို့ Hero 9 ထက် Frame ၂ ဆ ဖြစ်လာပါတယ်။

 GoPro HERO 10 BlackGoPro HERO 9 Black
Video5.3K 60fps, 4K 120fps, 2.7K 240fps5K 30fps, 4K 60fps, 2.7K 120fps
Max Video Bit Rate100 Mbps (5.3K/4K/2.7K)100 Mbps (5.3K/4K/2.7K)
Photo23 megapixels + SuperPhoto with HDR20 megapixels + SuperPhoto with HDR
Snapshots from Video15.8 MP from 5.3K 60fps (16:9)19.6 MP from 5.3K 60fps (4:3)14.7 MP still image from 5K 30fps
RAW PhotoAll photo modesAll photo modes
Live StreamFull HD 1080pFull HD 1080p

ကျန်အချက်တွေကတော့ သိပ်မကွာဘူးလို့ ပြောလို့ရပါတယ်။

 GoPro HERO 10GoPro HERO 9
Dimensions71.0 (W) x 55.0(H) x 33.6 (D)71.0 (W) x 55.0(H) x 33.6 (D)
Weight153g158g
ChipGP2GP1
Image Sensor23 MP CMOS (1 inch)20 MP CMOS (1 inch)
Status Screen
Front LCD Displaycolor display; live previewcolor display; live preview
Touch Display2.27 inch2.27 inch
USB PortUSB-CUSB-C
Microphones3 (stereo)3 (stereo)
Output FormatMP4 (H.264/HEVC): WAV; JPG/ RAWMP4 (H.264/HEVC): WAV; JPG/ RAW
Water Proof33ft without protections33ft without protections
Battery1720mAh (removable)1720mAh (removable)
Replaceable Lens
ConnectivityWi-Fi + BluetoothWi-Fi + Bluetooth
GPS

လေးစားစွာဖြင့်,

Dr.Zaw Zaw

Apple Certified iOS technician

Dr.Mac

Related Posts