Knowledge Sharing

Refurbished အကြောင်း

Apple Certified Refurbished iPhone 5 တစ်စုံလုံးအားတွေ့ရစဉ်

(apple Products ချစ်သူများ Refurbished ဆိုတာဘာလဲသိအောင်ပြောပြချင်ပါတယ်။ဒီနေရာမှာ ကိုယ်တိုင်ထုတ်တဲ့ Apple PreOwn Certified Refurbished နဲ့ Repack ဆိုတဲ့ စလုံးကွဲပြားစွာနားလည်ဖို့လို့ ပါတယ်။ post တော်တော်များများများမှာ Re pack ကို Refur လုပ်ရေးနေတာတွေ့နေရပါတယ်။ ပုံမှန် USer တွေအတွက် နားရူပ်ထွေးနေနိုင်လို့ သေချာနားမလည်ရင် မရေးသင့်ပါဘူး။)

Apple Companyက သူ့ Products များကို အမြတ်ရရင်ပြီးရောတစ်ခုတည်း ထည့်စဉ်းစားပြီး ရောင်းချတာမဟုတ်ပါဘူး။ ထုတ်လုပ်တဲ့ Products များမှာ ပါဝင်ပစ္စည်း အလိုက် ပတ်ဝန်းကျင်မထိခိုက်အောင်၊ သုံးစွဲပြီး စွန့်ပစ်ရင်လဲ မထိခိုက်အောင် အလေးထားလုပ်ဆောင်ပါတယ်။
iPhone SE မိတ်ဆက်တဲ့ Events မှာ ဒီအကြောင်းတွေကို အလေးအနက်ထားပြောပြသွားပါတယ်။ Apple Products များကို 100% renewable ဖြစ်အောင်လုပ်ဆောင် အသုံးချနေပါတယ်။ ကွျှန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးက Resource လူသားအားလုံးက ပိုင်ဆိုင်သလို အကန့်အသတ်လဲရှိပါတယ်။ မည်သူ့ တစ်ဦးတစ်ယောက်ထဲက မျှပိုင်ဆိုင်ခြင်း မရှိပဲ လူသားအားလုံးပိုင်ဆိုင်လို့ natural resource တွေကို မပျက်စီးအောင် စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ Refurbished တွေရဲ့အစက ပတ်ဝန်းကျင်ထိန်းသိမ်းလိုခြင်းက စပါတယ်။ တစ်ပတ်ရစ်တွေကို မသမာတဲ့နည်းနဲ့ အသစ်လို့ရောင်းချချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ဈေးကွက်မှာ အဲ့လိုဖြစ်တတ်ပါတယ်။

iPhone 6s ထုတ်လှုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ Green House Effect နဲ့ Recycle လုပ်ရလို့ ပတ်ဝန်းကျင် ထိခိုက်မှုဖြစ်ရတာကို နှိုင်းယှဉ်ပြထားတာပါ။

စစ်တမ်း တစ်ခုမှာဆိုရင် iPhone အသစ်ထုတ်လုပ်မှုသည် Green House effect လို့ခေါ်တဲ့ ပတ်ဝန်းကျင်ကို ထိခိုက်တာက 80% တဲ့အချိန်မှာ iPhone ကို recycle လုပ်တဲ့ process က 1% ပဲရှိတဲ့အထိ ပတ်ဝန်းကျင် ထိခိုက်မှုမှာ ကွာပါတယ်။ ကွျှန်တော်တို့ iphone ကို အသုံးပြုပြီး imessage ပို့တာ facetime ခေါ်တာသည်ပင်လျှင် Energy သုံးရတာဖြစ်လို့ ပတ်ဝန်းကျင် ကို သက်ရောက်မှုရှိတဲ့အတွက် Apple ကအတက်နိုင်ဆုံး Renewable energy ကို သုံးပါတယ်။ iphone, Mac, iPad တွေကို ထုတ်ပိုးတဲ့ ဘူးမှာသုံးတဲ့ စက္ကူအတွက် သစ်တောတွေစိုက်ပါတယ်။ စက္ကူအဟောင်းတွေကို ပြန်သုံးပါတယ်။
တကယ်က Refurbished ဆိုတာ တစ်မျိုးပဲရှိရမှာဖြစ်ပါတယ်။ Apple certified pre-owned (CPO) တစ်ခုသာဖြစ်ပါတယ်။ Apple ကပြန်ထုတ်ပေးတဲ့ refur products တွေကို apple က အသစ်အတိုင်းသုံးနိုင်ပါတယ်လို့ ပြောထားသလို International warranty ကိုလဲ တစ်နှစ်အပြည့်ပေးပါတယ်။ Apple က မဟုတ်ဘဲ မသမာသူများက အပြင်ပန်းလှပအောင် ပြန်လုပ်ပြီး ပြန်ထုတ်ထားတာမျိုးကိုတော့ refurbished လို့မပြောသင့်ပဲ Repack လို့ ပြောဆိုသင့်တာပါ။
CPO တွေဘယ်ကလာပါသလဲ၊ ဘယ်လိုထုတ်လုပ်ပါသလဲဆိုတာကို ပြန်ကြည့်ရင် Apple က သူ့ store ကဝယ်ယူပြီး factory error တစ်ခုခုဖြစ် ခဲ့ရင် အသစ်တစ်လုံး အစားထိုးလဲလှယ်ပေးသလို error ရှိတဲ့အလုံးတွေကို ပြန်လည်ပြုပြင်ပါတယ်။ ပြန်လည်ပြုပြင်ပြီး Q.C ကို အသစ်ထုတ်လုပ်မှုအတိုင်း စစ်ဆေးပါတယ်။ Q.C Pass ဖြစ်တာတွေကိုမှ CPO အဖြစ်ပြန်လည်ထုတ် လုပ်ပါတယ်။ ဘူးမှာလဲCPO ဆိုတဲ့ စာတမ်းကို ထင်ရှားစွာရေးသားပါတယ်။ iPhone များမှာဆိုရင် ဘူးတစ်ခုလုံး အဖြူရောင်ဖြစ်ပါတယ်။ Mac Computer များမှာတော့ အခုမှ အသစ်ထုတ်လုပ်တဲ့ Model တစ်ခုက Refur မရှိပါဘူး။ Apple ကရောင်းချတဲ့ Mac Refur များကို အောက်ပါ Link မှာကြည့်နိုင်ပါတယ်။  CPO က ဈေးသက်သာပြီး QC (၂) ခါ ဖြတ်ခဲ့တာဖြစ်လို့ အချို့က CPO ကို ကြိုက်သူတွေကို တောင်တွေ့ဖူးပါတယ်။?

https://www.apple.com/shop/browse/home/specialdeals/ma

Mac Refur ကတော့ Custumer Return လာတဲ့အပေါ်မူတည်ပြီး Apple Store ပေါ်မှာလဲ အမြဲမရှိပါဘူး။ ဘူးမှာလဲCPO လို့ရေးထားပါတယ်။

Liam Cybot က တစ်နာရီအတွင်း iPhone 350 ဖြုတ်နိုင်ပါတယ်။ ဒီအချက်က ခန့်မှန်း နှစ်စဉ် iPhone ပေါင်း 1.2 သန်းလောက် Recycle လုပ်ရတဲ့ အလုပ်မှာ လွယ်ကူမြန်ဆန်စေပါတယ်။
မိမိဝယ်မဲ့ Apple Products သည် Brand New နဲ့ Apple Apple certified pre-owned (CPO) ဖြစ်ရင် International Warranty ၁နှစ် ပါသလို့ စိတ်ချရပါပြီ။ ဒါလို ပစ္စည်းဟုတ်မဟုတ်ကိုလဲ အလွယ်တကူ စစ်ဆေးနိုင်မဲ့ နည်းလေးကို ပြောပြချင်ပါတယ်။ (လူတိုင်းသတိမထားမိလို့ပါ လွယ်ပါတယ် Dr.Mac Computer Training center ရဲ့နည်းပါ။??)
✨✨✨Apple Products မှာ Pre Install လုပ်ပေးထားတဲ့ Software များအနေဖြင့် iWork, iLife ဆိုတဲ့ software တွေပါပါတယ် ။ ပုံမှာပြထားပါတယ်။ Third Party ပြန် အသစ်ထုတ်သူက အသစ်လို့ထင်အောင် iOS ပြန်တင်ပေးလိုက်တာပဲဖြစ်ဖြစ်။ Mac OS ပြန်တင်ပေးလိုက်တာပဲ ဖြစ်မယ်ဆိုရင် ဒီ Software တွေပါမလာပါဘူး။ ဒီ Software တွေကိုလဲ Apple ကလွဲပြီးဘယ်သူမှ Activate မလုပ်ဘဲမထည့်နိုင်ပါဘူး။

Apple Store မှာ တင်ရောင်းထားသော Refur များရဲ့ အကြမ်းဖျဉ်း ဈေးနှုန်းများဖြစ်ပါတယ်။

ဒီ Software တွေများ Activate လုပ်ပြီးနောက် မပါခဲ့ဘူး ဆိုရင် ဘယ် ကပဲဝယ်ဝယ် Complain လုပ်ပါ။ Dr.Mac Computer Training center ကဝယ်တယ်ဆိုပြီး မပါလဲ Complain လုပ်ပါ။ အဲ့ဒါတွေမပါရင် အရင် Activate လုပ်ခဲ့ပြီးဖြစ်လို့ပါပဲ။
ဆိုင်ဖွင့်စားနေသူများက ဘယ်သူမှ တစ်နပ်စားမကြံပါဘူး၊ နာမည်အပျက်မခံပါဘူး။ Refur ကို Refur လို့ပြောပြီး Refur ဈေးနဲ့ရောင်းတာ အပြစ်မဟုတ်ပါဘူး။ RePack ကို အသစ်လို့ပြောရောင်းရင်တော့ လိမ်တာဖြစ်သွားပါပြီ။
Dr.Mac Computer Training center အနေဖြင့် လူတိုင်းကို ဈေးနှုန်းသက်သာစွာဖြင့် Mac Computer ကိုင်စေချင်တာ စေတနာအမှန်ပါ။ ပြီးတော့ အသစ်ကိုင်ရတာလဲ ပိုမိုကောင်းမွန်တာဖြစ်မှန်းသိနေလို့ အသစ်များကိုပဲ ရောင်းချပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာကိုပဲ ခေါင်းစားဆွေးနွေးပေးလိုပြီး စက်ပိုင်းဆိုင်ရာ ပျက်စီးမှုကို ခေါင်းမစားအောင် အသစ်ပဲ ရောင်းပါတယ်။ Apple က ထုတ်လုပ်တဲ့ CPO အဖြစ်ရနိုင်တဲ့Products တွေနဲ့ မူရင်း အသစ်ဈေးကွာခြားတာကို ပုံမှာလဲပြထားပါတယ်။ (ပုံထဲမှာ ဈေးနှုန်း အရ iPhone မပါ) အခုမှ စထွက်တဲ့ Apple Products တစ်ခုက Refur မရှိနိုင်သလို Mac Refurbished ကလဲ ရှားပါးပါတယ်။(လိုချင်တာတောင် ဝယ်လို့မရ)။ တစ်ချို့ Audio မှာ အသုံးပြုချင်တဲ့ Music သမားများကတော့ Music Software/Hardware များက Mac Computer အနိမ့် မှာဘဲ ပိုအဆင်ပြေလို့ သူတို့ကတော့ Mac Refur အသစ်ကို ဝယ်ယူကြပါတယ်။

Dr.Zaw Zaw
Dr.Mac Computer Training center
၃၉လမ်း၊ ၇၀ x ၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက် အနောက်ပေါက်၊ ကံ့ကော်တော အမျိုးသားဆောင်ဝန်းအတွင်း။ မန္တလေးမြို့။
ဖုန်း- 09798666614, 09258666614