Knowledge Sharing

iKos အသုံးပြုပုံ

  1. မိမိအသုံးပြုလိုသော Sim Card ကို Nano Sim အရွယ်ဖြတ်ပြီး iKOS adapter အတွင်းသို့ ထည့်သွင်းပါ။
  2. iKOS App ကို iOS App Store မှ iPhone/iPad အတွင်သို့ Download ဆွဲပါ။
  3. iKOS app ကို Account Register လုပ်ပြီး iKOS Dual SIM adapterကို Bluetooth မှ တဆင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါပြီ။ Register မပြုလုပ်ဘဲလဲ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
  4. iKOS အတွင်းထည့်သွင်းထားသော SIM Card ရှိ ဖုန်းအဝင်/အထွက် ၊ Message များကို iPhone / iPad မှ တိုက်ရိုက် အသုံးပြုထိန်းချုပ်ခိုင်းစေနိုင်ပါသည်။ iPhone အတွင်းထည့်သွင်းထားသော SIM Card နှင့်မခြား အသုံးပြုနိုင်ပါသည်။
  5. Bluetooth ချိတ်ဆက်ပြီး ခိုင်းစေခြင်းဖြစ်သောကြောင့် ချိတ်ဆက်ထားသော iPhone နှင့် ပေ၃၀ အကွာထိ အသုံးပြုနိုင်ပါသည်။

➤iOS 8.1 နှင့်အထက် တင်ထားသော iPhone အားလုံး နှင့် iPhone X အထိ အသုံးပြုနိုင်ပါတယ်။ iOS 8.1 နှင့်အထက်တင်ထားသော iPad အားလုံး၊ iPod Touch အားလုံးမှာလဲ အသုံးပြုနိုင်ပါတယ်
➤ကားသော့ချိတ်မှာ ချိတ်နိုင်မဲ့အရွယ်မို့ သွားလေရာ သယ်သွားနိုင်သလို iPhone နဲ့ ဝေးသွားတာနဲ့ Alarm မြည်စေမှာပါ။
➤iKos အတွင်းထဲသွင်းထားတဲ့ SIM Card မှ Internet အသုံးပြုနိုင်မှာ မဟုတ်ပေမဲ့ ဖုန်းခေါ်ခြင်း၊ message ပို့ခြင်း၊ Phone Bill ထည့်ခြင်းများကို iPhoneမှတဆင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။
➤Battery အားအနေဖြင့် Stand By Time တစ်ပတ် အထိအသုံးပြုနိုင်ပါတယ်

Message center သို့ Phone Bill message ပို့စစ်ဆေးရန်

MPT -1331 ကို bill လို့ပို့ပါ
Ooredoo – 2230 ကို b လို့ ပို့ပါ

iKOS အတွင်းထည့်သွင်းထားသော SIM Card မှ ဖုန်း အဝင် Call ကို iPhone X တွင်တွေ့ရပုံ
https://goo.gl/F7ArVy