Beautiful Camera Shots, Knowledge Sharing, Reviews

Raspberry Pi (သို့) လိုတရ Computer

တကယ်ကို Highly Customized လုပ်လို့ ရတဲ့ Computer ကို ပြပါဆိုရင် Raspberry Pi ကို အရင်ထုတ်ပြရမယ်ထင်ပါတယ်။

ကမ္ဘာ့ အသေးဆုံး Desktop Computer board ထဲမှာလဲပါပါတယ်။

စိတ်ကြိုက် Project များ

=================

Youtube မှာ Raspberry Pi နဲ့ လုပ်တဲ့ Project အမိုက်စားတွေကို ရှာကြည့်နိုင်ပါတယ်။

သူရဲ့ competitor လို့လဲ ပြောနိုင်သလို ရွှေးချယ်စရာနောက်တစ်ခုဖြစ်တဲ့ arduino လို Project တွေကို လုပ်နိုင်သလို Desktop Computer တစ်လုံးလိုလဲ သုံးချင်ရင်ရပါတယ်။

TouchScreen နဲ့ တွဲလိုက်ရင်လဲ  Tablet တစ်လုံးလို သုံးနိုင်ပြန်ပါသေးတယ်။

Screen မပါဘဲနဲ့လဲ Headless Mode လိုမျိုးသုံးချင်ရင် Mac, Window, iPhone, Android တွေကနေလဲ လှမ်းခိုင်းနိုင်ပါတယ်။

Rasberry Pi HQ Camera

Raspberry Pi HQ Camera နဲ့ တပ်သုံးမယ်ဆိုရင်လဲ ကိုယ်တိုင် ဆင်တဲ့ Camera တစ်လုံးလို အသုံးတော်ခံနိုင်ပါသေးတယ်။

ကျွှန်တော်ကတော့ Original Prusa 3D Printer ကို စိတ်ကြိုက်ထိန်းချုပ်သုံးချင်လို့ Rasberry Pi ကို သုံးတာဖြစ်ပါတယ်။ ဒါပေမဲ့ ကလိစရာအတွေ အရမ်းများလို့ Rasberry Pi Board တစ်ခု ရထားရင် စမ်းသပ်စရာ လမ်းကြောင်းကြီး ပွင့်လင်းသွားသလို ဖြစ်ပါမယ်။

Wild Life မှာ အလိုအလျှောက် ရိုက်ပေးတဲ့ Camera မျိုး၊ Robotic RC Car စသည်ဖြင့် လုပ်နိုင်တာတွေ အများကြီးပါပဲ…

စိတ်ကြိုက် OS တင်နိုင်

================

lattepanda ကထုတ်တဲ့ အသေးဆုံး Board နဲ့ ကွာတာက lattepanda က Window OS ပဲ တင်နိုင်ပါတယ်။

Raspberry  Pi ကတော့ သူ့ရဲ Official OS ဖြစ်တဲ့ Debian, Raspberry PI OS တွေအပြင် မိမိသုံးမဲ့ လုပ်ငန်း အလိုက် OS တွေ များစွာ ရှိပါတယ်။

ဥပမာ

3D Printer မှာ တွဲသုံးချင်ရင် OctoPi

CCTV Camera များမှာ သုံချင်ရင် MoitionEyeOS

Old School တွေအတွက် ၁၉၉၀ လောက် Game မျိုးစုံကို ကစားချင်ရင် Retro Pi OS 

စသည်ဖြင့် များစွာရှိပါတယ်။ 

Rasberry Pi Super Computer Server

Raspberry Pi Board (၆) ခု လောက်ပေါင်းစပ်ပြီး Super Computer Server လိုမျိုး တည်ဆောက်ချင်လဲရပါတယ်။

Google မှာ Raspberry Pi စလုံးကို ရှေ့ကထားပြီး လုပ်ချင်တာကို နောက်ကထည့်ရိုက်ရှာလိုက်တာနဲ့  တော်တော်များများလုပ်နိုင်တာ ဖြစ်လို့ ထွက်လာပါမယ်။

သင်ကြားရေးသုံး Rasberry Pi

=====================

Raspberry Pi Project စဖြစ်လာတာက ကလေးတွေ သင်ကြားရေးအတွက် တန်ဖိုးနည်း Computer တွေ ပေါ်ထွက်လာရေးဆို​ပြီး ရည်ရွယ်ခဲ့တာကစပါတယ်။ Computer လောကမှာ US Company ကြီးစိုးထားတာဖြစ်ပေမဲ့ Rasberry Pi တော့ UK ကလုပ်တာဖြစ်ပါတယ်။ Project အောင်မြင်ကြီးထွားလာတဲ့ အချိန်မှာ Google ကလဲ ထောက်ပံ့ကူညီမှုတွေလုပ်ပေးပါတယ်။

အနာဂတ်မှာ Programming က 2nd Language လို ဖြစ်လာနိုင်မှာ ဖြစ်လို့ Raberry Pi ထဲမှာ Programming သင်ကြားနိုင်တဲ့ App တွေ Build in ပါဝင်ပါတယ်။

ကလေးတွေကို  Programming သင်ကြားဖို့ Scratch Block, Python Programming တွေ ပါဝင်ပြီး ဖြစ်ပါတယ်။

Traditional Computer တွေလို မဟုတ်ဘဲ SoC (System on Chip) နဲ့ အားလုံးကို တစ်နေရာတည်း ထည့်သွင်းတည်ဆောက်ထားပါတယ်

Hardware Spec တွေနဲ့ လုပ်နိုင်စွမ်းတွေ

===========================

4K Display ၂ ခုကို HDMI Port ကနေ တဆင့် တပြိုင်းတည်း ချိတ်ဆက်နိုင်ပါတယ်။

ပထမဆုံး Raspberry Pi ကို Pi Zero လို့ ခေါ်ပြီး နောက်ဆုံးထွက်ထားတာကတော့ အခုပုံမှာ ကျွှန်တော်သုံးထားတဲ့ Rasberry Pi 4 Model B ပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Pi 4 မှာ Run တဲ့ apps အားလုံးကို Pi Zero မှာလဲ Run နိုင်ပါတယ်။ performance ပိုင်းတော့ ကွာပေမဲ့ Software ပိုင်း အမှီသုံးနိုင်ပါတယ်။

ပုံမှန် Computer တွေ လုံးမဟုတ်ဘဲ  SoC (System on Chip ) ဆိုတဲ့ အတိုင်း CPU, RAM, Graphic တွေက Board မှာ တစ်ခါတည်း Solder လုပ်ထားပါတယ်။ Apple SoC ကတော့ Chip ပြားထဲမှာ တနေရာတည်းပေါင်းထည့်ထားပါတယ်။

တွဲပြီး အသုံးပြုနိုင်တဲ့ Display အနေနဲ့ 5’’  အရွယ် Display ကနေ 4K Monitor နှစ်လုံးထိ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Pi 3 model ထိ Display Output က 1080 (HD) အထိပဲ Limit ရှိခဲ့ပေမဲ့  Pi 4 Model မှာတော့ 4K ထိ အသုံးပြုလာနိုင်တာ ဖြစ်ပါတယ်။ 

Rasberry Pi 4 Model B  ရဲ့ 2Gb Ram ဆိုရင် 45$ က စရောင်းပါတယ်။ Computer နည်းပညာတစ်ခု ကို ထိတွေ့နိုင်ဖို့ တော်တော်လေးနည်းတဲ့ စျေးလို့ ပြောနိုင်ပါတယ်။

ဒီ Model B က 8GB RAM Model ထိ လာပါတယ်။ ဒီ 8GB Board ကိုပဲ ၈ ခု ထိပေါင်းပြီး Cluster ပုံစံနဲ့ Super Computer အဖြစ် တည်ဆောက်ပြတဲ့ Project တွေ ရှိနေပါပြီ…

Dr.Zaw Zaw (Dr.Mac)