Beautiful Camera Shots

Apple New Firmware 4A400 Features

❖ Airpods 2, AirPods Pro, AirPods Max အတွက် ဒီအခါထွက်တဲ့ Firmware အသစ်(4A400) မှာ တော့ Features အသစ်တွေပါဝင်လာပါတယ်။

❖ iOS 15  လဲတင်ထားတယ်၊  Firmware (4A400) လဲ တင်ထားမယ်ဆိုရင်တော့ အခု ပြောတဲ့ Features တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Firmware တင်နည်းကတော့ အခုစာကို ဖိပြီးကြည့်နိုင်ပါတယ်။

အရင် Firmware  version မှာ Features တွေ သိပ်မပါပေမဲ့ အခု version မှာတော့ Update features တွေ တော်တော်များများ ပြန်ပါလာပါတယ်။

ဒါတွေကတော့

AirPods Find My Features

AirTag လိုမျိုး Bluetooth Range အတွင်း ရောက်တာနဲ့  တည်နေရာ ပြပေးတာမျိုး Find my app ကနေ တဆင့် အသုံးပြုနိုင်ပြီး ဖြစ်ပါတယ်။ AirTag, iPhone  တွေနဲ့ ကွာခြားသွားတာကတော့ AirPods ကို ကောက်ရသူက သူ့ Device နဲ့ ပြန် Pair နိုင်လို့ Activation Lock ချနိုင်သေးခြင်း မရှိသေးပါဘူး။

Conversation Boost

Conversation Boost ကတော့ နည်းနည်းဂေါ်ပါတယ်။ iOS 15 မှာ မိတ်ဆက်ပြထားပေမဲ့ AiPods Firmware တင်လိုက်ရင် AirPods Pro မှာ ရနိုင်မဲ့ Features ဖြစ်ပါတယ်။ AirPods Max မှာ ရနိုင်သင့်ပေမဲ့ ကျွှန်တော်စမ်းကြည့်တာတော့ အဲ့ ဒီ Features ထည့်သွင်းမပေးထားသေးပါဘူး😅

နားကြပ်တပ်ထားတုန်းမှာ ပတ်ဝန်းကျင် ဆူညံနေတဲ့ အချိန်မှာ ဖြစ်ဖြစ် နားသိပ်မကြားတဲ့ သူတွေကိုပဲ ဖြစ်ဖြစ် အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကို ဦးတည်ပြောနေတဲ့ အသံကို ပိုမိုကြားအောင် ပြုလပ်ပေးတာ ဖြစ်ပါတယ်။ Conversation Boost ကို အသုံးပြုနိုင်ဖို့ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

Setting—>

Setup လုပ်မဲ့ AirPods ကို iPhone/ iPad မှာ ချိတ်ဆက်ဖို့ လိုသလို နားမှာ တပ်ထားဖို့လဲ လိုပါတယ်။
Audio Setup အဆင့်ဆင့်လုပ်​ပြီး ပြန်ထွက်ခဲ့လိုက်ပါ။
Conversation Boost On ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Automatic Switching

Apple ID တူညီစွာ ဝင်ထားတဲ့ မိမိ Device များမှာ Device တစ်ခု ပြောင်းနားထောင်တာ (ကိုင်လိုက်တာနဲ့ ) အလိုအလျောက် ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ MacBook မှာ သီချင်းနားထောင်နေတာရာကနေ iPhone မှာ ဖုန်းဝင်လို့ ကောက်ကိုင်လိုက်တာနဲ့ အလိုအလျောက် AirPods ကို ချိတ်ဆက်ပြီး ဖုန်း ပြောတဲ့ နေရာ မှာ အသုံးပြုလိုက်တာမျိုးပါ။

Automatic Switching

Apple ID တူညီစွာ ဝင်ထားတဲ့ မိမိ Device များမှာ Device တစ်ခု ပြောင်းနားထောင်တာ (ကိုင်လိုက်တာနဲ့ ) အလိုအလျောက် ချိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ MacBook မှာ သီချင်းနားထောင်နေတာရာကနေ iPhone မှာ ဖုန်းဝင်လို့ ကောက်ကိုင်လိုက်တာနဲ့ အလိုအလျောက် AirPods ကို ချိတ်ဆက်ပြီး ဖုန်း ပြောတဲ့ နေရာ မှာ အသုံးပြုလိုက်တာမျိုးပါ။

Spatial audio on Apple TV and M1 Macs

AirPods Max spatial audio Apple TV
Finally, you will be able to enjoy spatial audio when using AirPods (Pro or Max) with your Apple TV.

Spatial Audio က iPhone, iPad ပေါ်က TV Apps ပေါ်က Movie တစ်ချို့မှာပ​ဲရတယ်လို့ မိတ်ဆက်ခဲ့ပါတယ်၊ အခု အခါမှာတော့ M1 Mac တွေနဲ့ Apple TV နဲ့ မှာ ပါ အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။ Apple Music မှာလဲ Spatial Audio အသုံးပြုနိုင်ပြီလို့ မကြာသေးခင်ကပဲ မိတ်ဆက်ခဲ့ပါတယ်။ Spatial Audio features ကိုတော့ AirPods Max,AirPods Pro မှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပြီး ရုပ်ရှင်ရုံ (Theator Like Audio Sound Effect ) အသံထွက်က​ဲ့သို့ စနစ်မျိုးကို Virtaullly ပေးစွမ်းနိုင်တာဖြစ်ပါတယ်။

Dr.Zaw Zaw(Dr.Mac)

Apple Certified iOS & Mac Technician