Beautiful Camera Shots, Knowledge Sharing, macOS Knowledge, Products Review, ဗဟုသုတ

October Apple Event 2021 ထွက် Products များ

ဒီEvent မှာ​ေတာ့ rumor တွေ ထွက်တဲ့ အတိုင်း အကုန်ထွက်ပါတယ်။ Covid ကြောင့် Apple အနေနဲ့ Live Event မလုပ်နိုင်တာတော်တော်ကြာခဲ့ပါပြီ။ အခုလဲ Pre Record လုပ်ပြီး ပဲ Live ပုံစံမျိုး လွှင့်ခဲ့ပါတယ်။ အခု ပွဲကတော့ Mac တွေအသုံးပြုပြီး Music ဖန်တီးတာကို ဦးစားပေးဖော်ပြပါတယ်။ ထူးခြားချက်က အသံမကြားတဲ့ သူတွေအတွက် လက်ဟန်ပြောပေးတဲ့ သူသက်သက် စီစဉ်ပေးတာ ဖြစ်ပါတယ်။

ပထမဆုံး မိတ်ဆက်တာကတော့ Home Pod Mini အ​ြခားအရောင် အသစ်တွေနဲ့ ထွက်လာကြောင်းမိတ်ဆက်ပါတယ်

HomePod Mini ကို Blue, Orange, Yellow အရောင်အသစ်တွေနဲ့ ထပ်မံ ရရှိနိုင်ပြီဖြစ်ပါတယ်။

AirPods 3

AirPods 3 က AirPods 2ကို ဆက်ခံတာ ဖြစ်ပေမဲ့ AirPods Pro နဲ့ ပုံစံတူပါတယ်။ AirPods Pro ထက် အချို့ Features တွေ လျှော့တာ ဖြစ်လို့ စျေးက ပိုသက်သာပါတယ်။

စျေးနှုန်း နှိုင်းယှဉ်ပြချက်

AirPods 2 ကို ဆက်ခံပြီး Update ပြုလုပ်တဲ့ Model ဆိုပေမဲ့ 50$ ပိုများပြီး နှစ်များစွာ သုံးခဲ့တဲ့ ခပ်ရှည်ရှည်လည်ပင်း Stem ကို AirPods Proလို တိုလိုက်ပါတယ်။ Ear Tips silicon တော့ အသုံးမပြုထားပါ။ ခိုင်းစေရမှာလဲ Tap to အစား (AirPods Pro လိုလဲ ဖိရတာ မဟုတ်) touch-capacitive sensors ကို အသုံးပြုထားပါတယ်။ ချွှေးနဲ့ ရေဒဏ်ခံနိုင်မှု အနေနဲ့ IPX4 အဆင့်ရှိလို့ ရေကူးတာက လွဲရင်အခြား Workout တွေ စိတ်ချလက်ချ လုပ်နိုင်ပါတယ်။ AirPods Pro နဲ့ AirPods Max မှာပဲ ရတဲ့ Adaptive EQ နဲ့ Spatial Audio features တွေကိုလဲ AirPods 3 မှာ ရနိုင်တော့မှာ ဖြစ်လို့ အရင် AirPods 2 ထက်များစွာ ကောင်းမွန်လာတဲ့ Model လို့ ပြောနိုင်ပါတယ်။

Active Noice Cancellation နဲ့ hi-res audio Features တွေကတာ့ AirPods Pro နဲ့ AirPods Max မှာပဲလက်ရှိအချိန်ထိ ရနိုင်အုံးမှ​ာ ဖြစ်လို့ အသံပိုင်းမှာ AirPods 2 ထက် ပိုကောင်းလာပေမဲ့ AirPods Pro, Max ထက်တော့ တဆင့် နိမ့်နေပါအုံးမယ်။ ဒါပေမဲ့ Model အသစ်ကတော်တော်လေးမိုက်တယ် လို့ ပြောရပါမယ်။ Battery အနေနဲ့ အရင် AirPods 2 ထက် တော်တော် ပိုကြာလာပါတယ်။ Charging case နဲ့ တွဲအသုံးပြုမယ်ဆိုရင် နာရီပေါင်း (၃၀) ထိ အသု့းပြုနိုင်ပါတယ်။ Single Charge မှာ (၆) နာရီထိ သီချင်းနားထောင်အ သုံးပြုနိုင်ပါတယ်။ ၅ မိနစ် Fast Charge ကတော့ ယခင်လို့ နာရီဝက်မဟုတ်တော့ဘဲ (၁)နာရီအထိအသုံးပြုလုပ်နိုင်ပါတယ်။ Charging Case အနေဖြင့် ကြိုးမဲ့သွင်းလို့ ရတ​ဲ့ Features ပါဝင်လာပါတယ်။ ဒါကြောင့် AirPods အားလုံး ကြိုးမဲ့ Charging Case ကို Standard ထားသုံးလာ​ြပီလို့ ပြောနိုင်သလို MagSafe Charging နဲ့ လဲ အသွင်းနိုင်ပါတယ်။

New Design MacBook Pro

MacBook Pro Series ကို Design ပိုင်းလုံးဝ ပြောင်းလဲယုံတင်မဟုတ်ဘဲ CPU အသစ် (၂) ခုကိုလဲမိတ်ဆက်လိုက်ပါတယ်။

M1 Max at Apple event
CPU Chip အနေဖြင့် M1 Max နဲ့ M1 Pro ဆိုတဲ့ CPU အသစ် ၂ခုကို မိတ်ဆက်လိုက်ပါတယ်။

ဒီ (၂)မှာ M1 Max က Powerful အဖြစ်ဆုံး ဖြစ်ပြီး Power User တွေအတွက် ရည်ရွယ်ပါတယ်။ M1 Max CPU မှာ ဆိုရင် 400 GB/sec Memory Bandwidth ထိ ရရှိတာဖြစ်ပါတယ်။ ဒါတွေ ပိုများခြင်းဖြင့် SoC အတွင်းပိုင်း အလုပ်လုပ်ဆောင်မှု ပိုမို မြန်ဆန်စေပါတယ်။ M1 Chip မှာ တုန်း က Unified Memory 16GB ပ​ဲ အများဆုံး Configure လုပ်နိုင်ရာကနေ (ဒါတောင် တော်တော်မြန်နေပါပြီ)အခု M1 Max နဲ့ M1 Pro မှ​ာ Unified Memory 16GB အနည်းဆုံးနဲ့ပဲလာတော့မှာ ဖြစ်ပြီး အများဆုံး 64Gb ထိ Configure လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Graphic Performance အတွက် GPU Core 32 -Core အထိပါဝင်ပြီး M1 ထက် ၄ ဆပိုမို မြန်ဆန်ပါတယ်။ Video Edit သမားတွေအတွက် Video Encode လုပ်တဲ့ နေရမှ​ာ ၂ ဆ ပိုမိုမြန်ဆန်ပါတယ်။

Hardware အလုပ်လုပ်ရာမှာ ပိုမိုကောင်းမွန်ကောင်းမွန်အောင် လုပ်လာသလို Apple က သူ့ ကိုယ်ပိုင် Pro Appsတွေကိုလဲ Versionအသစ်ထပ်ထုတ်ပေးထားပါတယ်။ M1 X, M1 Pro နဲ့ Final Cut Pro ကို သုံးမယ်ဆိုရင် Video Analysis ၅ ဆပိုမို မြန်ဆန်မယ်လို့ ဆိုပါတယ်။ Adobe Premiere Proမှာ လဲ FCPX မှာလို (၅) ဆပိုမိုမြန်ဆန်ပါတယ်။ အခြား Universal App တွေဖြစ်တဲ့ Cinema 4D နဲ့ Davinci Resolve တွေလဲ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။ Performance ကောင်းလာရင် Power စားတတ်တာကို လဲ မဖြစ်​​အောင်ဆက်ထိန်းထားပါတယ်။ Intel Base Window Laptop တွေထက်​ M1 Pro က 70% နှုန်း၊ M1 max က40% Power စားသက်သာလို့ CPU ပြိုင်ပွဲကို Apple ပါဝင်ရောက်လာပြီလို့ ပြောနိုင်တဲ့ အပြင် အခြား CPU တွေ နောက်ကောက်ချထားနိုင်တဲ့ CPU တွေ လို့ ပြောနိုင်ပါတယ်။ (Industry Leading CPU ထုတ်နိုင်တာ Apple လို့ပဲ ပြောနိုင်ပါပြီ)

M1 Pro Chip ကတော့ M1 Max ထက် Performance နိမ့်တယ်ဆိုပေမဲ့ စျေးနှုန်းပိုသက်သာပြီး power စားတာပိုသက်သာတဲ့ အားသာချက်ရှိပါတယ်။ M1 Pro ရဲ့ performacne ကတော့ သာမန် User တွေရော၊ ကျွှန်တော်တို့ လို တော်ရုံ Power User တွေရော အတွက်က More Than enough လို့ ပြောလို့ ရပါတယ်။ Macbook Pro 14”. ရော 16” နှစ်မျိုးလုံး M1 Pro ရော M1 Max ရောနဲ့ ရနိုင်ပေမဲ့ MacBook Pro 16” အမြင့်ဆုံး Model မှာတာ့ M1X (M1 Max) က Default spec န​ဲ့ ရနိုင်မှာ ဖြစ်ပါတယ်။ ကျန် Model တွေကတော့ Customized  အနေနဲ့ M1X ကို မှာ ယူနိုင်ပြီး Default အနေနဲ့ M1 Pro နဲ့ လာမှာ ဖြစ်ပါတယ်။

M1 Pro Chip ကတော့ Unified Memory 32GB ထိ Customized လုပ်နိုင်ပါတယ်။ Storage အနေဖြင့် 512GB SSD အနည်းဆုံးနဲ့ပ​ဲ လာတော့မှ​ာ ဖြစ်ပြီး 8TB SSD အထိ Configure လုပ်မှာ ယူနိုင်ပါတယ်။ MacBook Pro 16” ကို အမြင့်ဆုံးထိ ဆင်လိုက်မယ်ဆိုရင် မြန်မာငွေ (၁၃၅) သိန်းထိ ကျသင့်မှာ ဖြစ်ပါတယ်။

အနိမ့်ဆုံး Spec နဲ့ MacBook Pro 14” ကတော့ သိန်း (၄၀) လောက်ထိ ကျသင့်မှ​ာ ဖြစ်ပါတယ်။

MacBook Pro 14” နဲ့ 16” Model ၂ ခု ထွက်လာပါတယ်။

Body Design

ကို လုံးဝပြောင်းလဲ လိုက်​ြပီး SD Card, HDMI port တွေ ပြန်လည်ပါဝင်လာပါတယ်။ M1 Chip တွေမှာ Thunderbolt 4 Port ၂ ခုပဲ Support လုပ်ရကနေ အခု Chip တွေမှာတော့ (၄) ပေါက်ထိပြန်လည်ပါဝင်လာပါတယ်။ Pro User တွေ Port များများပါတာကို တောင်းဆိုလို့ ထည့်သွင်းစဉ်းစားတာထင်ပါတယ်။

Display

Display အနေဖြင့် အရမ်းကို ပါးတဲ့ အပြင် Wecam က အများ ဝေဖန်တဲ့ Notch ပုံစံထဲမှာ မြုတ်ထားပါတယ်။ Mac အပေါ် Menu Bar တွေနဲ့ တတန်းတည်း webcam ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Screen အရွယ်က အလွယ်တကူခေါ်လို့ ရအောင် 14” နဲ့  16” လို ပြောလိုက်ပေမဲ့ ဒီ notch design ကြောင့်ပဲ အတိကျဆိုရင် 14.2” နဲ့ 16.2” ထိကျယ်ပါတယ်။

Full Size Screen လို့ မပြောနိုင်ပေမဲ့ ဘေးဘောင်က 3.5mm ပဲ ရှိတော့လို့ အဲ့ လိုနီးပါးပဲ ဖြစ်ပါတယ်။ Screen Fresh Rate 120Hz နဲ့ ProMotion နည်းပညာပါဝင်လာပါတယ်။ ပုံမှန် အသုံးပြုချိန်မှာ မသိသာပေမဲ့ Gaming နဲ့ Screen ကို အမြန်လှုပ်ရှားအသုံးပြုချိန်မှာ မြင်ရတာ ချော့မွေ့စေမှာ ဖြစ်ပါတယ်။

Screen Resolution ကတော့ Retina display တွေရဲ့ 2K ကို ကျော်လွန်​ြပီး 14.2” မှာ 3024-by-1964 native resolution at 254 pixels per inch နဲ့ 5.9 million pixel၊ 16.2” မှာ 3456-by-2234 native resolution at 254 pixels per inch 7.7 million pixel Liquid Retina XDR display တွေကို သုံးထားပါတယ်။ ဒီDisplay တွေက ကြည့်ရတာ အရမ်းကောင်းပါတယ်။ (MacBook 2K Retina display လောက်ဆိုရင်ကို မြင်ရတာ တော်တော်ကောင်းနေပြီဆိုတော့)

Display အထူ 4mm 😳 ထဲမှာ LED ထောင်ပေါင်းများစွာထည့်သွင်းတည်ဆောက်ထားတဲ့ Liquid Retina HDR Displayကို တည်ဆောက်ထားလို့ လက်ရှိ ကမ္ဘာပေါ်မှာ ရှိသမျှ Laptop display တွေထဲမှ​ာ အကောင်းဆုံး ဖြစ်ပါတယ်။

သံလိုက်နဲ့ ကပ်​ြပီး ပြန်သွင်းရတဲ့ Magsafe Charger 3 (Version 3 ) ကို ပြန်သုံးပါတယ်။

Keyboard

Pro Series ရဲ့ Trademark Touchbar ကို ဖြုတ်လိုက်ပြီး Spotlight, Siri, Dictation, Do Not Disturb တွေ Default ပါဝင်လာတဲ့ Function Key တွေ ထည့်သွင်းထားပါတယ်။ Fingure Print ကတော့ အလွယ်တကူ ထည်သွင်းကိုင်တွယ်နိုင်အောင် Tactile Ring  လေး ထည့်ပေးထားပါတယ်။

ဒါတွေကတော့အ ခု Event မှာ မိတ်ဆက်ခဲ့တဲ့ Apple Products အသစ်တွေပဲဖြစ်ပါတယ်။

Dr.Zaw Zaw (Dr.mac)

Apple Certified Mac Technician