Knowledge Sharing, macOS Knowledge, Reviews

✅iMac တွေမှာပဲ ရှိတဲ့ အရာတွေ နဲ့ သိကောင်းစရာများ

iMac

✅လုပ်ငန်းသုံး၊ ရုံးသုံးအတွက် အဆင်ပြေစေမဲ့ iMac


လုပ်ငန်းသုံး၊ ရုံးသုံးအတွက် ပေးရတဲ့ဈေးနဲ့ ပိုတန်တဲ့ Mac Series Computer များပဲ ဖြစ်ပါတယ်၊ ရုံးခန်းထဲမှာ ခန့်ထည်စွာနေရာ ယူသွားစေမဲ့ Design လဲဖြစ်ပါတယ်။

2019 21.5” iMac အတွင်းပိုင်းကို တွေ့ရစဉ်၊ ပုံမှာ ကြီးမားတဲ့ Speaker ၂ ခုကို ဘယ်ညာမှာ ထားထားတာ တွေ့နိုင်ပါတယ်။

✅ကြီးမားတဲ့ Speaker


Computer တွေအားလုံးထဲမှာ iMac တစ်မျိုးမှာပဲ ကြီးမားတဲ့ Speaker ပါဝင်ပါတယ် ။ ဒီကြီးမားတဲ့ Speaker ကြောင့် iMac မှာ သီချင်းဖွင့်ထားရင် ဘေးက Sound Box ကနေပဲ အသံလားနေလားလို့ ထင်မှတ်မှားစေပါတယ်၊ လုပ်ငန်းလုပ်သူများအတွက်လဲ တော်ရုံ Exgernal Speaker မလိုအပ်စေတော့ပါဘူး။

နှစ်အလိုက် iMac Design ပြောင်းလဲလာပုံ၊ 1998 တုန်းက စထုတ်တဲ့ Design မှာ Plastic အကြည်ကို သုံးထားပြီး အထဲက စက်တွေကိုမြင်နေရပါတယ်။
1998 iMac G3 ကို ရောင်စုံဖြင့် ထုတ်ခဲ့စဉ်က
iMac ထုတ်လုပ်မှု ဖြစ်စဉ်အစအဆုံးပုံ ဖြစ်ပါတယ်။

✅အကောင်းဆုံး Performance (Mac Pro 2019 ကသာသွားပေမဲ့ သိန်း ၃၀၀ကျော်စျေးက လက်လှမ်းမမှီနိုင်လို့ မထည့်တွက်တော့ပါ)


Apple Computer အားလုံးထဲမှာ Mac Pro Series တွေက Performance အကောင်းဆုံးအဖြစ် ”စံ“ ထားသတ်မှတ်ထုတ်လုပ်ခဲ့ပါတယ်။ အခုအခါမှာတော့ Apple က Desktop ထဲမှာ အရောင်းရဆုံးဖြစ်တဲ့ iMac တွေကို Performance မှာ စံထားတဲ့ ရတဲ့ Model အဖြစ် iMac Pro ကို ထုတ်လုပ်လိုက်ပါတယ်။ အနိမ့်ဆုံး Intel Xeon 8-coreကနေ အမြင့်ဆုံး 18-Core ထိ Configure ပြုလုပ်နိုင်လို့ သင်ဘာလုပ်ချင်လဲပဲ ပြောပါဆိုတဲ့ Performance ပါ။

✅ အကြီးမားဆုံး Mac’s Display


Computer တွေထဲမှာ MacBook တွေက 16’’ ထိပဲ အကြီးဆုံး Screen နဲ့ထုတ်လုပ်ပြီး iMac တွေကတော့ 21.5’’(HD/4k) ၊ 27’’ (5K)
ဆိုပြီး ထုတ်လုပ်လို့ အကြီးမားဆုံး Screen နဲ့ထုတ်လုပ်တဲ့ တစ်ခုတည်းသော Apple Computer ဖြစ်ပါတယ်။

✅ အမြင့်မားဆုံး Resolution


iMac တွေမှာပဲ 4K, 5K Resolution နဲ့ ထုတ်လုပ်ပြီး လက်ရှိ 2019 Model များမှာတော့ ပြင်ပ ကမ္ဘာက တကယ် အရောင်အတိုင်း ဖော်ပြပေးနိုင်တဲ့ P3 Color, advanced red-green phosphor LEDs ကို စတင်အသုံးပြုထားပါတယ်။ တနည်းအားဖြင့် 1 Billion Color Display ပါပဲ။ P3 Color က နှစ်ပေါင်းများစွာ ကျွှန်တော်တို့ သုံးခဲ့တဲ့ sRGB Display ထက် Color တိကျမှုနဲ့ ဖော်ပြနိုင်မှု ပုံမှပြသလို များစွာကွာခြားခဲ့ပြီဖြစ်ပါတယ်။ Apple ကတော့ သူ့ Dispaly များကို Adobe RGB အား P3 Color ကို စသုံးပါပြီ။ 2019 iMac 4k,5k တွေရဲ့ Display တွေကို P3 wide -color gumat Displayတွေနဲ့ပဲထုတ်ပါတော့တယ်။

P3 Color gumat က တစ်နည်းအားဖြင့် Cinema Grade Color Display လဲ ဖြစ်ပါတယ်။

✅ “i” တွေရဲ့ အစ


ပထမဆုံး iMac ကို 1998 မှာ စတင်ထုတ်လုပ်ခဲ့ပြီး Products များမှာ ပထမဆုံး “i” စတင်ထည့် ခေါ်ဆိုတဲ့ Products ဖြစ်ပါတယ်၊ လက်ရှိ CEO Tim Cook လက်ထက်မှာ “i” အစား “Apple” ဆိုတာကို အစားထိုးခေါ်ဆိုပေမဲ့ လူအများစု သိရှိကျော်ကြားတာက “i” ဆိုတဲ့ စာလုံးလေးနဲ့ပါ။ ဒီအတွက် “i” တွေအစက iMac တွေပါပဲ။ iMac မှာ ထည့်စခေါ်တဲ့ “i” က အဲ့တုန်းကတော့ Internet ကို ကိုယ်စားပြုချင်တာပါ။ iMac မှာ Internet ချိတ်ဆက်လို့ ရပြီဖြစ်ကြောင်း ကိုယ်စားပြုပြောပြချင်တာလဲပါပါတယ် ။ (Apple Macintosh တွေက internet မရှိခင်ကတည်းက ရှိခဲ့တာပါ။ Web Site (Wolrd Wide Web) တီထွင်သူ Tim Berners-Lee ကိုယ်တိုင် Apple ထုတ် NeXt Computer  ကို အသုံးပြုပြီး web site တီထွင်ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်)

iMac
ကိုယ်ရဲ့ အလုပ်စားပွဲပေါ်မှာ အခုလို ရိုးရိုးရှင်းရှင်း နေရာယူခန့်ထည့်စေမဲ့ All in One Desktop iMac

All in one Desktop


All in on Desktop လို့ဆိုနိုင်မဲ့ Monitor ရော၊ System Unit ပါ တစ်ခါတည်းပေါင်းစည်းပြီး နေရာမယူအောင် တည်ဆောက်ထားတဲ့ တစ်ခုတည်းသော  Desktop ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ အအောင်မြင်ဆုံးနဲ့ သက်တမ်း အရှည်ဆုံး All in one Desktop ဆိုရင်လဲမမှားပါဘူး။ Desktop ဆိုပေမဲ့ နည်းပညာမြင့် Bluetooth, Wifi ချိတ်ဆက်မှုများပါဝင်ပြီး ဖြစ်ပါတယ်။ ပုံမှန် MacBook တွေလို့ Build in Battery တစ်ခုပဲ မပါဝင်တော့တာဖြစ်ပြီး ကျန်အချက်များ MacBook ထက်သာပါတယ်။ ချိတ်ဆက်ဖို့ Port တွေပါဝင်မှု အနေဖြင့် iMac Pro က အများဆုံး ဖြစ်ပြီး ကျန် Mac Desktop တွေဖြစ်တဲ့ Mac Mini, Laptop တွေဖြစ်တဲ့ MacBook Model အားလုံးထက်လဲ ချိတ်ဆက်ဖို့ Port အများဆုံးပါဝင်တဲ့ Model ဖြစ်ပါတယ်။

iMac တွေရဲ့ Thunderbolt 3 နဲ့ Type-C ခြားနားချက်

iMac 2019 Model အားလုံးမှာပါဝင်တဲ့ Port တွေကို iMac အနောက်ဘက်မှာတွေ့ရစဉ်၊ Thunderbolt 3 Port ၂ ခုပါဝင်တာကို တွေနိုင်ပါတယ်။

ဒီနေရာမှာ Thunderbolt 3 နဲ့ Type-C မတူကြောင်း သိစေလိုပါတယ်။ Thunderbolt 3 က Type -C Function ကိုပါသုံးနိုင်ပါတယ်။ ပုံစံကလဲ Type-C နဲ့ တူနေလို့ ရောထွေးနိုင်ပါတယ်။ Thunderbolt 3 က Type-C ထက်သာတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

iMac ရဲ့ Thunderbolt 3port က 5K External Display တစ်ခု (သို့မဟုတ်) 4K Display ၂ ခု ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
  • ယခင် Apple က အသုံးပြုခဲ့ဖူးတဲ့ Thunderbolt 2 ထက် bandwidth ၂ ဆ မြင့်ပါတယ်။
  • USB -C ရဲ့ Function ပါသုံးနိုင်ပြီး Thunderbolt ရ​ဲ့ အမြန်ဆုံး Speed ကို ပေါင်းစပ်ထားလို့ နည်းပညာသမိုင်းမှာ USB port တွေနောက်ပိုင်း ထွက်လာတဲ့ powerful အဖြစ်ဆုံး All in one Universal Port ဖြစ်ပါတယ်။
  • Data Transfer Speed 40Gb/s ရှိလို့ USB 3.1 (ဒါတောင် လူတိုင်းမသုံးနိုင်သေး?) 10Gb/s Speed ထက်များစွာ သာလွန်ခဲ့ပြီးဖြစ်ပါတယ်။
  • Thunderbolt 3 နဲ့မှာ 6k Display output support လုပ်ပါတယ်။ 6k resolution 20.4 million pixel ဖြစ်ပါတယ်။ Mac Pro 2019, MacBook Pro 16” တွေရဲ့ Thunderbolt 3 Port တွေက 6k display ၂ လုံးပြိုင်တူချိတ်ဆက်နိုင်ပါတယ်။ ကျန် iMac, Mac mini တွေရဲ့ Thunderbolt 3 ကတော့ 5K Display တစ်လုံး (သို့) 4K Display နှစ်လုံးပြိုင်တူချိတ်အသုံးပြုနိုင်ပါတယ်။
  • Thunderbolt 3 ကို အသုံးပြုပြီး ကြိုးတစ်ခုတည်းနဲ့ အားသွင်းနိုင်ပါတယ်။ 100watt ထိ အားသွင်းနိုင်လို့ ဒီကြိုးကိုပဲ MacBook Air, MacBook Pro မှာ အသုံးပြုနိုင်ပါတယ်။
  • Thunderbolt 3 ကြောင့် ပြောင်းလဲသွားတဲ့ Computer နည်းပညာတစ်ခုက eGPU ဖြစ်ပါတယ်။ Extra Graphic Unit တစ်ခုကို မိမိသုံးနဲ့ Mac မှာ Graphic လိုလာမယ်ဆိုရင် စက်ကို ဖွင့်စရာ မလိုဘဲ ဒီအပေါက်ကနေ ချိတ်သုံးနိုင်တာပါ။ ဒါကြောင့် MacBook Pro, MacBook Air, iMac တွေအတွက် Graphic Support ထပ်လို့ဖို့ လွယ်ကူစေပါတယ်
Apple Store မှာ ရောင်းနေတဲ့ Blackmagic ရဲ့ eGPU, စျေးကွက်မှာ သူထက် စျေးသက်သာတာတွေတော့ရှိပေမဲ့ သူလောက်တော့ မကောင်းပါဘူး
  • Thunderbolt က အနာဂတ်အတွက် Truly Universal Port ဖြစ်ပါတယ်။ သူနဲ့ ချိတ်ဆက်မဲ့ Adapter ရှိတာနဲ့ Thunderbolt 2, USB C, USB -A,Lightning, Micro-B, Mini-B, Ethernet, HDMI, Display Port, VGA, SD card, DVI အစရှိတဲ့ အခုလက်ရှိ အသုံးပြုနေတဲ့ ချိတ်ဆက်မှုတွေနဲ့လဲ အသုံးပြုနိုင်ပါတယ်။

ရောင်းအားအကောင်းဆုံး Mac Desktop


Mobile ခေတ်မှာ Computer တွေ ရောင်းအားကျလာပါတယ်၊ အထူးသဖြင့် Laptop ထက် Desktop တွေက ပိုကျပါတယ်။ သို့သော် ထုတ် Desktop ထဲမှာမှ iMac တွေက ရောင်းအားအကောင်းဆုံး Model ဖြစ်ပါတယ်။ ဒီအချက်ကို အစဉ်အလာအားဖြင့်အမြင့်ဆုံး Model – Mac Pro ကို Upgrade မလုပ်သေးဘဲ iMac Pro ဆိုပြီး ထုတ်လုပ်ခြင်းက သက်သေပါပဲ။

2019 iMac 4K နဲ့ 5K ရဲ့ စွမ်းဆောင်ရည်

4K model ကို အမြင့်ဆုံး 6-Core 8th gen Intel CPUနဲ့ ရနိုင်ပြီး 5K ကို တော့ အမြင့်ဆုံး 8-core 9th Gen Core i9 နဲ့ ရနိုင်ပါတယ်။
iMac ထဲမှာ Port အများဆုံး၊ Macတွေအားလုံးထဲမှာ ဒုတိယ Port အများဆုံး iMac Pro မှာပါဝင်တဲ့ Port တွေကို တွေ့ရစဉ်

✅ Fusion Drive နဲ့ ရနိုင်တဲ့ တစ်ခုတည်းသော Model

အခြား ​Mac Model တွေအားလုံး အရမ်းမ​ြန်တဲ့ Flash Storage ကို ပဲ သုံးပြီး ထုတ်ပါတယ်၊ အားနည်းချက်က Storage နည်းနည်းကို စျေးကြီးကြီးပေးရပါတယ်။ Hardisk ကျတော့လဲ Storage များပေမဲ့ နှေးပါမယ်။ Fusion Technology မှာ တော့ Flash Storage ရော Hardisk ရောပါပါတယ်။ Apple iMac 4K မှာ Fusion Drive နဲ့ လာတဲ့ Model ရှိသလို Hardiskနဲ့ လာတဲ့ Model လဲ ရှိပါတယ်။ 5K iMac အားလုံးကတော့ Fusion Drive နဲ့ပဲ လာပါတော့တယ်။ Fusion Drive အလုပ်လုပ်ပုံက ခဏခဏ အသုံးပြုနဲ့ App တွေနဲ့ MacOS ကိုယ်တိုင် Flash storage ပေါ်ကို အလိုလိုရွှေ့အလုပ်လုပ်ပြီး ကျန်သိပ်မသုံတဲ့ DATA တွေကိုတော့ Hardisk ပေါ်ကို သူဖာသာရွှေ့ပေးခြင်းဖြစ်ပါတယ်။

ဒီအတွက် Flash Storage ရဲ့ မြန်ဆန်တဲ့အားသာချက်နဲ့ Hardisk ရဲ့ စျေးသက်သာပြီး ပိုမိုဝင်ဆန့်တဲ့ အားသာချက်ကို ရရှိစေပါတယ်။ (အလုံးစုံ Flash Storage က ပိုကောင်းတာမှန်ပေမဲ့ Apple ကို Customized မှာတာထက် Dr.Mac လို အတွေ့အကြုံရှိတဲ့ Mac Service မှာ သက်သာတဲ့နှုန်းနဲ့ လဲလှယ်မြှင့်တင်တာ ပိုမိုပြီး Budget အရပိုကိုက်ပါတယ်) ကြာမြှှင့်ချိန် ၆ နာရီပဲဖြစ်ပါတယ်။

စာရေးသူ Recomand လုပ်တဲ့ Model တွေကတော့ iMac 4K or 5K ကို Fusion Drive နဲ့လာတဲ့ Model များဖြစ်ပါတယ်။ အသေးစိတ် တိုင်ပင်လိုသူများအတွက်လဲ ဆွေးနွေးနိုင်အောင် ဆိုင်ကို လာရောက်နိုင်ပါတယ်။

2019 iMac 21.5” Specification

iMac 5K 27” Specification

✅ iMac တွေကို Touch Screen နဲ့ မထုတ်ပေမဲ့ Touch Screen ကဲ့သို့ သုံးနိုင်ပါတယ်။

MacBook တွေမှာ Magic Trackpad ဆိုတဲ့ Trackpad Build in ပါဝင်ပြီးဖြစ်လို့ Touch Screen ကဲ့သို့ အသုံးပြုနိုင်ပါတယ်။ iMac တွေကို Touch Screen ကဲ့သို့ အသုံးပြုချင်ရင်တော့ Apple ထုတ် Extra Magic Trackpad 2 နဲ့ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့်လဲ Apple က ​MacBook တွေရော iMac တွေရောကိုရော TouchScreen နဲ့ မထုတ်ရခြင်းဖြစ်ပါတယ်။

Mac တစ်လုံးဝယ်လျင် သိထားသင့်သော အချက်များနှင့် Unibody အကြောင်း ဖတ်ရန်

Dr.Mac မှ ရောင်းချပေးသော iMac  instock စျေးနှုန်း များကိုကြည့်ရန်

Dr.Zaw Zaw (Dr.Mac)

—————————-

Dr.Mac Address

http://bit.ly/2FW80h7

—————————-

Ph- 09798666614, 0996366614

Viber- 0979866614

Facebook Page- Dr.Mac

—————————-

Youtube Subscriptions ပြုလုပ်ထားပေးပါ။

http://bit.ly/2FMu65A

—————————-

Related Posts