Beautiful Camera Shots, Drone နည်းပညာ, Knowledge Sharing, ဗဟုသုတ

2023 အတွက်Cinematic FPV Technology

2023 အတွက် ဆက်လက်တည်ရှိ အသုံးပြုနေမဲ့ FPV နည်းပညာများအကြောင်းဖြစ်ပါသည်။ FPV နည်းပညာလောကက Mobile Phone လောက်ကလောက် ပြောင်းလဲမှု မမြန်ဆန်ပေမဲ့ 2023 အတွက်တော့ လှုပ်ခတ်မှုတွေ ရှိလာပါတယ်။

⌘ Cinematic FPV ဆိုတာကတော့ ပုံမှန် FPV Drone ပေါ်မှာ ရုပ်ရှင် Camera တွေ တင်ရိုက်တဲ့ နည်းပညာဖြစ်ပါတယ်။ အနည်းဆုံးတော့ GoPro လောက်တော့ တင်ရိုက်ကြပါတယ်။

⌘ FPV (First person view) ဖြစ်တဲ့ အတွက် Goggle တစ်ခု မဖြစ်မနေလိုပါတယ်။ ကျွှန်တော်တို့ စတင်လေ့ကျင့်တုန်းက Analog  စနစ်ပဲ ရှိခဲ့ရာကနေ DJI က Digital System စတင်မိတ်ဆက်ပြီး FPV လောကထဲကို စတင်ဝင်ရောက်လာပါတယ်။ ဒါကြောင့် မြင်ကွင်းကြည်လင်တဲ့ Digital FPV System ကို Cinematic FPV ရိုက်ကူးရေးသမားများက ဦးစားပေးအဖြစ်ရွှေးချယ် လာကြပါတယ်။

FPV Radio Controller (Radio Transmitter)

FPV Drone ကို ထိန်းကျောင်းမောင်းနှင်တဲ့ Remote စနစ်ဖြစ်ပါတယ်။ ကျွှန်တော်ပထမဆုံး ရွှေးချယ်ခဲ့တဲ့ RC စနစ်က FrSky X9D ဖြစ်ပါတယ်။ နောက်ပိုင်း Long Range ပျံချင်တာရော Connection ပိုင်း စိတ်ချချင်တာရောကြောင့် TBS Crossfire ကို ပင်တိုင် ရွှေးချယ်ခဲ့ပါတယ်။ အခု လာမဲ့ နှစ် ၂၀၂၃ ထိလဲ TBS Crossfire တွေက စိတ်ချယုံကြည် ရတဲ့ RC ဖြစ်နေဆဲပါပဲ။ 2023 အတွက် နောက်ထပ်ဆက်သုံးနေကြအုံးမဲ့ Radio Connection တွေထဲမှာတော့ ELRS Connection လဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ELRS Build in ပါတဲ့ RC Remote တစ်ခုခုသုံးထားသူများလဲ ရှိပါတယ်။ DJI ကိုယ်တိုင်လဲ FPV Remote ထုတ်ပေမဲ့ အများစုက မသုံးကြပါဘူး။ သူကိုယ်တိုင်ထုတ် DJI FPV Drone မောင်းမှပဲ သုံးကြပါတယ်။ 

မောင်းတဲ့ Stick ကို အသုံးပြုတဲ့ နည်းပညာမှာ

  1. Potentiometer
  2. Hall Sensor ဆိုပြီး ၂ မျိုးရှိရာမှာ အချိန်ကြာတာနဲ့ အမျှ သံလိုက်ကိုပဲ အသုံးပြုတဲ့ Hall Sensor များက ပိုကောင်းလို့ အခု Remote များအားလုံး Hall Sensor ကို သာ အသုံးပြုပါတယ်။

အချိန်ကြာလာတာနဲ့ အမျှ Stick ရဲ့မောင်းနှင့်ရာမှာ တိကျမှ မပြောင်းလဲပါဘူး

DJI FPV Radio Controller 2 , DJI FPV Drone, DJI Avata, DJI O3 Air Unit တပ်ဆင်ထားသော FPV Drone များတွင်သာ အသုံးပြုနိုင်ပါသည်။
ELRS Connection သုံး RadioMaster Zorro Radio Controller – (ELRS Receiver တပ်ဆင်ထားသော ELRS Drone များတွင်သာ အသုံးပြုနိုင်ပါသည်.)
RadioMaster XT16S ကလဲ FrSky ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လို့လာပါတယ်

Simulator

Liftoff FPV Drone Simulator

FPV Drone သမားအများစုက drone တန်းမောင်းလို့ မရပါဘူး။ Simulator တွေထဲမှာ အရင်အမောင်းကျင့်ပြီး မောင်းမှ Drone တိုက်ခိုက် ပျက်စီးမှ သက်သာမှာ ဖြစ်ပါတယ်။ ကျွှန်တော် အဓိက အသုံးပြုခဲ့တဲ့ Simulator ကတော့ Liftoff ဖြစ်ပါတယ်။ နာရီပေါင်း ၁၀၀ ကျော်လောက်မောင်းနှင်အပြီးလောက်မှာ တကယ့် FPV Drone ကို စမောင်းပါတယ်။ ဒီ Simultor တွေရဲ့ အားသာချက်က Game Controller နဲ့ မောင်းနှင့်နိုင်သလို ကိုယ်တကိုယ်မောင်းနှင်မဲ့ RC Remote နဲ့ပါ ချိတ်မောင်းနိုင်ပါတယ်။ ဒါကြောင့် Simultor ထဲမှာ ကိုယ်ရဲ့ Remote ကိုင်မောင်းတဲ့ အတွေ့အကြုံပါရစေပါတယ်။

အခြားအသုံးများသော FPV Simulator များကတော့

Veloci drone

DJI Drone Simulator

Velocidrone

DRL Sim 3.0 Drone Racing Simulator တို့ဖြစ်ပါတယ်။ အခြားSimulator တွေလဲ ရှိပေမဲ့ အခုတွေက ကျွှန်တော်ကိုယ်တိုင် စမ်းသပ်ပျံသန်းဖူးပါတယ်။

FPV Goggle

Analog စနစ်မှာတုန်းက OLED Display နဲ့ လာတဲ့ FatShark Goggle တွေကနေ စျေးသက်သာတဲ့ Analog Goggle တွေ ဆိုပြီး ရွှေးချယ်စရာ အမျိုးမျိုး ရှိခဲ့ပါတယ်။

Digital စနစ်ပေါ်ပေါ်ချင်းဝယ်လိက်တဲ့ ကျွှန်တော်ရဲ့ ပထမဆုံး DJI Digital FPV Goggle၊ Original ထက် လိုင်းဆွဲအားပိုကောင်းတဲ့ Antenna Patch ကို အဆင့်မြှင့်တပ်ဆင်ထားပါတယ်။ သူ့နောက်ပိုင်းတော့ အပြင်ပုံစံတူတဲ့ DJI FPV Goggle V2, အဲ့နောက်တော့ အပေါ်မှာ ပြထားတဲ့ DJI Goggle 2 ထွက်ထားပါတယ်၊ Goggle 2 က ၂၀၂၃ အတွက် ရည်ရွယ်တာဖြစ်လို့ ကျွှန်တော့်လို့ တော်တော်များများ FPV ဆင်ထားသူများ ချက်ချင်းပြောင်းလဲ ဖို့ ငွေကုန်ကြေးကျများနိုင်ပါတယ်။

FPV လောကမှာတော့ Original ပဲ ကောင်းတယ်လို့ FPV Pilot များက မယူဆကြပါဘူး၊ (တစ်ဘက် သိုင်းလောကသားတွေနဲ့ တော်တော်လေးကွာပါတယ် 😂)

ကောင်းတာဆို ဝယ်မယ်၊ စမ်းမယ်၊ ဒီအပိုင်းလေး ပြင်လိုက်တာပိုကောင်းမယ်ဆိုရင် Origial ဆိုတာကြီးကို အလေးမပေးဘဲ လဲပစ်ပါတယ်။ (ဥပမာ- ကျွှန်တော့် DJI Origianl Antenna Patch ကို ဝယ်ကတည်း လဲပြီးပဲ သုံးပါတယ်)

DJI ထုတ်မှာတော့ အခု အချိန်မှာ DJI Goggle 2 ထွက်ရှိလို့လာပြီဖြစ်ပါတယ်။ သူနဲ့ အတူတူ တွဲပြီး သုံးလို့ ရတာက DJI O3 Air Unit ပဲဖြစ်ပါသည်။ O3 Air Unit ကို DJI FPV Goggle 2 နဲ့ အသုံးပြုမယ်ဆိုရင်

  • 1080p 100fps 30ms latency
  • 1080p 60fps 40ms latency. ထိ ရနိုင်မှာ ဖြစ်လို့ ကျွှန်တော် အခုသုံးနေတဲ့ DJI FPV Goggle V1    ထက်အများကြီး သာသွားမှာဖြစ်ပါတယ်။

DJI O3 Air Unit ကို DJI Goggle V2 နဲ့ အသုံးပြုမယ်ဆိုရင်တော့

  • 810p 120fps 28ms latency
  • 810p 60fps 30ms latency ပဲ ရမှာ ဖြစ်လို့ Performance လျှော့ ကျပြီး အသုံးပြုရမှာ ဖြစ်ပါသည်။

ကျွှန်တော်လက်ရှိ အသုံးပြုနေတာက DJI FPV goggle V1 ဖြစ်ပါသည်။ ပေါ်ပေါ်ချင်းဝယ်လိုက်လို့ အခု လို DJI Goggle 2 ထွက်လာချိန်မှာ စဉ်းစားရပါပြီ။ (Goggle 2 က ပထမဆုံးထွက်ခဲ့တဲ့ DJI AirUnit နဲ့ မကိုက်တော့လို့ Drone အားလုံး လဲပစ်မှပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်)

အသစ်ထွက် DJI O3 Air Unit

DJI Goggle V1 အသုံးပြုသူများကတော့ ယခင် ထွက်ရှိပြီးသား DJI Air Unit, Caddx VIsta DJI Air Unit များကို အသုံးပြုရမှာ ဖြစ်ပါတယ်။ DJI O3 Air Unit ရဲ့အားသားချက်ကတော့ 4k 60fps ထိ ရိုက်ကူးနိုင်တာဖြစ်လို့ GoPro လို အခြားရိုက်ကူးရေး Camera ထပ်တင်ပြီး ရိုက်စရာမလိုဘဲ ရိုက်ကူးရေးရော FPV Camera ကြည့်ရူမှု (၂) ခုလုံးရော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အားသာချက်အဖြစ် Drone Body တစ်ခုလုံး ပိုမိုပေါ့ပါးလာလို့ Flight time ပိုမိုများပြားလာစေပါတယ်။

Analog Goggle များထဲမှာ OLED Display ထဲထုတ်တဲ့ FatShark HDO Goggle, စျေးကြီးသလို Analog ထဲမှာ ရုပ်ထွက်အကောင်းဆုံးပေးနိုင်ပါတယ်။ (Digital ကိုရုပ်ထွက်တော့ မမှီပေမဲ့ စျေးကတော့ တန်းတူလောက်ပါ သွားပါတယ်) ဒါပေမဲ့ Anlog Version Drone အသေးဆုံးကနေ အကြီးဆုံးထိ Compatible ဖြစ်ပါတယ်။ ဒီမှာလဲ ဂွကျတာက Digital လို Unit တစ်ခုထဲပေါင်းလာတာမျိုးမဟုတ်သေးဘဲ ပုံမှာ ပြသလို မတူညီတဲ့ နည်းပညာ Company တွေရဲ့ ထုတ်ကုန်တွေကို ပေါင်းစပ်တပ်ဆင် အသုံးပြုရပါတယ်၊ ထုံးစံအတိုင်း ပိုကောင်းလာတာ ထွက်လာတဲ့ အပိုင်းကို ဖြုတ်လဲမြှင့်ပါ 😂

Drone များ

FPV drone တွေကတော့ Custom ဆင်ကြတာ များပါတယ်။ အချို့လဲ မိမိ Frame Design ကို မျှဝေပြီး ဆင်ကြတာရှိပါတယ်။ အချို့သော FPV Drone maker တွေပြုလုပ်တဲ့ ဆင်ပြီးသား Ready made drone တွေရှိပေမဲ့ သူတို့လဲ Parts တွေ ဝယ်ပြီဆင်တာ ဖြစ်လို့ တိုက်မိလို့ ပျက်စီးတာရှိခဲ့ရင် ကိုယ်တိုင် ပျက်တဲ့အပိုင်းကို လဲတာ၊ မကြိုက်တဲ့အပိုင်းကို Upgrade လုပ်တာတွေ စိတ်ကြိုက်လုပ်နိုင်ပါတယ်။

DJI ကိုယ်တိုင်လဲ FPV လောကထဲကို ပစ္စည်းစရောင်းတုန်းက DJI Air Unit ကို ပဲ ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။ အခု 2023 အတွက်မှာတော့ DJI ကိုယ်တိုင် AVATA ဆိုတဲ့ ကိုယ်တိုင်လုပ် FPV Drone တွေကို စတင်ထုတ်လုပ်ပါတယ်။ ဒီ Model ရဲ့အရင်ထွက်ရှိခဲ့တာကတော့ DJI FPV Drone ကတော့ သူ့ထက်ပိုကြီးပါတယ်။ သို့သော်လဲ ဒီ Drone တွေက Beginner တွေပဲ ကြိုက်နှစ်သက်ကြပြီး Custom DIY FPV Drone တွေနဲ့ နှစ်များစွာ အသားကျနေတဲ့ အတွေ့အကြုံရှိ FPV Pilot များကတော့ ကြိုက်နှစ်သက်ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် DIY FPV Drone များက ပြင်ဆင်စရိတ်သက်သာခြင်းနဲ့ Customized လုပ်ခွင့်အားသာချက်များကြောင့်ပဲဖြစ်ပါတယ်။

FPV Drone အမျိုးအစားကို ထပ်ပြီး အမျိုးအစားခွဲခြားရရင်

Cinewhoop Drone

ဖြည်းဖြည်းခြင်း ရိုက်ကူးတာမျိုး အတွက် အဓိကရည်ရွယ်တဲ့ အမျိုးအစားဖြစ်လို့ တည်ငြိမ်ပြီး ပျံသန်းရာမှာလဲ လေးလံပါတယ်။ လူတွေနားကပ်ပျံလို့ ရအောင် ပန်ကာမှာ အကာအရံ ထည့်ပြီး မောင်းလေ့ရှိပါတယ်။

ကျွှန်တော့် ပထမဆုံး လေ့ကျင့်ဖော် MegaBee, ၃ နှစ်လောက် မောင်းခဲ့ပြီးချိန်မှာ BumbleBee Frame ပြောင်းတပ်ထားပါတယ်။ Analog Version တစ်ခု အနေဖြင့် 2023 ထိ ခေတ်မှီနေဆဲလို့ ပြောနိုင်ပါတယ်။

Free Style FPV Drone

FPV drone ရဲ့ အမြင့်ဆုံးသော Aerobatic Movement များကို အကောင်းဆုံး လုပ်နိုင်စွမ်းရှိအောင် တည်ဆောက်ထားပါတယ်။ Flip, Roll, Dive စတဲ့ အခြေခံ Movement မှသည် Split S, Juicy Flip , Power loop movement များအထိ လုပ်နိုင်အောင် တည်ဆောက်ပါတယ်။ အရင်က 3.5” Propeller Frame များကို အဓိက သုံးခဲ့ကြပေမဲ့ အခု နောက်ပိုင်းမှာ​ တော့ 5” Propeller Frame များကို Standard Free Style Frame များအဖြစ် အသုံးများလာကြပါတယ်။ Full Size GoPro ကို တင်ချင်ကြတာကြောင့်လဲပါပါတယ်။

ကျွှန်တော်လက်ရှိ ပျံသန်းနေတဲ့ FreeStyle Nazgul 5 (5” Propeller) ဖြစ်ပါတယ်။ Cinematic FPV မှာ FreeStyle သိပ်မလိုအပ်ပေမဲ့ ကား/ရထားလို အမြန်သွားနေတဲ့ Object နောက်ကို အချိန်မှီလိုက်ချင်တာမျိုး၊ PowerLoop, Dive ကောင်းကောင်းလုပ်ချင်တာမျိုး အခြေအနေမှာ သုံးပါတယ်။ Isolation Area မှာ ပျံသန်းသင့်ပါတယ်။ ပန်ကာ (Poperller) တော်တော်လေးကြီးလာလို့ ပျံသန်းမဲ့ နေရာကို အသိပေး အကြောင်းကြားပြီးမှ ပျံသန်းသင့်တဲ့ အမျိုးအစား ဖြစ်ပါတယ်။
Standard Free Style Frame မဟုတ်ပေမဲ့ 2.5” Prop ရော၊ 2” Prop ရော သုံးနိုင်တဲ့ iH2 ကလဲ လက်ရှိ ကျွှန်တော် အကြိုက်ဆုံးပါပဲ။ Naked GoPro Hero 8 ကို ပဲ အသုံးပြုရိုက်ကူးရပါတယ်။ Battery, Nake GoPro Camera ပါပြီး တစ်စီးလုံး အလေးချိန်က 215gram ပဲ လေးပါတယ်။

Drone Law ရှိတဲ့ နိုင်ငံတွေမှာ 250 Gram အလေးချိန်အားရှိတဲ့ Drone တွေက ခွင့်ပြုချက်မလို့ဘဲ ပျံသန်းနိုင်ပါတယ်။ ဒါကြောင့် အခု iH2 က ခွင့်ပြုချက်မလိုဘဲ ပျံသန်းနိုင်ပါတယ်။

2” Prop တပ်ပြီး Prop Guard ကာလိုက်ရင် Cinewhoop အမျိုးအစား အဖြစ်လဲ အသုံးပြုနိုင်ပါတယ်။

Racing Drone

Mach R5 6S Race Drone

Racing Drone ကတော့ Speed ဦးစားပေးမယ်၊ အတားအဆီးတွေကို အမြန်ရှောင်ဖို ရည်ရွယ်တာ ဖြစ်ပါတယ်.။ Racing Drone ပြိုင်ပွဲတွေလဲရှိပါတယ်။

Battery & Charger

Drone Battery အနေဖြင့် LiPo Battery တွေပဲ Standard ဖြစ်နေအုံးမှာ ဖြစ်ပါတယ်။ သူနဲ့ အတူ အသုံးပြုမဲ့ Charger  တွေလဲ Cell အရေအတွက် အလိုက် လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ 4S ကို Standard ထားအသုံးပြုနေကြတုန်းဖြစ်ပေမဲ့ 6S Battery သုံး အမျိုးအစားတွေ 2023 အတွက် ပိုမိုများပြားလာမှာ ကို တွေ့မြင်နေရပါတယ်။

FPV Drone နဲ့ ချိတ်ဆက်ရာမှာတော့ XT60, XT30 ခေါင်းတွေကို ပဲ အဓိထားသုံးပါတယ်။

Drone အကြီးများက XT60 ခေါင်း၊ အလယ်အလတ်နဲ့ Mini Quard များက XT30 ခေါင်းများကို အသုံးပြုပါသည်။

FPV Goggle များမှာ​တော့ DJI ရော၊ Analog FatShark မှာရော 18650 Battery များကို သုံးနိုင်ပါသည်။

Goggle များမှာတော့ 18650

XT60ရော XT30 ခေါင်းရောကို အခုကျွှန်တော်သုံးနေတဲ့ Charger မျိုးဖြစ်ဖြစ် Function တူတာမျိုးထဲကဖြစ်ဖြစ် ရွှေးချယ်ထားနိုင်ပါတယ်။

Lipo Battery တွေကို ကြာရှည်စွာအသုံးပြုနိုင်ဖို့ သူရဲ့ သိမ်းဆည်းတဲ့ Voltage ကို ပြန်ရောက်အောင် Discharge လုပ်ပေးဖို့ လိုပါတယ်။ အားအပြည့်သွင်းပြီး သိမ်းရင် Battery ဖောင်းပါတယ်။ အားကုန်အောင်သုံးပြီး သိမ်းရင် Battery Cell တွေ သေပြီး လုံးဝသုံးမရအောင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် Storage Voltage ကို ပြန်ချပေးတဲ့ Smart Discahrger တွေ သပ်သပ်လိုပါတယ်။ ပုံထဲက ToolkitRC မှာတော့ Smart Discharger Function ပါပါလို့ ထပ်ဝယ်စရာမလိုပါဘူး။ ISDT ကတော့ ကျွှန်တော် ပထမဆုံးသုံးခဲ့တဲ့ Charger  ဖြစ်ပါတယ်။ အခုထိလဲ သုံးနေကောင်းနေဆဲဖြစ်ပေမဲ့ Smart Dishcarge function မပါတော့ပါဘူး။ Compact ဖြစ်လို့ Field ထဲကိုသွားရင်တော့ သူကိုပဲ ယူသွားဖြစ်ပါတယ်။ Battery အကြီးက​တွေကနေ LipoBattery အသေးတွေကို အရေးပေါ်အား ပြန်သွင်းဖို့ လဲ အသုံးပြုနိုင်ပါသေးတယ်။

ပညာရှင်တစ်ချို့က Lipo Battery ကို Storage Voltage ထားပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင် နှစ်များစွာ အသုံးခံမယ်လို့ ဆိုထားပါတယ်။

ရိုက်ကူးရေး Camera များ

GyroData Build in အသုံးပြုနိုင်တာ၊ Camera Color Bit Rate အရ Dynamic Range ကောင်းတာ၊ စျေးနှုန်းအရ အများအားထုတ်နိုင်တာ၊ အကြမ်းခံတာ စတဲ့ အချက်တွေကို စဉ်းစားကြလို့ FPV လောကမှာတော့ GoPro တွေက No.1 ဖြစ်နေဆဲဖြစ်ပါတယ်။ 2023 မှာဆိုရင် GoPro Hero 11 ဖြစ်ပြီး FPV သမားတွေအတွက် ပိုပေါ့တဲ့ GoPro Hero 11 Mini ကို ထုတ်ပေးထားပါတယ်။

FPV သမားတွေအတွက် Camera Gyro Data က အရမ်းအရေးကြီးပါတယ်။ တတ်နိုင်သမျှ ရိုက်ကူးနေစဉ် Electronic Image Stabalization ကို ဖွင့်ပြီး မရိုက်ကြပါဘူး။ Dynamic Range နည်းသွားလို့ ဖြစ်ပါတယ်။ Post  ကျမှ GyroData ကို အသုံးပြုပြီး ငြိမ်အောင် (Stabalize) ပြန်လုပ်ရတဲ့ GyroImage Stabalization ကို အသုံးပြုကြပါတယ်။ Gyro Image Stabalization ကို အသုံးပြုနိုင်တာ GoPro တွေက ပထမဆုံးဖြစ်ပြီး Hero 5 ကနေ စတင်အသုံးပြုနိုင်ပါတယ်။ အခု အချိန်မှာ GoPro က ဝယ်လိုက်ပြီဖြစ်တဲ့ ReelSteady Software ကို US$ 100$ပေးပြီး ဝယ်ယူအသုံးပြုရပါတယ်။ ၂၀၂၃ ထွက် Action Camera တွေမှာ GoPro လို GyRo data သုံးနိုင်အောင် ပြုလုပ်လာပါတယ်။ Stabalization လုပ်ဖို့ကတော့ GyroFlow ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။

လက်ရှိကျွှန်တော် အသုံးပြုနေသော Action Camera  များ၊ GoPro Hero 5,6,7,8 (Naked အပါအဝင်)၊ Osmo Action, Insta Go2

Micro Quard တွေမှာ ရိုက်ဖို့ ဆိုရင်တော့ Insta Go2 Camera များက ရွှေးချယ်စရာ ဖြစ်ပါတယ်။ Pro နီးပါးမသုံးနိုင်ပေမဲ့ Social Media ပေါ်တင်ဖို့လောက်တော့ ကောင်းကောင်းသုံးနိုင်ပါတယ်။

InstaGo2 Sample Footage

Naked GoPro

အခုနောက်ပိုင်း ကျွှန်တော်ကိုယ်တိုင် Naked/Lite GoPro ကို အသုံးပြုပြီးပဲ ရိုက်ကူးတာများပါတယ်။ Naked GoPro တွေရဲ့ ခေါင်းကိုင်ဖခင်က ReelSteady Developer Robert Macintosh လို့ ပြောနိုင်ပါတယ်။ သူက Hero 6 ကို ပေါ့ပါးအောင်ခွာထုတ်ပြီး GoPro Award Winning Video ဖြစ်တဲ့ Muscle Up ဆိုတဲ့ Video ကို ဖန်တီးခဲ့ပါတယ်။ ကြည့်ရတာ မသိရင် CGI ဖန်တီးထားသလားလို့ ထင်ရပါတယ်😄

ကျွှန်တော် Inspired ဖြစ်ရတဲ့ Video ဖြစ်ပါတယ်။ ဒီ Video ကြောင့်ပဲ Naked GoPro တွေ လုပ်ပြီး အဓိက ရိုက်ကူးပါတယ်။
Naked GoPro အများစုနဲ့ ရိုက်ထားတဲ့ ရိုက်ထားတဲ့ FPV Shot များ

FPV Community မှာ Lite Version GoPro လုပ်တာများလာတဲ့အတွက် GoPro ကိုယ်တိုင်လဲ ကိုယ်တိုင်ထုတ် Lite Version GoPro တွေ ထွက်လို့လာပါတယ်။ ပထမဆုံး စထုတ်တဲ့ Series က Hero 10Black Bones ဖြစ်ပါတယ်။ 2023 ထိလဲ Heor 10 Bones ကိုပဲ ဆက်သုံးနိုင်ပါတယ်။ Hero 11 Mini လဲထွက်ထားပေမဲ့ Hero 10 Black Bones ထက် အလေးချိန်ပိုများနေပါသေးတယ်။

Cinelifter

ရိုက်ကူးရေးကို ဒီထက် တဆင့်မြှင့်ချင်ရင်တော့ ရုပ်ရှင် Camera တွေတင်ရိုက်လို့ ရတဲ့ Cinelifter အဆင့်ရှိ FPV Drone ​တွေကို သုံးပါတယ်။ RED Camera, BlackMagic, Z Cam E2 လို Camera တွေတင်ရိုက်ပါတယ်။ SetUp Unit တစ်ခုတင်ကုန်ကျစရိတ် သိန်း ရာချီကုန်ကျပါတယ်။

FPV Accessories

DroenSoldering Tips တွေ၊ Nut အပိုခေါင်းမျိုးစုံ၊ ဂွမျိုးစုံ၊ တွေလဲ မဖြစ်မနေမလိုအပ်ပါတယ်။ ခရီးသွားရင်သယ်သွားဖို့ Drone Backpack လဲ လိုအပ်ပါတယ်။

3D Printer

3d Printer နဲ့ ထုတ်ထားတဲ့ FPV Drone Parts တွေ၊ အထူးသဖြင့် ရိုက်ကူးရေး Camera Mount အပိုင်းတွေ များများထုတ်ဖြစ်ပါတယ်။

Optional ဖြစ်ပေမဲ့ ရှိထားရင် ကောင်းပါတယ်။ Drone Customized Part တွေနဲ့ ပျက်စီးသွားတဲ့ အချို့သော Parts တွေကို ထုတ်နိုင်ဖို့ ရှိထားရင်ကောင်းပါတယ်။ TPU လို ပျော့ပျောင်းတဲ့ အပိုင်းတွေထုတ်လုပ်ဖို့ Direct Drive Extruder အမျိုးအစား ဖြစ်တဲ့ 3D Printer မျိုးကိုသုံးတာ ပိုကောင်းပါတယ်။

လက်ရှိကျွှန်တော်သုံးနေ ဆဲ 3D Printer များဖြစ်ပါတယ်။

FPV Level

FPV လိုင်းက Hobby အဖြစ်ကနေ Cinema ဘက်ကို ရောက်လာလို့ Professional နယ်ပယ်တစ်ခုဖြစ်လို့ လာပါတယ်။ ကမ္ဘာ့အဆင့် FPV Pilot တွေ အများဆုံးထွက်ရှိရာနေရာက USA, Canada နိုင်ငံတွေဖြစ်ပြီး အခုနောက်ပိုင်း တောင်ကိုရီးယားက Pilot တွေလဲ ကမ္ဘာ့အဆင့်မှာ ရှိပါတယ်။ ဥပမာ- ကမ္ဘာ့အမြန်ဆုံး FPV Pilot က တောင်ကိုရီးယားကဖြစ်ပါတယ်။

Johnny FPV လို Pilot ကတော့ Hollywood ကားတွေမှာ ကမ္ဘာ့အဆင့် Pilot အဖြစ် ရိုက်ကူးနေပြီဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာတော့ ထိုင်းနဲ့ အင်ဒိုက Pilot တွေ ပျံတာ အဆင့်ရှိပါတယ်။

ဒီလိုဖြစ်ရရင်ခြင်း အကြောင်းအရာတွေကို ပြန်ကြည့်ရရင် နိုင်ငံကချမ်းသာရုံနဲ့မရဘဲ FPV လိုင်းကို လွတ်လပ်စွာ ပျံသန်းခွင့်ပြုထားတဲ့ အစိုးရတာဝန်ရှိသူများနဲ့ အများကြီးဆိုင်တာကို တွေ့ရပါတယ်။

FPV Ethic

ကျင့်ဝတ်ပိုင်းဆိုင်ရာ အနေဖြင့် မဖြစ်မနေလိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။ ဒါကလဲ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ အန္တရာယ်ကင်းအောင်ရန်နဲ့ မိမိ အပါအဝင် FPV Community ကို မထိခိုက်အောင်ဖြစ်ပါတယ်။

အစိုးရအဆောက်အအုံတွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ခွင့်ပြုချက်မရှိဘဲ လုံးဝမပျံသန်းရပါဘူး။

FPV မှာ ပုံမှန် Drone နဲ့ မတူတာက အမြင့်ကြီး ပျံသန်းလေ့ မရှိဘဲ အနိမ့် ပိုင်း ပျံသန်းတာ များတဲ့အတွက် ပျံသန်းမဲ့ပတ်ဝန်းကျင်က ပိုင်ရှင်၊ လူများကို ကြိုတင်အသိပေး အကြောင်းကြားပြီးမှ ပျံသန်းရပါမယ်။ လူအများကြားကို ပျံသန်းမယ်ဆိုရင် မထိခိုက်အောင် Cinewhoop အမျိုးအစားကိုသာ အသုံးပြုသင့်ပါတယ်။

ကျွှန်တော်တို့တွေ FPV ပျံသန်းတယ်ဆိုတာ ကိုယ့်နိုင်ငံအလှတရားတွေကို FPV နည်းပညာနဲ့ အနုပညာပေါင်းစပ်ပြီး သမိုင်းကျန်အောင် ဖန်တီးချင်တာပဲ ဖြစ်ပါတယ်။ FPV Community မှ တစ်ဦးချင်းစီတိုင်းက ဒီလို အချက်တွေကို လိုက်နာမယ်ဆိုရင် FPV နည်းပညာ ပိုမို ဖွင့်ဖြိုးတိုးတက်ပြီး ဒီလောကလဲ ပိုမိုလှပလာမယ်ဆိုတာ အသေအချာပါပဲ….

Dr.Zaw Zaw (Dr.Mac)

Apple Certified iOS & macOS Technician (ACIT&ACMT)

Related Posts