Apple ကနေပြီးတော့ ရာခိုင်နှုန်းအနည်းငယ်သော MacBook တွေမှာ အောက်ဖော်ပြပါ Keybord ပြဿနာများဖြစ်ပေါ်ခဲ့ပါက keyboard ကို အခမဲ့ လဲလှယ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပုံမှန် Warranty မရှိတော့တဲ့ MacBook များနဲ့ Apple Care မဝယ်ထားတဲ့ MacBook များပါ အကျုံးဝင်ပါတယ်။
- Keyboard စာလုံးတွေ တစ်ချက်နှိပ်သော်လဲ ထပ်ခါခါစာလုံးရိုက်ထွက်နေခြင်း (သို့) မနှိပ်ဘဲလဲ စာလုံးတွေရိုက်နေခြင်း
- Keyboard ခလုတ်ကို နှိပ်သော်လဲ စာလုံးမပေါ်ခြင်း (နှိပ်သော Key ခလုတ် အလုပ်မလုပ်တော့ခြင်း)
- key ခလုတ်အချို့ “မာ”လာခြင်း၊ နှိပ်သော်လည်းပျော့ပြောင်းသော တုန့်ပြန်မှုမရှိတော့ခြင်း
![](https://www.drmacmandalay.com/wp-content/uploads/2020/02/butterfly-keyboard-1-1024x445.jpg)
Keyboard အခမဲ့ လဲလှယ်ပေးမဲ့ Program နဲ့ အကျုံးဝင်မဲ့ MacBook Model များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ (Butterfly mechanism သုံး MacBook Keyboard အမျိုးအစားများဖြစ်ပါတယ်။) ဖုန်တွေ သဲတွေ ဝင်အောင် စည်းကမ်းမဲ့စွာသုံးသူများ ဖြစ်တတ်ပါတယ်။
- MacBook (Retina, 12-inch, Early 2015)
- MacBook (Retina, 12-inch, Early 2016)
- MacBook (Retina, 12-inch, 2017)
- MacBook Air (Retina, 13-inch, 2018)
- MacBook Air (Retina, 13-inch, 2019)
- MacBook Pro (13-inch, 2016, Two Thunderbolt 3 Ports)
- MacBook Pro (13-inch, 2017, Two Thunderbolt 3 Ports)
- MacBook Pro (13-inch, 2019, Two Thunderbolt 3 ports)
- MacBook Pro (13-inch, 2016, Four Thunderbolt 3 Ports)
- MacBook Pro (13-inch, 2017, Four Thunderbolt 3 Ports)
- MacBook Pro (15-inch, 2016)
- MacBook Pro (15-inch, 2017)
- MacBook Pro (13-inch, 2018, Four Thunderbolt 3 Ports)
- MacBook Pro (15-inch, 2018)
- MacBook Pro (13-inch, 2019, Four Thunderbolt 3 Ports)
- MacBook Pro (15-inch, 2019)
အခု Keyboard အခမဲ့ လဲလှယ်ပေးခြင်း Program မှာ အကျုံးဝင်ဖို့ မိမိရဲ့ MacBook က 3rd Party Service Centre မှာ ဖွင့်ထားခြင်း၊ ပြင်ထားခြင်း မရှိရပါ။ မိမိသဘောအလျောက် ပြင်ထားခြင်းလဲ မရှိရပါ ? (User fault မဖြစ်ရပါ)။ Apple ကပြောတဲ့ အချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်တော့ အခကြေးငွေပေးပြီး ပြင်နိုင်ပါတယ်။
ဒီလို ဖြစ်ဖို့ လဲ အသစ်ကတည်းကတစ်လက်ကိုင်ဝယ်သုံးထားတာမျိုး၊ စိတ်ချရတဲ့ Apple Products ရောင်းချတဲ့ဆိုင်မျိုး ( Dr.Mac လိုမျိုး ?) က ဝယ်ထားတယ်ဆိုရင်တော့ ကိုယ်ကလဲ ယုံကြည်မှုရှိရှိ Program မှာပါဝင်ပြီး လဲလှယ်နိုင်ပါတယ်။
![MacBook](https://www.drmacmandalay.com/wp-content/uploads/2020/02/Screen-Shot-2020-02-07-at-3.11.53-PM.png)
လဲလှယ်မယ်ဆိုရင်တော့
- နီးစပ်ရာ Apple Authorized Service Provider ကိုပို့နိုင်ပါတယ်။ ကျွှန်တော်ကတော့ QCD Technology Myanmar ကို ပို့ပါတယ်။
- နီးစပ်ရာ Authorized Apple Retail Store မှာ appointment ယူပြီး လဲ အပ်ထားလို့ရပါတယ်။
- ကိုယ်အနားမှာ အဲ့လိုတွေမရှိသေးဘူးဆိုရင်လဲ Apple Repair Center ကို Mail ပို့ပြီး စုံစမ်းနိုင်ပါတယ်။
ပို့မယ်ဆိုရင်တော့ မိမိ Data တွေကိုတော့ backup အရင်လုပ်ပြီးမှ ပို့ပါ။ Apple က Data Backup ကတော့ တာဝန်ယူပေးမှာ မဟုတ်လို့ဖြစ်ပါတယ်။
![](https://www.drmacmandalay.com/wp-content/uploads/2020/02/MacBook-butterfly-keyboard-switch-640x347-1.png)
မှတ်ချက်
အခု Apple က သတ်မှတ်တဲ့ Program က ပုံမှန်ပေးထားတဲ့ Warranty ကာလကို တိုးပေးတာမဟုတ်ဘဲ Keyboard ကိစ္စတစ်ခုတည်းကိုသာ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။
မိမိအခကြေးငွေပေးပြီး ပြင်ခဲ့တဲ့ Keyboard issue ကအထက်ကပြောခဲ့တဲ့ Program နဲ့ကိုက်ညီတယ်လို့ ယုံကြည်ရင်လဲ Apple (contact Apple about a refund) ကို ဆက်သွယ်ပြီး ငွေပြန်တောင်းနိုင်ပါတယ်။
အခု Repair Program က MacBook Device Model ( MacBook 12”, MacBook Air, MacBook Pro) စတင်မိတ်ဆက်ချိန်မှ ၄ နှစ်အတွင်း အကျုံးဝင်မှာဖြစ်ပါတယ်။
မိမိ MacBook မှာ Keyboard ပြဿနာမဟုတ်ဘဲ အခြား ပျက်စီးမှု တစ်ခုခုရှိနေပြီး ဒီပြဿနာကလဲ keyboard ပြင်ဖို့ အနှောက်အယှက်ဖြစ်မဲ့ဟာမျိုးဆိုရင် ဒီပျက်စီးမှုကို အရင်ပြင်ရပါမယ်။ အချို့ ပျက်စီးမှုမှာ ပြင်ဆင်ခအတွက် ပိုက်ဆံပေးရပါမယ်။
![](https://www.drmacmandalay.com/wp-content/uploads/2020/02/IMG_8369-1024x768.jpg)
ကျွှန်တော်သုံးခဲ့တဲ့ Butteryfly Mechanism သုံး Macbook တွေရော၊ ဆိုင်က ရောင်းချပေးလိုက်တဲ့ Customer တွေ ရော ဒီပြဿနာမရှိပါဘူး။ ဒါကလဲ ဆိုင်ကရောင်းချပေးလိုက်ကတည်းက Keyboard Protector တွေ လက်ဆောင်ပေးလိုက်တာလဲပါပါတယ်။ Keyboard Protector က ဘယ် အမျိုးအစား Computer မဆို သုံးသင့်ပါတယ်။ ဖုန်ဝင်တာ၊ ရေမတော်တဆ ဖိတ်စင်မိတာမျိုးကို အတိုင်းအတာတစ်ခုထိကာကွယ်ပေးပါတယ်။
Dr.Zaw Zaw (Dr.Mac)