How to

Apple iTune Gift Cards ငွေဖြည့်နည်းများ

iTune Card

iTune Gift cards များဖြင့် ငွေဖြည့်ခြင်းကို Mac, Window computer တွင် iTune software မှလည်းကောင်း၊ iPhone, iPad, iPod touch မှလည်းကောင်း၊ Mac App Store မှလည်းကောင်း ဖြည့် သွင်းဆောင်ရွက်နိုင်သည်။

  1. Computer ရှိ iTune software မှ ငွေဖြည့်ရာတွင် ရှေးဦးစွာ Sign in နေရာတွင် မိမိ ငွေဖြည့်လိုသော iTune Account ကို sign in လုပ်ပါ။ Sign in လုပ်ပြီးပါက App Store သို့၀င်ပါ။ Redeem ဆိုသော Button ကိုနှိပ်ပါ။ ပေါ်လာသော box တွင် သက်ဆိုင်ရာငွေဖြည့်ကဒ် Code ကို ရိုက်ထည့်ပြီး Redeem ကိုနှိပ်ပါ။ ငွေဖြည့်သွားပါ လိမ့်မည်။

iPhone, iPad ရှိ App Store မှ ငွေဖြည့်နည်း

  1. iPhone, iPad, iPod touch မှ ငွေဖြည့်ရန် App Store ကို၀င်ပါ။ Sign in နေရာတွင် မိမိ ငွေဖြည့်လိုသော iTune Account ကို sign in လုပ်ပါ။ Redeem ကိုနှိပ်ပါ။ ပေါ်လာသော box တွင် သက်ဆိုင်ရာငွေဖြည့်ကဒ် Code ကို ရိုက်ထည့်ပြီး Redeem ကိုနှိပ်ပါ။ ငွေဖြည့်သွားပါ လိမ့်မည်။

iTune ငွေဖြည့်ရာတွင် card များသည် US Store card များဖြစ်သောကြောင့် US လိပ်စာဖြင့် ဖွင့်ထားသော iTune accountများကိုသာ ဖြည့်သွင်းနိုင်ပါသည်။ ပထမဆုံး $ ဖြင့် ၀ယ်ယူမှုပြုလုပ်သည့် အခါ Account ဖြည့်စဉ်က လုံခြုံရေးအရ ဖြည့်သွင်းထား ရသော Security Question and Answer များကို ပြန်တောင်းမည်ဖြစ်သောကြောင့် ယင်းတို့ကို မှတ်မိသိရှိမှသာ ငွေဖြည့်သင့်သည်။ မသိရှိပါကငွေ၀င်သွားသော်လည်း ၀ယ်ယူ၍မရဖြစ်တတ်ပါသည်။

Security Question & Answer အစား Two Step On ထားသော Account များတွင် စိတ်ချစွာ ငွေဖြည့်နိုင်ပါသည်။

Dr.Mac မှာ ငွေဖြည့်ကဒ်များ ဝယ်ယူရာတွင် CB, AYA, KBZ, Kpay, Mobile Banking များမှ တဆင့် ဝယ်ယူနိုင်ပါသည်။ Codeများကို Page Message or eMail မှ တဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။

iTune Gift Card စျေးနှုန်းများကို ကြည့်ရန်

Related Posts