How to

Dr.Mac တွင် AEON အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက လိုအပ်ချက်များ

Dr.Mac Logo

Dr.Mac တွင် Apple Products များကို AEON အရစ်ကျစနစ် ဖြင့်  ( ၆လ) , ( ၉လ) , ( ၁၂ လ) , ( ၁၈ လ), (၂၄) လ ကြိုက်နှစ်သက်ရာ ကာလဖြင့် လျှောက်ထားဝယ်ယူနိုင်ပါပြီ။

◾အာမခံပစ္စည်း / ဘဏ်စာရင်းဖွင့်ရန်မလို

◾ရိုးရှင်းသော ချေးငွေလျှောက်ထားမှု

◾အဆင်ပြေလွယ်ကူသော လစဉ်ပေးချေမှု

ချေးငွေလျှောက်ထားသူသည်

– အသက် ( ၁၈ ) နှစ်မှ ( ၆၀ ) နှစ်ကြားရှိသူဖြစ်ရမည်။ မန္တလေးမြို့ အတွင်းရှိ (၇) မြို့နယ်တွင် (၆)လ အနည်းဆုံး နေထိုင်သူဖြစ်ရမည်။

– လစဉ်ပုံမှန်၀င်ငွေရှိသူဖြစ်ပြီး၊ ဆက်သွယ်ရန် လွယ်ကူသောသူဖြစ်ရမည်။

– AEON ၏ အသေးစားချေးငွေ၀န်ဆောင်မှုသည် AEON Microfinance ( Myanmar ) Co.,Ltd မှ၀န်ဆောင်မှုပေးသော အသေးစားချေးငွေဖြစ်၍ ချေးငွေအသုံးပြုခွင့်ကိုလည်း AEON Microfinance ( Myanmar )Co.,Ltd မှသာ အတည်ပြု ဆုံးဖြတ်မည် ဖြစ်သည်။

ချေးငွေလျှောက်ထားသူ လိုအပ်သော စာရွက်စာတမ်းများ

( ၁ ) လျှောက်လွှာ

( ၂ ) မှတ်ပုံတင် ( မူရင်းနှင့်မိတ္တူ ) + ဝန်ထမ်းကဒ် ( မူရင်းနှင့်မိတ္တူ ) ( အစိုးရဝန်ထမ်းများသာ )

( ၃ ) လက်ရှိလိပ်စာမှ  ၁ လအတွင်း ရယူထားသော ရပ်ကွက်အတွင်းနေထိုင်ကြောင်း ထောက်ခံစာမူရင်း

( ၄ ) အိမ်ထောင်စုစာရင်းမိတ္တူ ( သို့ ) ၁ လအတွင်းရယူထားသော ရဲစခန်းထောက်ခံစားမူရင်း ( သို့ ) ယာယီဧည့်စာရင်း မိတ္တူ

( ၅ ) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ( ကုမ္ပဏီ Letter Head ( သို့ ) ရုံးတံဆိပ်တုံးဖြင့် တာ၀န်ရှိသူတစ်ဦး၏ လက်မှတ် ပါရှိရမည်။ (သို့) ( ကုမ္ပဏီလိုင်စင် (သို့) စည်ပင်လိုင်စင်)

ချေးငွေလျှောက်ထားသူနှင့် အနီးစပ်ဆုံး ဝင်ငွေတူညီသော အာမခံပေးမည့်သူတစ်ဦးလိုအပ်ပါသည်။

အာမခံသူ

( ၁ ) မှတ်ပုံတင် ( မူရင်းနှင့်မိတ္တူ )+ ဝန်ထမ်းကဒ် ( မူရင်းနှင့်မိတ္တူ ) ( အစိုးရဝန်ထမ်းများသာ )

( ၂ ) အသက် ၁၈ နှစ်မှ ၆၀နှစ်ကြားရှိသူဖြစ်ပြီးလစဉ်ပုံမှန်၀င်ငွေရှိသူ ဖြစ်ရမည်။

( ချေးငွေလျှောက်ထားမှု )

ချေးငွေလျှောက်ထားသူသည်

( ၁ ) လိုအပ်သည့် စာရွက်စာတမ်းများ အပြည့်အစုံဖြင့်အီရွန်အသေးစားချေးငွေ၀န်ဆောင်မှုရရှိနိုင်သောဆိုင်များမှတစ်ဆင့် လျှောက်ထားရပါမည်။

( ၂ ) ချေးငွေလျှောက်ထားပြီး ( ၃ ) ရက်မှ ( ၅ ) ရက်အတွင်းလျှောက်လွှာပါ အချက်အလက်များနှင့် ပတ်သက်၍ အီရွန်မှဆက်သွယ်စုံစမ်းမေးမြန်းပြီး ချေးငွေလျှောက်ထားမှု ရလဒ်ကိုSMS ဖြင့် ပြန်လည်အကြောင်းကြားမည် ဖြစ်ပါသည်။

AEON မှ ( ၃ ) ရက်အတွင်း အကြောင်းကြားခြင်း မရှိပါကAEON Hotline သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

( ၃ ) ချေးငွေခွင့်ပြုချက်ရရှိပါက မှတ်ပုံတင်မူရင်း၊ ချေးငွေအသုံးပြုခွင့် Code No. တို့နှင့်အတူ လျှောက်ထားသည့်ဆိုင်တွင်ကိုယ်တိုင်သွားရောက်ထုတ်ယူရပါမည်

( ၄ ) ချေးငွေထုတ်ယူအသုံးပြုပြီးပါက အထွေထွေ၀န်ဆောင်မှုအတွက် ( ၅၀၀၀ ) ကျပ်ကို လျှောက်ထားသောဆိုင်မှတဆင့်AEON Microfinance ( Myanmar ) Co.,Ltd သို့ ပေးသွင်းရပါမည် ။

( ချေးငွေခွင့်ပြုချက်မရပါက ပေးဆောင်ရန်မလိုပါ )

ချေးငွေထုတ်ယူပြီး ၂ ပတ်အတွင်း ချေးငွေပြန်လည်ပေးသွင်းရန် AEON မှ အကြောင်းကြားစာ ပေးပို့မည်ဖြစ်ပြီး

လက်ခံရရှိခြင်း မရှိပါက AEON သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်

ချေးငွေပေးသွင်းရာတွင် လစဉ်လတိုင်း ၂ ရက်နေ့ထိနောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပါသည်။ သတ်မှတ်ရက်ထက် နောက်ကျပေးသွင်းပါက AEON မှ

သတ်မှတ်ထားသော နောက်ကျကြေးကို ပေးဆောင်ရပါမည်။ 

ချေးငွေ ပြန်လည်ပေးဆပ်မှု အစီအစဉ်

ဥပမာ

ချေးငွေပမာဏအလိုက် လစဉ်ပေးရမည့် ပမာဏကိုတွက်ရန်အောက်ပါ Linkကို နှိပ်ပါ (Aeon Loan Calculator)

https://aeonmicrofinance.com.mm/en/our-services/loan-calculation

ချေးငွေပြန်လည်ပေးသွင်းရမည့် နေရာများ

Banks – KBZ,AYA,CB,UAB,AGD,MAB

Mobile Banking Service – AYA mBanking & iBanking,

CB Mobile Banking, True Money, Wave Money

အသေးစိတ်သိရှိလိုပါက

www.aeonmicrofinance.com.mm နှင့်  Customer Service Hotline:09-969712111 သို့ နေ့စဉ် နံနက် ( ၉ ) နာရီမှ ည (၇) နာရီအတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

Customer Service Hotline:

01 – 8604201 ~ 4,

01 – 8604710 ~ 15

လျှောက်ထားမှုကို  Dr.Mac ဆိုင်တွင် လာရောက် လျှောက်ထားရပါမည်။

⌚️- 10?? – 7 ??

??.??? ??????? 

၃၉လမ်း(ဗန်းမော်ကျောင်းတိုက်လမ်း)၊ ၇၀ ? ၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက် အနောက်ပေါက်၊ ကံ့ကော်တော အမျိုးသားဆောင်၀န်းအတွင်း။ မန္တလေးမြို့။ 

ဖုန်း- 09798666614, 09258666614 

?????? ???? တွင် ??.??? ???????? ဟု ရှာဖွေပြီး မိမိလက်ရှိရောက်ရှိနေသော နေရာမှ ????? ဆွဲပြီး (????????? ဆွဲပြီး )လဲ လာရောက်နိုင်ပါသည်။

Related Posts