Drone နည်းပညာ, Reviews, Video Editing

DJI Mavic Pro Combo

Greatest Personal Drone Ever!

It is so small and More portable .

DJI က ထုတ်တဲ့ Drone တွေထဲမှာ Portable အဆန်ဆုံး ၊ အသေးဆုံးနဲ့ အရွယ်နဲ့မလိုက်အောင် Powerful အဖြစ်ဆုံး Drone ဖြစ်ပါတယ်။ DJI Mavic မှာ Combo Set ပါတာနဲ့ မပါတာဆိုပြီး (၂) မျိုးလာပါတယ်။ အများစု သဘောကျတာက အပိုပစ္စည်းတွေ ပါတဲ့ DJI Mavic Combo ကို သဘောကျကြပါတယ်။
Combo Set မှာ ပါတွေ ပါဝင်သလဲဆိုရင် 2 Extra batteries, 2 Extra propellers, 2 charging hub, 1 car charger, 1 battery to power bank adaptor and a shoulder bag. တို့ ပါဝင်တာဖြစ်လို့ Combo version ကိုဝယ်ယူခြင်းဖြင့် ဘာမှ မလိုအောင် ပြီးပြည့်စုံစေပါတယ်။

Mavic Combo မှာ ပါဝင်တဲ့ Contents တွေပါ

DJI Mavic Pro ရဲ့ သိသာထင်ရှားတဲ့ထူးခြားချက်အနေဖြင့်

  • ခေါက်သယ်လို့ ရတဲ့ Compact, foldable design ပါ။
  • 4K video (30fsp video)တွေနဲ့ full HD slow movies တွေကို လဲ အခြား DJI Drone Model များလိုပဲ ရိုက်ကူးနိုင်ပါတယ်။
  • Camera အနေဖြင့် 12 megapixel ရှိပြီး RAW file photos များကို လဲ ရိုက်ကူးနိုင်ပါတယ်။
  • Mavic Pro မှာ ပါဝင်တဲ့ System အသစ်ဖြစ်တဲ့ New OcuSync transmission system ကြောင့် ထိန်းချုပ်နိုင်တဲ့ အကွာအဝေးက 4.3 mile (7 kilometer) ထိရှိပါတယ်၊ ထိန်းချုပ်မှုက လွတ်သွားရင်လဲ Return to Home features ကြောင့် စတင်လွတ်တဲ့နေရာကို ပြန်လာနိုင်ပါတယ်။
  • DJI Go app ကို iTune Store, Google Play Store မှ Download ပြုလုပ်နိုင်ပြီး iPhone, Android Phone တွေကနေထိမ်းချုပ်နိုင်ပါတယ်။ Mavic Pro မှာ ပါဝင်တဲ့ Controller က iPhone 5, iPhone SE အရွယ်ကနေ iPhone 7 Plus ထိတပ်ဆင်အသုံးပြုနိုင်ပါတယ်။
  • Camera ကို တပ်ဆင်ထားတဲ့ 3axis Gimbal ကြောင့် တည်ငြိမ်တဲ့ ပုံရိပ်တွေနဲ့ Movie တွေကို ရိုက်ကူးနိုင်ပါတယ်။ Superbly smooth video with camera stabilization system
  • လှုပ်ရှားနေတဲ့ အရာဝတ္ထုနောက်ကို အလိုအလျောက်ပျံသန်းလိုက်နိုင်တဲ့ Automatically track subjects စနစ်အပြင် Trace, Profile, Spotlight, Circle ဆိုတဲ့ ပုံစံတွေကို ပါ automatic ပျံသန်းခိုင်းနိုင်ပါတယ်။
  • Mavic Pro မှာ ထူးခြားချက်အနေဖြင့် Drone Body ရှေ့/အပေါ်/အောက်မှာ တပ်ဆင်ထားတဲ့ vision Sensor 5 ခုပါတာကြောင့် ပျံသန်းမဲ့ လမ်းကြောင်းမှာ ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ပါတယ်။ ပိတ်ဆို့မှုရှိ/ မရှိကိုလဲ 49ft (15m) အကွာထိသိရှိနိုင်ပြီး တကယ်လို့ ပိတ်ဆို့မှုရှိခဲ့ရင်လဲ အလိုအလျောက်ရှောင်ရှားတာ (သို့) ရပ်လိုက်တာလုပ်နိုင်ပါတယ်။

DJI Mavic Pro Specification

  1. အမြန်ဆုံး speed- 40 mph (65 kph) နဲ့ ပျံသန်းနိုင်ပါတယ်။
  2. Max Ascent Speed16.4 ft/s (5 m/s) in Sport modeMax Descent Speed9.8 ft/s (3 m/s)
  3. Weight (including battery and propellers1.62 lbs (734 g) (exclude gimbal cover) 1.64 lbs (743 g) (include gimbal cover)
  4. အမြင့်ဆုံးပျံတက်နိုင်သော အမြင့်ပေMax Service Ceiling Above Sea Level16404 feet (500 m)
  5. အကြာဆုံး ပျံသန်းနိုင်ချိန်- 27 min (နောက်ထပ် Battery အပို ၂ ခုပါသေးလို့ တစ်နာရီခွဲထိ ထပ်မံရိုက်ကူးနိုင်မှာပါ)
  6. Image Max Size4000x3000
  7. PhotoJPEG, DNG, VideoMP4, MOV (MPEG-4 AVC/H.264)
  8. Gimbal – Stabilization3-axis (pitch, roll, yaw)
  9. Vision Positioning – Velocity Range=22.4 mph (36 kph) at 6.6 ft (2 m) above ground

Requirements

Magic Controller မှာ iPhone 5 နှင့် အထက်၊ Android Phone တွေနဲ့ ထည့်သွင်းချိတ်ဆက်ပြီး ခိုင်းစေနိုင်ပါတယ်။
ဒီလို ခိုင်းစေဖို့ရာ iPhone Lightning port နဲ့ Android micro port တွေပါဝင်ပြီး DJI Go app ကို ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

Mavic Pro Combo မှာ ဒီလို ဘူး(၃)ခုပါပါတယ်
DJI Mavic Pro မှာ ပါဝင်တဲ့ ပစ္စည်းများဖြစ်ပါတယ်။ Combo Set မှာတော့ အခု ပစ္စည်းများအပြင် အပေါ်ပုံက ပစ္စည်းများပါ ပါဝင်ပါတယ်
Mavic Pro in Unfolded Condition
Hardisk တစ်ခုအရွယ်ပဲ ရှိလို့ သယ်ဆောင်သွားရာမှာ အထူးအဆင်ပြေပါတယ်
လူကြိုက်များတဲ့ DJI တွေ ကို Stock အမြဲရှိအောင် ဒီလို ထားပါတယ်
DJI Mavic Pro Vs Phantom 4
Portable Drone Design but powerful
GPS အပြင် Glonass ပါ ပါဝင်ပါတယ်။ အတားအဆီးကို ရှောင်းတိမ်းနိုင်တဲ့ စနစ်ပါဝင်ပါတယ်
3-axis gimbal stabilization ကြောင့် 4k video များကို တည်ငြိမ်စွာရိုက်ကူးနိုင်ပါတယ်
Flight time 27min, speed 40mph (65kph)
RC control range- 7km (4.3miles)