How to

Gift Cards ငွေဖြည့်နည်းများ

iTune, Google Play Store Card ဖြင့် ငွေဖြည့်ခြင်း
✅✅iTune Cards ဖြင့် ငွေဖြည့်ခြင်း

  1. iTune Gift cards များဖြင့် ငွေဖြည့်ခြင်းကို Mac, Window computer တွင် iTune software မှလည်းကောင်း၊ iPhone, iPad, iPod touch မှလည်းကောင်းဖြည့် သွင်းဆောင်ရွက်နိုင်သည်။
  2. Computer ရှိ iTune software မှ ငွေဖြည့်ရာတွင် ရှေးဦးစွာ Sign in နေရာတွင် မိမိ ငွေဖြည့်လိုသော iTune Account ကို sign in လုပ်ပါ။ Sign in လုပ်ပြီးပါက App Store သို့ဝင်ပါ။ Redeem ဆိုသော Button ကိုနှိပ်ပါ။ ပေါ်လာသော box တွင် သက်ဆိုင်ရာငွေဖြည့်ကဒ် Code ကို ရိုက်ထည့်ပြီး Redeem ကိုနှိပ်ပါ။ ငွေဖြည့်သွားပါ လိမ့်မည်။

iPhone, iPad ရှိ App Store မှ ငွေဖြည့်နည်း

3. iPhone, iPad, iPod touch မှ ငွေဖြည့်ရန် App Store ကိုဝင်ပါ။ Sign in နေရာတွင် မိမိ ငွေဖြည့်လိုသော iTune Account ကို sign in လုပ်ပါ။ Redeem ကိုနှိပ်ပါ။ ပေါ်လာသော box တွင် သက်ဆိုင်ရာငွေဖြည့်ကဒ် Code ကို ရိုက်ထည့်ပြီး Redeem ကိုနှိပ်ပါ။ ငွေဖြည့်သွားပါ လိမ့်မည်။

iTune ငွေဖြည့်ရာတွင် card များသည် US Store card များဖြစ်သောကြောင့် US လိပ်စာဖြင့် ဖွင့်ထားသော iTune accountများကိုသာ ဖြည့်သွင်းနိုင်ပါသည်။ ပထမဆုံး $ ဖြင့် ဝယ်ယူမှူပြုလုပ်သည့် အခါ Account ဖြည့်စဉ်က လုံခြုံရေးအရ ဖြည့်သွင်းထား ရသော Security Question and Answer များကို ပြန်တောင်းမည်ဖြစ်သောကြောင့် ယင်းတို့ကို မှတ်မိသိရှိမှသာ ငွေဖြည့်သင့်သည်။ မသိရှိပါကငွေဝင်သွားသော်လည်း ဝယ်ယူ၍မရဖြစ်တတ်ပါသည်။

Google Play Store Cards ဖြင့် ငွေဖြည့်ခြင်း

  1. Google Play Store Card ဖြည့်ငွေဖြည့်သွင်းရာတွင် ငွေဖြည့် Card များသည် US Store Origin ဖြစ်သောကြောင့် US Store သို့ မိမိ Gmail acoount ဝင်ရောက် ငွေဖြည့်သွင်းနိုင်ရန် Proxy ကျော်ပြီး မှ ဖြည့်သွင်းနိုင်ပါမည်။ ထို့အတူ ငွေဖြည့်သွင်းပြီး ဝယ်ယူရာတွင်လည်း Proxy ကျော်ပြီး မှ ဝယ်ယူနိုင်ပါမည်။
  2. Proxy ကျော်ဝယ်ယူရာတွင် လက်ရှိအဆင်အပြေဆုံးမှာ Hola VPN application ဖြစ်ပါသည်။ ငွေဖြည့်ခြင်းနှင့် Gems ဝယ်ယူခြင်းများဆောင်ရွက်ရာတွင် Hola Appliction ဖြင့် Proxy ကျော်ဝယ်ယူခြင်းကို မဖြစ်မနေဆောင်ရွက်ရပါမည်။
  3. ဝယ်ယူပြီး ကစားသည့်အချိန်တွင် Proxy ကျော်ခြင်းပြုလုပ်ရန် မလိုအပ်ပါ။ ငွေဖြည့်သွင်းရာတွင် Google Play Store တွင် သွားရောက်ငွေဖြည့်သွင်းရမည် ဖြစ်သောကြောင့် Google Service မပါဝင်သော တရုတ် Handset များဖြစ်သည့် Huawei, Lenovo, Oppo, Xioami Handset စသည့်များတွင် အဆင်မပြေနိုင်ပါ။
  4. ငွေဖြည့်သွင်းရန် Hola VPN ကိုဖွင့်ပါ။ Hola VPN မှ တဆင့် Application အတွင်းရှိ Google Play Store ကို ဖွင့်ပါ။ Setting—> Add account တွင် ငွေဖြည့်မည့် Account ကို Sign လုပ်ထားပါ။
  5. Redeem button ကို နှိပ်ပြီး code များကို ဖြည့်သွင်းပြီး ငွေဖြည့်နိုင်ပါပြီ။
  6. ငွေဖြည့်သွင်းပြီး ပါက Clash of Clans game မှ Gems များဝယ်ယူလိုပါက Hola Vpn ကိုဖွင့်ပြီး Hola VPN မှ တဆင့် COC game ကိုဖွင့်ပြီး ဝယ်ယူနိုင်ပါပြီ။Gems ဝယ်ယူပြီးပါက COC Gameကို Hola မှ မဖွင့်ပဲ တိုက်ရိုက်ဖွင့်ပြီးလဲ ကစားနိုင်ပါသည်။
Hola VPN App icon

Steam Wallet Cardတွင် ငွေဖြည့်နည်း

Steam Wallet Gift Card သည် www.steampowered.com ရှိ Steam မှ ထုတ်လုပ်သော Gameများ ၊ Games အတွင်းမှ iTems များကို ငွေဖြည့်သွင်း၍ ဝယ်ယူနိုင်သည့် ကဒ်အမျိုးအစား ဖြစ်ပါသည်။
မိမိဝယ်ယူထားသော Code ကို https://store.steampowered.com/account/. သို့ သွားရောက်ပြီး မိမိ stream account ဖြင့် sign in ဝင်ပါ။ အောက်ပါ ပုံထဲက ပြထားသည့်အတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

Dr.Zaw Zaw