Knowledge Sharing, Reviews

GoPro Hero 7 Black (သို့မဟုတ်) Gimbal Killer

GoPor Hero 7 Black

ပုံမှန်အားဖြင့် Gopro Hero တွေက Action Camera Line Up ဖြစ်ပြီး Osmo Pocket ကတော့ Cinematic Movie တွေ ပြုလုပ်ချင်သူတွေ သုံးတဲ့ Line Up ဖြစ်ပါတယ်၊ ဒီ (၂) ခုကို Compare လုပ်စရာ မလိုတဲ့ Line UP လို့ပြောနိုင်ပေမဲ့ အခု GoPro Hero 7 Black ထွက်ရှိလာတဲ့ အချိန်မှာ ယှဉ်စရာဖြစ်လာပါပြီ၊ ဘယ်သူက ပိုကောင်းလဲ ၊ ဘာကို ဝယ်သင့်သလဲဆိုတာပါ။
ကွျှန်တော် Osmo Pocket ကို လဲ အသုံးပြုပြီးဖြစ်သလို GoPro Hero 7Black ကို လဲ အသုံးပြုပြီးဖြစ်လို့ ဒီ Post ကို ရေးပါတယ်။ GoPro Hero 7 Black ကို ဂေါ်ရန်ဂျီကွျှန်းကို သွားရင်း Field Test ပါကောင်းကောင်းလုပ်ခဲ့ပါတယ်။ လက်တွေ့ ယှဉ်အသုံးပြုတဲ့အခါမှာ GoPro Hero 7Black ကတော်တော်အားသာတာဖြစ်လို့ Knowledge Sharing အနေနဲ့ အခု Post ကို ရေးပါတယ်။
Review video နဲ့ Actual footage video review လဲ ထပ်လုပ်နေပါတယ်။

?Image Stabilization
ပုံမှန်အားဖြင့် Gimabal ပေါ်တင်ရိုက်တဲ့ Mechanical Image Stabilization က အကောင်းဆုံးဖြစ်ပါတယ်။ Electronic Image Stabilization က Mechanical Image Stabilization လောက်မကောင်းဘူးလို့ ယူဆခဲ့ပေမဲ့ GoPro Hero 7 Black မှာပါတဲ့ Supersmooth Image Stabilization က Gimbal Like Image Stabilization ရသွားတာ လက်တွေ့ပါ။ ဒီအချက်က တကယ်ကို Game Changing ပါ။ GoPro နဲ့ Action Camera လိုသုံးနိုင်သလို Cinematic Shot တွေကိုလဲ ရိုက်ကူးသွားနိုင်စေပါတယ်။ Perfect Hypersmooth Video တွေကို ရိုက်ကူးသွားနိုင်စေပါတယ်။
? Image Quality and Video Quality
Osmo Pocket နဲ့ သိပ်မကွာလို့ ဒီအချက်ကတော့ ယှဉ်ရမဲ့ အချက်မဟုတ်ဘူးလို့ပြောနိုင်ပါတယ်။ သိပ်မကွာဘူးဆိုပေမဲ့ (၂) ခုလုံးတော်တော်ကောင်းပါတယ်။ GoPro ဆိုရင် အရင် version တွေထက်တော်တော်ကကောငး်ပါတယ်။ Low Light မှာတော့ Camera အကြီးတွေကိုတော့ မမှီပါဘူး။ Low Light မှာ 4K အစား HD ကို လျှော့ရိုက်တာ ကြည့်လို့ပိုကောင်းတာတွေ့ရပါတယ်။ video တွေကို Slomotion ရိုက်ဖို့ 4K 60fps, HD 240fps တွေက ကြိုက်စရာပါ။
?Water Resistance 10meter (33ft)
ရေအောက်မှာ ရိုက်ကူးဖို့ Water Proof case မလိုဘဲရိုက်ကူးနိုင်ပါတယ်၊ ပင်လယ်ဆားငန်ရည်စိမ်ပြီးပါ စမ်းခဲ့ပါတယ်။ Osmo pocket မှာတော့ ရေအောက်ရိုက်ကူးဖို့. case မဖြစ်မနေဝယ်ယူရပါမယ်။
?ဈေးသက်သာတဲ့ Accessories တွေ
GoPro ဝယ်ပြီး မဖြစ်မနေဝယ်သင့်တဲ့ Accessorie ဆိုလို့ SD card နဲ့. Selfie Stick လောက်ပဲ ရှိရင်ကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ (3rd Party accessories တွေလဲ ပေါပါတယ်) Osmo Pocket မှာတော့ ဈေးကြီးတဲ့ Accessories တွေ ထပ်ဝယ်ရပါမယ်။
?Preview Screen
Osmo Pocket မှာ Camera ကနေ ရုပ်ကို Preview မြင်နိုင်ဖို့ 1’’ screen ပါရှိပြီး GoPro မှာတော့ ပိုကြီးတဲ့ 2’’ Screen ပါပါတယ်။ iPhone iPad ကနေမြင်နိုင်ဖို့ GoPro မှာ ကြိုးမဲ့ ကြည့်နိုင်ပေမဲ့ Osmo Pocket မှာ အဲ့လိုလုပ်နိုင်ဖို့ Accessories ထပ်ဝယ်ရပါမယ်။ ဒီလိုမဟုတ်ရင် ဖုန်းနဲ့ Handle မှာ ထိုးချိတ်ထားရပါမယ်။
?Live Streaming
Social Media ခေတ်မှာ Facebook, Youtube မှာ Live လွှင့်ဖို့ ဖုန်းအပြင် အခြား Camera တွေကို သုံးကြပါတယ်။ GoPro ကို အသုံးပြုပြီး Live လွှင့်နိုင်ပေမဲ့ Osmopocket မှာတော့ မပါရှိပါဘူး။
?အကြမ်းခံနိုင်မှုနဲ့ Portable ဖြစ်မှု
GoPro က action camera ဖြစ်တာနဲ့ အညီ Osmo Pocket နဲ့ယှဉ်ရင် အပြတ်အသတ် အကြမ်းခံပါတယ်။ (၂)မျိုးလုံး Portable ဖြစ်အောင်လုပ်ထားပေမဲ့ လေးထောင့်ပုံစံ တည်ဆောက်ထားတဲ့ GoPro က ပိုပြီး ထားချင်တဲ့နေရာထားပြီး လိုချင်တဲ့ ရူထောင့်က ပိုရိုက်ကူးနိုင်ပါတယ်။
?Battery Life
GoPro မှာ Rechargable Battery ထည့်ရပြီးဖြုတ်တပ်ပြုလုပ်ရပါတယ်။ Osmo Pocket မှာတော့ Bulid in Battery ကိုတပ်ဆင်ထားပြီ 140min ထိအသုံးပြုနိုင်လို့ GoPro ထက် Battery ပ်ိုခံပါ်တယ်။ GoPro မှာတော့ Power Bank တိုက်ရိုက်ချိတ်အသုံးပြုနိုင်သလို Battery အပိုတွေ ဝယ်ထားနိုင်ပါတယ်။
အချုပ်အနေနဲ့ Gopro Hero 7Black နဲ့ Osmo Pocket ဈေးသိပ်မကွာပေမဲ့ Gopro Hero 7Black ကို
ထပ်ဝယ်ရမဲ့ Accessories တော်တော်သက်သာတဲ့ အချက်၊
ပိုအကြမ်းခံ၊ ပိုအသုံးပြုလို့ လွယ်တဲ့အချက်
Action ရော၊Cinematic ရောပါ သုံးလို့ ရတဲ့ အချက်
တွေကြောင့် Osmo Pocket ကို ကျော်ပြီး Gopro Hero 7 Black ကိုရွေးချယ်လိုက်ပါတယ်။

?Gopro Hero 7 Black, Silver, White ခြားနားချက်

Dr.Zaw Zaw

Dr.Mac(Mandalay)