Dual Sim (eSim+ Physical Sim) တစ်မျိုးထဲပဲ ထုတ်တော့မယ် iPhone Se 2020
=====================================================
iPhone SE (2020) မှာ A13 Chip ပါလို့ Performance ပိုင်းမှာ သိန်း (၂၀) ကျော်တန် iPhone 11 Pro တွေကို ယှဉ်နိုင်ပါတယ်။ ကိုင်ဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ Sim card ကိစ္စသိရအောင် အခု post ကို ရေးသားရခြင်းဖြစ်ပါတယ်။
iPhone SE ကို ရွှေးချယ်သင့်တဲ့အကြောင်းကတော့
- စျေးကွက်ထဲမှာ ရှိတဲ့ ဘယ် High End Smart ဖုန်း ( iPhone 11 နဲ့တော့ တန်းတူ) ထက်မဆို ပိုမြန်တဲ့ A13 Chip တပ်ဆင်ထားတာပါ။ US$ 400 နဲ့ ကမ္ဘာမှာ အမြန်ဆုံး Smart ဖုန်းတစ်လုံးကိုင်နိုင်တော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် စျေးသက်သာတဲ့ Product တွေမှာ Apple က တဆင့်နိမ့် CPU ကို ပဲ ထည့်သွင်းလေ့ ရှိပါတယ်။ ဥပမာ iPad တွေဆိုရင် iPhone ထက် တဆင့်နိမ့် CPU တွေကိုပဲ တပ်ဆင်ရောင်းချလေ့ရှိပါတယ်။
- Wifi 6, Bluetooth 5, Fast Charger တွေရပါတယ်။
- Camera ပိုင်းအနေနဲ့ iPhone 11, 11 Pro တွေရဲ့ Main Camera နဲ့ သိပ်မကွာဘဲ ရှေ့/နောက်က Camera တွေက Portrait Mode ရိုက်လို့ရပါတယ်၊ Night Mode မရတာတစ်ခုပဲ ကွာပါတယ်။
- Covid ကြောင့် ကမ္ဘာလုံးစီးပွားရေး ကျဆင်းနေချိန်မှာ iPhone SE (2020) က အရောင်းရဆုံး Budget High End Smart ဖုန်း ဖြစ်လာမှာပါ။
- Apple Event များ လုပ်ဖြစ်ခဲ့ရင် Tim Cook ကြီးက “ Cheapest iPhone I Have Ever Made’ လို့ ပြောမှာအမှန်ပါပဲ ?
❖ iPhone တွေကို iPhone Xs Series က စပြီး Dual Sim နဲ့ပဲ ထုတ်ပါတော့တယ်။
(ချွင်းချက်အနေဖြင့် China, Hong Kong, Macau region တွေအတွက် Physical Dual Sim (Nano Sim နှစ်ကဒ် ဖြင့် ထုတ်ပါတယ်)
❖ iPhone 11 မှာလဲ ထို့ အတူဖြစ်ပါတယ်။ ပြည်တွင်းမှာ eSim support မလုပ်သေးလို့ eSim နဲ့ iPhone တွေမှာ Physical Sim တစ်ကဒ်ထဲကိုပဲ သုံးလို့ရနေတာဖြစ်ပါတယ်။
❖ Physical Sim (၂)ကဒ်သုံးချင်သူများကတော့ China, Hong Kong, Macau region ထဲက တစ်ခုခုကိုသုံးခဲ့ကြရပါတယ်။
❖ ဒီ ၂ ကဒ်ထိုး iPhone တွေ ကို လိုင်းဆွဲအားကောင်းမကောင်း ပြောနေသူတွေအတွက်ကတော့ iPhone Xs, 11, 11 Pro, 11 Pro Max များက ပြည်တွင်းမှာ အဆင်ပြေကောင်းမွန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
❖ အခု iPhone SE 2 (2020) မှာ လဲ Dual Sim ထုတ်ပေမဲ့ Budget iPhone ဖြစ်လို့ ယခင်လို Physical Dual sim နဲ့ မထုတ်တော့ပါဘူး။ Hong Kong, Macau region အပါအဝင် Region အားလုံး eSIm + Nano Sim နဲ့ ထုတ်ပါတယ်။
❖ China Region တစ်ခုပဲ ချွင်းချက် အနေ့ဖြင့် 1 Sim နဲ့ထုတ်ပါတယ်။ eSim လဲ မပါဝင်တော့ပါဘူး။
iPhone SE Spec တွေမှာ Sim ကိစ္စ နဲ့ ရောင်းစျေးတွေ နိုင်ငံအလိုက်ကွာခြားပုံပါ။
မကာအို Apple Store က iPhone SE
ဟောင်ကောင် Apple Store က iPhone SE
Dr.Zaw Zaw ( Dr.Mac)
Dr.Mac Gear
—————————-
Dr.Mac Address
—————————-
Ph- 09798666614, 09963666614
Viber- 09798666614
Facebook Page- Dr.Mac
—————————-
Youtube Subscriptions ပြုလုပ်ထားပေးပါ။
IPHONE 11 မှာပါတဲ့ APPLE U1 CHIP အကြောင်း
iPhone 11 စျေးနှုန်းများကို ကြည့်ရန်
Apple Refurbished Products များအကြောင်း ဖတ်ရန်