TV (4th Generation) Review by Dr.Mac Computer Training center
TV ဆိုတာ ရဲ့ အဓိက products တွေထဲက တစ်ခုဖြစ်ပါတယ်။ အရင်က Accessories ပုံစံလိုရှိခဲ့ရာကနေ အဓိက Products တစ်ခုဖြစ်လာပါတယ်။
TV ဆိုရင် TV ပုံစံကို ပြေးမြင်တတ်ကြလို ရှေးဦးစွာ TV လိုဆိုပေမဲ့ TV Box လို့သာမြင်လိုက်ပါ။ 2006 မှာစတင်မိတ်ဆက်ခဲ့ပြီး အဲ့တုန်းက Devices များမှာ i ကိုထည့်ခေါ်ခဲ့ပေမဲ့ iTV လို့မခေါ်ခဲ့တာကတော့ ဗြိတိန် TV Channelတစ်ခုက iTV ဆိုတဲ့ နာမည်ကို မှည့်ခေါ်ပြီး ဖြစ်လို့ပါပဲ။
✴️Concept✴️
TV သဘောတရားကို ပြောရမယ်ဆိုရင် အခြား Apple Products များနှင့်လဲ အဆင်ပြေအောင်သုံးနိုင်သလို Internet အသုံးပြုပြီး ကြည့်ရတဲ့ TV box concept ကို ယူပြီးထားတာပါ။ ဒါပေမဲ့ လက်ရှိ 4th Gen မှာတော့ ယခင်TV version များနှင့် ကွဲပြားခြားနားစွာအဆင့်မြှင်တင်လာပြီး TV OS ကိုပါအသုံးပြုထားတာဖြစ်လို့ Computer တစ်လုံးလိုဖြစ်လာပါပြီ။ ပြောရရင် iPhone တစ်လုံးလိုပါပဲ။ 4th Gen မှာ Buildin memory နဲ့ စတင်ထုတ်လုပ်ပြီး 32GB နဲ့ 64GB ဆိုပြီး (၂) မျိုးလာပါတယ်။ ကြိုက်နှစ်သက်ရာ HD TV, Projector ကို TV မှာပါတဲ့ HDMI port နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။TV 1st to 3rd Gen ထိ application များထည့်သွင်းနိုင်ခြင်းမရှိသေးဘဲ ကထည့်သွင်းပေးထားသော Application များအတိုင်းသာ အသုံးပြုရပါတယ်။
မိမိမှာ ရှိတဲ့ရိုးရိုး TV ကို tvOS အသုံးပြုထားတဲ့ Smart TV အဖြစ်ပြောင်းလဲပေးနိုင်တာပါ။
လက်ရှိမှာတော့ TV သည် 4th Gen အထိထုတ်လုပ်ထားပြီး iOS အခြေခံ tvOS ကို စတင်အသုံးပြုထားလို့ ပြောရရင် Computer တစ်လုံး ၊ iPhone တစ်လုံးလိုဖြစ်လာပါပြီ။ Gaming အပိုင်းမှာလဲ wii game စက်တွေလို့ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ပါ ကစားနိုင်ပါပြီ။
အနာဂတ်မှာ ဖြစ်လာမဲ့ TV Platform တစ်ခုပါ။
✴️Features✴️
- Video Streaming
Netflix, Hulu, YouTube, Vimeo, HBO Now, Showtime, Sling TV, and DirecTV Now.လို TV Channel တွေကို TV ကနေပြီး Internet အသုံးပြုပြီး ကြည့်ရူနိုင်ပါတယ်။ - Music and Podcasts Streaming
iTune ပေါ်ကနေ မိမိဝယ်ယူထားသော Music, Podcasts များကိုလဲ ကြည့်ရူူနိုင်ပါတယ်။ iCloud မှာ Share ထားတဲ့ Photos များကိုလဲ ပြန်လည်ကြည့်ရူနိုင်ပါတယ်။ - Apps and Games
အနာဂတ် TV တွေရဲ့ အနာဂတ်သည် Applications တွေပဲဖြစ်တယ်လို့ apple ကယုံကြည်တဲ့အတိုင်း 4th Gen TV မှာ Applications များကို ထည့်သွင်းနိုင်အောင် tvOS App store ကို တပါတည်း ထည့်သွင်းပေးထားပါတယ်။ Golf, Tennis လို Game တွေကစားရာမှ အပြင်မှာ တကယ်ကစားရသလို ဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။ ကားမောင်းတဲ့ Game မျိုးကစားရမှာလဲ TV Remote ကိုယ်တိုင် game ခလုတ်ဖြစ်သွားပြီး ကား စတီယာတိုင်လို့ လှည့်နိုင်ပါတယ်။ လက်ရှိမှာ iPhone ကို Remote အဖြစ်ပါ သုံးလို့ရအောင် app ထုတ်ပေးလိုက်ပါပြီ။ - AirPlay (Casting and Mirroring)
TV မှာ အရင်တုန်းကတည်းက အထူးခြားဆုံး Feature ဖြစ်ပါတယ်။ TV နဲ့ တူညီတဲ့ Network အတွင်းချိတ်ဆက်ထားမယ်ဆိုရင် MacBook, iPhone, iPad Screen များကို TV နဲ့ချိတ်ဆက်ထားတဲ့ TV, Projector ပေါ်မှာ ကြိုးမဲ့ ပေးစေပါတယ်။ ဒီအချက် သင်ကြားလုပ်တဲ့ Presentation မှာ TV ကို ကောင်း၂ အသုံးပြုနိုင်ပါတယ်။ - Siri
iOS မှာ လို TV Remote ကိုအသုံးပြုပြီး အသံဖြင့်ခိုင်းစေနိုင်ပါတယ်။
PROS
- �Interface is easy to pick up
- �Siri Remote works well
- �Voice search and control brilliant
CONS - �No 4K support
- �Sparse app store
- �Parental controls need tightening
သတိပေးကြေငြာချက်
Dr.Mac မှ ရေးသားသော Post များ၊ Tutorial များကို ကြိုက်နှစ်သက်ပါက လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် လွတ်လပ်စွာ သိမ်းဆည်းခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နိုင်ပါသည်။
စီးပွားဖြစ်တည်ထောင်ထားသော Page များတွင် အပုဒ်လိုက်ဖြစ်စေ၊ တစ်ပိုဒ်ချင်းဖြစ်စေကူးယူဖော်ပြခြင်း ခွင့်မပြုပါ။ ပြုလုပ်ပါက Page စာမျက်နှာနှင့်တကွ ဖော်ပြပြီး တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေငြာအပ်ပါသည်။