Reviews

New MacBook Pro 2016 Review ( Thinest and Lightest MacBook Pro Ever!)

Dr.Mac ရဲ့ Unboxing လုပ်ခဲ့တဲ့ New MacBook Pro Touch Bar

Apple Company က 27.10.2016 Events မှာ New MaBook Pro ကို မိတ်ဆက်ပြီး Hello Again လို့ နှုတ်ဆက်လိုက်ပါတယ်။
Revolutionary MacBook Pro လို့လဲ Apple က ဆိုပါတယ်၊ သိသာတဲ့ ပြောင်းလဲမှုက Touch Bar နဲ့ Touch ID ပါ။ အထူးသဖြင့် Function Key တွေနေရာမှာ အစားထိုးထည့်ပေးလိုက်တဲ့ Touch Bar က ကွျှန်တော်တို့ Mac Computer သုံးတဲ့ ပုံစံ (Way to Use)ကို လုံး၀ ပြောင်းလဲပေးမှာ ဖြစ်လို့ Revolutionary Products ပါပဲ။

Touch Bar များ စတင်အလုပ်လုပ်ပါပြီ

မိတ်ဆက်တဲ့ နေ့က Apple ရဲ့ ပထမဆုံး Note Book ဖြစ်တဲ့ (Power Book) ထုတ်လုပ်ခဲ့တဲ့ နေ့ ၂၅နှစ်ပြည့်တဲ့နေ့နဲ့လဲ တိုက်ဆိုင်နေပါတယ်။ Portable NoteBook သမိုင်းမှာလဲ Apple က ပထမဆုံး Trackpad စသုံးတာ၊ ပထမဆုံး Build in wifi, Unibody, Retina Display, Flash Storage တွေစသုံးခဲ့တာပါ။ Computer Battery မှာ All day Battery life လို့ခေါ်တဲ့ ရုံးချိန် (၈)နာရီထိ စတင်အသုံးပြုနိုင်တာလဲ Mac Computer များပဲဖြစ်ပါတယ်။
Steve Jobs iPhone စတင်မိတ်ဆက်တဲ့ နေ့ က ဈေးကွက်ထဲမှာ အဲ့တုန်းက ရှိနေတဲ့ ဖုန်း အမျိုးအစားတွေရဲ့ တူညီတဲ့ အချက်ကို ပြောပြခဲ့ပါတယ်။ အဲ့တုန်းက ဖုန်းတွေရဲ့ တူညီတဲ့ အချက်က Plastic Keypad တွေပါ။ သုံးသည့်ဖြစ်စေ မသုံးသည်ဖြစ်စေ အမြဲရှိနေတာပါ။မပြောင်းလဲပဲရှိနေတာပါ။ ဒါကို Touch Screen Surface နဲ့ အစားထိုးပြီး Easy to Use ဖြစ်အောင် Innovate လုပ်ပေးခဲ့ပါတယ်. အဲ့ဒီလိုပါပဲ ကွျှန်တော်တို့ Computer မှာ နှစ်ပေါင်းများစွာ Function Key တွေက သမရိုးကျ Key ခလုတ်တွေအထက်မှာ နေရာယူနေခဲ့ပြီးပါပြီ။ Function Key တွေကို သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ နေရာယူထားပါတယ်။ Computer တွေမှာ Fuction key တွေ စတင်ထည့်သွင်းခဲ့တာက ၁၉၇၁ ခုနှစ်ထုတ် IBM 3217 Main FrameComputer မှာပါ။ Computer မှာ Function Key တွေ Keyboard အထက်မှာ နေရာယူခဲ့တာ ( ၄၅ )နှစ်လောက်ပါ။ မပြောင်းလဲခဲ့ပါဘူး! အခု New MacBook Pro မှာ Function Key တွေကို မပြောင်းလဲတဲ့ ပုံစံမထားတော့ဘဲ အသုံးပြုတဲ့ App အလိုက် Function ပြောင်းလဲပေးမှာပါ။

New MacBook ရဲ့ Trackpad နဲ့ New MacBook Pro ရဲ့ Trackpad ချင်း ယှဉ်ပြထားတာပါ၊ အရွယ်အားဖြင့် အတော်လေးကိုကွာခြားသွားပါတယ်။ MacBook TrackPad တွေက Touch ပိုင်းမှာ အတော်လေးကောင်းမွန်ပြီးသားဖြစ်တာကြောင့် Touch Screen MacBook တွေ မထွက်နိုင်တော့ဘူးဆိုတာကို အခု Trackpad ကို ကြီးထားလိုက်တာက သက်သေပြနေပါတယ်

Events မှာ Touch Bar က Function တွေကို လက်တွေ မိတ်ဆက်အသုံးပြုသွားသူတွေကတော့ ဓါတ်ပုံ Editing လုပ်တဲ့ Photoshop , Video Editing လုပ်တဲ့ Apple Company ထုတ် Final Cut Pro, Music အတွက် DJ Software များကို လက်တွေ့ အသုံးပြုပြသွားပါတယ်။ MacBook Pro ဆိုတဲ့ အတိုင်း Professional များအတွက် ရည်ရွယ်ပြီး ထုတ်လုပ်တဲ့ Series ဖြစ်လို့ အသုံးများတဲ့ Professional field ထဲက နေ သရုပ်ပြသွားတာပါ။
Dr.Mac Computer Training center မှာ Pre order လက်ခံနိုင်မဲ့ နေ့ကို ကြေငြာပေးမှာ ဖြစ်သလို စမ်းသပ်ကြည့်ရူနိုင်အောင်လဲ စီစဉ်ပေးမှာဖြစ်ကြောင်း ကြိုတင် သတင်းကောင်းပါးအပ်ပါတယ်။
အခြား ထူးခြားတဲ့ Hardware, Software Features များနဲ့ Specification များကို တော့ အောက်ပါ ပုံတစ်ခုချင်းစီမှာ စာနဲ့တွဲလျက် ဖော်ပြပေးထားပါတယ်။

iPhone မှာလို finger print ထည့်တာကတော့ အတူတူပါပဲ

Display

Display ကတော့ Retina Display ကို ပိုမိုပါးလွှာ အောင်ပြုလုပ်ထားတာဖြစ်လို့ New MacBook မှာလိုပဲ Apple Logo နေရာက မီးလင်းတော့မှာ မဟုတ်ပါဘူး။ အရင် version Display ထက်ပိုမိုပါးလွာသွားပြီး 67% ပိုမိုတောက်ပပါတယ်။

မိမိသုံးတဲ့ Application အလိုက် Touch Bar က အလိုအလျောက်ပြောင်းလဲပေးပါတယ်

Brightest and Most Colorful Mac Nootbook Ever လို့ဆိုထားပါတယ်။ 67% Higher Contract ratio, 25% more Color ဖြစ်လို့ ယခင် Display များထက် Color ပိုင်း ပိုမိုကောင်းမွန်ပါတယ်။

Processor, Storage, Memory

New MacBook Pro မှာ 6th Generation Intel Core i5 ကို စတင်အသုံးပြုထားပါတယ်။ 13” New MacBook Pro မှာတော့ Dural Core i5 အမျိုးအစားကို စတင်အသုံးပြုထားပြီး 15” Model မှာတော့ QUard Core အမျိုးအစား Core i7 ကို အသုံးပြုထားပါတယ်။ Por Level အလုပ်တွေဖြစ်တဲ့ 3D Model တွေရေးဆွဲတာ၊ Video တွေကို Encoding လုပ်တဲ့ အလုပ်တွေကို Performance ကောင်းကောင်းနဲ့ ပြုလုပ်နိုင်ပါတယ်။
Storage အနေဖြင့် SSD (Solid State Drive ) ကို 256GB ကို Default အဖြစ်အသုံးပြုထားပြီး SSD 1TB ထိ Upgrade ပြုလုပ်ပြီး မှာယူနိုင်ပါတယ်၊ 15” macBook Pro မှာဆိုရင် SSD 2TB ထိ Configure လုပ်နိုင်ပါတယ်။ ယခု model မှာ အသုံးပြုထားတဲ့ SSD အမျိုးအစားသည် ယခင် model များမှာ အသုံးပြုထားတဲ့ SSD ထက်ပိုမိုမြန်ဆန်တဲ့ အမျိုးအစားဖြစ်တာကြောင့် စက်အပိတ် အဖွင့် ကြာမြင့်ချိန်သည် TV ပိတ်/ဖွင့် သကဲ့သို့ မြန်ဆန်လျင်မြန်မှာ ဖြစ်ပါတယ်။ SSD မြန်ဆန်မှုသည် Read Speed Read Speed (3.1 GB/s), Write Speed (2.1GB/s) ထိဖြစ်ပါတယ်။
Memory (RAM) အနေဖြင့် Touch Bar ပါတဲ့ Model မှာ 2133MHz ထိရှိတဲ့ LPDDR3 onboard memory အမျိုးအစားကို စတင်အသုံးပြုထားပါတယ်။ Touch Bar မပါတဲ့ Model မှာတော့ New MacBook နဲ့ ယခင် Model MacBook Pro မှာ သုံးတဲ့ 1866MHz LPDDR3 onboard memory ကို ပဲ ပြန်လည်အသုံးပြုထားပါတယ်။ New MacBook Pro မှာ သုံးထားတဲ့ RAM ကပိုမို မြန်ဆန်တဲ့ New Generation RAM လို့ ပြောလို့ရပါတယ်၊ DDR 4 RAM တွေကတော့ လက်ရှိအချိန်အထိ စမ်းသပ်ဆဲအဆင့်ပါ၊ အသုံးပြုတဲ့ အဆင့်ထိရောက်မလားသေးဘူးပေါ့။

Compare to Current MacBook Pro

လက်ရှိ MacBook Pro ထက်စာရင် New MacBook Pro က 17% ပိုမိုပါးလွှာပါတယ်။ ဘော်ဒီထုထည် 23% သေးငယ်သွားပါတယ်။ အလေးချိန်အားဖြင့် 13’’ က (3.02lb), 15’’ က (4.02lb)ပဲလေး တော့လို့ ယခင် Model (1lb), နီးပါးပေါ့ပါးသွားပါတယ်။ ပြောရရင် ပိုပြီး Portable ပိုဆန်သွားတာပါ။ လက်ရှိ MacBook Air တွေ ထက်ကို ပါးလွှာသွားပါတယ်။ လက်ရှိ MacBook air တွေ ရောင်းရတာက သူ့ရဲ့ Portable ဆန်မှုကြောင့်ပါ၊ ဒီအတိုင်း ဆိုရင် Air တွေရဲ့ အားသာချက်က ဈေးနှုန်းနဲ့ Battery ပိုင်းပဲရှိတော့မယ်ထင်ပါတယ်။ Trackpad မှာတော့ ထုံးစံအတိုင်း ForceTouch Trackpad ကို သုံးထားပေးမဲ့ အရွယ်အားဖြင့် တော့ ၂ ဆပိုမိုကြီးမားထားပါတယ်။ Photoshop လို appတွေကို Trackpad ကြီး၂ နဲ့ ကောင်းကောင်းအသုံးပြုနိုင်ပါလိမ့်မယ် ။

Touch Bar and Touch ID

New MacBook Pro မှာ လုံးကွဲပြားစွာမိတ်ဆက်ထည့်သွင်းလိုက်တာက Touch Bar နဲ့ Touch ID (Fingerprint Sensor) ဖြစ်ပါတယ်။ Touch Bar က Retina Display နဲ့ဖြစ်ပါတယ်။ Multi- touch, Gesture များကို လဲ အသုံးပြုနိုင်ပါတယ်။ touch bar က ခလုတ်များသည် အသုံးပြုနေတဲ့ app အလိုက် အလိုအလျောက် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ Function key အသေကြီးထည့်ထားသလိုဖြစ်နေမှာ မဟုတ်ပါဘူး။ (Is it Cool?) စာရိုက်နေတယ်ဆိုရင်လဲ ios မှာလို့ Suggection keyword တွေ အလိုလျောက် touch bar မှာ ဖော်ပြပေးမှာပါ။
Touch ID ကိုတော့ လက်ရှိ iPhone 7 မှာသုံးထားတယ် 2nd generation Touch Sensor ကို အသုံးပြုထားလို့ ပိုမိုမြန်ဆန်လာမဲ့ အပြင် မျက်နှာပြင်ကို Sapphire Crystal နဲ့ ဖုံးအုပ်ထားလို့ ပိုမိုအကြမ်းခံမှာဖြစ်ပါတယ်။ Touch Bar နဲ့ Touch ID အလုပ်လုပ်ဆောင်မှု ကို ပိုမို မြန်ဆန်အောင် T1 chipset ကိုအသုံးပြုထားပါတယ်။ mainboard နဲ့ မဆိုင်ဘဲ သီးခြား system တစ်ခု အနေဖြင့် ပြုလုပ်ထားသလိုပါ။ iOS developerတစ်ယောက်ဖြစ်တဲ့ Steve Troughton-Smith ကလက်တွေ့စမ်းသပ်အသုံးပြုပြီး ပြန်လည် သုံးသပ်ပြောဆိုရမှာ Touch Bar မှာ modified version of watchOS ကိုအသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် Device တစ်ခုမှာ Watch OS, Mac OS နှစ်ခုလုံးကို Side by side အသုံးပြုထားသလိုဖြစ်လို့ တကယ်ကို စိတ်ဝင်စားစရာပါ။ Touch bar နဲ့Logic board ကို USB Connection type မျိုးနဲ့ ခချိတ် ဆက်ပြီး အပြန်အလှန် DATA ဖလှယ်အသုံးပြုထားတာပါ။

Compare to Current MacBook Air

လက်ရှိ Mac Computer Model များမှာ Portable အဆန်ဆုံးက New MacBook ဖြစ်ပြီး MacBook Pro ကအလေးဆုံးဖြစ်ခဲ့ပါတယ်။ ယခု အသစ်ထွက်ရှိတဲ့ New MacBook Pro က လက်ရှိ Air ထက် 17% ပိုမိုပါးလွာပါတယ်။ Body တစ်ခုလုံး Volume က 13% ပိုမို နည်းပါသွားပါတယ်။ အလေးချိန်ကတော့ 3lb ချင်းအတူတူပါပဲ။ ပုံမှာ Air Screen နောက်ကျော်ဘက်နဲ့ Pro Screen နောက်ကျောဘက်ကွာခြားပုံကို ယှဉ်ပြထားပါတယ်။ Screen 13’’ ချင်းတူပေမဲ့ Volume ကွာခြားပါတယ်။ လွန်ခဲ့တဲ့ (၂၅)နှစ်က ထုတ်လုပ်ခဲ့တဲ့ ပထမဆုံး Note Book ထက် အဆပေါင်း 8.6 million time ပိုမိုမြန်ဆန်လာတယ်(Just for fun)။

1st Note Book Ever! လက်ရှိ New MacBook Pro ကလွန်ခဲ့တဲ့ (၂၅)နှစ်က ထုတ်လုပ်ခဲ့တဲ့ NoteBook ထက် တွက်ချက်မှု 8.6 million ပိုမြန်ဆန်ပါတယ်

Thunderbolt 3

New MacBook Pro မှာ USB C Style (USB-C ပုံစံ) Thunderbolt 3 Connector ကိုအသုံးပြုထားပါတယ်။ 13’’ အမျိုးအစား 1800$ ကစလို့ Thunderbolt 3 port (၄) ခုပါဝင်တာပါ။ 1500$ Version မှာတော့ (2) port ပဲပါဝင်တာပါ။ New Generation Connection Type အမျိုးအစားပါပဲ။ Bandwidth (40Gb/s), USB 3.1 2nd Gen (10GB/s), DisplayPort 1.2 အမျိုးအစားများကို ယခု ThunderBolt 3 ကထောက်ပံ့ပေးပါတယ်။ Eventမှာ Apple က မိတ်ဆက်ပြသွားတာမှာ LG နဲ့ ပေါင်းထုတ်ထားတဲ့ 5K Display ကိုလဲ Proနဲ့ တွဲဖက်အသုံးပြုပြသွားပါတယ်။ Buid in Retina Display ထက် Output Display 5K Resolution monitor (၂) ခုကို ချိတ်ဆက်အသုံးပြုပြသွားပါတယ်။ နှစ်ပေါင်းများစွာ Upgrade မပြုလုပ်ဘဲ ပစ်ထားခဲ့တဲ့ Apple Thunderbolt Display ကို အသစ်ထပ်ထုတ်လုပ်မယ်ဆိုတဲ့ သတင်းတွေကို LG 5K Display နဲ့ အဆုံးသတ်ပြလိုက်တယ်လို့လဲ ဆိုနိုင်ပါတယ်။

Thunderbolt 3 port တွေက 5kDisplay 3 ခု အထိချိတ်နိုင်ပါတယ်

ယခု ပါဝင်တဲ့ Thunderbolt 3 port (၄)ခုက ကြိုက်တဲ့ port ကနေ အားသွင်းနိုင်ပါတယ်။ Thunderbolt port ကနေ New MacBook မှာလို Power, Thunderbolt 2, USB, DisplayPort, HDMI, VGA Connection များကို All in one ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Cooling System and Audio System

အရမ်း package ဖြစ်ပြီး လက်ရှိ MacBook air ထက်ပိုမိုပါးလွှာလို့ Heat တက်မှာ စိုးရကြပါမယ်။ အတွင်းမှာ Free space နည်းပြီး Package ဖြစ်လေ Heat တက်ဖို့ အခွင့်အရေးပိုများလေဖြစ်ပါတယ်။ ဒါကို စိုးရိမ်စရာမလိုအောင် အပူပေးစနစ်ကိုလဲ ပြောင်းလဲထားပါတယ်။ Advanced thermal Architecture ကိုအသုံးပြုထားပြီး ပိုမိုပြီး အေးအောင် ပြုလုပ်ထားသလို ပန်ကာလည်သံ ဆူညံမှုမှရှိအောင် ပြုလုပ်ထားပါတယ်။ မြင်သာတာက အသုံးပြုထားတဲ့ Fun များရဲ့ ဒလက် Deisgn တွေကို ပြောင်းလဲထားပါတယ်။ ပန်ကာတစ်ခုပဲပါလေ့ရှိတဲ့ 13’’ မှာတောင် (၂)ခု ပြန်လည်ထည့်သွင်းတည်ဆောက်ထားပါတယ်။

Speaker အနေဖြင့် လက်ရှိမှာ New MacBook က အကျယ်ဆုံးဖြစ်ပါတယ်။ အခုအတိုင်းဆိုရင်တော့ New MacBook Pro က အကျယ်ဆုံးဖြစ်ပါမယ်။ Design ပိုင်းပြောင်းလဲ တည်ဆောက်ထားတဲ့Speaker (၂) ခုပါဝင်တာကြောင့် dynamic Range ၂ ဆထိဖြစ်လာပါမယ်။

အားနည်းချက် (သတိ Mac မကောင်းကြောင်းမပြောရ။ Apple Zombies များ ဖြတ်သန်းသွားလာရာနယ်မြေ?)

ကျွန်တော့် ပုဂ္ဂုလိက တစ်ဦးချင်း အမြင်ဖြစ်ပါတယ်။ New MacBook pro မှာ Touch Bar ကို အသားပေးဖော်ပြထားတာဖြစ်လို Touch Bar မပါတဲ့ New MacBook Pro Model ကို မထုတ်လုပ်သင့်ပါဘူး။ 1300$ တန် လက်ရှိ MacBook Pro ဆက်လက်ထုတ်လုပ်ရောင်းချ ချင်တာကြောင့် 1500$ Version ကို ထုတ်လုပ်တယ် ဆိုရင်လဲ Touch Bar Version ကို 1800$ ကို 1500$ နဲ့ သတ်မှတ်ရောင်းချသင့်တာပါ။ အဓိက အားနည်းချက်က ဈေးနှုန်းသတ်မှတ်မှုပါ။ Touch Bar ပါတဲ့ version နဲ့ လက်ရှိ MacBook Pro ကြားမှာ 500$ တောင် ကွာဟသွားတာဖြစ်လို့ ကြီးမားတဲ့ ဈေးနှုန်းပါ။ Mac User များအနေဖြင့်လဲ Touch Bar ပါတာကိုပဲ သုံးချင်ကြမှာဖြစ်လို့ 1800$ တန်ကိုပဲ ကြိတ်မှိတ် ဝယ်ယူကြမှာကို မြင်ရောင်နေပါတယ်။ ဘာပဲ ဖြစ်ဖြစ် Mac တစ်လုံးက iPhone တစ်လုံးထက် ပိုမိုအသုံးဝင်မည်ဖြစ်ကြောင်း ပြောကြားရင်း။
လေးစားစွာဖြင့်
Dr.Zaw Zaw Dr.Mac Computer Training Center