Knowledge Sharing

အနာဂတ် နည်းပညာ Leap Motion Controller

Leap Motion Company ကနေ ထုတ်လုပ်တဲ့ Leap Motion Sensorကြောင်း မိတ်ဆက်ပေးလိုပါတယ်။ ဒီ ၃ လက်မလောက်ပဲ အရွယ်ရှိတဲ့ Sensor က Apple’s Mac OS X, Window OS များနဲ့တွဲဖက်သုံးစွဲနိုင်ပါတယ်၊ အခုက Touch နည်းပညာခေတ်မှာပဲ ရှိပါသေးတယ်၊ Touch နည်းပညာ ကတော့ 2D လို့ပြောနိုင်ပါတယ်၊ Leapmotion Sensorကတော့ 3D လို့ပြောနိုင်ပါတယ်၊ အနီအောက်ရောင်ခြည် (Infra Red) ကို အသုံးပြုပြီး လက် (၁၀)ချောင်းလုံးရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းပြီး Computer ကို ခိုင်းစေတာပါ၊ Touch စကားနဲ့ပြောရရင် Multi Touchပါ၊ Gesture အနေနဲ့ပြောရရင် Muligesture ပါ။ Multi-Touch မှာ လက်(၅)ချောင်းပဲ အသုံးပြုလို့ရပေမဲ့ အခု Leapmotion sensor မှာတော့ လက်(၁၀)ချောင်းလုံးကို အသုံးပြုခိုင်းစေနိုင်ပါတယ်၊�အခု ဒီ Post ကို ရေးသားနေချိန်မှာပဲ Linux OS နဲ့ပါ တွဲဖက်အသုံးပြုနိုင်နေပါပြီ။ Leapmotion နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ software များလဲ များစွာထွက်ရှိလာပါတယ်။Leapmotion နဲ့ တွက်ဖက်သုံးစွဲတဲ့ Software များကို Mac App Store, Window App Store မှာပါ တင်မထားဘဲနဲ့ ကိုယ်ပိုင် software store ပေါ်မှာတင်ထားတာပါ။ email account တစ်ခုရှိရင် account အလွယ်တကူ ဖွင့်နိုင်ပြီး account တစ်ခုကို computer (၅)လုံး ထိသုံးနိုင်ပါတယ်၊ free app များရှိသလို paid app များကိုတော့ Paypal bank account မှတဆင့်ဝယ်ယူနိုင်ပါတယ်။

Leap Motion Sensor ကိုဘယ်နေရာမှာ အသုံးပြုမှာလဲ?

လက်ရှိ Development အနေနဲ့ နေရာများစွာမှာ သုံးနိုင်နေပါပြီ၊ Drone လေယာဉ်ကို လက်လှုပ်ရှားမှုနဲ့ ထိန်းချုပ်မောင်းနှင်ပြထားသလို၊ Apple Magic trackpad အစားသုံးနိုင်ပါတယ်၊ piano, DJ, Percussion တီးတာမျိုးကို Leap Motion ပေါ်မှာ တီးနိုင်ပါတယ်၊ Google earth လို application မျိုးကို driver software ထည့်ပြီးတာနဲ့ ထိန်းချုပ်နိုင်ပါတယ်၊ အပြင်မှာ တကယ်ရှိတဲ့ ကမ္ဘာလုံးကို ကိုင်တွယ်ရသလိုမျိုး Google Earth ထဲက ကမ္ဘာလုံးကို ကိုင်တွယ်နိုင်စေမှာပါ။ Computer ထဲက virtual icon များကို ပြင်ပက တကယ်ပစ္စည်းများကို ကိုင်တွယ်သလို ကိုင်တွယ်နိုင်စေပါတယ်၊ ကော်ဖီခွက်ကို ဆုပ်ကိုင်တဲ့ ခိုင်းစေမှုမျိုး(Grasping) မျိုးက touch နည်းပညာမှာ ဘယ်လိုမှ မရနိုင်တဲ့ ခိုင်းစေမှုမျိုးပါ။ အခုတင်ပေးထားပုံတွေ၊ Video link များကို ကြည့်လိုက်ရင်ပိုမို ရှင်းလင်းသွားမှာပါ။ ကွျှန်တော်ကတော့ New MacBook မှာ တွဲပြီးသုံးပြထားပါတယ်။

Leap Motion မိတ်ဆက် Video ပါ။

Call of Duty game ကို Leap Motion နဲ့ ကစားပြထားတာပါ။

Leap Motion ကို အသုံးပြုပြီး DJ တီးပြတာပါ

Leap Motion ကို အသုံးပြုပြီး Live Music ဖန်တီးပြထားတာပါ

Leap Motion အလုပ်လုပ်ပုံ

Leap Motion မှ infra red လွှင့်ထုတ်ပေးတဲ့ port သုံးခုပါဝင်ပါတယ်၊ အဲ့ဒီ port ၃ ခုကနေ sensor ရဲ့ ရေပြင်ညီ ၃၆၀ ံ ပတ်ပတ်လည်နဲ့ အပေါ်ထိ infrared လှိုင်းတွေ လွှင့်ထားတဲ့ မမြင်ရတဲ့ Box area တစ်ခု ဖန်တီးလိုက်ပါတယ်။ အဲ့ဒီ Area ထဲကိုဝင်သွားတဲ့ လက် ၁၀ ချောင်းလုံးကို ထောက်လှမ်းသိရှိပါတယ်၊ လူနှစ်ယောက်ရှိလို့ လက် အချောင်း(၂၀)ရှိလဲ computer screen မှာ အချောင်း (၂၀) လုံးပေါ်ပါတယ် (ကွျှန်တော်စမ်းသပ်ပြီး)၊Infrared area ထဲမှာ ရှိတဲ့ လက်ချောင်းများရဲ့ X-axis, Y-axis, Z-axis ရဲ့ ၁၅၀ ံထိ ထောက်လှမ်းသိရှိနိုင်လို ပြင်ပမှာ တကယ်လက်လှုပ်ရှားတဲ့ အတိုင်း 3D view ထောက်လှမ်း သိရှိနိုင်ပါတယ်၊ လက်လှုပ်ရှားမှုကို ဖမ်းယူတဲ့ မြန်နှုန်းအနေနဲ့ Camera လိုပြောရရင် 200 frame/sec ကျော်ရှိလို့ လက်လှုပ်ရှားမှုကို မြန်ဆန်စွာခိုင်းစေနိုင်ပါတယ်။sensor ရဲ တိကျမှု အနေဖြင့် ၁ မီလီမီတာရဲ့ ၁၀၀ ပုံ ၁ ပုံထိရှိတာကြောင့် လက်ရှိရှိခဲ့ သမျှ motion sensor တွေထဲမှာ အကောင်းဆုံးပါပဲ။ လက်လှုပ်ရှားမှုဖြင့် စာရေးသားခြင်းမျိုးထိ ဆောင်ရွက်နိုင်ပါတယ်။

နိဂုံး

အချုပ်အနေဖြင့် Leap motion sensor သည် computer ကို ကွဲပြားခြားနားသော နည်းပညာဖြင့် ခိုင်းစေသော device ဖြစ်ပါတယ်၊ လက်ရှိသုံးနေသော Mouse, Keyboard များကို ဖယ်ရှားအစားထိုးဖို့ မဟုတ်ဘဲ တွဲဖက်သုံးစွဲနိုင် သလို သူတို့အစား အသုံးပြုနိုင်လောက်တဲ့ Application များထွက်ပေါ်နေပါပြီ၊ Motion Sensor တွေထဲမှာ အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်ပြီး Microsoft Kinect လို Game စက်မှာလို Camera အခြေပြု motion detector မဟုတ်တာကြောင့် အလင်းရောင် မရှိတဲ့ အမှောင်ထဲမှာလဲ ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်၊ အားနည်းချက်အနေဖြင့် တွဲဖက်သုံးစွဲတဲ့ application နည်းသေးတာနဲ့ site ထဲက application ဝယ်ယူရာမှာ internetနှေးပါက ဝယ်ယူရန်ခက်ခဲခြင်းဖြစ်ပါတယ်။ Application နည်းတယ်ဆိုရာမှာလဲ ကွျှန်တော်ဝယ်ယူစမ်းသပ်ခါစက ဆယ်ဂဏန်းလောက်ပဲရှိသေးပေမဲ့ အခုဆိုရင် ရာဂဏန်းလောက်ထိရှိလာပါပြီ။ Software ရေးချင်တဲ့သူများအတွက် Software Development SDK ကိုလည်း အခမဲ့ download ရယူစမ်းသပ်ရေးဆွဲနိုင်ပါပြီ။ Leap Motion Sensor က အနာဂတ်ကို ကြိုပြေးထားတဲ့ နည်းပညာမြှင့် ပစ္စည်းတစ်ခုလို ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်၊ Think Different ကွဲပြားခြားနားစွာတွေးခေါ်ရင်းအသုံးပြုကြည့် ရအောင်လို့ ဖိတ်ခေါ်အပ်ပါတယ်။

Dr.Zaw Zaw
Dr.Mac Address
၃၉လမ်း၊ ၇၀ x ၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက် အနောက်ပေါက်၊ ကံ့ကော်တော အမျိုးသားဆောင်ဝန်းအတွင်း။ မန္တလေးမြို့။ ဖုန်း- 09798666614, 09258666614