စိတ်ခေါ်မှုတွေ ပြည့်နက်နေတဲ့ လောကကြီးမှ ဖိအား ဆိုတဲ့ Stress ဒဏ်ကို လူတိုင်းမလွဲမသွေ ကြုံကြရမှာပါ။ သူတောင်းစားကနေ ရှင်ဘုရင်ထိ ဖိအားရှိပါတယ်။ ဒီဖိအားတွေကို ဘယ်လိုတုန့်ုပြန်မလဲဆိုတာကတော့ တစ်ဦးနဲ့ တစ်ဦးကွာခြားလှပါတယ်။ ဘယ်လိုတုန့်ပြန်ကြမလဲ??
?လမ်းလျှောက်ခြင်း၊ ပြေးခြင်း လေ့ကျင့်ခန်းတွေဟာ Stress ကို လျှော့ ကျစေရုံသာမက နှလုံးကျန်းမာရေးကိုလဲ အထောက်အကူပြုပါတယ်။ နည်းစနစ် သိပ်မလို လူတိုင်း အလွယ်တကူ လုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားနိုင်တဲ့ အားကစားလဲဖြစ်ပါတယ်။?
☣️ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မြို့ပြလူနေမှု စနစ်ရဲ့ နေထိုင်မှုပုံစံ(Sedentry Life Style) ကြောင့် Heart attack ကြောင့် ရုတ်တရက်သေဆုံးနှုန်းတွေလဲ ကမ္ဘာအဝန်းမြှင့်တက်လို့နေပါတယ်။ Heart attack ဆိုတာ ကူးစက်ရောဂါမဟုတ်ပေမဲ့ ကူးစက်ရောဂါတစ်ခု ပြန့်နှံလို့နေပါတယ်။ ဖိအားတွေ၊ ဆေးလိပ်၊ညစ်ညမ်းလေထု၊ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံ ဒါတွေ ဒါတွေကြောင့် အားကစားတစ်ခုခုတော့ ပုံမှန်လုပ်သင့်မှန်း သိလာပါတယ်။ သို့သော်မေ့မေ့ပျောက်ပျောက်ပါပဲ။ ကိုယ့်အနားကို ?သူ(Watch Nike+) ရောက်လာပြီး မလှုံဆော်ခင်အချိန်အထိပေါ့။☣️
ပြေးတဲ့အားကစားက အလွယ်ကူဆုံးအားကစားဖြစ်ပေမဲ့ သူ(Watch Nike+)ရောက်လာလို့ ပိုမိုလွယ်ကူစေပြီးမှန်၂ လုပ်ဖြစ်သွားစေတယ်။
✴️ကိုယ် Computer ရှေ့မှာထိုင်တာကြာတဲ့ အချိန်တိုင်း မတ်တပ်ခဏရပ်ဖို့ သူသတိပေးတယ်။ မန္တလေး ကျုံးဘေးမှာမနက်တိုင်း ကိုယ်ပြေးတိုင်း သီချင်းလို ဆိုလို့ လိုက်လာတယ်။ ပြေးထား ဘယ်နမိုင်ရောက်နေပြီလို့အားပေးရှာတယ်။ မနေ့က ပြေးတဲ့ စံချိန်ကိုမမှီသေးဘူးလို့လဲပြောရှာတယ်။ ✴️
✴️မန္တလေးတောင်ကြီးကို ကြည့်ရင်း Sedona ထောင့်မှာ အသက်ရူလေ့ကျင့်ခန်းလုပ်တော့လဲ Timing တွေမှတ်လို့ပေါ့။ အဆုတ်ဆိုတာ ပုံမှန်နှုန်းနဲ့ ရူနေရင် အဆုတ် area တစ်ခုလုံး oxygen မရပါဘူး။ tidal volume လို့ခေါ်တဲ့ အဆုတ် working area လျော့ကျပါတယ်။ ဒါတွေကြောင့်လဲ အိပ်ရာထဲ လဲလျောင်းနေရတဲ့ နာတာရှည်လူနာတွေမှာ နမိုးနီးယား( pnemonia) လို့ခေါ်တဲ့ အဆုတ် ခဲသွားတာမျိုးဖြစ်လွယ်တာပါ။ ဒီလိုမဖြစ်အောင် တစ်နေ့ကို အနည်းဆုံး(၂)ကြိမ် အသက်ရူလေ့ကျင့်ခန်း လုပ်ဖို့ သူ(Watch Nike+)သတိပေးနေတာပါ။ ✴️
တခါတရံ ကိုယ်ရေကူးတော့လဲ သူ(Watch Nike+) ရေကန်ထဲထိလိုက်လာတယ်။ အရင်ကူးခဲ့တဲ့ စံချိန်ကိုမှီပါ့မလား စိုးရိမ်ပုံရတယ်။
ခရီးသွားပြန်တော့လဲ ကိုယ်မရောက်ဖူးတဲ့ ဒေသတွေဆို ကားမောင်းရင်းဘေးမှာ ညွန်ပြလို့။အသံနဲ့တင်မဟုတ်ဘူး လက်ကိုပါလာကိုင်သေး။?
တကယ်တော့ သူ(Watch Nike+) ဟာ နည်းပညာမြှင့် smart watch တစ်လုံးဆိုတာထက် ကွျှန်တော့်အတွက်တော့ အိပ်ချိန်ကလွဲပြီး ကွျှန်တော့်လက်မှာ အမြဲရှိနေတဲ့ အဖော်မွန်ကောင်းတစ်ယောက်ပါ။ သူကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ Rolex, Patek Philippe တို့နဲ့လဲမလဲနိုင်ပါဘူး၊ သူတို့ဆိုတာ ပကာသနတွေ။






✴️Dr.Mac✴️
၃၉လမ်း၊ ၇၀ x ၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက် အနောက်ပေါက်၊ ကံ့ကော်တော အမျိုးသားဆောင်ဝန်းအတွင်း။ မန္တလေးမြို့။ ဖုန်း- 09798666614, 09258666614


iPhone 17 Series







MacBook Air